Thursday, June 2, 2022

ကုမ် စသည်များ

ကုမ္ဘကာရဇာတက

ဇာတက-ပါ-ပ-အုပ်-၁၆၆၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၅၄၊ ကိလေသာကို နှိပ်ကွပ်ခဲ့ပုံ ဟောထား၏၊ ပစ္စေကဗုဒ္ဓါ အသျှင်တို့၏ အတ္ထုပ္ပတ္တိကိုလည်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/336]܀

ကုမ္ဘဃောသက သေဌေးဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၁၄၇၊ အချိန်အခါမဟုတ်သေး၍ ခြိုးခြံပုံ၊ နမူနာယူစရာ။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကုမ္ဘဇာတက

ဇာတက-ပါ-ပ-အုပ်-၃၆၁၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၂၊ သေရည်သေရက် စ ဖြစ်ပေါ်လာပုံနှင့် ၎င်း၏ အပြစ်များကို အကျယ်ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/335]܀

ကုမ္ဘဏ္ဍမည့်ပုံ

အိုးစရည်းပမာဏ လိင်ဥရှိသောကြောင့် ကုမ္ဘဏ္ဍမည်၏ဟု ဖွင့်ပြထားပုံ၊ အပ-ဋ္ဌ-ဒု-အုပ်-၃၀၀။ ။ ဒီဃ-၃-ဋ္ဌ-၁၄၆၊ ဒီဃ-၃-ပါ-၁၆၀။ ܀ပိဋကတ်လမ်းညွှန်[01/276]܀

ကုမ္ဘဏ္ဍသုတ္တ

နိဒါန-သံ-ပါ-၄၄၉၊ နိဒါန-သံ-ဋ္ဌ-၂၀၃၊ လာဘ်စားသော တရားသူကြီး ပျက်တို့ ဖြစ်ရသော ပြိတ္တာ၊ အိုးစရည်း ပမာဏရှိသော လိင်ဥကြီးကို ထမ်းနေရပြီးလျှင် ၎င်းလိင်ဥကြီးကို ကျီးလင်းတတို့က ထိုးဆိတ် ပေါက်သော ဒုက္ခကိုလည်း ခံစားနေကြရပုံ။ ܀ပိဋကတ်လမ်းညွှန်[01/307]܀

ကုမ္ဘသုတ္တ

မဟာ-သံ-ပါ-၁၇၊ မဟာ-သံ-ဋ္ဌ-၁၆၀၊ တည်ရာကောင်း မကောင်းသော အိုးနှင့် စိတ်ကို ဥပမာပေး ဟောထားပုံ။ ܀ပိဋကတ်လမ်းညွှန်[01/307]܀

ကုမ္ဘသုတ္တ

မဟာ-သံ-ပါ-၄၅၊ မဟာ-သံ-ဋ္ဌ-၁၇၂၊ မဂ္ဂင် ၈-ပါးကို အားထုတ်လျှင် အကုသလဓမ္မတို့ကို အန်ထုတ်တတ်ကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/307]܀

ကုမ္ဘီလဇာတက

ဇာတက-ပါ-ပ-အုပ်-၆၁၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၀၉၊ ရန်အောင်ကြောင်း လေးပါး။ ܀ပိဋကတ်လမ်းညွှန်[01/336]܀

ကုမ္ဘူပမနိဒ္ဒေသ

အဘိ-၄-ပါ-၁၅၂၊ အဘိ-၄-ဋ္ဌ-၇၆။ ။ အံ-၄-ပါ-၄၁၈၊ အံ-၄-ဋ္ဌ-၃၂၇။ ။ အိုးဥပမာပုဂ္ဂိုလ်လေးမျိုး ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/276]܀

ကုမ္မသုတ္တ

နိဒါန-သံ-ပါ-၄၂၅၊ နိဒါန-သံ-ဋ္ဌ-၁၉၀၊ မြှုံးတွင်းသို့ အဝင်မှားသော လိပ်သည် ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့ လာဘသက္ကာရနောက်သို့ အလိုက်မှားသော ရဟန်းသည် ပျက်စီးခြင်းသို့ ရောက်ရကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/307]܀

ကုမ္မာသဒါယကတ္ထေရအပဒါန

အပ-ပါ-ဒု-အုပ်-၅၀၊ မယောမုံလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/327]܀

ကုမ္မာသပိဏ္ဍိဇာတက

ဇာတက-ပါ-ပ-အုပ်-၁၇၂၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၈၄၊ မလ္လိကာမိဖုရား အကြောင်းနှင့် မုံ့လှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/336]܀

ကုမ္မောပမသုတ္တ

သဠာ-သံ-ပါ-၃၈၅၊ သဠာ-သံ-ဋ္ဌ-၇၃၊ ဣန္ဒြေစောင့်စည်း ဝိတက်ဆိုးလျှို့ဝှက်ပါကု မာရ်မင်း ခွင့်မသာကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/307]܀

ကုလဒူသက သရုပ်စုံ

ကုလဒူသက ၈ မျိုး (ဒါယကာတို့အား ဖျက်ဆီးခြင်း ၈ မျိုး)

၁။ ပန်းပေးခြင်း၊
၂။ သစ်သီး ပေးခြင်း၊
၃။ ဆပ်ပြာမှုန့်ပေးခြင်း၊
၄။ မြေညက်ပေးခြင်း၊
၅။ ဒန်ပူပေးခြင်း၊
၆။ ဝါးပေးခြင်း၊
၇။ ဆေးကု ပေးခြင်း၊
၈။ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း, တစ်ရွာမှတစ်ရွာသို့လည်းကောင်း အစေအပါး ခံ၍ သွားခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသကရဟန်း သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာ ဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသကသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ချစ်ခြင်း အစရှိသည်တို့ဖြင့် ရောက်စေခြင်း၊
၂။ ဓမ္မ ကံဖြင့် ကမ္မဝါစာကို ရွတ်ဖတ်ခြင်း၊
၃။ ကမ္မဝါစာ ပြီးဆုံးခြင်း၊
၄။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၇၇။) (ဝိမတိ၊၁၊၃၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသက ၈-ပါး

စူဠနိ-ပါ-၂၅၈။ မဟာနိ-ပါ-၂၉၀၊ ၃၉၆၊ မဟာနိ-ဋ္ဌ-၃၅၀၊ အကျယ်ပြ၊ ဒကာ ဒကာမများအပေါ် ရဟန်းတို့ မပြုကောင်းသောအမှုများ၊ မှတ်သားဖွယ်ကောင်းလှ၏။ ။ မိလိန္ဒ-ပါ-၃၅၂။ ။ ဝိ-၅-ပါ-၂၄၃၊ ဝိ-၅-ဋ္ဌ-၁၀၀။ ။ ကုလဒူသကသိက္ခာပုဒ်၊ ဝိ-၁-ပါ-၂၇၄၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၁၉၊ ၂၀၉။ ။ ကုလသင်္ဂဟ ဝိနိစ္ဆယကထာ၊ ဝိနယသင်္ဂဟ-ဋ္ဌ-၁၈။ ။ အဘိ-၂-ပါ-၂၅၅၊ အဘိ-၂-ဋ္ဌ-၃၂၀၊ (လူတို့အား ပေးကောင်းအောင် ပြုလုပ်ထားရပုံကိုလည်း အကျယ်ပြထား၏)။ ။ မိစ္ဆာဇီဝအမှုများကို ပြဆိုခဏ်း၊ ဒီဃ-၁-ပါ-။ ဒီဃ-၁-ဋ္ဌ-၈၇။ ။ (ပွင့် သီး မှုန့် မြေ၊ ဝါး၊ ပူခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ)။
၁ ပန်းပေးခြင်း။
၂ သစ်သီးပေးခြင်း။
၃ လိမ်းကျံစရာအမှုန့်၊ (ပေါင်ဒါမှုန့်စသည်) ပေးခြင်း။
၄ ဂွေ့နီစသော မြေညက်ကိုပေးခြင်း။
၅ ဝါးပေးခြင်း။
၆ ဒန်ပူစသော သွားတိုက်စရာကို ပေးခြင်း။
၇ လူတို့အခိုင်းအစေကို ခံခြင်း။
၈ ဆေးကုခြင်း, ဆေးပေးခြင်း။ ဤ ၈-ပါးသော အမှုများကိုပြုလုပ်လျှင် မူလက သံဃာတော်၏ ဂုဏ်တော်ကို ယုံကြည်၍ ကြည်ညိုသော သဒ္ဓါတရားစစ်သည် ပျက်စီးလေရကား လူတို့၏ သဒ္ဓါ တရားစစ်စစ်ကို ဖျက်ဆီးတတ်သောကြောင့် ကုလဒူသကံ ဟူ၍ ဟောတော်မူ၏။ အနေသန ၂၁-ပါးလည်း နည်းတူပင်တည်း၊ အ-အခန်း၌ ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/277]܀

ကုလဒူသက အနေသန အပြစ်များကို ပြဆိုခန်း

အသနိသုတ်၊ နိဒါန-သံ-ပါ-၄၂၇၊ နိဒါန-သံ-ဋ္ဌ-၁၉၁။ ။ ရှက်စရာဟု ကဲ့ရဲ့တော်မူပုံ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၂၄။ ။ ခြေဆေးရေ ပေးရုံမျှနှင့် နတ်ကဆေးသမားဟု စွပ်စွဲပုံ၊ နမူနာယူ စရာ-၄၁၃။ ။ သတဓမ္မဇာတက-ပါ-ပ-အုပ်-၄၅၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၇၄။ ။ ရဟန်းတို့မှာ ကုလဒူသက အနေသနကြောင့် လာဘ်လာဘ ရခြင်းထက် မရခြင်းက မြတ်ကြောင်းဂါထာ၊ ထေရ-ပါ-၃၁၅၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၄၈။ ။ မတရားအသက်ရှေ (ရှည်) သေရသည်က မြတ်ကြောင်းဂါထာ၊ ထေရ-ပါ-၃၁၆။ ထေရ-ဋ္ဌ-ဒု-အုပ်-၄၃၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၇၂။ ။ ၎င်းအမှုများမှ ရှောင်ကြဉ်ရန် ဟောသော သုဓိမုခသုတ်၊ ခန္ဓ-သံ-ပါ-၂၀၀၊ ခန္ဓ-သံ-ဋ္ဌ-၃၁၈။ ။ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၆၆၊ သာသနာတော်၌ ဆေးကုခြင်းစသည်သည် အာသဝေါ တိုးပွားကြောင်းသာ။ ။ ဣတိ-ပါ-၂၆၅၊ ဣတိ-ဋ္ဌ-၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/277]܀

ကုမာရ လမ်းညွှန်

ကုမာပုတ္တတ္ထေရဂါထာ

ထေရ-ပါ-၂၂၈ထေရ-ဋ္ဌ-ပ-အုပ်-၁၂၅၊ ခြေနယ်ဆီ လှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကုမာပုတ္တသဟာယတ္ထေရဂါထာ

ထေရ-ဋ္ဌ-၁၂၇၊ တောင်ဝှေးလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကုမာရ ကဿပ မာတုထေရီဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၉၂၊ ကိုယ့်ကိုယ်ကိုသာအားကိုးရန် ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကုမာရ ကဿပမထေရ်ဝတ္ထု

အံ-၁-ပါ-၂၅၊ အံ-၁-ဋ္ဌ-၂၂၀၊ အကျယ်။ ။ ထေရ-ပါ-၂၅၉၊ ထေရ-ဋ္ဌ-ပ-အုပ်-၄၁၂၊ ဘိက္ခုနီ၏ သားဖြစ်၏။ ။ အပ-ပါ-ဒု-အုပ်-၁၂၅၊ အပ-ဋ္ဌ-ဒု-အုပ်-၂၃၀၊ ကဿပဘုရားရှင် သာသနာတော် ကွယ်ကာနီး တောင်ပေါ်တက်၍ ကျင့်ကြသောရဟန်း ၇-ပါးတွင် တပါးအပါအဝင် ဖြစ်၏။ ၎င်းအား ချီးကျူးခဏ်း၊ ပဏ်-၁-ပါ-၁၉၅၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၆၊ ၂၃၆။ ။ ဒီဃ-၂-ပါ-၂၅၃၊ ဒီဃ-၂-ဋ္ဌ-၃၉၆။ ။ နိဂြောဓ မိဂဇာတက-ပါ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၁၆၂၊ ၁၆၅။ ။ အံ-၁-ပါ-၂၅-၌ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ စိတ္တကထိကာနံ ယဒိဒံ ကုမာရကဿပေါ၊ ܀ပိဋကတ်လမ်းညွှန်[01/276]܀

