Thursday, June 2, 2022

ကိုယ် လမ်းညွှန်

ကိုယ် ဂုဏ် ကိုယ်ဖော် မသူတော် ဟူသော ဂါထာ

မဟာနိ-ပါ-၅၀၊ မဟာနိ-ဋ္ဌ-၁၆၈၊ အရိယာတို့မှာ ကိုယ့်ဂုဏ်ကို ကိုယ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ ကိုယ့်ဂုဏ် ကိုယ်ပေါ် မသူတော် ဟူသော စကားမှာ အရိယာ ပုဂ္ဂိုလ်တို့နှင့် မသက်ဆိုင်ကြောင်း၊ ထေရ-ဋ္ဌ-ပ-အုပ်-၃၃။ ။ အံ-၄-ပါ-၃၈၉၊ အံ-၄-ဋ္ဌ-၃၁၈၊ သပ္ပုရိသသုတ်။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ် နှုတ် စိတ်ကို စောင့်ရှောက်ရန် ဂါထာများ

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၁၂၊ ၂၆၁။ ။ ငြိမ်သက်စေရန် ဂါထာ-၃၇၈။ ။ နိဗ္ဗာန်သွားနိုင်ရန်ဂါထာ၊ ၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ့် ပစ္စည်းမှန်၍ ပြန်ရသော ဖြူစင်သောစိတ်ထားရှိ ဘုရားလောင်းကုန်သည်

ဇာတက-ပါ-ပ-အုပ်-၈၆၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၈၁။ ܀ပိဋကတ်လမ်းညွှန်[01/340]܀

ကိုယ့် လမ်းကိုယ်သွား သားမယားစသည် မပါကြောင်း ဂါထာ

အပ-ဋ္ဌ-ဒု-အုပ်-၂၂။ ပေဋက-ပါ-၁၇၄။ ။ အယျိကာသုတ်၊ သဂါထာ-သံ-ပါ-၉၈၊ သဂါထာ-သံ-ဋ္ဌ-၁၅၀။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်ကျိုး၌ လိမ္မာသော ပုဂ္ဂိုလ်

အတ္ထကုသလ ပုဒ်အဖွင့်၌ ပြခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ်ကျိုးကိုသာရှာရန် ဆုံးမသော ဂါထာများ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၀၂။ ။ အပ-ဋ္ဌ-ဒု-အုပ်-၆၆၊ ဂါထာနံပါတ် ၁၃၈။ နေတ္တိ-ပါ-၁၃၇၊ နေတ္တိ-ဋ္ဌ-၂၄၈။ ။ ကိုယ့်ကိုယ်ကိုသာ ဆုံးမရန်ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၁၀။ ။ ဥပမာဂါထာ၊ ၆၃။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၇၁။ ။ ကိုယ့်ကိုယ်ကိုသာ၊ အပြစ်ရှာ ချမ်းသာကြောင်းတည်း ဟူသော ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၇၉။ ။ သူကျိုး ကိုယ်ကျိုး ကျင့်သုံးရန် တိုက်တွန်းသော ဂါထာများ၊ ဗုဒ္ဓ-ဋ္ဌ-၂၃။ ။ ကိုယ့်ကိုယ်ကို လုံခြုံစေရန်ဂါထာ၊ ထေရ-ဋ္ဌ-ဒု-အုပ်-၃၉၆။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ်ကျိုးစီးပွားကို လိုလားသူတို့မှာ

ကန်းယောင် နားပင်းယောင် အယောင်ဆောင်သင့်က ဆောင်ရကြောင်း ဂါထာ။ ။ မိလိန္ဒ-ပါ-၃၄၉။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကိုယ့်ကို နှိပ်စက်၊ သူတပါးကို နှိပ်စက်တတ်သော ကံ-သုံးပါးကို မပြုရန်

ပဏ်-၂-ပါ-၇၈၊ ပဏ်-၂-ဋ္ဌ-၉၀။ ။ (ကာယ-ဝစီ-မနော)။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကိုယ့်ကိုယ်ကို ကိုယ်အချစ်ဆုံး ဖြစ်ကြောင်း ဟောသော မလ္လိကာသုတ္တ

