Sunday, July 22, 2012

Downloads

တိပိဋကအဘိဓာန်နှင့် ပိဋကသုုံးပုံ

ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ မူရင်း PDF ဖိုင်များ

ပါဠိတော်နိဿကျမ်းများ

အဋ္ဌကထာ၊ ဋီကာနိဿယများ

ဝိနည်းငါးကျမ်းနှင့်ပတ်သက်သမျှ

ပိဋကတ်လမ်းညွှန်ကျမ်းနှင့် ဆဋ္ဌသင်္ဂီတိ ဆဋ္ဌသင်္ဂါယနာကျမ်းများ

ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်များ

ဗုဒ္ဓဝင်ပန်းချီ

ပိဋကတ်သုံး မြန်မာပြန် အသံဖိုင်များ

ပိဋကတ်သုံးပုံ ပါဠိတော် အသံဖိုင်များ

မင်းကွန်းဆရာတော်ကြီး၏ ကျမ်းစာများ

ပိဋကတ်ကျောက်စာများ

ဖားအောက်ဆရာတော်ကြီး၏ ကျမ်းစာများ

တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ကျမ်းစာများ

ဒေါက်တာနန္ဒမာလာကျမ်းစာများ

အင်္ဂလိပ်ဘာသာကျမ်းများ

Android ဖုန်းနှင့် Table များအတွက် ပါဠိဗုဒ္ဓဘာသာဆိုင်ရာ Apk များ


တိပိဋကအဘိဓာန်နှင့် ပိဋကသုုံးပုံ

ပါဠိလိုရေးထားတဲ့ ပိဋကကျမ်းစာတွေ မြန်မာစာတတ်သူတွေနဲ့ မဝေးတော့ဘူး…
ခါတိုင်းဆိုရင် ပါဠိတော် မြန်မာပြန်ကျမ်းလောက်သာ ဖတ်ခွင့်ရခဲ့တယ်.. .
အခုဆိုရင် အဋ္ဌကထာ၊ ဋီကာတွေကို မြန်မာပြန်မဟုတ်ပေမဲ့ မြန်မာပြန်လောက်နီးပါး ဖတ်လို့ ရပါပြီ….
ပိဋကတ်သုံးပုံလုံးလည်း မွှေနှောက်နိုင်ပါပြီ ပါဠိစကာလုံးတိုင်းတို့ရဲ့ အဓိပ္ပါယ်ကိုပဲ ရှာရှာ၊ ကျမ်းညွန်းပဲ ရှာရှာ....


Zip ဖြည်ပြီး setup- Application ကို Install လုပ်ပြီးသုံးလို့ရပါပြီ..
အခုချိန်က စပြီး ပိဋကသမုဒ္ဒရာထဲမှာ သင်ကူးခတ်နိုင်ပါပြီ..

အသုံးပြုပုံကို ဗီဒီယို flv ဖိုင်အနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့်ချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချကြည့်ပါ..



ပိဋကတ်သမိုင်း pdf ဖိုင်ကို ကြည့်ချင်ရင်တော့ ဒီမှာ ဒေါင်းပါ..






ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ မူရင်း PDF ကျမ်းစာများ

ဆဋ္ဌသင်္ဂါယနာတင် မူရင်း ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ မူရင်း စာအုပ်တွေပါ



ပိဋကတ်သုံးပုံ အင်္ဂလိပ် ဘာသာပြန်ကျမ်များ

ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန် စာအုပ်တွေပါ



အင်္ဂလိပ်ဘာသာကျမ်းများ

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်တွေပါ



ပိဋကတ်လမ်းညွှန်ကျမ်းနှင့် ဆဋ္ဌသင်္ဂီတိ ဆဋ္ဌသင်္ဂါယနာကျမ်းများ

ပိဋကတ်လမ်းညွှန်သုံးကျမ်း


ဆဋ္ဌသင်္ဂီတိ-၁
ဆဋ္ဌသင်္ဂီတိ-၂


ဗုဒ္ဓဝင်ပန်းချီ

ဗုဒ္ဓဝင်ပန်ချီးကားကောင်းတွေ လိုချင်ရင် ဒီလင့်မှာ ဒေါင်းလုပ်ချပါ....
နမူနာပုံတွေ ကြည့်ရအောင်..