ကုမာရ ပဥှဝဏ္ဏနာ

ခုဒ္ဒက-ပါ-၊ ခုဒ္ဒက-ဋ္ဌ-၆၂၊ ၁-ခု၊ ၂-ခု၊ ၃-ခု၊ (ပ) ၁၀-ခု အမည်ရှိ တရားများကို ဘုရားရှင်က မေးတော်မူ၍ သောပါကသာမဏေ ဖြေဆိုခဏ်း၊ အဖြေကို နှစ်သက်တော်မူ၍ ၇-နှစ်သားအရွယ် သာမဏေငယ်ကို ပဥှာဗျာကရဏူပသမ္ပဒါဖြင့် ရဟန်းပြုခွင့် ပေးသနားတော်မူ၏၊ ၇-နှစ်သားတွင်ပင် ရဟန္တာဖြစ်၏။ ܀ပိဋကတ်လမ်းညွှန်[01/276]܀

ကုမာရကနှင့် ပုရိသအထူး

အသက် ၂၀-မှ အောက်ကို ကုမာရက၊ အထက်ကို ပုရိသ ခေါ်ကြောင်း။ ဝိ-၂-ပါ-၄၄၆။ ܀ပိဋကတ်လမ်းညွှန်[01/344]܀

ကုမာရကသုတ္တ

ဥဒါန-ပါ-၁၃၇၊ ဥဒါန-ဋ္ဌ-၂၆၇၊ ဒုက္ခကိုကြောက်လျှင် မကောင်းမှုကို မပြုရန် ဟောသော ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/318]܀

ကုမာရပေတဝတ္ထု

ပေတ-ပါ-၁၇၃၊ ပေတ-ဋ္ဌ-၁၇၉၊ သူတပါးကို လှူဒါန်းသည်ကို အချောင်ဝန်တိုသောယောက်ျား၊ ပြည့်တန်ဆာမဝမ်းမှ မွေးဖွားပြီး စွန့်ပစ် ခံရရာ ဘုရားရှင်က ကယ်ထား၍ သေဌေးဖြစ်၊ နောက် တာဝတိံသာ နတ်ပြည်ရောက်သွား၏။ ܀ပိဋကတ်လမ်းညွှန်[01/321]܀

ကုမာရပေတဝတ္ထု

ပေတ-ပါ-၂၁၀၊ ပေတ-ဋ္ဌ-၂၄၃၊ ပရဒါရကံကို ကျူးလွန်ကြသော ကောသလမင်းကြီး သား ၂-ယောက် ပြိတ္တာဖြစ်နေကြပုံ။ ܀ပိဋကတ်လမ်းညွှန်[01/321]܀

ကုန်သည် ကုန်သွယ်

ကုန်သွယ်မှုချင်း တူညီပါလျက် ကွဲပြားခြင်း ၄ မျိုး

၁။ ကုန်သွယ်မှုချင်း တူညီပါလျက် မအောင်မြင် ပျက်စီးဆုံးရှုံးခြင်း၊
၂။ ကုန်သွယ်မှုချင်း တူညီပါလျက် ရည်မှန်းထားသည့်အတိုင်း မဖြစ်ခြင်း၊
၃။ ကုန်သွယ်မှုချင်း တူညီပါလျက် ရည်မှန်းထားသည့်အတိုင်း ဖြစ်ခြင်း၊
၄။ ကုန်သွယ်မှုချင်း တူညီပါလျက် ရည်မှန်းထားသည်ထက် ပို၍ အောင်မြင် အကျိုးရှိခြင်း။ (အံ၊၁၊၃၉၃။) (အံ၊မြန်၊၁။၄၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်သည်ပွဲစားကို ကြီးပွားကြောင်းဂါထာ

ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၁၆၂။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကုန်သည်ပွဲစားညစ်တို့ ဖြစ်ရသောပြိတ္တာ

ကိုယ့်အသားကို ပြန်စားနေကြရပုံ၊ ဥဒါန-ဋ္ဌ-၂၇၉။ ။ ပေတ-ပါ-၁၇၂၊ ပေတ-ဋ္ဌ-၁၇၆။ ။ ၎င်းတိုခံရသောငရဲ၊ ဇာတက-ပါ-ဒု-အုပ်-၁၉၀၊ ၁၉၃၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၃၇၊ ၁၄၁၊ (ဈေးသည်ခဏ်း၌ ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/293]܀

ကုဏ္ဍ စသည်များ

ကုဏာလဇာတက

ဇာတက-ပါ-ဒု-အုပ်-၁၁၃၊ ဇာတက-ဋ္ဌ-မ-အုပ်-၄၄၀။ ။ ဇာတက-ပါ-ဒု-အုပ်-၁၁၈၊ ဇာတက-ဋ္ဌ-မ-အုပ်-၄၅၅၊ ကုဏာလငှက်မင်းဖြစ်စဉ်က မိန်းမတို့၏ မာယာ ၄၀-နှင့် ၎င်းတို့ ဖေါက်ပြန်တတ်ပုံ အပြစ်များကို အကျယ်ဟောထား၏။ ဇာတက-ဋ္ဌ-မ-အုပ်-၄၆၇-၌ မာယာ ၄၀-ရေတွက်ပြထား၏။

ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတက

ဇာတက-ပါ-ပ-အုပ်-၇၂၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၆၁၊ အသျှင်သာရိပုတ္တရာထေရ်က ချီးမြှောက်လိုက်သော မဟာဒုဂ်မိန်းမအိုကြီး။

ကုဏ္ဍကပူဝဇာတက

ဇာတက-ပါ-ပ-အုပ်-၂၅၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၄၆၊ မဟာဒုဂ်တဦး၏ ဆန်ကွဲ မုံ့ကို ဘုန်းပေးတော်မူခြင်းကြောင့် ချက်ခြင်း သေဌေးဖြစ်ကြောင်း ဟောထား၏။

ကုဏ္ဍဓာနမထေရ်ဝတ္ထု

အံ-၁-ပါ-၂၅၊ အံ-၁-ဋ္ဌ-၂၀၃၊ အကျယ်။ ။ ထေရ-ပါ-၂၂၃၊ ထေရ-ဋ္ဌ-ပ-အုပ်-၇၆၊ ငှက်ပျောသီးလှူရကျိုး။ ။ အပ-ဋ္ဌ-ပ-အုပ်-၉၁၊ အပ-ဋ္ဌ-ဒု-အုပ်-၄၇။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၃၊ (ဤ၌ ကောဏ္ဍဓာနဟု ရှိ၏)။ ထိုမထေရ်အလောင်း ရုက္ခဇိုဝ်းနတ်သည် မိန်းမယောင်ဆောင်၍ အလွန်ချစ်ခင် ရင်းနှီးလှသော ရဟန်းနှစ်ပါးကို ကွဲပြားစေခဲ့သောကြောင့် ဂေါတမဘုရားရှင် လက်ထက်တော်တွင် သူတပါးတို့က ၎င်းကုဏ္ဍဓာနမထေရ်နောက်သို့ မိန်းမ တယောက် အမြဲလိုက်နေသည်ဟု အထင်အမြင် ဝဋ်ခံရပုံ၊ ရဟန္တာဖြစ်သောအခါမှ ထိုမိန်းမ အပြီးကွယ်ပျောက်သွားတော့ကြောင်း။ ။ အံ-၁-ပါ-၂၅-၌ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဌမံ သလောကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော။

ကုဏ္ဍလကေသာ ထေရီဝတ္ထု

အံ-၁-ပါ-၂၆၊ အံ-၁-ဋ္ဌ-၂၇၃၊ အကျယ်။ ။ မိန်းမတို့လည်း ပညာရှိကြောင်း နတ်ကချီးကျူးသော ဂါထာ။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၄၁၃။ ။ အပ-ပါ-ဒု-အုပ်-၂၄၀ မှ ၂၄၄-အထိ။ ။ ဘဒ္ဒါ ကုဏ္ဍလကေသာ ထေရီဂါထာ၊ ထေရီ-ပါ-၃၉၁၊ ထေရီ-ဋ္ဌ-၁၀၂၊ သူခိုးကိုလင်ပြုမိသော သေဌေးသမီး၊ လင်က တောင်ပေါ်ခေါ်၍ သတ်အံ့ ကြံစည်ရာတွင် လင်ကို ပရိယာယ်ဖြင့် တောင်အောက်သို့ တွန်းချခဲ့ပြီး ဘိက္ခုနီဖြစ်လာပုံ။ ။ အံ-၁-ပါ-၂၆-၌ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ခိပ္ပါဘိညာနံ ယဒိဒံဘဒ္ဒါ ကုဏ္ဍလကေသာ။

ကုဏ္ဍလိယသုတ္တ

မဟာ-သံ-ပါ-၆၆၊ မဟာ-သံ-ဋ္ဌ-၁၈၃၊ ဒုစရိုက် သုစရိုက် ၁၀-ပါးစီနှင့် အဆင့်ဆင့်ပြည့်စုံသောတရားများကို ဟောထား၏။

ကုဏ္ဍလီဝိမာနဝတ္ထု

(ပ) ဝိမာန-ပါ-၁၀၀၊ ဝိမာန-ဋ္ဌ-၂၇၅၊ အာဂန္တုကဝတ်ပြုရကျိုး။ ။ မဟာဒါနအကျိုး။ (ဒု) ဝိမာန-ပါ-၁၀၁၊ ဝိမာန-ဋ္ဌ-၂၇၆

ကုန်းတိုက်ခြင်း သရုပ်စုံ

ကုန်းတိုက်ကြောင်း ၂ ပါး

၁။ မိမိအား ချစ်စေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း၊
၂။ သူတစ်ပါး ကွဲပြားစေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊၅၊၂၁၅။) (မဟာနိ၊၁၇၉။) (မဟာနိ၊၁၉၇၊။) (မဟာနိ၊၂၀၀။) (မဟာနိ၊၃၀၀။) (ဝိ၊မြန်၊၂။၂၄။) (ဝိ၊မြန်၊၅။၃၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်း အထမြောက်ကြောင်း အင်္ဂါ ၄ ပါး

၁။ ခွဲအပ်သော သူတစ်ပါးဖြစ်ခြင်း၊
၂။ ‘‘ဤအကြောင်းဖြင့် ဤသူတို့သည် အသီးအသီး ဖြစ်ကုန်လတ္တံ့’’ဟု ကွဲခြင်းကို ရှေးရှုသည် ဖြစ်ခြင်း၊
၃။ မိမိကို ချစ်အပ်, အကျွမ်းဝင်အပ်သည်၏ အဖြစ်ကို အလိုရှိသည် ဖြစ်ခြင်း၊
၄။ ထိုကွဲစေအပ်သော သူတစ်ပါးသည် ထိုပြောဆိုသော အနက်အဓိပ္ပါယ်ကို သိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၄၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်းကြောင့် ဖြစ်သော အာသဝ ၃ ပါး

၁။ ကာမာသဝ- ကာမဂုဏ်ငါးပါးတို့၌ ယိုစီးတတ်, ဖြစ်တတ်, ယစ်မူးတတ်သော သဘော၊
၂။ ဒိဋ္ဌာသဝ- အယူမှားမှု ဒိဋ္ဌိဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော၊
၃။ အဝိဇ္ဇာသဝ- သစ္စာလေးပါးကို မသိမှု အဝိဇ္ဇာ ဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော။ (မ၊ဋ္ဌ၊၃၊၂၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ပုံ ၁၀ မျိုး

၁။ အမျိုးဇာတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၂။ နာမည်အားဖြင့် ကုန်းတိုက်ခြင်း၊
၃။ အနွယ်အားဖြင့် ကုန်းတိုက်ခြင်း၊
၄။ အလုပ်အကိုင်အားဖြင့် ကုန်းတိုက်ခြင်း၊
၅။ အတတ်ပညာ အားဖြင့် ကုန်းတိုက်ခြင်း၊
၆။ အနာရောဂါအားဖြင့် ကုန်းတိုက်ခြင်း၊
၇။ အသွင်သဏ္ဌာန် အားဖြင့် ကုန်းတိုက်ခြင်း၊
၈။ ကိလေသာအားဖြင့် ကုန်းတိုက်ခြင်း၊
၉။ အာပတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၁၀။ ယုတ်ညံ့သော ဆဲရေးကြောင်းစကားဖြင့် ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုဋင် ညောင်စောင်း လမ်းညွှန်

ကုဋင် (ညောင်စောင်း) ပေးလှူရကျိုး

ထေရ-ဋ္ဌ-ပ-အုပ်-၁၂၃။ ။ ထေရ-ဋ္ဌ-ဒု-အုပ်-၃၃။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကုဋင် (ညောင်စောင်း) လှူရကျိုး

အပ-ပါ-ပ-အုပ်-၁၁၆၊ ၃၂၈၊ ၄၄၄၊ အပ-ဋ္ဌ-ဒု-အုပ်-၇၉။ ။ အပ-ပါ-ဒု-အုပ်-၁၀၂။ ܀ပိဋကတ်လမ်းညွှန်[01/327]܀