သဂါထာ-သံ-ပါ-၇၄၊ သဂါထာ-သံ-ဋ္ဌ-၁၂၉။ ။ ပိယသုတ်၊ သဂါထာ-သံ-ပါ-၇၁၊ သဂါထာ-သံ-ဋ္ဌ-၁၂၈။ ။ ပိယတရသုတ်၊ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ့်ကိုယ်ကို စောင့်ရှောက်လျှင်

သူတပါးကိုလည်း စောင့်ရှောက်သည် မည်ကြောင်း ဟောသော သေဒကသုတ်။ ။ မဟာ-သံ-ပါ-၁၄၆၊ မဟာ-သံ-ဋ္ဌ-၂၅၈။ ။ ဂါထာ၊ အံ-၆-ပါ-၃၂၈၊ အံ-၆-ဋ္ဌ-၁၂၂။ အသင်္ကီယဇာတက-ပါ-ပ-အုပ်-၁၈၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၅၁။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမှာ မိန်းမတို့၏ အပြုအမူသာ ဖြစ်ကြောင်း မင်းအား လျှောက်ထားပုံ

အပ-ဋ္ဌ-ပ-အုပ်-၂၁၅။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကိုယ့်ကိုယ်ကိုချစ်လျှင် အရွယ်သုံးပါးတွင် တပါးပါး၌ ကုသိုလ်ပြု၍ စောင့်ရှောက်ရန် ဂါထာ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၈၇။ ။ မကောင်းမှုမပြုရန်၊ နေတ္တိ-ပါ-၁၅၁၊ နေတ္တိ-ဋ္ဌ-၂၅၈။ ။ ပိယသုတ်၊ သဂါထာ-သံ-ပါ-၇၂၊ သဂါထာ-သံ-ဋ္ဌ-၁၂၈။ ။ သူတပါးကို မညှဉ်းဆဲရန်၊ နေတ္တိ-ပါ-၁၄၂၊ နေတ္တိ-ဋ္ဌ-၂၅၀။ ။ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈၊ ၂၄၉။ ။ မလ္လိကာသုတ်၊ သဂါထာ-သံ-ပါ-၇၅၊ သဂါထာ-သံ-ဋ္ဌ-၁၂၉။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကိုယ့်ကိုယ်ကိုပြန်၍ ကဲ့ရဲ့ခြင်းအကြောင်း ၂-ပါးကို အကျယ်ဟောထားပုံ

မဟာနိ-ပါ-၄၁၊ မဟာနိ-ဋ္ဌ-၂၅၈၊ မကောင်းမှုကို ပြုမိခြင်း၊ ကောင်းမှုကို မပြုမိခြင်း။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကိုယ့်ကိုယ်ကိုဖျက် ကိုယ်ပင်ပျက် ပျက်စီးကြောင်း ဟောသော အစိရပက္ကန္တသုတ္တ