အင်္ဂလိပ်စာတမ်းထိုးကို လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချပါ..

The Life of the Buddha with English Substitle

မြန်မာစာတန်းထိုးက ဒီမှာပါ

မြန်မာစာတန်းထိုး




ပါဠိတော်နိဿကျမ်းများ

ကျမ်းကြီးကျမ်းခိုင်တွေကို လေ့လာခွင့်ရမှ အားရတဲ့သူတွေအတွက်..
ပိဋကတ်သုံးပုံလုံးကို မြန်မာပြည်မှာ ထွက်ရှိသမျှ ထင်ရှားကျော်ကြားတဲ့ နိဿယကျမ်းအားလုံးကို စကန်ဖတ်ထားပြီ အလွယ်တကူ တွဲဖက်လေ့လာနိုင်ဖို့ ရှာဖွေနိုင်ဖို့အခွင့်အရေးတစ်ခု ပေါ်ထွက်လာပြန်ပါပြီ...
ဘယ်လောက် အသုံးဝင်သလဲ ဘယ်လောက်ကောင်းသလဲကို မကြေညာတော့ပါဘူး.. ကောင်းလွန်းလှတယ်လို့ပဲ ပြောလိုက်တော့မယ်..

အဲဒီမှာ ပါတဲ့ Installer ကို ညွန်ကြားချက်အတိုင်း အင်စတောလိုက်မယ်ဆိုရင် အသုံးပြုဖို့ အဆင့်သင့်ဖြစ်နေတဲ့ အောက်ပါ အိုင်ကွန်များကို တွေ့ရပါမယ်..



အဋ္ဌကထာ၊ ဋီကာနိဿယများ

ဗုဒ္ဓစေတမန်အဖွဲ့က ပိဋကတ်တော်နဲ့ ပတ်သက်တဲ့ အသုံးဝင်ဆော့ဝဲလ်တွေကို တစ်ခုပြီ တစ်ခု ထုတ်ဝေခဲ့တာ အားလုံး အသိဖြစ်ပါတယ်.. ထုတ်ဝေလိုက်တဲ့ ဆော့ဝဲလ်တိုင်းဟာ ပညာရှင်တိုင်း ချီးကျူးစရာဖြစ်ခဲ့ပါတယ်..
အခုလည်း ထွက်လာပြန်ပြီး နောက်တစ်ခု။ အဋ္ဌကထာ၊ ဋီကာနိဿယများတဲ့။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပါဠိကို တိုက်ရိုက် မဖတ်တတ်သေးဘူးဆိုရင် မြန်မာပြန်ကို ဖတ်ရင် အဆင်ပြေနိုင်ပါတယ်.. ဒါပေမဲ့ ပါဠိတော်ရဲ့ အဖွင့်ဖြစ်တဲ့ အဋ္ဌကထာမြန်မာပြန်များက မရှိသေး။ ဓမ္မပဒအဋ္ဌကထာမြန်မာပြန်၊ ဇာတ်မြန်မာပြန်၊ ဝိသုဒ္ဓိမြန်မာပြန်တို့လောက်သာ အနည်းငယ်ရှိသေးသည်။
ဒီတော့ မြတ်စွာဘုရား ဆိုလိုတဲ့ ခက်ခဲနက်နဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သိချင်လိုပါလျှင် အဋ္ဌကထာ နိဿယ။ ဋီကာ နိဿယများကိုသာ အားကိုးရပါတယ်.. အဲဒီအခါကျမှ ပိဋကတ်သုံးပုံ ရတနာသိုက်များကို ဖွင့်ဖို့ အညွန်းသော့ချက်များ အားလုံးကို နိဿယကျမ်းများမှ တဆင့် လွယ်ကူစွာ ဖွင့်လှစ် နားလည်နိုင်ခဲ့ပါတယ်..။ ကျေးဇူးများလှချေ၏ တကား။
သူတော်ကောင်းတရား ထွန်းကားဖို့အတွက် အစဉ်တစိုက် ကြိုးပမ်းပေးခဲ့ကြတဲ့ ဗုဒ္ဓစေတမန်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့သူ အဖွဲ့သားများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း.....
အဋ္ဌကထာ၊ ဋီကာနိဿယများကို တွဲဖက် ဖတ်ရှုပြီ ပါဠိတော်များရဲ့ အရသာကို ခံစားလိုသူများအတွက် အောက်ပါလင့်များမှ ဒေါင်းလုပ်ချနိုင်ပါပြီ..