ကုတင်- ညောင်စောင်း ၄-မျိုး

ဝိ-၂-ပါ-၅၈၊ ဝိ-၂-ဋ္ဌ-၃၉။ ။ အဘိ-၂-ပါ-၂၆၀၊ အဘိ-၂-ဋ္ဌ-၃၄၉။ ။ မဟာနိ-ပါ-၁၀၁၊ မဟာနိ-ဋ္ဌ-၂၂၂၊ (မသာရက၊ ဗုန္ဒိကာဗဒ္ဓ၊ ကုဋိပါဒက၊ အာဟစ္စပါဒက)။

ကုဋိ သရုပ်များ

ကုဋိ ၃ မျိုး

ကျောင်း ၃ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုဋိကာရ သိက္ခာပုဒ်၌ အင်္ဂါ ၇ မျိုး

၁။ အင်္ဂတေ, မြေညက် တစ်ခုခုဖြင့် အတွင်းဘက်က လိမ်းကျံခြင်း အစရှိသည်တို့တွင် တစ်မျိုးမျိုး ပြုလုပ်ထားခြင်း၊
၂။ သတ်မှတ်ထားသော ကုဋိ ပမာဏအောက် ပမာဏရှိခြင်း၊
၃။ မညွှန်ပြအပ်သော ကျောင်းငယ်နေရာရှိသည် ဖြစ်ခြင်း၊
၄။ သတ်မှတ်ထားသော ကုဋိပမာဏထက် လွန်သော ပမာဏရှိခြင်း၊
၅။ မိမိ၏ အကျိုးငှာ ဆောက်လုပ်ခြင်း။၆။ အိပ်ရာတိုက်ခန်း ဖြစ်ခြင်း၊
၇။ သုတ်လိမ်းကြောင်း အင်္ဂတေ မြေညက်၏ ဆက်စပ်သည် ဖြစ်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၃၈။) (ဝိမတိ၊၁၊၂၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုဋိကာရသိက္ခာပုဒ်၌ လိမ်းကျံခြင်း ၂ မျိုး

၁။ မတ္တိကာလေပ- မြေညက်ဖြင့် လိမ်းကျံခြင်း၊
၂။ သုဓာ လေပ- အင်္ဂတေဖြင့် လိမ်းကျံခြင်း။ (ဝိ၊ဋ္ဌ၊၂၊၁၅၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုဋိ(တိဏ)ဒါယကတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၃၁၁၊ မှတ်ဘွယ် ကောင်းလှ၏။ ܀ပိဋကတ်လမ်းညွှန်[01/327]܀

ကုဋိကာ သဒ္ဒါဟောနိုင်သော ၃-နက်

ထေရ-ဋ္ဌ-ပ-အုပ်-၂၉၊ ထေရ-ပါ-၂၁၉၊ ကုဋိကာတိ ပန မာတုကုစ္ဆိပိ ကရဇကာပိ တိဏာဒိစ္ဆဒနော ပတိဿ ယောပိ ဝုစ္စတိ။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကုဋိကာသုတ္တ

သဂါထာ-သံ-ပါ-၊ သဂါထာ-သံ-ဋ္ဌ-၃၆၊ အမိကား တိုက်၊ အသိုက် မယား၊ စသော အဖြေ ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကုဋိဒါယတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၂၅၈၊ ကျောင်းလှူခဲ့ရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/327]܀

ကုဋိဒူသကဇာတက

ဇာတက-ပါ-ပ-အုပ်-၁၀၃၊ ဇာတက-ဋ္ဌ-တ-အုပ်-၆၅၊ အသျှင်မဟာကဿပထေရ်အား ဝတ်မပြုဘဲ ပြုယောင်ဆောင်သော ရဟန်းငယ်။ ܀ပိဋကတ်လမ်းညွှန်[01/335]܀

ကုဋိဓူပကတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၂၅၂၊ အပ-ဋ္ဌ-ဒု-အုပ်-၁၈၈၊ ကျောင်းကို နံ့ သာအခိုးအထုံတို့ဖြင့် မွှေးကြိုင်အောင်ပြုခဲ့ရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/327]܀

ကုဋိဘတ္တကထာ

ဝိ-၄-ဋ္ဌ-၁၀၆။ ။ ကုဋိပဥှာဝဏ္ဏနာ၊ ဝိ-၅-ပါ-၃၇၃၊ ဝိ-၅-ဋ္ဌ-၂၃၇။ ܀ပိဋကတ်လမ်းညွှန်[01/344]܀

ကုဋိဝိဟာရိထေရဂါထာ

ထေရ-ပါ-၂၃၂၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၆၁၊ ပဒုမုတ္တရ ဘုရားရှင် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူရာ အောက်မှမြှောက်၍ ရေလှူရကျိုး။ ဒုတိယ၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၆၄၊ ယပ်တောင်လှူရကျိုး၊ ကုဋီ (ကျောင်း)ကို အသစ်ပြုပြင်ရန်ထက် တရားအားထုတ်ရန်သာ အရေးကြီးကြောင်း နတ်ကသတိပေးပုံ။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကုဋီ ၄-လုံး၊

(ဇေတဝန်ကျောင်းတော်အတွင်း၌ ကရေရိကုဋိ၊ ကောသမ္ဗကုဋိ၊ ဂန္ဓကုဋိ၊ သလဠာဂါရကုဋိ) ရှေ့သုံးလုံးမှာ အနာထပိဏ်သေဌေးကြီး ကောင်းမှု၊ နောက်ဆုံးတလုံးမှာ ကောသလမင်းကြီး ကောင်းမှု ဖြစ်ကြောင်း၊ ဒီဃ-၂-ဋ္ဌ-။ ܀ပိဋကတ်လမ်းညွှန်[01/341]܀

ကုဋီတိ အတ္တဘာဝေါ၊

သုတ္တ-ဋ္ဌ-ပ-အုပ်-၂၈၊ သုတ္တ-ပါ-၂၈၂၊ ကိုယ်ခန္ဓာကို အမည်အမျိုးမျိုးပေးထားပုံ။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကုက္ကု သရုပ်များ

ကုက္ကုဋဇာတက

ဇာတက-ပါ-ပ-အုပ်-၅၆၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၄၇၊ ကိုယ့်ကိုယ်ကို လုံခြုံအောင် စောင့်ရှောက်သောကြက်။ ။ ဇာတက-ပါ-ပ-အုပ်-၁၄၄၊ ဇာတက-ဋ္ဌ-တ-အုပ်-၂၄၉၊ ပရိယာယ်မာယာကြွယ်လှသော ကြောင်မ။ ဇာတက-ပါ-ပ-အုပ်-၂၁၆၊ ဇာတက-ဋ္ဌ-စ-အုပ်-၅၅၊ မိတ်ဆွေမဖွဲ့ထိုက်သော အင်္ဂါများကို စုပေါင်းဟောထား၏။ ။ ဇာတက-ပါ-ပ-အုပ်-၁၅၅၊ ဇာတက-ဋ္ဌ-တ-အုပ်-၂၉၈၊ မင်းတို့အား ဆုံးမခန်း။ ။ ܀ပိဋကတ်လမ်းညွှန်[01/335]܀

ကုက္ကုဋမိတ္တနေသာဒဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၁၅၊ (လင်က မုဆိုး၊ မယားကသောတာပန်) သောတာပန်မယားက လင်၌ ပြုအပ်သောဝတ္တရားအရ လေး မြားစသည်ကို ယူပေးရသော်လည်း ၎င်းမှာ ပါဏာတိပါတကံ မထိုက်ကြောင်း သား ၇-ယောက်၊ ချွေးမ ၇-ယောက်၊ မုဆိုးကြီး ပေါင်း ၁၅-ယောက်စလုံး သောတာပန် ဖြစ်ကြကြောင်းနှင့် အတိတ်ဝတ္ထု။ ܀ပိဋကတ်လမ်းညွှန်[01/315]܀

ကုက္ကုဋဝဂ် ကုက္ကုဋသုတ္တ

ခန္ဓ-သံ-ပါ-၁၄၅၊ ခန္ဓ-သံ-ဋ္ဌ-၃၀၆၊ ခန္ဓာ ၅-ပါးကို ပြာပူနှင့် တူ၏ဟု ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကုက္ကုဋသမ္မာဒေပုဒ်အဖွင့်

ဝိ-၂-ဋ္ဌ-၇၂၊ ဝိ-၂-ပါ-၈၈၊ ကြက်ပျံမကျ စည်ကားသည် ဟူသော စကား။ ܀ပိဋကတ်လမ်းညွှန်[01/344]܀

ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၈၀-ရန်ကို ရန်ချင်း တုံ့လျင်းနေကြပုံ၊ (သမင်မွေးယင်း ကျားစားယင်း ဟူသောစကားပုံ)၊ သုခရှာ ဒုက္ခတွေ့)။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကုက္ကုဋာရာမသုတ္တ

မဟာ-သံ-ပါ-၁၃၊ မဟာ-သံ-ဋ္ဌ-၁၆၈၊ (ပ-ဒု-တ) မိစ္ဆာမဂ္ဂင် ၈-ပါးကို အဗြဟ္မစရိယ၊ သမ္မာမဂ္ဂင် ၈-ပါးကို ဗြဟ္မစရိယဟု ဖြေထား၏။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကုက္ကုရဇာတက

ဇာတက-ပါ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၁၉၀၊ ဉာတတ္ထ စရိယကျင့်ခဲ့ပုံ၊ ဘုရားလောင်းခွေးမင်း၏ ဩဝါဒမှာ နှစ်ပေါင်း တသောင်းတိုင်တိုင် တည်ခဲ့ကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/335]܀

ကုက္ကုရဝတီသုတ္တ

ပဏ်-၂-ပါ-၅၀၊ ပဏ်-၂-ဋ္ဌ-၇၀၊ တိတ္ထိတို့ ခွေးနွားတို့၏အကျင့်ကို ကျင့်ကြ၍ သေလွန်သောအခါ ခွေးနွားပင်ဖြစ်ကြတတ်ကြကြောင်းနှင့် ကဏှကဏှဝိပါက စသော ကံ ၄-မျိုးကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကုက္ကုဠကထာ

အဘိ-၁-ပါ-၁၆၀၊ အဘိ-၁-ဋ္ဌ-၁၆၃၊ သင်္ခါရခဏ်း၌ ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကုက္ကုစ္စ သရုပ်စုံ

ကုက္ကုစ္စဖြစ်ကြောင်း၂ ပါး

၁။ ငါသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုခဲ့ပြီဟု နှလုံး မသာ ဖြစ်ခြင်း၊ စိတ်၏ လှီးခြစ်ခြင်း၊
၂။ ငါသည် ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက် တို့ကို မပြုမိဟု နှလုံးမသာ ဖြစ်ခြင်း စိတ်၏ လှီးခြစ်ခြင်း။ (မဟာနိ၊၁၆၇။) (မဟာနိ၊၂၉၂။) (မဟာနိ၊၄၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုက္ကုစ္စုပ္ပါဒနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ရဟန်းအား စိတ်မချမ်းသာစေလိုသူ ဖြစ်ခြင်း၊
၂။ ကုက္ကုစ္စကို ဖြစ်စေခြင်း။ (ဝိမတိ၊၂၊၅၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုက္ကုစ္စ ၂-မျိုး

(ဝိပ္ပဋိသာရကုက္ကုစ္စ၊ ဟတ္ထပါဒကုက္ကုစ္စ) ပဏ်-၁-ပါ-၁၅၅၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၇၈။ ။ ၎င်းကို အနာဂါမိကမဂ်က ပယ်ကြောင်း၊ မဟာ-သံ-ဋ္ဌ-၂၁၀။ ။ ကုက္ကုစ္စအမျိုးမျိုး ဖွင့်ပြပုံ အကျယ်၊ စူဠနိ-ပါ-၁၅၇။ ။ မဟာနိ-ပါ-၁၆၇၊ ၂၉၂၊ မဟာနိ-ဋ္ဌ-၂၈၁။ ။ မဟာနိ-ပါ-၄၀၂၊ မဟာနိ-ဋ္ဌ-၄၁၃။ ။ ကုက္ကုစ္စနိဒ္ဒေသ၊ အဘိ-၁-ပါ-၂၃၃၊ အဘိ-၁-ဋ္ဌ-၄၁၃။ ။ အဘိ-၄-ပါ-၁၂၅၊ အဘိ-၄-ဋ္ဌ-၅၅၊ ကုက္ကုစ္စမဖြစ်သင့်သောအရာ၌ဖြစ်လျှင် ကိလေသာတိုးပွား၏ဟုဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/275]܀

ကုက္ကုစ္စ ဝိပ္ပဋိသာရ မရှိမှသာ

တရားတော်ကို သိခွင့်ရမည် ဖြစ်သောကြောင့် ၎င်းရှိ, မရှိ မေးမြန်းတော်မူပုံ။ ။ သဠာ-သံ-ပါ-၂၇၂၊ သဠာ-သံ-ဋ္ဌ-၁၆၊ ဂိလာနသုတ်၊ (ပ+ဒု) ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိုယ်ဝန် သရုပ်စုံ