နိဒါန-သံ-ပါ-၄၃၅၊ ၄၃၆၊ နိဒါန-သံ-ဋ္ဌ-၁၉၅၊ ဥပမာဂါထာ။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၉၆၊ ၁၀၀။ ။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၁၁၀၊ ၁၁၁၊ နေတ္တိ-ဋ္ဌ-၂၂၄-မှ၊ ၂၂၇-အထိ။ ။ နေတ္တိ-ပါ-၁၅၈၊ နေတ္တိ-ဋ္ဌ-၂၆၂။ ။ ဝိ-၄-ပါ-၃၄၆။ ။ အံ-၄-ပါ-၃၈၅၊ အံ-၄-ဋ္ဌ-၃၁၆။ ။ အတ္တဟတသုတ်၊ သဂါထာ-သံ-ပါ-၃၇၊ သဂါထာ-သံ-ဋ္ဌ-၇၉၊ ခန္ဓာကိုယ်ကို ပြန်သတ်တတ်သော တရားများ။ ။ ငှက်ပြောသီး ဖျက်ဆီးသူ့အပင်၊ ဝါးပင်ဖျက်ဆီး ဝါးသီးပမာ၊ အဿတိုရ် သန္ဓေ မြင်းမသေ ဥပမာဂါထာ၊ (ပူဇော်သက္ကာရ အမှုများက ယုတ်မာသော စိတ်ထားရှိသူကို ပြန်သတ်တတ်ကြောင်း ဥပမာ ဂါထာ) ဣတိ-ဋ္ဌ-၂၃၈။ သဂါထာ-သံ-ပါ-၁၅၆၊ သဂါထာ-သံ-ဋ္ဌ-၂၀၁၊ ဒေဝဒတ္တသုတ်။ ။ အံ-၄-ပါ-၃၈၅၊ အံ-၄-ဋ္ဌ-၃၁၆၊ ဝိ-၄-ပါ-၃၄၆။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၂၂၄။ ။ လာဘ်အလေးမူ မျိုးစေ့ပုပ်နှင့် တူကြောင်း ဂါထာ၊ ဒုတိယကောဓဂရုကသုတ်၊ အံ-၄-ပါ-၃၅၆၊ အံ-၄-ဋ္ဌ-၃၀၄။ ။ နေတ္တိ-ပါ-၁၀၉၊ နေတ္တိ-ဋ္ဌ-၂၂၄။ ။ ဝါးပင်ဖျက်ဆီး ဝါးသီးဥပမာ ဂါထာ၊ (လူကိုဖျက်ဆီး မူကြီးသုံးဖြာ ဟူလို) အကုသလမူလ သုံးပါး (လောဘ, ဒေါသ, မောဟ) ကိန်းရာပုဂ္ဂိုလ်ကို၎င်းသုံးပါးက ပြန် သတ်သည် ဟူသော ဂါထာ၊ ဣတိ-ပါ-၂၂၆၊ ဣတိ-ဋ္ဌ-၁၇၃။ ။ စူဠနိ-ပါ-၂၅၂။ ။ မဟာနိ-ပါ-၁၃၊ မဟာနိ-ဋ္ဌ-၅၈။ ။ မဟာနိ-ပါ-၂၈၃၊ မဟာနိ-ဋ္ဌ-၃၇၅။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ့်ကိုယ်ကိုသာ ကိုယ်ဆရာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဂါထာ

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၉၄၊ ၃၇၉။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ်ချင်းစာတရားရှိစေရန် ညွှန်ကြားသော ဂါထာ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၁-၃၂။ ။ သုတ္တ-ပါ-၃၈၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၁၁၊ နာလကသုတ်၊ ဂါထာနံပါတ် ၇၁၀။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၂၇၄။ ဝေဠုဒွါရေယျသုတ်၊ မဟာ-သံ-ပါ-၃၀၆၊ မဟာ-သံ-ဋ္ဌ-၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ်ချမ်းသာရန်အတွက်

သူတပါးကို ညှဉ်းဆဲက ချမ်းသာသုံးပါးမရနိုင်ကြောင်း ဟောသော ဒဏ္ဍသုတ်။ ။ ဥဒါန-ပါ-၈၉၊ ဥဒါန-ဋ္ဌ-၉၇။ ܀ပိဋကတ်လမ်းညွှန်[01/318]܀

ကိုယ်စောင့်နတ် ရှိကြောင်း

ခုဒ္ဒက-ဋ္ဌ-၁၀၁။ ။ လူတို့အလို လိုက်၍ ကိုယ်စောင့်နတ်တို့ကလည်း ကြံစည်တတ်ကြကြောင်း၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-။ ။ ကဲ့ရဲ့တတ်ကြကြောင်း၊ ၁၉၆။ ကာလိင်္ဂဇာတက-ပါ-ပ-အုပ်-၉၃၊ ဇာတက-ဋ္ဌ-တ-အုပ်-၊ (လူတို့ကွဲပြားလျှင် ကိုယ်စောင့်နတ်တို့ကလည်း ကွဲပြား ကြကြောင်း) အခန်း၌လည်း ရှိသေး၏။ ܀ပိဋကတ်လမ်းညွှန်[01/297]܀

