Tuesday, August 2, 2022

ကောသလ လမ်းညွှန်

ကောသလတိုင်းဟူ၍ ခေါ်ရခြင်း အကြောင်း

ပဏ်-၁-ပါ-၃၅၄၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၂၇၊ ၇-နှစ်ကျော် မပြုံးမရယ်သော မဟာပနာဒမင်းသား။ ။ သုတ္တ-ပါ-၃၄၅၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၂၇။ ။ ဒီဃ-၁-ဋ္ဌ-၂၁၃၊ ဒီဃ-၁-ပါ-၈၂။ ܀ပိဋကတ်လမ်းညွှန်[01/287]܀

ကောသလမင်းနှင့်စပ်၍ သိဘွယ်ရာများ

ကောသလသံယုတ္တ၊ သဂါထာ-သံ-ပါ-၆၈၊ သဂါထာ-သံ-ဋ္ဌ-၁၁၉။ ။ ၎င်းမင်းက ဘုရားရှင်ကို ဘုရားရှင်ဟုတ်မဟုတ် စစ်တမ်း၊ သဂါထာ-သံ-ဋ္ဌ-၁၂၁။ ဘုရားရှင်ထံ ပဌမအကြိမ်လာစဉ်က ရှိမခိုးသေး၊ ဒုတိယအကြိမ် ပုရိသသုတ် အမေးလာမှ ရှိခိုးကြောင်း၊ သဂါထာ-သံ-ပါ-၇၀၊ သဂါထာ-သံ-ဋ္ဌ-၁၂၆။ ။ အကျိုး ၁၀-ပါးကိုမြင်၍ ဘုရားရှင်ခြေတော်ကို ပါးစပ်ဖြင့် စုပ်သည်အထိ ရိုသေလှပုံ၊ လာဘ်စားမှုအပြစ်ကြောင့်မင်းအဖြစ်မှ လျောကျ၍ ကိုးကွယ်ရာမဲ့ သေရပုံ၊ ပဏ်-၂-ပါ-၃၂၀၊ ၃၂၂၊ ပဏ်-၂-ဋ္ဌ-၂၄၀၊ ၂၄၂၊ ဓမ္မစေတိယသုတ်။ ။ ဒုတိယကောသလသုတ်၊ အံ-၁၀-ပါ-၃၀၈၊ အံ-၁၀-ဋ္ဌ-၃၀၅။ ။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၂၅။ ။ ဇာတက-စ-အုပ်-၁၅၄။ ။ အသဒိသ အလှူတော်ကြီးကို ပေးလှူပုံ၊ ဒီဃ-၂-ဋ္ဌ-၂၄၇။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၁၉။ ။ တိတ္ထိတိုထံမှ လာဘ်တသိန်းစား၍ ဇေတဝန်ကျောင်းတော်အနီး တိတ္ထိတို့ကို ကျောင်းဆောက်ရန် ခွင့်ပြုခဲ့ဘူးသေးပုံ၊ နောက်အမိန့်ကို ပြန်လည်ရုပ်သိမ်း၍၎င်းတို့၏ သစ်များဖြင့် ဘုရားရှင်အတွက် ကျောင်းဆောက် လှူသေးပုံ၊ သဟဿ ဘိက္ခုနီသံဃသုတ်၊ မဟာ-သံ-ပါ-၃၁၄၊ မဟာ-သံ-ဋ္ဌ-၃၁၃။ ။ ဘရုဇာတက-ပါ-ပ-အုပ်-၅၇၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၅၅။ ။ ဒီဃ-၂-ဋ္ဌ-။ ။ ပသေနဒီကောသလပုဒ် ဝိဂ္ဂဟ၊ ဥဒါန-ဋ္ဌ-၉၂၊ ဥဒါန-ပါ-၈၈။ ။ ကောသလ မင်းကြီးနောက်ပိုးခဏ်း၊ ပေတ-ဋ္ဌ-၂၆၂။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၈၂။ ။ ယညသုတ်၊ သဂါထာ-သံ-ပါ-၇၅၊ သဂါထာ-သံ-ဋ္ဌ-၁၃၀။ ။ အစားအသောက်ကြီး၍ လျှော့စားသောက်ရန် ဟောသော ပသေနဒီကောသလဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၇၁၊ ၃၁၅။ သဂါထာ-သံ-ပါ-၈၂၊ သဂါထာ-သံ-ဋ္ဌ-၁၄၀၊ ဒေါဏပါကသုတ်၊ ၎င်းစားသောခွက် ပမာဏ၊ သဂါထာ-သံ-ဋ္ဌ-၁၅၈။ ။ ဘုရားရှင် ရှေ့မှာပင် တိတ္ထိတို့ကို အရိုအသေပေးရာ ထိုသို့ ပေးရခြင်း အကြောင်းကို ဖြေရှင်းလျှောက်ထားပုံ၊ သဂါထာ-သံ-ပါ-၇၇၊ သဂါထာ-သံ-ဋ္ဌ-၁၃၆၊ သတ္တဇဋိလသုတ်။ ။ စစ်ရှုံးခဏ်း၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၆၈၊ ရန်အောင် ရန်ပွား၊ ရှုံးဒုက္ခများ၊ ငြိမ်းမှချမ်းသာ ဟူသော ဂါထာ။ ။ ကောသလမင်းကြီးက မလ္လိကာ မိဖုရားကြီးကို ဘယ်သူကို အချစ်ဆုံးလဲဟု မေးသော ပိယတရသုတ်၊ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈။ ။ ကောသလမင်း အိပ်မက် ၁၆-ချက်၊ မဟာသုပိနဇာတက-ပါ-ပ-အုပ်-၁၈၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၅၃။ ܀ပိဋကတ်လမ်းညွှန်[01/287]܀