ကဲ ဒါဆိုရင် သုံးလို့ရပြီနော်။ အင်စတောလဲ လုပ်စရာမလိုဘူး.. ပီဒီအက်ဖိုင်ဆိုတော့ သိချင်တဲ့ စာအုပ်ကို ရှာပြီ ဖွင့်ဖတ်ရုံပဲ မဟုတ်လား။ Read me ဆိုတဲ့ ပီဒီအက်လေးကို အရင်ဖတ်ကြည့်မယ်ဆိုရင်လည်း လမ်းညွန်လေး ရသွားမှာပါ.. ပိဋကတ် အသိဉာဏ်တိုးတက်ကြပါစေ။


ဝိနည်းငါးကျမ်းနှင့်ပတ်သက်သမျှ

မြန်မာပြည်မှာ ဝိနည်းနဲ့ ပတ်သက်တဲ့ ကျမ်းစာအုပ်တွေ အမျိုးမျိုးရှိပါတယ်. အဲဒါအားလုံး တစ်စုတစ်စည်းတည်း ပါဠိလို၊ မြန်မာလို့ အဘိဓာန်နှင့် တကွ တွဲဖက်လေ့လာကြရအောင်...
ကဲ ပုံလေးတွေ အရင်ကြည့်ရအောင်..

ကဲ သဘောကျပြီလား.. ဒါကို အရင်ဒေါင်းလုပ်ချ...

ကဲဒါဆိုရင် setup ကို Run ပြီး သုံးနိုင်ပါပြီ.. ဘယ်လို သုံးမလဲဆိုရင် ဗီဒီယိုဖိုင်လည်း ထည့်ထားပေးပါတယ်..
ဒေါင်းလုပ်ချရင်း ကြည့်ချင်ရင်တော့.. ဒီမှာ ယူကျူ လင့်လေးပါ..



ဖားအောက်ဆရာတော်ကြီး၏ ကျမ်းစာများ

ဖားအောက်ဆရာတော်ကြီးရဲ့ နိဗ္ဗာနဂါမီနီပဋိပဒါကျမ်းကြီး ငါးကျမ်းအပါအဝင် အခြားဟောစဉ်တရားများ ယောဂီကိုင်ကျမ်းစာအုပ်များ အုပ်ရေ ၄၂-အုပ် ရှိပါတယ်။