ကိုယ်ဝန်တည်ကြောင်း ၃ ပါး

၁။ မိဘနှစ်ပါးတို့ ကူးလူးဆက်ဆံပြီးခြင်း၊
၂။ မိခင်သည် ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ကိုယ်ဝန်တည်မည့် သတ္တဝါသည် မိခင်ဝမ်းဗိုက်သို့ ရှေးရှုတည်ခြင်း။ (မ၊၁၊၃၃၂။) (မ၊၂၊၃၆၃။) (မိလိန္ဒ၊၁၂၇။) (ဝိ၊ဋ္ဌ၊၁၊၁၈၁။) (အံ၊ဋ္ဌ၊၂၊၁၆၂။) (မ၊မြန်၊၁။၃၄၃။) (မ၊မြန်၊၂။၃၆၇။) (မိလိန္ဒ၊မြန်။၁၃၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဝန်တည်ခြင်း အကြောင်း ၄ ပါး

၁။ ကံ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
၂။ ဘဝယောနိ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
၃။ အမျိုးဇာတ်၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
၄။ ဆုတောင်းပတ္ထနာ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန် တည်ခြင်း။ (မိလိန္ဒ၊၁၃၀။) (မိလိန္ဒ၊မြန်။၁၄၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဝန်ပျက်ကြောင်း ၃ မျိုး

၁။ လေကြောင့် ကိုယ်ဝန်ပျက်ခြင်း၊
၂။ ပိုးငယ်ကြောင့် ကိုယ်ဝန် ပျက်ခြင်း၊
၃။ ကံကြောင့် ကိုယ်ဝန်ပျက်ခြင်း။ (ဒီ၊ဋ္ဌ၊၁၊၉၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဝန်မတည်ကြောင်း ၂ ပါး

၁။ ပိုးကြောင့် မတည်ခြင်း- ပါဏကေဟိ၊၂။ လေဖျက် ခြင်းကြောင့် မတည်ခြင်း- ဝါတကုပ္ပေဟိ။ (မဟာနိ၊၂၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဝန်ယူခြင်း အကြောင်း ၈ မျိုး

၁။ အဇ္ဈာစာရ- မိန်းမ,ယောကျ်ား နှစ်ဦးတို့ မေထုန် လွန်ကြူးခြင်း၊
၂။ ကာယသံသဂ္ဂ- ဥတုပန်းပွင့်ချိန် (ရာသီလာချိန်) ၌ ကိုယ်လက် နှီးနှောခြင်း၊
၃။ စောဠဂ္ဂဟဏ- သုက်သွေးရှိသော အဝတ်ကို အင်္ဂါဇာတ်၌ ထည့်ခြင်း၊
၄။ အသုစိပါန- သုက်သွေးကို သောက်ခြင်း၊ ၅။နာဘိပရာမသန- မိန်းမ၏ ဆန္ဒရာဂကြောင့် ချက်ကို သုံးသပ်ခြင်း၊
၆။ ရူပဒဿန- ဥတုလာချိန်၌ ဆန္ဒရာဂဖြင့် ယောကျ်ားကို တစိမ့်စိမ့်ကြည့်ခြင်း၊
၇။ သဒ္ဒသဝန- ဥတုလာချိန်၌ ယောကျ်ားအသံကို ကြားခြင်း၊
၈။ ဂန္ဓဃာယန- ဥတုလာချိန်၌ ယောကျ်ား၏ အနံ့ကို ရှူရှိုက်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဝန်ကိုပျက်စီးစေပြီး ထိုသို့မပျက်စီးစေရကြောင်း၊

အကယ်၍ ပျက်စီးစေပါလျင် တနေ့ တနေ့လျှင် သား ၁၀-ယောက်၊ ၁၀-ယောက်ဖွား၍၎င်းသားများကို ပြန်စားပြီး မဝသောပြိတ္တာမ ဖြစ်ရပါစေသားဟု ကျိန်ဆိုခဲ့မှုကြောင့် ပြိတ္တာမများ ဖြစ်ကြရသော ပဉ္စပုတ္တခါဒက ပေတိဝတ္ထု၊ သတ္တပုတ္တခါဒက ပေတိဝတ္ထု။ ။ ပေတ-ပါ-၁၃၀၊ ပေတ-ဋ္ဌ-၂၉။ ။ ပေတ-ပါ-၁၃၁၊ ပေတ-ဋ္ဌ-၃၄။ ܀ပိဋကတ်လမ်းညွှန်[01/321]܀

ကိုယ်ဝန်ကိုဖျက်ဆီးသူတို့ ခံရသောငရဲ

ဇာတက-ပါ-ဒု-အုပ်-၆၃၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၈၆၊ ၂၉၃။ ܀ပိဋကတ်လမ်းညွှန်[01/340]܀

ကိုယ်ဝန်တည်ခြင်း အကြောင်း ၃-ပါး

ပဏ်-၁-ပါ-၃၃၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၁၀။ ။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၈၀။ ။ အံ-၃-ဋ္ဌ-၁၆၂။ ။ မိလိန္ဒ-ပါ-၁၂၆၊ ၁၂၇။ ။ ဂမ္ဘဝန္တိပဥှ၊ မိလိန္ဒ-ပါ-၁၃၀
(၁) မိဘနှစ်ဦး သွားလာသည်လည်း ဖြစ်စေ။
(၂) မိခင်မှာ ဥတုလာပြီးစ အခါလည်း ဖြစ်စေ။
(၃) ပဋိသန္ဓေနေမည့် သတ္တဝါလည်း ရှေးရှုကျရောက်သည် ဖြစ်စေ။
ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံက ကိုယ်ဝန်တည်ကြသည် ဟူလို။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်ဝန်တည်ခြင်း အကြောင်း ၇-မျိုး

ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၇၈၊ ၁၇၉။ မိလိန္ဒ-ပါ-၁၃၀၊ တနည်း။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်ဝန်တည်ပုံဖွားပုံကို ပြဆိုခန်း

ဣန္ဒကသုတ်၊ သဂါထာ-သံ-ပါ-၂၀၈၊ သဂါထာ-သံ-ဋ္ဌ-၂၇၄၊ (ဂဗ္ဘသေယျက သတ္တဝါတို့ အတွက်)။ ။ ဒီဃ-၂-ဋ္ဌ-၂၈၊ ၃၀၊ တည်ပုံ ဖွားပုံ ၄-မျိုး။ ။ ပဏ်-၃-ဋ္ဌ-၁၂၅၊ ၁၂၉၊ ၁၃၀။ ။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၃၀၊ အညွှန်း။ ။ ကိုယ်ဝန်တည်ရ၊ ဆောင်ရ၊ ပျက်ရ၊ ဖားရပုံ ဒုက္ခအစုံကို ပြဆိုခဏ်း၊ ဝိသုဒ္ဓိ-ဒု-အုပ်-၁၃၀။ ။ အကျဉ်းပြ၊ ဒီဃ-၂-ဋ္ဌ-၂၈၊ ဒီဃ-၂-ပါ-၁၁။ ။ ၈-လနှင့် ဖွားလျှင် အသက်မရှင်တတ်ကြောင်း၊ ဒီဃ-၂-ဋ္ဌ-၂၉၊ ဒီဃ-၂-ပါ-၁၂။ ။ ဒုက္ခစုံပြဆိုခဏ်း၊ မဟာနိ-ပါ-၁၃၊ မဟာနိ-ဋ္ဌ-၆၀၊ ၆၅။ ။ အဘိ-၂-ဋ္ဌ-၉၀၊ ၉၂၊ အဘိ-၂-ပါ-၁၀၄။ ။ ဇာတက-ပါ-ပ-အုပ်-၁၃၉၊ ဇာတက-ဋ္ဌ-တ-အုပ်-၂၃၀။ ။ ကိုယ်ဝန်တည်စ၌ အချို့ မိန်းမတို့မသိကြပုံနှင့် ကိုယ်ဝန်ဆောင်တို့ ရှောင်ကြရမည့်အရာများကို ပြဆိုခဏ်း၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၅၂၊ ၅၃။ ။ အပ-ဋ္ဌ-ပ-အုပ်-၁၆၄။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်ဝန်ပျက်စီးခြင်းအကြောင်းများ

၂-မျိုး၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၆၄၊ (လေကြောင့် ၎င်း ပိုးကြောင့် ၎င်း ပျက်စီးတတ်ကြောင်း။ ။ ၃-ပါး၊ မဟာနိ-ပါ-၂၉၈၊ မဟာနိ-ဋ္ဌ-၃၆၇။ ။ ဒီဃ-၁-ဋ္ဌ-၉၁၊ (ကံကြောင့် ၎င်း ပျက်ပီးတတ်ကြောင်း)။ ܀ပိဋကတ်လမ်းညွှန်[01/299]܀

ကိုယ် လမ်းညွှန်

ကိုယ် ဂုဏ် ကိုယ်ဖော် မသူတော် ဟူသော ဂါထာ

မဟာနိ-ပါ-၅၀၊ မဟာနိ-ဋ္ဌ-၁၆၈၊ အရိယာတို့မှာ ကိုယ့်ဂုဏ်ကို ကိုယ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ ကိုယ့်ဂုဏ် ကိုယ်ပေါ် မသူတော် ဟူသော စကားမှာ အရိယာ ပုဂ္ဂိုလ်တို့နှင့် မသက်ဆိုင်ကြောင်း၊ ထေရ-ဋ္ဌ-ပ-အုပ်-၃၃။ ။ အံ-၄-ပါ-၃၈၉၊ အံ-၄-ဋ္ဌ-၃၁၈၊ သပ္ပုရိသသုတ်။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ် နှုတ် စိတ်ကို စောင့်ရှောက်ရန် ဂါထာများ

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၁၂၊ ၂၆၁။ ။ ငြိမ်သက်စေရန် ဂါထာ-၃၇၈။ ။ နိဗ္ဗာန်သွားနိုင်ရန်ဂါထာ၊ ၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ့် ပစ္စည်းမှန်၍ ပြန်ရသော ဖြူစင်သောစိတ်ထားရှိ ဘုရားလောင်းကုန်သည်

ဇာတက-ပါ-ပ-အုပ်-၈၆၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၈၁။ ܀ပိဋကတ်လမ်းညွှန်[01/340]܀

ကိုယ့် လမ်းကိုယ်သွား သားမယားစသည် မပါကြောင်း ဂါထာ

အပ-ဋ္ဌ-ဒု-အုပ်-၂၂။ ပေဋက-ပါ-၁၇၄။ ။ အယျိကာသုတ်၊ သဂါထာ-သံ-ပါ-၉၈၊ သဂါထာ-သံ-ဋ္ဌ-၁၅၀။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်ကျိုး၌ လိမ္မာသော ပုဂ္ဂိုလ်

အတ္ထကုသလ ပုဒ်အဖွင့်၌ ပြခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ်ကျိုးကိုသာရှာရန် ဆုံးမသော ဂါထာများ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၀၂။ ။ အပ-ဋ္ဌ-ဒု-အုပ်-၆၆၊ ဂါထာနံပါတ် ၁၃၈။ နေတ္တိ-ပါ-၁၃၇၊ နေတ္တိ-ဋ္ဌ-၂၄၈။ ။ ကိုယ့်ကိုယ်ကိုသာ ဆုံးမရန်ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၁၀။ ။ ဥပမာဂါထာ၊ ၆၃။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၇၁။ ။ ကိုယ့်ကိုယ်ကိုသာ၊ အပြစ်ရှာ ချမ်းသာကြောင်းတည်း ဟူသော ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၇၉။ ။ သူကျိုး ကိုယ်ကျိုး ကျင့်သုံးရန် တိုက်တွန်းသော ဂါထာများ၊ ဗုဒ္ဓ-ဋ္ဌ-၂၃။ ။ ကိုယ့်ကိုယ်ကို လုံခြုံစေရန်ဂါထာ၊ ထေရ-ဋ္ဌ-ဒု-အုပ်-၃၉၆။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ်ကျိုးစီးပွားကို လိုလားသူတို့မှာ

ကန်းယောင် နားပင်းယောင် အယောင်ဆောင်သင့်က ဆောင်ရကြောင်း ဂါထာ။ ။ မိလိန္ဒ-ပါ-၃၄၉။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကိုယ့်ကို နှိပ်စက်၊ သူတပါးကို နှိပ်စက်တတ်သော ကံ-သုံးပါးကို မပြုရန်

ပဏ်-၂-ပါ-၇၈၊ ပဏ်-၂-ဋ္ဌ-၉၀။ ။ (ကာယ-ဝစီ-မနော)။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကိုယ့်ကိုယ်ကို ကိုယ်အချစ်ဆုံး ဖြစ်ကြောင်း ဟောသော မလ္လိကာသုတ္တ