ကောသလဝိဟာရိထေရဂါထာ

ထေရ-ပါ-၂၃၃၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၆၈။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကောသလသုတ္တ

အံ-၅-ပါ-၅၀၊ အံ-၅-ဋ္ဌ-၂၅၊ မဖြစ်အောင် တောင့်တ၍ မရနိုင်သော အရာ ၅-မျိုး၊ (ဇရာ, ဗျာဓိ, မရဏ, ခယဓမ္မ နဿနဓမ္မ။) ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောသလသုတ္တ

အံ-၁၀-ပါ-၃၀၃၊ အံ-၁၀-ဋ္ဌ-၃၀၄၊ သုတဝါပုဂ္ဂိုလ်နှင့် အရိယာသာဝကတို့မှာ လူ, နတ်, ဗြဟ္မာ, ဈာန်, ပဋိပဒါ, သညာတို့၌ ငြီးငွေ့ စက်ဆုပ်ကြပုံ ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောသလမင်း သန်းခေါင်ယံ၌ ကြားသော အသံ ၈ မျိုး

၁။ နန်းတော်အနီး ဥယျာဉ်၌ ဗျိုင်းအော်သံ၊
၂။ ဆင်တင်းကုပ်၏ တုရိုဏ်းတိုင်၌ နေသော ကျီးမြည်သံ၊
၃။ မင်း၏အိမ်တော် အထွတ်၌ နေသော သစ်သားပိုးငယ်၏ မြည်သံ၊
၄။ မင်း၏ အိမ်တော်၌ မွေးထားသော ဥဩငှက်၏ မြည်သံ၊
၅။ မင်း၏ အိမ်တော်၌ မွေးထားသော သမင်၏ အော်မြည်သံ၊
၆။ မင်း၏ အိမ်တော်၌ မွေးထားသော မျောက်၏ အော်မြည်သံ၊
၇။ မင်း၏ အိမ်တော်၌ မွေးထားသော ကိန္နရာ၏ အော်မြည်သံ၊
၈။ မင်း၏ နန်းတော်အထက် ကောင်းကင်ခရီးဖြင့် ဥယျာဉ်သို့ ကြွသွားသော ပစ္စေကဗုဒ္ဓါ၏ ဥဒါန်းကျူးရင့်သံ။ (ဇာ၊ဋ္ဌ၊၃၊၄၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသလမင်း၏ အိပ်မက် တစ်ဆယ့်ခြောက်ချက်တို့၏ ဝိပါကအကျိုး ၁၆ မျိုး