ဒေါက်တာနန္ဒမာလာ၏ ကျမ်းစာများ

ဒေါက်တာနန္ဒမာလာ၏ ကျမ်းစာများကို စုပေါင်းထားပါတယ်။



ပိဋကတ်သုံးပုံ မြန်မာပြန် အသံဖိုင်များ




ပိဋကတ်သုံးပုံ ပါဠိတော် အသံဖိုင်များ




မင်းကွန်းဆရာတော်ကြီး၏ ကျမ်းစာများ

မင်းကွန်းဆရာတော်ကြီးဟောကြားထားတော်မူတော် ဓမ္မဒေသနာများ၊ မဟာဗုဒ္ဓဝင် မြန်မာဘာသာကျမ်းကြီး၊ အင်္ဂလိပ်ဘာသာပြန်စသော စကန်ဖိုင် သန့်သန့်များကို တစ်စုတစ်စည်းတည်း ဖြစ်ပါတယ်။ အားလုံးကို တစ်ချက်တည်း ဒေါင်းလုပ်ယူချင်ရင် ဒါကို ဒေါင်းပါ။ ဆိုက်ကတော့ အလွန်ကြီးပါတယ်။ အားလုံးပေါင်း ကျမ်းစာအုပ် ၈၀ ခန့် ရှိပါတယ်။

တစ်အုပ်ချင်း ဒေါင်းလုပ်ယူလိုသူများအတွက် အောက်က လင့်မှာ ဒေါင်းလုပ်ချပါ။




ပိဋကတ်ကျောက်စာများ

ပါဠိတော် ပိဋကတ်ကျောက်စာများကို ကွန်ပျူတာ ထဲထည့်ကြည့်မယ်ဆိုရင် ဒီမှာ ဒေါင်းပါ



တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ကျမ်းစာများ

မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ ဘာသာဋီကာများ အပါအဝင် အထွေထွေ ဘာသာရေးဗဟုသုတ အစုံစုံကို တစ်နေရာထဲ တချက်ထဲ ဒေါင်းလုပ်ဆွဲလိုက်ပါ။



Android ဖုန်းနှင့် Table များအတွက် ပါဠိဗုဒ္ဓဘာသာဆိုင်ရာ Apk များ

CSPitaka.(ပါဠိ) Apk- 1.33 MB

CSPitaka(ပါဠိ) Data -ဖိုင်ဆိုဒ် -- 588 MB

ပါဠိတော်နိဿယ Apk- 642.12 MB

အဋ္ဌကထာနိဿယ Apk- 1.18 GB

ဋီကာနိဿယ Apk- 268 MB

ပါဠိ အဘိဓာန် Apk- 19.84 MB

ဝတ္ထုလမ်းညွှန် Apk- 3.14 MB

ပိဋကတ်လမ်းညွှန် Apk- 97.11 MB

ပိဋကသရုပ်စုံ Apk- 3.9 MB

တိပိဋက ပါဠိ-မြန်မာအဘိဓာန် Apk- ၅၉၁ မီဂါဘိုက် (အတွဲ ၂၁ တွဲ ၊ အုပ်ရေ ၂၃ အုပ် ပါသည်။)


IPad အတွက် ပိဋကသုံးပုံ အပရီကေရှင်းများ



1. ဖိုင်များအားလုံးကို ဒေါင်းလုတ်လုပ်ပြီး ကွန်ပျူတာကတစ်ဆင့် 3uTools နဲ့ install လုပ်ရမှာ ဖြစ်ပါတယ်။ ယခင်ကလို Data File များ ထည့်သွင်းဖို့ မလိုတော့ပါဘူး။ 3uTools ယူရန်


2. iPad ထဲကို install လုပ်ပြီးရင်လည်း iPad ကို အင်တာနက်ချိတ်ပြီး iPad > Settings > General > Profiles & Device Management > Asia Informatin Matrix Pte., Ltd. > Verify Apps > Verify နှိပ်ပေးပါ။ ဒါဆို software အားလုံး ဖွင့်လို့ ရသွားပါမယ်။

ဒီလင့်ခ်ကနေ ဒေါင်းလုတ် ရယူနိုင်ပါတယ်။

-----

3uTools သုံးပြီး ကွန်ပျူတာကနေ iPAD ထဲကို ပိဋကဆော့ဝဲလ်များ ထည့်သွင်းပုံကို ဗီဒီရိုဖိုင်နဲ့ တင်ပေးထားပါတယ်။
https://www.facebook.com/groups/283297188988104/permalink/283502062300950/