ကိုယ်နှုတ်စိတ်ကို မစောင့်စည်းပုံနှင့်

ကာယသုံးပါးကို ကောက်ပြပုံ၊ သဠာ-သံ-ပါ-၃၃၀၊ သဠာ-သံ-ဋ္ဌ-၄၀။ ܀ပိဋကတ်လမ်းညွှန်[01/309]܀

ကိုယ်ပြု ကိုယ်ခံရကြောင်း ထင်ရှားစေသော တယောဇနဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၄၊ ၉၆။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ဆုံးဖြတ်ရန် ဟောထားသော ကေသမုတ္တိသုတ္တ

(ကာလာမသုတ်ဟူ၍ လည်း ခေါ်ကြ၏) အံ-၃-ပါ-၁၈၉၊ အံ-၃-ဋ္ဌ-၁၈၁။ ။ သာဠှသုတ်၊ အံ-၃-ပါ-၁၉၄၊ အံ-၃-ဋ္ဌ-၁၈၃။ ။ ဘဒ္ဒိယသုတ်၊ အံ-၄-ပါ-၅၁၁၊ အံ-၄-ဋ္ဌ-၃၆၆။ နိဒါန-သံ-ပါ-၃၃၆၊ နိဒါန-သံ-ဋ္ဌ-၁၁၃၊ ကောသမ္ဗိသုတ်။ ܀ပိဋကတ်လမ်းညွှန်[01/298]܀

ကိုယ်၌ဆောင်ထားထိုက်သော တရား ၁၁ ပါး

အတ္တူပနာယိကတရား ၁၁ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၌တည်သော တရား (၁၀) ပါး

၁။ အအေး၊
၂။ အပူ၊
၃။ ထမင်းဆာခြင်း၊
၄။ ရေငတ်ခြင်း၊
၅။ ကျင်ကြီး၊
၆။ ကျင်ငယ်၊
၇။ ကိုယ်နှုတ်ကို စောင့်စည်းမှု၊
၈။ အသက်မွေးခြင်းကို စောင့်စည်းမှု၊
၉။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေမှု၊
၁၀။ ဘဝကို ပြုပြင်သော ကံ။ (အံ၊၃၊၃၂၅။) (အံ၊မြန်၊၃။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ စင်ကြယ်မှု ၃ မျိုး

၁။ တုတ် ဓား လက်နက်များကို ချထားလျက် သနားညှာတာပြီး သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့မရှိခြင်း၊
၃။ မာတုရက္ခိတ (အမိစောင့်ရှောက်ထားသူ) စသော မိန်းမဆယ်ဦးတို့၌ ကာမဂုဏ်ဖြင့် မှားယွင်းစွာ ကျင့်လေ့မရှိခြင်း။ (အံ၊၃၊၄၇၅။) (အံ၊မြန်၊၃။၄၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ မစင်ကြယ်မှု ၃ မျိုး

၁။ သနားခြင်းကင်းလျက် သွေးစွန်းလက်ဖြင့် သူ့အသက်ကို သတ်ဖြတ် လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ မာတုရက္ခိတ အမိစောင့်ရှောက်ထားသူ စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။ (အံ၊၃၊၄၇၃။) (အံ၊မြန်၊၃။၄၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏(ပြင်ပ) လှူဖွယ်ဝတ္ထု ၁၀ ပါး

၁။ အန္န- စားဖွယ်၊
၂။ ပါန- သောက်ဖွယ်၊
၃။ ဝတ္ထ- အဝတ်၊ ၄၊ ယာန- ယာဉ်၊
၅။ မာလာ- ပန်း၊
၆။ ဂန္ဓ- နံ့သာ၊
၇။ ဝိလေပန- နံ့သာမှုန့်၊
၈။ သေယျာ- အိပ်ရာ၊
၉။ အာဝသထ- နေစရာ၊
၁၀။ ပဒီပေယျ- ဆီမီး။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ခန္ဓာ အပြစ် ၆ မျိုး