၁။ မည်းနက်သော အဆင်းရှိကုန်သော နွားလားဥသဘလေးစီးတို့သည် အရပ်လေးမျက်နှာတို့မှ မင်းရင်ပြင်သို့ လာကြ၍ စစ်ထိုးအံ့သော အခြင်းအရာကို ပြ၍ ကြုံးဝါး၍ စစ်မထိုးဘဲ ဖဲသွားကြကုန်၏ ဟူသော ပထမအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းတို့, လူတို့၏ အခါကာလ၌ အရပ် လေးမျက်နှာတို့မှ မိုးတိမ်တို့သည် တက်လာ၍ မိုးခြိမ်းသံပေး၍ မိုးမရွာဘဲ ပျက်ပြယ်ကုန် လတ္တံ့ဟူသော အကျိုးဖြစ်အံ့၊
၂။ မြေကြီးမှ ပေါက်ထွက်၍ တစ်ထွာမျှ, တစ်တောင်မျှ မမြင့်သေးဘဲ ပွင့်ကြ, သီးကြကုန်သော သစ်ပင်ငယ်တို့ကို မြင်မက်သော ဒုတိယအိပ်မက်သည် အသက်တိုတောင်းသော လူတို့၏ အခါကာလ၌ အပျိုအရွယ် မရောက်ကုန်သေးဘဲ အမျိုးသမီး ငယ်တို့သည် ဥတုပန်းပွင့်၍ ကိုယ်ဝန်ဆောင်ကြကာ သားသမီးများ တိုးပွားကြကုန်အံ့ ဟူသော အကျိုးဖြစ်အံ့၊
၃။ ထိုနေ့၌ မွေးဖွားလာကုန်သော နွားမငယ်တို့၏ နို့ကို သောက်စို့ကြကုန်သော နွားမကြီးတို့ကို မြင်မက်သော တတိယအိပ်မက်သည် သက်ကြီးသူတို့အား ရိုသေလေးစားမှု ကင်းမဲ့သော လူတို့၏ကာလ၌ သက်ကြီးရွယ်အို မိခင်ဖခင်တို့သည် သားသမီးတို့၏ထံမှ အသနားခံ၍ တောင်းရမ်းကာ ငြိုငြင်စွာ အသက်မွေးရကုန်အံ့ ဟူသော အကျိုး ဖြစ်အံ့၊
၄။ ဝန်ကို ဆောင်နိုင်သော နွားကြီးများရှိလျက် နွားငယ်များတို့ကို လှည်း, ထမ်းပိုး၌ ကယှဉ်၍ ဝန်ကို ဆောင်စေခြင်းတို့ကို မြင်မက်သော စတုတ္ထအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းဆိုး မင်းညစ်တို့၏ ကာလ၌ တရားစီရင်မှုရေးရာ၌ ကျွမ်းကျင်ကုန်သော အမတ်ကြီးတို့ကို ဖယ်ရှား၍ တရားစီရင်မှုရေးရာ၌ မကျွမ်းကျင်ကုန်သော လူရွယ်တို့အား တရားစီရင်မှုတို့ကို ပြုလုပ်စေကုန်အံ့ ဟူသော အကျိုးဖြစ်အံ့၊
၅။ မျက်နှာနှစ်ဖက်, ပါးစပ်နှစ်ပေါက် ပါရှိသော မြင်းကို မြင်မက်သော ပဉ္စမအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းတို့၏အခါကာလ၌ တရားကင်းမဲ့သော လျှပ်ပေါ်လော်လည်ကြသော လူတို့အား တရားစီရင်မှု ရေးရာ၌ ရာထူး ပေးကာ ခန့်ထားကြကုန်အံ့၊ ထိုတရားသူကြီးတို့သည် တရားခံ, တရားလို ဖြစ်ကြကုန်သော နှစ်ဖက်ကုန်သော လူတို့ထံမှ တံစိုးလက်ဆောင်ကို ယူကုန်အံ့ဟူသော အကျိုးဖြစ်အံ့၊
