ကိုယ်ဝန်တည်ကြောင်း ၃ ပါး
၁။ မိဘနှစ်ပါးတို့ ကူးလူးဆက်ဆံပြီးခြင်း၊၂။ မိခင်သည် ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ကိုယ်ဝန်တည်မည့် သတ္တဝါသည် မိခင်ဝမ်းဗိုက်သို့ ရှေးရှုတည်ခြင်း။ (မ၊၁၊၃၃၂။) (မ၊၂၊၃၆၃။) (မိလိန္ဒ၊၁၂၇။) (ဝိ၊ဋ္ဌ၊၁၊၁၈၁။) (အံ၊ဋ္ဌ၊၂၊၁၆၂။) (မ၊မြန်၊၁။၃၄၃။) (မ၊မြန်၊၂။၃၆၇။) (မိလိန္ဒ၊မြန်။၁၃၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ဝန်တည်ခြင်း အကြောင်း ၄ ပါး
၁။ ကံ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊၂။ ဘဝယောနိ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
၃။ အမျိုးဇာတ်၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
၄။ ဆုတောင်းပတ္ထနာ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန် တည်ခြင်း။ (မိလိန္ဒ၊၁၃၀။) (မိလိန္ဒ၊မြန်။၁၄၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ဝန်ပျက်ကြောင်း ၃ မျိုး
၁။ လေကြောင့် ကိုယ်ဝန်ပျက်ခြင်း၊၂။ ပိုးငယ်ကြောင့် ကိုယ်ဝန် ပျက်ခြင်း၊
၃။ ကံကြောင့် ကိုယ်ဝန်ပျက်ခြင်း။ (ဒီ၊ဋ္ဌ၊၁၊၉၁။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ဝန်မတည်ကြောင်း ၂ ပါး
၁။ ပိုးကြောင့် မတည်ခြင်း- ပါဏကေဟိ၊၂။ လေဖျက် ခြင်းကြောင့် မတည်ခြင်း- ဝါတကုပ္ပေဟိ။ (မဟာနိ၊၂၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကိုယ်ဝန်ယူခြင်း အကြောင်း ၈ မျိုး
၁။ အဇ္ဈာစာရ- မိန်းမ,ယောကျ်ား နှစ်ဦးတို့ မေထုန် လွန်ကြူးခြင်း၊၂။ ကာယသံသဂ္ဂ- ဥတုပန်းပွင့်ချိန် (ရာသီလာချိန်) ၌ ကိုယ်လက် နှီးနှောခြင်း၊
၃။ စောဠဂ္ဂဟဏ- သုက်သွေးရှိသော အဝတ်ကို အင်္ဂါဇာတ်၌ ထည့်ခြင်း၊
၄။ အသုစိပါန- သုက်သွေးကို သောက်ခြင်း၊ ၅။နာဘိပရာမသန- မိန်းမ၏ ဆန္ဒရာဂကြောင့် ချက်ကို သုံးသပ်ခြင်း၊
၆။ ရူပဒဿန- ဥတုလာချိန်၌ ဆန္ဒရာဂဖြင့် ယောကျ်ားကို တစိမ့်စိမ့်ကြည့်ခြင်း၊
၇။ သဒ္ဒသဝန- ဥတုလာချိန်၌ ယောကျ်ားအသံကို ကြားခြင်း၊
၈။ ဂန္ဓဃာယန- ဥတုလာချိန်၌ ယောကျ်ား၏ အနံ့ကို ရှူရှိုက်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ဝန်ကိုပျက်စီးစေပြီး ထိုသို့မပျက်စီးစေရကြောင်း၊
အကယ်၍ ပျက်စီးစေပါလျင် တနေ့ တနေ့လျှင် သား ၁၀-ယောက်၊ ၁၀-ယောက်ဖွား၍၎င်းသားများကို ပြန်စားပြီး မဝသောပြိတ္တာမ ဖြစ်ရပါစေသားဟု ကျိန်ဆိုခဲ့မှုကြောင့် ပြိတ္တာမများ ဖြစ်ကြရသော ပဉ္စပုတ္တခါဒက ပေတိဝတ္ထု၊ သတ္တပုတ္တခါဒက ပေတိဝတ္ထု။ ။ ပေတ-ပါ-၁၃၀၊ ပေတ-ဋ္ဌ-၂၉။ ။ ပေတ-ပါ-၁၃၁၊ ပေတ-ဋ္ဌ-၃၄။ ܀ပိဋကတ်လမ်းညွှန်[01/321]܀ကိုယ်ဝန်ကိုဖျက်ဆီးသူတို့ ခံရသောငရဲ
ဇာတက-ပါ-ဒု-အုပ်-၆၃၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၈၆၊ ၂၉၃။ ܀ပိဋကတ်လမ်းညွှန်[01/340]܀ကိုယ်ဝန်တည်ခြင်း အကြောင်း ၃-ပါး
ပဏ်-၁-ပါ-၃၃၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၁၀။ ။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၈၀။ ။ အံ-၃-ဋ္ဌ-၁၆၂။ ။ မိလိန္ဒ-ပါ-၁၂၆၊ ၁၂၇။ ။ ဂမ္ဘဝန္တိပဥှ၊ မိလိန္ဒ-ပါ-၁၃၀။(၁) မိဘနှစ်ဦး သွားလာသည်လည်း ဖြစ်စေ။
(၂) မိခင်မှာ ဥတုလာပြီးစ အခါလည်း ဖြစ်စေ။
(၃) ပဋိသန္ဓေနေမည့် သတ္တဝါလည်း ရှေးရှုကျရောက်သည် ဖြစ်စေ။
ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံက ကိုယ်ဝန်တည်ကြသည် ဟူလို။ ܀ပိဋကတ်လမ်းညွှန်[01/298]܀