သဂါထာ-သံ-ပါ-၇၄၊ သဂါထာ-သံ-ဋ္ဌ-၁၂၉။ ။ ပိယသုတ်၊ သဂါထာ-သံ-ပါ-၇၁၊ သဂါထာ-သံ-ဋ္ဌ-၁၂၈။ ။ ပိယတရသုတ်၊ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ့်ကိုယ်ကို စောင့်ရှောက်လျှင်

သူတပါးကိုလည်း စောင့်ရှောက်သည် မည်ကြောင်း ဟောသော သေဒကသုတ်။ ။ မဟာ-သံ-ပါ-၁၄၆၊ မဟာ-သံ-ဋ္ဌ-၂၅၈။ ။ ဂါထာ၊ အံ-၆-ပါ-၃၂၈၊ အံ-၆-ဋ္ဌ-၁၂၂။ အသင်္ကီယဇာတက-ပါ-ပ-အုပ်-၁၈၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၅၁။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမှာ မိန်းမတို့၏ အပြုအမူသာ ဖြစ်ကြောင်း မင်းအား လျှောက်ထားပုံ

အပ-ဋ္ဌ-ပ-အုပ်-၂၁၅။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကိုယ့်ကိုယ်ကိုချစ်လျှင် အရွယ်သုံးပါးတွင် တပါးပါး၌ ကုသိုလ်ပြု၍ စောင့်ရှောက်ရန် ဂါထာ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၈၇။ ။ မကောင်းမှုမပြုရန်၊ နေတ္တိ-ပါ-၁၅၁၊ နေတ္တိ-ဋ္ဌ-၂၅၈။ ။ ပိယသုတ်၊ သဂါထာ-သံ-ပါ-၇၂၊ သဂါထာ-သံ-ဋ္ဌ-၁၂၈။ ။ သူတပါးကို မညှဉ်းဆဲရန်၊ နေတ္တိ-ပါ-၁၄၂၊ နေတ္တိ-ဋ္ဌ-၂၅၀။ ။ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈၊ ၂၄၉။ ။ မလ္လိကာသုတ်၊ သဂါထာ-သံ-ပါ-၇၅၊ သဂါထာ-သံ-ဋ္ဌ-၁၂၉။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ့်ကိုယ်ကိုပြန်၍ ကဲ့ရဲ့ခြင်းအကြောင်း ၂-ပါးကို အကျယ်ဟောထားပုံ

မဟာနိ-ပါ-၄၁၊ မဟာနိ-ဋ္ဌ-၂၅၈၊ မကောင်းမှုကို ပြုမိခြင်း၊ ကောင်းမှုကို မပြုမိခြင်း။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကိုယ့်ကိုယ်ကိုဖျက် ကိုယ်ပင်ပျက် ပျက်စီးကြောင်း ဟောသော အစိရပက္ကန္တသုတ္တ

နိဒါန-သံ-ပါ-၄၃၅၊ ၄၃၆၊ နိဒါန-သံ-ဋ္ဌ-၁၉၅၊ ဥပမာဂါထာ။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၉၆၊ ၁၀၀။ ။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၁၁၀၊ ၁၁၁၊ နေတ္တိ-ဋ္ဌ-၂၂၄-မှ၊ ၂၂၇-အထိ။ ။ နေတ္တိ-ပါ-၁၅၈၊ နေတ္တိ-ဋ္ဌ-၂၆၂။ ။ ဝိ-၄-ပါ-၃၄၆။ ။ အံ-၄-ပါ-၃၈၅၊ အံ-၄-ဋ္ဌ-၃၁၆။ ။ အတ္တဟတသုတ်၊ သဂါထာ-သံ-ပါ-၃၇၊ သဂါထာ-သံ-ဋ္ဌ-၇၉၊ ခန္ဓာကိုယ်ကို ပြန်သတ်တတ်သော တရားများ။ ။ ငှက်ပြောသီး ဖျက်ဆီးသူ့အပင်၊ ဝါးပင်ဖျက်ဆီး ဝါးသီးပမာ၊ အဿတိုရ် သန္ဓေ မြင်းမသေ ဥပမာဂါထာ၊ (ပူဇော်သက္ကာရ အမှုများက ယုတ်မာသော စိတ်ထားရှိသူကို ပြန်သတ်တတ်ကြောင်း ဥပမာ ဂါထာ) ဣတိ-ဋ္ဌ-၂၃၈။ သဂါထာ-သံ-ပါ-၁၅၆၊ သဂါထာ-သံ-ဋ္ဌ-၂၀၁၊ ဒေဝဒတ္တသုတ်။ ။ အံ-၄-ပါ-၃၈၅၊ အံ-၄-ဋ္ဌ-၃၁၆၊ ဝိ-၄-ပါ-၃၄၆။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၂၂၄။ ။ လာဘ်အလေးမူ မျိုးစေ့ပုပ်နှင့် တူကြောင်း ဂါထာ၊ ဒုတိယကောဓဂရုကသုတ်၊ အံ-၄-ပါ-၃၅၆၊ အံ-၄-ဋ္ဌ-၃၀၄။ ။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၂၂၄။ ။ ဝါးပင်ဖျက်ဆီး ဝါးသီးဥပမာ ဂါထာ၊ (လူကိုဖျက်ဆီး မူကြီးသုံးဖြာ ဟူလို) အကုသလမူလ သုံးပါး (လောဘ, ဒေါသ, မောဟ) ကိန်းရာပုဂ္ဂိုလ်ကို၎င်းသုံးပါးက ပြန် သတ်သည် ဟူသော ဂါထာ၊ ဣတိ-ပါ-၂၂၆၊ ဣတိ-ဋ္ဌ-၁၇၃။ ။ စူဠနိ-ပါ-၂၅၂။ ။ မဟာနိ-ပါ-၁၃၊ မဟာနိ-ဋ္ဌ-၅၈။ ။ မဟာနိ-ပါ-၂၈၃၊ မဟာနိ-ဋ္ဌ-၃၇၅။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ့်ကိုယ်ကိုသာ ကိုယ်ဆရာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဂါထာ

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၉၄၊ ၃၇၉။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ်ချင်းစာတရားရှိစေရန် ညွှန်ကြားသော ဂါထာ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၁-၃၂။ ။ သုတ္တ-ပါ-၃၈၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၁၁၊ နာလကသုတ်၊ ဂါထာနံပါတ် ၇၁၀။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၂၇၄။ ဝေဠုဒွါရေယျသုတ်၊ မဟာ-သံ-ပါ-၃၀၆၊ မဟာ-သံ-ဋ္ဌ-၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ်ချမ်းသာရန်အတွက်

သူတပါးကို ညှဉ်းဆဲက ချမ်းသာသုံးပါးမရနိုင်ကြောင်း ဟောသော ဒဏ္ဍသုတ်။ ။ ဥဒါန-ပါ-၈၉၊ ဥဒါန-ဋ္ဌ-၉၇။ ܀ပိဋကတ်လမ်းညွှန်[01/318]܀

ကိုယ်စောင့်နတ် ရှိကြောင်း

ခုဒ္ဒက-ဋ္ဌ-၁၀၁။ ။ လူတို့အလို လိုက်၍ ကိုယ်စောင့်နတ်တို့ကလည်း ကြံစည်တတ်ကြကြောင်း၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-။ ။ ကဲ့ရဲ့တတ်ကြကြောင်း၊ ၁၉၆။ ကာလိင်္ဂဇာတက-ပါ-ပ-အုပ်-၉၃၊ ဇာတက-ဋ္ဌ-တ-အုပ်-၊ (လူတို့ကွဲပြားလျှင် ကိုယ်စောင့်နတ်တို့ကလည်း ကွဲပြား ကြကြောင်း) အခန်း၌လည်း ရှိသေး၏။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ်နှုတ်စိတ်ကို မစောင့်စည်းပုံနှင့်

ကာယသုံးပါးကို ကောက်ပြပုံ၊ သဠာ-သံ-ပါ-၃၃၀၊ သဠာ-သံ-ဋ္ဌ-၄၀။ ܀ပိဋကတ်လမ်းညွှန်[01/309]܀

ကိုယ်ပြု ကိုယ်ခံရကြောင်း ထင်ရှားစေသော တယောဇနဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၄၊ ၉၆။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ဆုံးဖြတ်ရန် ဟောထားသော ကေသမုတ္တိသုတ္တ

(ကာလာမသုတ်ဟူ၍ လည်း ခေါ်ကြ၏) အံ-၃-ပါ-၁၈၉၊ အံ-၃-ဋ္ဌ-၁၈၁။ ။ သာဠှသုတ်၊ အံ-၃-ပါ-၁၉၄၊ အံ-၃-ဋ္ဌ-၁၈၃။ ။ ဘဒ္ဒိယသုတ်၊ အံ-၄-ပါ-၅၁၁၊ အံ-၄-ဋ္ဌ-၃၆၆။ နိဒါန-သံ-ပါ-၃၃၆၊ နိဒါန-သံ-ဋ္ဌ-၁၁၃၊ ကောသမ္ဗိသုတ်။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်၌ဆောင်ထားထိုက်သော တရား ၁၁ ပါး

အတ္တူပနာယိကတရား ၁၁ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၌တည်သော တရား (၁၀) ပါး

၁။ အအေး၊
၂။ အပူ၊
၃။ ထမင်းဆာခြင်း၊
၄။ ရေငတ်ခြင်း၊
၅။ ကျင်ကြီး၊
၆။ ကျင်ငယ်၊
၇။ ကိုယ်နှုတ်ကို စောင့်စည်းမှု၊
၈။ အသက်မွေးခြင်းကို စောင့်စည်းမှု၊
၉။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေမှု၊
၁၀။ ဘဝကို ပြုပြင်သော ကံ။ (အံ၊၃၊၃၂၅။) (အံ၊မြန်၊၃။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ စင်ကြယ်မှု ၃ မျိုး

၁။ တုတ် ဓား လက်နက်များကို ချထားလျက် သနားညှာတာပြီး သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့မရှိခြင်း၊
၃။ မာတုရက္ခိတ (အမိစောင့်ရှောက်ထားသူ) စသော မိန်းမဆယ်ဦးတို့၌ ကာမဂုဏ်ဖြင့် မှားယွင်းစွာ ကျင့်လေ့မရှိခြင်း။ (အံ၊၃၊၄၇၅။) (အံ၊မြန်၊၃။၄၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ မစင်ကြယ်မှု ၃ မျိုး

၁။ သနားခြင်းကင်းလျက် သွေးစွန်းလက်ဖြင့် သူ့အသက်ကို သတ်ဖြတ် လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ မာတုရက္ခိတ အမိစောင့်ရှောက်ထားသူ စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။ (အံ၊၃၊၄၇၃။) (အံ၊မြန်၊၃။၄၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏(ပြင်ပ) လှူဖွယ်ဝတ္ထု ၁၀ ပါး

၁။ အန္န- စားဖွယ်၊
၂။ ပါန- သောက်ဖွယ်၊
၃။ ဝတ္ထ- အဝတ်၊ ၄၊ ယာန- ယာဉ်၊
၅။ မာလာ- ပန်း၊
၆။ ဂန္ဓ- နံ့သာ၊
၇။ ဝိလေပန- နံ့သာမှုန့်၊
၈။ သေယျာ- အိပ်ရာ၊
၉။ အာဝသထ- နေစရာ၊
၁၀။ ပဒီပေယျ- ဆီမီး။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ခန္ဓာ အပြစ် ၆ မျိုး

၁။ အလွန် အရပ်ရှည်ခြင်း၊
၂။ အလွန် အရပ်ပုခြင်း၊
၃။ အလွန် ပိန်ခြင်း၊
၄။ အလွန် ဝခြင်း၊
၅။ အလွန် အသားမဲခြင်း၊
၆။ အလွန် အသားဖြူခြင်း။ (သံ၊ဋ္ဌ၊၃၊၂၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တွင်း၌ ဖြစ်သော အကျိုးမဲ့ကြောင်း တရား ၃ ပါး

၁။ လိုချင်မှု လောဘ၊
၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ။ (သံ၊၁၊၇၀။) (သံ၊၁၊၉၈။) (သံ၊မြန်၊၁။၆၉၊၉၅။) (သံ၊မြန်၊၁။၆၉၊၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်တောင်းသော ပဲခွပ် စသည်ဖြင့် ကျောင်းဆောက်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊မြန်၊၅။၁၃၁။) (ဝိ၊၅၊၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်သတ်ခြင်း၌ ပယောဂ ၂ မျိုး

၁။ ဥဒ္ဒိဿ- ရည်ရွယ်သည့်အတိုင်း ဖြစ်သော ပယောဂ၊
၂။ အနုဒ္ဒိဿ- မရည်ရွယ်ဘဲ ဖြစ်သွားသော ပယောဂ၊ (ဝိ၊ဋ္ဌ၊၂၊၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ပိုင်ဥစ္စာမဟုတ်သော ကံ ၁၀ မျိုး