၆။ တစ်သိန်းတန်ရွှေခွက်၌ မြေခွေးအို တစ်ကောင်အား ကျင်ငယ်စွန့်စေသော လူအပေါင်းကို မြင်မက်သော ခြောက်ခုမြောက်အိပ်မက်သည် တရားကင်းမဲ့ကုန်သော မင်းတို့၏ အခါကာလ၌ ဇာတိဂုဏ်နှင့် ပြည့်စုံကုန်သော အမျိုးကောင်းသားတို့အား ရာထူးဌာနန္တရ မပေးကြဘဲ အမျိုးဇာတ် ယုတ်နိမ့်ကုန်သူတို့အား ရာထူးပေးကြကုန်အံ့၊ အမျိုးဇာတ်မြင့်မြတ်ကုန်သော သူတို့သည် အမျိုးဇာတ်ယုတ်နိမ့်ကုန်သူတို့အား ခစားကြရကုန်သည်ဖြစ်၍ မိမိတို့၏ အမျိုးကောင်း သမီးပျိုတို့ကို ယုတ်နိမ့်သူတို့အား ပေးဆက်ကြကုန်အံ့ဟူသော အကျိုး ဖြစ်အံ့၊
၇။ ယောကျ်ားတစ်ယောက်သည် ကြိုးကို ရစ်၍ ခြေရင်း၌ ချထား၏၊ ထိုယောကျ်ား ထိုင်သော ခုံအောက်၌ ဝပ်နေသော ဆာလောင်နေသော မြေခွေးမသည် ထိုယောကျ်ား မသိဘဲ ထိုကြိုးကို ခဲစားနေခြင်းကို မြင်မက်သော ခုနစ်ခုမြောက်အိပ်မက်သည် ကာလရွေ့လျား ရှည်ကြာသော နောင်အခါကာလ၌ လျှပ်ပေါ်လော်လည်၍ အကျင့်ပျက်ကုန်သော မိန်းမ တို့သည် မိမိလင်သား ပင်ပန်းစွာ ရှာဖွေစုဆောင်းထားသော ဥစ္စာတို့ကို ယူ၍ လင်ငယ်နှင့် ပျော်ပါးသောက်စားကုန်အံ့ဟူသော အကျိုးဖြစ်အံ့၊
၈။ မင်း၏ အိမ်တံခါးအနီး၌ အချည်းအနှီး ကုန်သော အိုးတို့ဖြင့် ခြံရံ၍ ထားအပ်သော ရေပြည့်အိုးတစ်လုံးကို မြင်မက်၏၊ လူတန်းစား လေးမျိုးတို့သည် အရပ်လေးမျက်နှာတို့မှ အိုးတို့ဖြင့် ရေကို ယူဆောင်၍ ပြည့်သော အိုးကိုသာလျှင် ရေဖြည့်ကုန်၏၊ ပြည့်သော ပြည့်သော ရေသည် လျှံတက်၍ ဖိတ်ကျ၏၊ လူတို့သည် ထိုရေပြည့် အိုး၌သာလျှင် အဖန်ဖန်အထပ်အထပ် လောင်းထည့် ကြကုန်သည်ကို မြင်မက်သော ရှစ်ခုမြောက်အိပ်မက်သည် နောက်နောင်အခါကာလ၌ ဆင်းရဲ မွဲတေသော မင်းသည် မင်းပြုလိမ့်မည်၊ လူတို့သည် မင်းအတွက် အလုပ်လုပ်ရသဖြင့် မိမိတို့အိမ်၌ စားစရာမရှိ ဖြစ်ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့၊
၉။ ကြာငါးမျိုးတို့ဖြင့် ဖုံးလွှမ်းသော နက်သော ရေကန်အလယ်၌ ရေနောက်၍ ကမ်းစပ်အနား၌ ရေသည် ကြည်လင်နေသည်ကို မြင်မက်သော ကိုးခုမြောက်အိပ်မက်သည် နောက်နောင်အခါကာလ၌ မင်းတို့သည် တရားမစောင့်ကြ၊ ရွာ နိဂုံး မြို့တို့၌ နေကုန်သော လူတို့သည် အခွန်အတုတ် နှိပ်စက်သဖြင့် ရွာ နိဂုံး မြို့ကြီးအရပ်ကို စွန့်၍ ရွာစွန်ရွာဖျားအရပ်သို့ ပြောင်းရွှေ့ နေထိုင်ကြကုန်လိမ့်မည်ဟူသော အကျိုး ဖြစ်အံ့၊
