Thursday, June 2, 2022

ကုလဒူသက သရုပ်စုံ

ကုလဒူသက ၈ မျိုး (ဒါယကာတို့အား ဖျက်ဆီးခြင်း ၈ မျိုး)

၁။ ပန်းပေးခြင်း၊
၂။ သစ်သီး ပေးခြင်း၊
၃။ ဆပ်ပြာမှုန့်ပေးခြင်း၊
၄။ မြေညက်ပေးခြင်း၊
၅။ ဒန်ပူပေးခြင်း၊
၆။ ဝါးပေးခြင်း၊
၇။ ဆေးကု ပေးခြင်း၊
၈။ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း, တစ်ရွာမှတစ်ရွာသို့လည်းကောင်း အစေအပါး ခံ၍ သွားခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသကရဟန်း သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာ ဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသကသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ချစ်ခြင်း အစရှိသည်တို့ဖြင့် ရောက်စေခြင်း၊
၂။ ဓမ္မ ကံဖြင့် ကမ္မဝါစာကို ရွတ်ဖတ်ခြင်း၊
၃။ ကမ္မဝါစာ ပြီးဆုံးခြင်း၊
၄။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၇၇။) (ဝိမတိ၊၁၊၃၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုလဒူသက ၈-ပါး

စူဠနိ-ပါ-၂၅၈။ မဟာနိ-ပါ-၂၉၀၊ ၃၉၆၊ မဟာနိ-ဋ္ဌ-၃၅၀၊ အကျယ်ပြ၊ ဒကာ ဒကာမများအပေါ် ရဟန်းတို့ မပြုကောင်းသောအမှုများ၊ မှတ်သားဖွယ်ကောင်းလှ၏။ ။ မိလိန္ဒ-ပါ-၃၅၂။ ။ ဝိ-၅-ပါ-၂၄၃၊ ဝိ-၅-ဋ္ဌ-၁၀၀။ ။ ကုလဒူသကသိက္ခာပုဒ်၊ ဝိ-၁-ပါ-၂၇၄၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၁၉၊ ၂၀၉။ ။ ကုလသင်္ဂဟ ဝိနိစ္ဆယကထာ၊ ဝိနယသင်္ဂဟ-ဋ္ဌ-၁၈။ ။ အဘိ-၂-ပါ-၂၅၅၊ အဘိ-၂-ဋ္ဌ-၃၂၀၊ (လူတို့အား ပေးကောင်းအောင် ပြုလုပ်ထားရပုံကိုလည်း အကျယ်ပြထား၏)။ ။ မိစ္ဆာဇီဝအမှုများကို ပြဆိုခဏ်း၊ ဒီဃ-၁-ပါ-။ ဒီဃ-၁-ဋ္ဌ-၈၇။ ။ (ပွင့် သီး မှုန့် မြေ၊ ဝါး၊ ပူခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ)။
၁ ပန်းပေးခြင်း။
၂ သစ်သီးပေးခြင်း။
၃ လိမ်းကျံစရာအမှုန့်၊ (ပေါင်ဒါမှုန့်စသည်) ပေးခြင်း။
၄ ဂွေ့နီစသော မြေညက်ကိုပေးခြင်း။
၅ ဝါးပေးခြင်း။
၆ ဒန်ပူစသော သွားတိုက်စရာကို ပေးခြင်း။
၇ လူတို့အခိုင်းအစေကို ခံခြင်း။
၈ ဆေးကုခြင်း, ဆေးပေးခြင်း။ ဤ ၈-ပါးသော အမှုများကိုပြုလုပ်လျှင် မူလက သံဃာတော်၏ ဂုဏ်တော်ကို ယုံကြည်၍ ကြည်ညိုသော သဒ္ဓါတရားစစ်သည် ပျက်စီးလေရကား လူတို့၏ သဒ္ဓါ တရားစစ်စစ်ကို ဖျက်ဆီးတတ်သောကြောင့် ကုလဒူသကံ ဟူ၍ ဟောတော်မူ၏။ အနေသန ၂၁-ပါးလည်း နည်းတူပင်တည်း၊ အ-အခန်း၌ ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/277]܀

ကုလဒူသက အနေသန အပြစ်များကို ပြဆိုခန်း

အသနိသုတ်၊ နိဒါန-သံ-ပါ-၄၂၇၊ နိဒါန-သံ-ဋ္ဌ-၁၉၁။ ။ ရှက်စရာဟု ကဲ့ရဲ့တော်မူပုံ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၂၄။ ။ ခြေဆေးရေ ပေးရုံမျှနှင့် နတ်ကဆေးသမားဟု စွပ်စွဲပုံ၊ နမူနာယူ စရာ-၄၁၃။ ။ သတဓမ္မဇာတက-ပါ-ပ-အုပ်-၄၅၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၇၄။ ။ ရဟန်းတို့မှာ ကုလဒူသက အနေသနကြောင့် လာဘ်လာဘ ရခြင်းထက် မရခြင်းက မြတ်ကြောင်းဂါထာ၊ ထေရ-ပါ-၃၁၅၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၄၈။ ။ မတရားအသက်ရှေ (ရှည်) သေရသည်က မြတ်ကြောင်းဂါထာ၊ ထေရ-ပါ-၃၁၆။ ထေရ-ဋ္ဌ-ဒု-အုပ်-၄၃၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၇၂။ ။ ၎င်းအမှုများမှ ရှောင်ကြဉ်ရန် ဟောသော သုဓိမုခသုတ်၊ ခန္ဓ-သံ-ပါ-၂၀၀၊ ခန္ဓ-သံ-ဋ္ဌ-၃၁၈။ ။ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၆၆၊ သာသနာတော်၌ ဆေးကုခြင်းစသည်သည် အာသဝေါ တိုးပွားကြောင်းသာ။ ။ ဣတိ-ပါ-၂၆၅၊ ဣတိ-ဋ္ဌ-၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/277]܀