၁။ ကာယဒုစရိုက် ၃ မျိုး၊
၂။ ဝစီဒုစရိုက် ၄ မျိုး၊
၃။ မနော ဒုစရိုက် ၃ မျိုး ပေါင်း ၁၀ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၃၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဖြင့် ရုန့်ရင်းကြမ်းကြုတ်စွာ မပြုအပ်သည့်ဌာန ၈ မျိုး

ကာယပါဂဗ္ဘိယ မပြုအပ်သည့် ဌာန ၈ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်လက် နှီးနှောခြင်းကြောင့် သင့်သော အာပတ် ၅ မျိုး

၁။ ဘိက္ခုနီမသည် ယောက်ျားနှင့် ကိုယ်လက် နှီးနှောခြင်းကြောင့် ပါရာဇိကအာပတ်၊
၂။ ရဟန်းသည် မိန်းမနှင့် ကိုယ်လက် နှီးနှောခြင်းကြောင့် သံဃာဒိသိသ်အာပတ်၊
၃။ ခန္ဓာကိုယ်ကို ကိုယ်နှင့်ဆက်စပ်နေသောဝတ္ထုဖြင့် နှီးနှော ခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်၊
၄။ ပစ်လွှတ်အပ်သောဝတ္ထုဖြင့် ကိုယ်နှင့် ဆက်စပ် နေသောဝတ္ထုကို နှီးနှောခြင်းကြောင့် ဒုက္ကဋ်အာပတ်၊
၅။ လက်ချောင်းတို့ဖြင့် ကလိထိုး၍ ကစားခြင်းကြောင့် ပါစိတ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၂၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ ပါး

ကာယသမာစာရ ၂ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ မျိုး

၁။ စင်ကြယ်သော ကိုယ်အကျင့်၊
၂။ မစင်ကြယ်သော ကိုယ်အကျင့်။ (မ၊ဋ္ဌ၊၂၊၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု ဆုတ်ယုတ်၍ ကောင်းမှု တိုးပွားသော ကိုယ်အကျင့် ၃ မျိုး)

၁။ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု တိုးပွား၍ ကောင်းမှု ဆုတ်ယုတ်သော ကိုယ်အကျင့် ၃ မျိုး)

၁။ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း၊
၂။ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူ လုယက်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိ နဲ့ စတဲ့ စကားလုံးများ

ကိံဆန္ဒဇာတက

ဇာတက-ပါ-ပ-အုပ်-၃၅၈၊ ဇာတက-ဋ္ဌ-မ-အုပ်-၊ ညဘက်တွင် ထက်ဝက် ဥပုသ်စောင့်ရ၊ သရက်သီးလှူခဲ့ရကျိုး၊ လာဘ်စားမှုအပြစ်များကို စုပေါင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိဉ္စနတရားသုံးပါး

တုန်လှုပ်စေတတ်သောတရားဟူလို၊ (ရာဂ, ဒေါသ, မောဟ) ပဏ်-၁-ပါ-၃၇၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၅၃။ ။ ကိဉ္စနနိဒ္ဒေသ၊ အဘိ-၂-ပါ-၃၈၂၊ အဘိ-၂-ဋ္ဌ-၄၇၉။ ။ ဣဉ္စန နဝက ကထာ၊ အဘိ-၂-ပါ-၄၀၄၊ အဘိ-၂-ဋ္ဌ-၄၉၅၊ မာနကြောင့် တုန်လှုပ်ပုံ ၉-မျိုးကို ဟောထား၏။ ။ စူဠနိ-ပါ-၈၄၊ စူဠနိ-ဋ္ဌ-၂၅။ ။ စူဠနိ-ပါ-၉၂၊ ၁၃၃၊ ၁၃၉၊ ၁၄၅၊ ဤ၌ ၇-မျိုး၊ ရာဂ, ဒေါသ, မောဟ မာန ဒိဋ္ဌိ ကိလေသ ဒုစ္စရိတ။ ။ ဒီဃ-၃-ပါ-၁၈၂၊ ဒီဃ-၃-ဋ္ဌ-၁၇၆။ ဇာတက-ပါ-ဒု-အုပ်-၁၇၀၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၆၈။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၅၂၊ ရဟန္တာတို့မှာ ထိုတရားများကြောင့် မတုန်လှုပ်တော့ကြောင်း။ ။ ကိဉ္စနတရားများ မရှိလျှင် ချမ်းသာ၍ ရှိလျှင် ဆင်းရဲကြောင်း ဂါထာ၊ ဥဒါန-ပါ-၉၁၊ ၁၀၂။ ။ ဥဒါန-ပါ-၉၂၊ ဥဒါန-ဋ္ဌ-၁၀၅။ ကိဉ္စနန္တိ ယေသံ အမှာကံ ပလိဗုဒ္ဓကိလေသ သင်္ခါတံ ကိဉ္စနံ နတ္ထိဟု ဖွင့်ပြထားပုံ၊ ဇာတက-ပါ-ဒု-အုပ်-၁၇၀၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၆၈။ ။ အကိဉ္စန တရား ၉-ပါး၊ ပဏ်-၁-ပါ-၃၇၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၅၃၊ အာကိဉ္စညာယာနဈာန်၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပေါင်း ၉-ပါး။ ။ ܀ပိဋကတ်လမ်းညွှန်[01/272]܀

ကိဉ္စာပိ ဟောနက်

ကိဉ္စာပီတိ အနုဇာနနပ္ပသံသနတ္ထေ နိပါတော၊ ပဏ်-၁-ပါ-၁၆၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၉၉။ ။ အနုဂ္ဂဟ ဂရဟ ဝစနံ၊ ပဏ်-၁-ပါ-၃၆၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၅၃။ ။ ဣတိ-ပါ-၂၇၁၊ ဣတိ-ဋ္ဌ-၃၂၆။ ܀ပိဋကတ်လမ်းညွှန်[01/272]܀

ကိတဝဿ ဝါတိ ကိတဝေါ ဝုစ္စတိ သာကုဏိကော

သဂါထာ-သံ-ဋ္ဌ-၆၁၊ သဂါထာ-သံ-ပါ-၂၂။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကိတ္တာဝတာတိ ပရိစ္ဆေဒဝစနံ ကိတ္တကေနာတိ ဝုတ္တံ ဟောတိ

ပဏ်-၁-ပါ-၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၀၄၊ ܀ပိဋကတ်လမ်းညွှန်[01/301]܀

ကိံဒဒသုတ္တ

သဂါထာ-သံ-ပါ-၂၉၊ သဂါထာ-သံ-ဋ္ဌ-၇၈၊ ဆွမ်းစသော စားသောက်ဘွယ် အဝတ်ယာဉ် မီး ကျောင်း တရား အလှူများ၏ အကျိုးကို ပြသော ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိံဒိဋ္ဌိကသုတ္တ

အံ-၁၀-ပါ-၄၀၆၊ အံ-၁၀-ဋ္ဌ-၃၃၀၊ တိတ္ထိတို့က သူတို့၏ အယူဝါဒကို ပြောပြ၍ အနာထပိဏ် သေဌေးကြီးက အနိစ္စ စသည် သုံးပါးကို ပြန်ပြော ပြပုံ၊ တရားသဖြင့် ၎င်းတို့ကို ရံခါရံခါ နှိပ်ကွက်သင့်ကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/312]܀

ကိန္တိသုတ္တ

ပဏ်-၃-ပါ-၂၆၊ ပဏ်-၃-ဋ္ဌ-၁၈၊ ဓမ္မကထိကနှင့် အဓိကရုဏ်းငြိမ်းသောပုဂ္ဂိုလ်တို့အတွက် နည်းပေး ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/301]܀

ကိန္နရာတို့နှင့် စပ်၍ မှတ်သားဖွယ်များ

၎င်းတို့မှာ ပန်းပွင့် ပန်းဝတ်ဆံကို စားကြကြောင်း၊ ထေရ-ဋ္ဌ-ပ-အုပ်-၂၂၅။ ။ အပ-ဋ္ဌ-ဒု-အုပ်-၁၄၇။ ။ ဇာတက-ဋ္ဌ-စ-အုပ်-၂၈၃။ ။ ဇာတက-ပါ-ပ-အုပ်-၃၃၃၊ ဇာတက-ဋ္ဌ-စ-အုပ်-၄၄၃၊ ၎င်းတို့မှာ အသက်တထောင်ရှည်ကြကြောင်း၊ အသက်အန္တရာယ်ဖြစ်လောက်အောင် ရောဂါလည်း မရှိကြကြောင်း။ ။ ကိန္နရာများကို ခွဲပြပုံအကျဉ်း၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၄၇။ ။ လူတို့ဘမ်းမိသောအခါ ၎င်းတို့ စကားမပြောလိုကြ ခြင်းအကြောင်း ၂-ပါး၊ အံ-၂-ပါ-၇၇၊ အံ-၂-ဋ္ဌ-၅၁။ ။ ၎င်းတို့မှာ ကြောက် လန့်တတ်ကြကြောင်း၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၂၆၉။ ܀ပိဋကတ်လမ်းညွှန်[01/272]܀

ကိန္နရာဒေဝီ မိဖုရားကြီးနှင့် ငဆွံ့ တို့ ဖောက်ပြန်ကြပုံ

ဇာတက-ပါ-ဒု-အုပ်-၁၂၃၊ ဇာတက-ဋ္ဌ-မ-အုပ်-၄၇၂။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိန္နုသီဟသုတ္တ

သဂါထာ-သံ-ပါ-၁၁၁၊ သဂါထာ-သံ-ဋ္ဌ-၁၆၁၊ မာရ်နတ်က တရားနာ ပရိသတ်အားနှောင့်ယှက်ပုံ။ ။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိံပက္ကဇာတက

ဇာတက-ပါ-ပ-အုပ်-၂၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၈၉၊ ကာမဂုဏ်သည် အဆိပ်သီးနှင့် တူကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိံဖလဇာတက

ဇာတက-ပါ-ပ-အုပ်-၁၃၊ ဇာတက-ဋ္ဌ-ပ-အုပ်-၂၈၁၊ သစ်ပင် သစ်သီး၌ သိကျွမ်းနားလည်ခဲ့ပုံ ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိမတ္တိယသုတ္တ

အံ-၁၀-ပါ-၂၅၇၊ အံ-၁၀-ဋ္ဌ-၂၈၇။ ။ အံ-၁၁-ပါ-၅၁၅၊ အံ-၁၁-ဋ္ဌ-၃၄၃၊ သီလမှ ဆက်၍ အဆင့်ဆင့်ရအပ်သောအကျိုးများကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/312]܀

ကိမတ္ထိယသုတ္တ

သဠာ-သံ-ပါ-၄၄၉၊ ဒုက္ခဟု ဟောသော စက္ခုစသည်၌ ပိုင်းခြား၍ သိခြင်းငှါ ကျင့်တော်မူကြကြောင်း။ ။ ကိမတ္တိယ ဗြဟ္မစရိယသုတ်၊ သဠာ-သံ-ပါ-၃၅၀၊ သဠာ-သံ-ဋ္ဌ-၄၇။ ။ မဟာ-သံ-ပါ-၊ မဟာ-သံ-ဋ္ဌ-၁၅၉။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိမိလတ္ထေရဂါထာ

ထေရ-ပါ-၂၄၅၊ ထေရ-ဋ္ဌ-ပ-အုပ်-၂၉၈၊ ဓာတ်တော်ကို ထင်းရူးပွင့် သမင်စာပွင့်တို့ဖြင့် ပန်းမဏ္ဍပ် ဆောက်လှူခဲ့ရကျိုး။ ။ ထေရ-ပါ-၂၅၂၊ ထေရ-ဋ္ဌ-ပ-အုပ်-၃၅၀၊ လောကီပျော်စရာကို စွန့်ပယ်၍ ဓမ္မဖြင့်သာ ပျော်မွေ့နေခြင်း ဂါထာ။ ။ အပ-ပါ-ဒု-အုပ်-၁၇၂၊ အပ-ဋ္ဌ-ဒု-အုပ်-၂၉၈။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိမိလတ္ထေရအပဒါန

အပ-ပါ-ဒု-အုပ်-၁၇၂၊ အပ-ဋ္ဌ-ဒု-အုပ်-၂၈၉၊ ဓာတ်တော်ကို သမင်စာပွင့် ထင်းရူးပွင့် မဏ္ဍပ်ဆောက်လှူရကျိုး၊ နိမ္မိတသူငယ်မ လှလှကလေး ဖန်ဆင်းပြီး အို နာ သေပြမှ ရဟန်းပြု၊ ရဟန္တာဖြစ်သွားသော မထေရ်။ ܀ပိဋကတ်လမ်းညွှန်[01/326]܀

ကိမိလသုတ္တ

မဟာ-သံ-ပါ-၂၈၀၊ မဟာ-သံ-ဋ္ဌ-၃၀၁၊ အာနာပါနဿတိ၌ သတိပဋ္ဌာန်လေးပါးစလုံး ပါဝင်နိုင်ပုံ ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိမိလသုတ္တ

