Thursday, June 2, 2022

ကုန်းတိုက်ခြင်း သရုပ်စုံ

ကုန်းတိုက်ကြောင်း ၂ ပါး

၁။ မိမိအား ချစ်စေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း၊
၂။ သူတစ်ပါး ကွဲပြားစေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊၅၊၂၁၅။) (မဟာနိ၊၁၇၉။) (မဟာနိ၊၁၉၇၊။) (မဟာနိ၊၂၀၀။) (မဟာနိ၊၃၀၀။) (ဝိ၊မြန်၊၂။၂၄။) (ဝိ၊မြန်၊၅။၃၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်း အထမြောက်ကြောင်း အင်္ဂါ ၄ ပါး

၁။ ခွဲအပ်သော သူတစ်ပါးဖြစ်ခြင်း၊
၂။ ‘‘ဤအကြောင်းဖြင့် ဤသူတို့သည် အသီးအသီး ဖြစ်ကုန်လတ္တံ့’’ဟု ကွဲခြင်းကို ရှေးရှုသည် ဖြစ်ခြင်း၊
၃။ မိမိကို ချစ်အပ်, အကျွမ်းဝင်အပ်သည်၏ အဖြစ်ကို အလိုရှိသည် ဖြစ်ခြင်း၊
၄။ ထိုကွဲစေအပ်သော သူတစ်ပါးသည် ထိုပြောဆိုသော အနက်အဓိပ္ပါယ်ကို သိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၄၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်းကြောင့် ဖြစ်သော အာသဝ ၃ ပါး

၁။ ကာမာသဝ- ကာမဂုဏ်ငါးပါးတို့၌ ယိုစီးတတ်, ဖြစ်တတ်, ယစ်မူးတတ်သော သဘော၊
၂။ ဒိဋ္ဌာသဝ- အယူမှားမှု ဒိဋ္ဌိဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော၊
၃။ အဝိဇ္ဇာသဝ- သစ္စာလေးပါးကို မသိမှု အဝိဇ္ဇာ ဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော။ (မ၊ဋ္ဌ၊၃၊၂၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ပုံ ၁၀ မျိုး

၁။ အမျိုးဇာတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၂။ နာမည်အားဖြင့် ကုန်းတိုက်ခြင်း၊
၃။ အနွယ်အားဖြင့် ကုန်းတိုက်ခြင်း၊
၄။ အလုပ်အကိုင်အားဖြင့် ကုန်းတိုက်ခြင်း၊
၅။ အတတ်ပညာ အားဖြင့် ကုန်းတိုက်ခြင်း၊
၆။ အနာရောဂါအားဖြင့် ကုန်းတိုက်ခြင်း၊
၇။ အသွင်သဏ္ဌာန် အားဖြင့် ကုန်းတိုက်ခြင်း၊
၈။ ကိလေသာအားဖြင့် ကုန်းတိုက်ခြင်း၊
၉။ အာပတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၁၀။ ယုတ်ညံ့သော ဆဲရေးကြောင်းစကားဖြင့် ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်