၁။ အလွန် အရပ်ရှည်ခြင်း၊
၂။ အလွန် အရပ်ပုခြင်း၊
၃။ အလွန် ပိန်ခြင်း၊
၄။ အလွန် ဝခြင်း၊
၅။ အလွန် အသားမဲခြင်း၊
၆။ အလွန် အသားဖြူခြင်း။ (သံ၊ဋ္ဌ၊၃၊၂၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တွင်း၌ ဖြစ်သော အကျိုးမဲ့ကြောင်း တရား ၃ ပါး

၁။ လိုချင်မှု လောဘ၊
၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ။ (သံ၊၁၊၇၀။) (သံ၊၁၊၉၈။) (သံ၊မြန်၊၁။၆၉၊၉၅။) (သံ၊မြန်၊၁။၆၉၊၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်တောင်းသော ပဲခွပ် စသည်ဖြင့် ကျောင်းဆောက်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊မြန်၊၅။၁၃၁။) (ဝိ၊၅၊၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်သတ်ခြင်း၌ ပယောဂ ၂ မျိုး

၁။ ဥဒ္ဒိဿ- ရည်ရွယ်သည့်အတိုင်း ဖြစ်သော ပယောဂ၊
၂။ အနုဒ္ဒိဿ- မရည်ရွယ်ဘဲ ဖြစ်သွားသော ပယောဂ၊ (ဝိ၊ဋ္ဌ၊၂၊၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ပိုင်ဥစ္စာမဟုတ်သော ကံ ၁၀ မျိုး

၁။ ကာယဒုစရိုက် ၃ မျိုး၊
၂။ ဝစီဒုစရိုက် ၄ မျိုး၊
၃။ မနော ဒုစရိုက် ၃ မျိုး ပေါင်း ၁၀ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၃၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဖြင့် ရုန့်ရင်းကြမ်းကြုတ်စွာ မပြုအပ်သည့်ဌာန ၈ မျိုး

ကာယပါဂဗ္ဘိယ မပြုအပ်သည့် ဌာန ၈ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်လက် နှီးနှောခြင်းကြောင့် သင့်သော အာပတ် ၅ မျိုး

၁။ ဘိက္ခုနီမသည် ယောက်ျားနှင့် ကိုယ်လက် နှီးနှောခြင်းကြောင့် ပါရာဇိကအာပတ်၊
၂။ ရဟန်းသည် မိန်းမနှင့် ကိုယ်လက် နှီးနှောခြင်းကြောင့် သံဃာဒိသိသ်အာပတ်၊
၃။ ခန္ဓာကိုယ်ကို ကိုယ်နှင့်ဆက်စပ်နေသောဝတ္ထုဖြင့် နှီးနှော ခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်၊
၄။ ပစ်လွှတ်အပ်သောဝတ္ထုဖြင့် ကိုယ်နှင့် ဆက်စပ် နေသောဝတ္ထုကို နှီးနှောခြင်းကြောင့် ဒုက္ကဋ်အာပတ်၊
၅။ လက်ချောင်းတို့ဖြင့် ကလိထိုး၍ ကစားခြင်းကြောင့် ပါစိတ်အာပတ်။ (ဝိ၊ဋ္ဌ၊၄၊၂၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ ပါး

ကာယသမာစာရ ၂ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ မျိုး

၁။ စင်ကြယ်သော ကိုယ်အကျင့်၊
၂။ မစင်ကြယ်သော ကိုယ်အကျင့်။ (မ၊ဋ္ဌ၊၂၊၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု ဆုတ်ယုတ်၍ ကောင်းမှု တိုးပွားသော ကိုယ်အကျင့် ၃ မျိုး)

၁။ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု တိုးပွား၍ ကောင်းမှု ဆုတ်ယုတ်သော ကိုယ်အကျင့် ၃ မျိုး)

၁။ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း၊
၂။ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူ လုယက်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်