အံ-၅-ပါ-၂၁၆၊ အံ-၅-ဋ္ဌ-၇၆၊ သာသနာကွယ်ကြောင်း ၅-ပါးကို ဟောထား၏။ ။ အံ-၆-ပါ-၂၉၈။ ။ အံ-၇-ပါ-၄၆၀။ ܀ပိဋကတ်လမ်းညွှန်[01/312]܀

ကိရာတိ အနုဿဝနတ္ထေ နိပါတော

အံ-၃-ဋ္ဌ-၈၅၊ အံ-၃-ပါ-၁၁၃။ ။ ဥဒါန-ဋ္ဌ-၆၅၊ ဥဒါန-ပါ-၈၂။ ။ ပဋိသံ-ပါ-၁၅၉၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၆၄။ ။ ကိရသဒ္ဒေါ ဧဝကာရတ္ထေ နိပါတော၊ ပဋိသံ-ပါ-၁၈၃၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၁၁၄။ ။ ဇာတက-ပါ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၁၇၄။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိရိယာဗျာကတဝဏ္ဏနာ

အဘိ-၁-ပါ-၁၃၉၊ အဘိ-၁-ဋ္ဌ-၃၃၁။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကိလဉ္ဇဒါယကတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၂၄၆၊ အပ-ဋ္ဌ-ဒု-အုပ်-၁၈၇၊ ဖျာလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/326]܀

ကိံသီလသုတ္တ

သုတ္တ-ပါ-၃၂၇၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၆၅၊ (သီလ အမေးအဖြေ)။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကိံသုကပူဇကတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၃၂၆၊ ပေါက်ပွင့်လှူရကျိုး။ ။ ကိံသုကပုပ္ဖိယတ္ထေရအပါဒါန၊ အပ-ပါ-ဒု-အုပ်-၇၆။ ܀ပိဋကတ်လမ်းညွှန်[01/326]܀

ကိံသုကောပမဇာတက

ဇာတက-ပါ-ပ-အုပ်-၆၉၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၄၂၊ အားထုတ်အပ်သော တရားမှာ အမျိုးမျိုးရှိသော်လည်း နိဗ္ဗာန်မှာ တူကြကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/335]܀

ကိံသုကောပမသုတ္တ

သဠာ-သံ-ပါ-၃၉၆၊ သဠာ-သံ-ဋ္ဌ-၉၇၊ ဒဿနသုဝိသုဒ္ဓ မည်ပုံကို ရဟန္တာလေးပါးအား မေးလျှောက်ရာ မကျေနပ်သောကြောင့် ဘုရားရှင်ထံ ထပ်မံမေးသော ရဟန်း၊ အချိန်ကာလ ၄-မျိုးတွင် ပေါက်ပင်လည်း ၄-မျိုး ဖြစ်နေကြောင်း၊ ထိုသို့ ပုံသဏ္ဌာန် ပြောင်းသော်လည်း ပေါက်ပင် ဟူသော သဘာဝဓမ္မကား မပြောင်းလဲ ဟူသော ဥပမာဖြင့် ရှင်းပြတော်မူခန်း။ ܀ပိဋကတ်လမ်းညွှန်[01/306]܀

ကိဿဝါ ဝုစ္စတိ ပညာ

သဂါထာ-သံ-ပါ-၁၅၁၊ သဂါထာ-သံ-ဋ္ဌ-၁၉၇။ ။ နေတ္တိ-ဋ္ဌ-၂၂၊ နေတ္တိ-ပါ-၁၁၁။ ܀ပိဋကတ်လမ်းညွှန်[01/275]܀

ကိလေသ သရုပ်စုံ

ကိလေသဘူမိ ၄ ပါး

၁။ အနုသယဘူမိ- ကိန်းအောင်းသော အခိုက်အတန့်၊
၂။ ပရိယုဋ္ဌာနဘူမိ- ထက်ဝန်းကျင် ထကြွထိုးကျင့်သော အခိုက်အတန့်၊
၃။ သံယောဇနဘူမိ- နှောင်ဖွဲ့ တွယ်တာသော အခိုက်တန့်၊ ဥပါဒါနဘူမိ- ပြင်းစွာစွဲလန်းသော အခိုက်တန့်။ (နေတ္တိ၊ဋ္ဌ၊၁၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသဝဋ် ၃ မျိုး

၁။ မသိခြင်း အဝိဇ္ဇာ၊
၂။ ကပ်ငြိခြင်း တဏှာ၊
၃။ စွဲလမ်းခြင်း ဥပါဒါန်။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသဝတ္ထု ၁၀ မျိုး

၁။ အာဟာရ ၄ မျိုး၊
၂။ ဝိပလ္လာသ ၄ မျိုး၊
၃။ ဥပါဒါန် ၄ မျိုး၊
၄။ ယောဂ ၄ မျိုး၊
၅။ ဂန္ထ ၄ မျိုး၊
၆။ အာသဝ ၄ မျိုး၊
၇။ ဩဃ ၄ မျိုး၊
၈။ သလ္လ ၄ မျိုး၊
၉။ ဝိညာဏဋ္ဌိတိ ၄ မျိုး၊
၁၀။ အဂတိဂမန ၄ မျိုး။ (နေတ္တိ၊ဝိဘာ၊၂၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၁၀ မျိုး

၁။ လောဘ- လိုချင်ခြင်း၊
၂။ ဒေါသ- ပြစ်မှားခြင်း၊
၃။ မောဟ- တွေဝေခြင်း၊
၄။ မာန- မာန်ထောင်ခြင်း၊
၅။ ဒိဋ္ဌိ- အယူမှားခြင်း၊
၆။ ဝိစိကိစ္ဆာ- ယုံမှားတွေးတောခြင်း၊
၇။ ထိန- ထိုင်းမှိုင်းခြင်း၊
၈။ ဥဒ္ဓစ္စ- ပျံ့လွင့်ခြင်း၊
၉။ အဟိရီက- အရှက်မရှိခြင်း၊
၁၀။ အနောတ္တပ္ပ- အကြောက်အလန့်မရှိခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၃၂။) (အဘိ၊ဓ၊၂၄၃။) (အဘိ၊ဓ၊၂၉၁။) (အဘိ၊ဝိ၊၃၅၄။) (အဘိ၊ဝိ၊၄၀၅။) (အဘိ၊ဝိ၊မြန်၊၂။၅၁၂။) (အဘိ၊ဓ၊မြန်။၄၅၀၊၅၅၉။) (အဘိ၊ဝိ၊မြန်၊၂။၄၃၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၃ မျိုး

၁။ လောဘ၊၂။ ဒေါသ၊၃။မောဟ။ (နေတ္တိ၊ဋ္ဌ၊၂၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၈ မျိုး

၁။ ငြင်းခုံခြင်း (ကလဟ)၊
၂။ ခိုက်ရန်ဖြစ်ခြင်း (ဝိဝါဒ)၊
၃။ ငိုကြွေးခြင်း (ပရိဒေဝ)၊
၄။ စိုးရိမ်ခြင်း (သောက)၊
၅။ ဝန်တိုခြင်း (မစ္ဆရိယ)၊
၆။ မာန်မူခြင်း (မာန)၊
၇။ အလွန် မာန်မူခြင်း (အတိမာန)
၈။ ချောပစ်ကုန်းတိုက်ခြင်း (ပေသုည)။ (မဟာနိ၊၁၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာကို ခါထုတ် ဖျက်ဆီးတတ်သော တရား ၅ ပါး

ဓုတဓမ္မ ၅ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာခေါင်းပါးပုံ ၂ မျိုး

၁။ ရံခါရံခါ ဖြစ်ခြင်း၊
၂။ ကိလေသာထကြွမှု ဖြစ်မှု အားနည်းခြင်း။ (မ၊ဋ္ဌ၊၁၊၁၆၇။) (မ၊၁၊၅၀။) (မ၊မြန်၊၁။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာခေါင်းပါးအောင် ပြုကြောင်းတရား ၄၄ ပါး

စိတ်၏အညစ်အကြေးများကို ခွာခြစ်ကြောင်း တရား ၄၄ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာငြိမ်းခြင်းဆိုင်ရာ ပုဂ္ဂိုလ် ၄ ယောက်

၁။ မျက်မှောက်ဘဝ၌ပင် အားထုတ်ပြီး ကိလေသာ တို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးနောက်၌ အားထုတ်ပြီး ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၃။ မျက်မှောက်ဘဝ၌ပင် အားမထုတ်ဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၄။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးနောက်၌ အားမထုတ်ဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၇၃။) (အံ၊မြန်၊၁။၄၈၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာတို့၏ အကြောင်း ၁၀ ပါး

ကိလေသဝတ္ထု ၁၀ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာတို့ကို ဖောက်ခွဲကြောင်း တရား ၆ ပါး

၁။ ကာမတို့ကိုလည်းကောင်း ကာမတို့၏ ဖြစ်ကြောင်း ကာမတို့၏ ထူးသောအဖြစ် ကာမတို့၏အကျိုး ကာမတို့၏ ချုပ်ငြိမ်းမှု, ကာမ တို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း၊
၂။ ဝေဒနာတို့ကို လည်းကောင်း, ဝေဒနာတို့၏ဖြစ်ကြောင်း, ဝေဒနာတို့၏ ထူးသောအဖြစ်, ဝေဒနာတို့၏ အကျိုး, ဝေဒနာတို့၏ချုပ်ငြိမ်းမှု ဝေဒနာတို့၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း သိခြင်း၊
၃။ သညာတို့ကိုလည်းကောင်း သညာတို့၏ဖြစ်ကြောင်း, သညာတို့၏ ထူးသော အဖြစ်, သညာတို့၏ အကျိုး, သညာတို့၏ ချုပ်ငြိမ်းမှု, သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း၊
၄။ အာသဝေါတရားတို့ကိုလည်းကောင်း, အာသဝတရား တို့၏ ဖြစ်ကြောင်း, အာသဝတရားတို့၏ ထူးသောအဖြစ် အာသဝတရားတို့၏ အကျိုး, အာသဝ တရားတို့၏ ချုပ်ငြိမ်းမှု အာသဝတရားတို့၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို လည်းကောင်း သိခြင်း၊
၅။ ကံကိုလည်းကောင်း, ကံတို့၏ဖြစ်ကြောင်း, ကံတို့၏ ထူးသော အဖြစ်၊ ကံတို့၏အကျိုး, ကံတို့၏ ချုပ်ငြိမ်းမှု, ကံတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို လည်းကောင်း သိခြင်း၊
၆။ ဒုက္ခကိုလည်းကောင်း, ဒုက္ခတို့၏ ဖြစ်ကြောင်း, ဒုက္ခတို့၏ ထူးသောအဖြစ်, ဒုက္ခတို့၏အကျိုး, ဒုက္ခတို့၏ ချုပ်ငြိမ်းမှု, ဒုက္ခတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း။ (အံ၊၂၊၃၅၈။) (အံ၊မြန်၊၂။၄၅၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာနည်းပါးပုံ ၂ မျိုး

၁။ ရံဖန်ရံခါ ဖြစ်ခြင်း၊
၂။ ထကြွခြင်း၏ နုံ့ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၂၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာပယ်ခြင်း ၂ မျိုး

၁။ ကိလေသာအစဉ်အားဖြင့် ပယ်ခြင်း၊
၂။ မဂ်တို့၏ အစဉ်အားဖြင့် ပယ်ခြင်း။ (မ၊ဋ္ဌ၊၁၊၁၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး

၁။ မြတ်စွာဘုရားသည်လည်းကောင်း သီတင်းသုံးဖော် တို့သည်လည်းကောင်း ရဟန်းအား တရားဟော၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှု ပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ အရဟတ္တဖိုလ်သမာဓိဖြင့် စိတ်တည်ကြည်၏၊
၂။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးကို ဟော၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည် ကြည်၏၊
၃။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏၊
၄။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူ၍ နှလုံးသွင်း၏၊
၅။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူနှလုံးသွင်း ခြင်းကြောင့် တရားတော်၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်ရ၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏။ (ဒီ၊၃၊၂၀၀-၂၀၁။) (ဒီ၊၃၊၂၃၄။) (အံ၊၂၊၁၇။) (ဒီ၊မြန်၊၃။၂၂၃-၂၂၄။) (ဒီ၊မြန်၊၃။၂၅၇။) (အံ၊မြန်၊၂။၂၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ မိမိ၏ အကျိုးစီးပွားအတွက် သူတစ်ပါးတို့ ဟောကြားအပ်သော တရားကို နာယူခြင်း၊
၂။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် မိမိ ကြားနာအပ်ပြီးသော တရားကို ဟောကြားခြင်း၊
၃။ ကြားနာသင်ယူပြီးသော တရားကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊
၄။ ကြားနာသင်ယူပြီးသော တရားကို အဖန်တလဲလဲ စိတ်ဖြင့် ကြံစည်ခြင်း၊
၅။ ကသိုဏ်းဆယ်ပါး အသုဘဆယ်ပါး စသည်တို့၌ မိမိနှင့်သင့်လျော်သော ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၆၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်သော ဓာတ် ၆ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၆ ပါး၊ ဒုပ္ပဋိဝိဇ္ဈ တရား ၆ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာအားဖြင့် ရောယှက်မှု ၅ မျိုး

၁။ ဒဿနသံသဂ္ဂ= ဝိသဘာဂအာရုံကို မြင်ရ ခြင်းကြောင့်ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၂။ သဝနသံသဂ္ဂ= ဝိသဘာဂ အသံကို ကြားရခြင်းကြောင့် ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၃။ သမုလ္လပနသံသဂ္ဂ= မိန်းမနှင့် စကားပြောဆိုရယ်မောခြင်းကြောင့် ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၄။ သမ္ဘောဂသံသဂ္ဂ= မိန်းမပေးသော ပစ္စည်းကို သုံးဆောင်ခြင်းကြောင့်ဖြစ်သော ကိလေသာ အားဖြင့် ရောယှက်မှု၊
၅။ ကာယသံသဂ္ဂ= မိန်းမလက်ကိုကိုင်ခြင်းစသော ကိုယ်လက်နှီးနှော မှုကြောင့်ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊ [သံဋ္ဌ-၌ သမ္ဘောဂသံသဂ္ဂကို ပရိဘောဂ သံသဂ္ဂဟု သုံးထားသည်။] (သံ၊ဋ္ဌ၊၁၊၁၁၃။)(မ၊ဋ္ဌ၊၂၊၅၀။)(ဥဒါန၊ဋ္ဌ၊၂၁၀။)(သုတ္တနိ၊ဋ္ဌ၊၁၊၆၂။)(အပ၊ဋ္ဌ၊၁၊၁၇၃။)(မဟာနိ၊ဋ္ဌ၊၂၈၉။)(စူဠနိ၊ဋ္ဌ၊၁၀၂။)(အံ၊ဋီ၊၃၊၃၁၊၂၇၉)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသ ၁၀-ပါး

ကိလေသဂေါစ္ဆက၊ အဘိ-၁-ပါ-၂၄၃၊ ၂၉၁၊ အဘိ-၁-ဋ္ဌ-၄၁၆၊ ၄၅၂။ ။ အဘိ-၂-ပါ-၄၀၅၊ အဘိ-၂-ဋ္ဌ-၄၉၅။ ။ ကိလေသ သံယုတ္တ၊ ခန္ဓ-သံ-ပါ-၁၉၄၊ ခန္ဓ-သံ-ဋ္ဌ-၃၁၈။ ။ ပဋိသံ-ပါ-၁၂၅၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၃၂၊ ဝိဂ္ဂဟများ။ ။ ဝိသုဒ္ဓိ-ဒု-အုပ်-၃၂၃။ ။ သြဠာရိက မဇ္ဈိမ သုခုမ သုံးမျိုး ခွဲပြပုံ၊ မဟာနိ-ပါ-၃၀၁၊ မဟာနိ-ဋ္ဌ-၃၆၈။ ။ ဝီတိက္ကမ၊ ပရိယုဋ္ဌာန၊ အနုသယ ကိလေသာသုံးမျိုးပယ်ပုံကို ပြဆိုခဏ်း၊ ဒီဃ-၁-ဋ္ဌ-၂၀။ ။ ၎င်းသုံးပါးကိုပယ်ရန် ပိဋကသုံးသွယ်ကို ထားခဲ့ပုံ၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၈။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိလေသပဇဟနကထာ

အဘိ-၅-ပါ-၄၁၇၊ အဘိ-၅-ဋ္ဌ-၂၆၆ ကာလသုံးပါး၌ ဖြစ်သော ကိလေသာကို ပယ်၏ဟု ယူမှားသည်ကို ရှင်းပြခန်း။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကိလေသာ (၁၅၀၀)ရှိကြောင်း စကားအမြွက်

သဂါထာ-သံ-ဋ္ဌ-၁၇၂။ ။ ဥဒါန-ဋ္ဌ-၁၂၂၊ ၃၀၄။ ။ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၈၂။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၃၈၃။ ။ ဣတိ-ဋ္ဌ-၁၂၁၊ ၂၄၂၊ ၃၄၆။ ။ ထေရ-ဋ္ဌ-ပ-အုပ်-ဝ။ ။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၁၂၅။ ။ စရိယာ-ဋ္ဌ-။ ။ အပ-ဋ္ဌ-ပ-အုပ်-၁၁၄၊ ၃၁၅၊ ၃၃၃၊ အပ-ဋ္ဌ-ဒု-အုပ်-ဝ၊ ၁၆၂။ ။ မဟာနိ-ဋ္ဌ-၈၆။ ။ အဘိ-၁-ဋ္ဌ-၁၃။ ။ အဘိ-၂-ဋ္ဌ-၄၉။ ။ ကိလေသ သတသဟဿာနိဟု ဖွင့်ပြထားပုံ၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၉၆။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိလေသာ မဖြစ်ခြင်း အကြောင်းများ

(အခိုက်အတံ့)။ ။ ၇-ပါး၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၁၅၆၊ ဝတ္တသမ္ပန္န၊ ဂန္ထယုတ္တ၊ ဓုတင်္ဂဓရ၊ သမာပတ္တိ စိဏ္ဏဝသီ၊ ဝိပဿက၊ နဝကမ္မိက၊ ဗြဟ္မလောကအာဂတ၊ ဤပုဂ္ဂိုလ် ၇-ဦးမှာ ကိလေသာ အခိုက်အတံ့ ငြိမ်ဝပ်နေတတ်ကြကြောင်း အကျယ်ဖွင့်ပြထား၏။ ။ အဘိ-၂-ပါ-၂၁၆၊ အဘိ-၂-ဋ္ဌ-၂၈၃။ ။ အံ-၁-ဋ္ဌ-၂၃၊ ၂၇၊ ၂၉၊ ၃၂၊ ၃၄၊ ၃၅၊ ဆိုင်ရာဆိုင်ရာဝတ္ထုများဖြင့် မှတ်သားဖွယ်ကောင်းလှ၏။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိလေသာ၏ အပြစ်ကို ဟောသော ဇာတ်တော်များ

ကိလေသာအလိုလိုက်၍ ဘေးဆိုက်ရသောဝတ်ပန်းသူခိုး၊ ပုပ္ဖရတ္တဇာတက-ပါ-ပ-အုပ်-၃၄၊ ဇာတက-ဋ္ဌ-ပ-အုပ်-၅၂၅။ ။ ဈာန်ပျက်စီးရသောရသေ့၊ သင်္ကပ္ပရာဇာတက-ပါ-ပ-အုပ်-၇၁၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၄၈။ ။ ကိလေသာဖက်က ဂုဏ်ပျက်စီးတတ်ကြောင်း၊ ဟရိတစဇာတက-ပါ-ပ-အုပ်-၁၉၁၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၇၃။ ။ ဂါထာများ၊ ဇာတက-ပါ-ပ-အုပ်-၁၉၁၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၇၆။ ။ ကိလေသောနာမ ဂုဏဝိဒ္ဓံသကော အပ္ပသာဒေါ နိရယေ နိဗ္ဗတ္တာပေတိ။ ဇာတက-ဋ္ဌ-တ-အုပ်-၄၇၃။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိလေသာကြိုးက ပို၍ ခိုင်မာလှပုံ

သဠာ-သံ-ပါ-၄၀၅၊ သဠာ-သံ-ဋ္ဌ-၁၁၃။ ။ ဗန္ဓနကာရဇာတက-ပါ-ပ-အုပ်-၅၃၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၂၇။ ။ ကာမဂုဏ်ခဏ်း၌လည်း ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/273]܀

ကိလေသာကိန်းလျှင်

တပည့်နှင့်လည်း အတူနေ၍ ဆရာနှင့်လည်းမကင်းကွာသော ပုဂ္ဂိုလ်ဟု ဟောထားပုံ။ ။ မဟာနိ-ပါ-၁၁၊ ၂၈၂၊ ၃၇၃၊ မဟာနိ-ဋ္ဌ-၅၇။ ။ စူဠနိ-ပါ-၂၅၁။ ။ အန္တေဝါသိကသုတ်-သံ။ ܀ပိဋကတ်လမ်းညွှန်[01/274]܀

ကိလေသာကို နှိပ်ကွပ်ရန် ဟောသော ဇာတ်တော်များ

သိင်္ဂါလဇာတက-ပါ-ပ-အုပ်-၃၄၊ ဇာတက-ဋ္ဌ-ပ-အုပ်-၅၂၆။ ။ ပလာသဇာတက-ပါ-ပ-အုပ်-၁၃၂၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၉၆။ ကုမ္ဘဇာတက-ပါ-ပ-အုပ်-၁၆၆၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၅၄၊ များစွာပြထား၏။ ။ နှိပ်ကွပ်ပုံဝတ္ထုများ၊ ဇာတက-ပါ-ပ-အုပ်-၂၃၄၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၁၆။ ။ ကိလေသာကို အမှီပြု၍ ဣဿာမဖြစ်ရန် အဓိဋ္ဌာန်ထားသော ဗာရာဏသီမင်း၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၇၆။ ။ ကိလေသာကို နှိပ်ကွပ်နိုင်ရန် ဥပုသ်စောင့်ကြည့် ၅-ဦး၊ ပဉ္စုပေါသထဇာတက-ပါ-ပ-အုပ်-၂၉၁၊ ဇာတက-ဋ္ဌ-စ-အုပ်-၃၂၅။ ။ ကိလသာကို နှိပ်ကွပ်နိုင်သောအလောင်းတော် သိဝိမင်းကြီး၊ ဥမ္မာဒန္တီဇာတက-ပါ-ဒု-အုပ်-၃၉၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၂၀။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိလေသာကို နှိမ်နင်းနိုင်ရန် တောင်ထွတ်မှ ခုန်ချအံ့ဟု ကြံသော မဟာနာမထေရ်

ထေရ-ဋ္ဌ-ပ-အုပ်-၂၈၈။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကိလေသာကို ပယ်ဖြတ်နိုင်ရန် ဂါထာများ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၆၅၊ (တော)။ ။ ကိလေသာညွှန်အိုင်မှဆွဲထုတ်တင်ရန် ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၂၁။ ။ ကိလေသာ အညစ်အကြေးကို မှုတ်ထုတ်ရန် ရွှေပန်းထိမ်သည် ဥပမာဂါထာ၊ မဟာနိ-ပါ-၃၈၀၊ မဟာနိ-ဋ္ဌ-၄၀၂။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၁၇၊ ဂါထာ။ ။ ကိလေသာ အညစ်အကြေး ဆေးကြောရန် ဥပမာဂါထာများ၊ ဇာတက-ပါ-ပ-အုပ်-၊ ၆။ ။ မေဃိယသုတ်၊ ဥဒါန-ပါ-၁၁၉၊ ဥဒါန-ဋ္ဌ-၁၉၉၊ ကိလေသာမှလွတ်ရန် စိတ်ကိုရင့်ကျက်စေသော အကြောင်း ၅-ပါး။ ။ ထေရ-ပါ-၂၅၁၊ ထေရ-ဋ္ဌ-ပ-အုပ်-၃၄၅၊ အသုဘရှုရန်။ ။ ဇာတက-၌ များစွာရှိ၏။ ။ ကိလေသာကို နှိပ်ကွပ်ကြသော ရှေးမထေရ်ကြီးများ၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၆၂။ ܀ပိဋကတ်လမ်းညွှန်[01/274]܀

ကိလေသာမကင်းစားခြင်းသည်ကား

ကြွေးယူစားသည် မည်ကြောင်း။ ။ ထေရီ-ဋ္ဌ-။ ။ ပဏ်-၃-ပါ-၁၆၈၊ ပဏ်-၃-ဋ္ဌ-၁၃၉။ ܀ပိဋကတ်လမ်းညွှန်[01/274]܀

ကိလေသာရန်သူကို အောင်မှသာ အောင်သည်မည်ကြောင်း ဂါထာ

ဓမ္မ-ဋ္ဌ-ပ-အုပ်-၁၉၇၊ ၄၁၇၊ ၄၁၉။ ဇာတက-ဋ္ဌ-ပ-အုပ်-၁၆၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၃၁၊ ၃၃၂။ ။ ဧကသာဋက ပုဏ္ဏားကြီးဝတ္ထု၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/274]܀

ကိလေသာရောဂါ နှိပ်စက်၍

ပျောက်ကင်းအောင် ကုသပေးနိုင်သောဆရာရှာပုံ ဥပမာဂါထာများ။ ။ အပ-ပါ-ပ-အုပ်-၄၄၊ ၄၅၊ အပ-ဋ္ဌ-ပ-အုပ်-၃၁၄။ ܀ပိဋကတ်လမ်းညွှန်[01/326]܀