၁၀။ ထမင်းအိုး တစ်အိုးထဲ၌ အကျက်မညီဘဲ သုံးမျိုးသုံးစား ကွဲပြားစွာ ကျက်နေသော ထမင်းအိုးကို မြင်မက်သော ဆယ်ခုမြောက် အိပ်မက်သည် နောက်နောင်အခါ ကာလ၌ မင်းတို့သည် တရားမစောင့်ကြကုန်၊ မင်းတို့ တရားမစောင့်ကုန်သော် ပုဏ္ဏားသူကြွယ်စသော လူအများတို့သည်လည်း တရားမစောင့်ကြ၊ ထိုသို့ လူတို့တရားမစောင့်သဖြင့် လေတို့သည် ပုံမှန်မတိုက်ခတ်၊ လေကြမ်းများ တိုက်ခတ်သဖြင့် နတ်ဗိမာန်တို့သည် တုန်လှုပ်ကြကုန်၏၊ နတ်တို့သည် စိတ်ဆိုး၍ မိုးကို ကောင်းစွာ ရွာသွန်းမှု မပြုကြ၊ ကွက်ကျားမိုးရွာသဖြင့် စပါးကောင်းသောအရပ်၌ အလွန် ကောင်း၍, စပါးပျက်သော အရပ်၌ အလွန်ပျက်ခြင်း ဖြစ်ကြကုန်လိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၁။ အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနှစ်ကို ရက်တက်ပုပ် ရေဖြင့် ရောင်းနေသည်ကို မြင်မက်သော တစ်ဆယ့်တစ်ခုမြောက်အိပ်မက်သည် နောက်နောင်အခါ ကာလ၌ သာသနာတော် ဆုတ်ယုတ်လတ်သော် ပစ္စည်းဥစ္စာ၌ လျှပ်ပေါ်လော်လည်ကုန်သော အရှက်မရှိကုန်သော ရဟန်းတို့သည် များပြားကုန်လိမ့်မည်၊ ပစ္စည်းဥစ္စာကြောင့် တရားဟော, တရားပြကြကုန်လိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၂။ ရေ၌ နစ်မြုပ်ကုန်သော အချည်းနှီး ကုန်သော ဗူးတောင်းတို့ကို မြင်မက်သော တစ်ဆယ့်နှစ်ခုမြောက် အိပ်မက်သည် တရား မစောင့်ကုန်သော မင်းတို့၏အခါကာလ၌ အမျိုးဇာတ်နှင့် ပြည့်စုံကုန်သော သူတို့အား အခြံအရံ စည်းစိမ်မပေးဘဲ အမျိုးယုတ်ကုန်သော သူတို့အားသာလျှင် စည်းစိမ်အခြံအရံကို ပေးကုန် လိမ့်မည်၊ အမျိုးယုတ်သူတို့က အစိုးရသဖြင့် အမျိုးယုတ်သူတို့၏ စကားသည် အတည်ဖြစ် ကုန်လိမ့်မည်၊ ရဟန်းတို့၌ သီလမရှိကုန်သော ရဟန်းယုတ်တို့၏ စကားသည်သာလျှင် သံဃာ့အမှုကိစ္စတို့၌ အတည်ဖြစ်ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့၊
၁၃။ တန်ဆောင်း ပြာသာဒ်ခန့် အတိုင်းအရှည်ရှိသော တစ်ခဲနက်သော ကျောက်ဖျာကြီးသည် ရေ၌ ပေါလော ပေါ်နေသည်ကို မြင်မက်သော တစ်ဆယ့်သုံးခုမြောက်အိပ်မက်သည် နောက်နောင်သော အခါကာလ၌ တရားမစောင့်ကုန်သော မင်းတို့သည် သူယုတ်တို့အား ချီးမြှောက်ထောက်ပံ့မှု ပြု၍ လူယုတ်တို့သည် ချမ်းသာကာ အစိုးရလာသဖြင့် လူကောင်းလူမှန်တို့၏ ပြောစကားသည် အရာမဝင် ဖြစ်လာလိမ့်မည်၊ ရဟန်းတို့၌လည်း ရဟန်းကောင်းတို့၏ ပြောစကားသည် ရဟန်း တို့၏ အလယ်၌ အရာမဝင် ဖြစ်လာလိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၄။ သစ်မည်စည်ပွင့် ပမာဏ ရှိကုန်သော ဖားမငယ်တို့သည် မြွေဟောက်ကြီးတို့ကို လျင်စွာလိုက်၍ ကိုက်စား နေသည်တို့ကို မြင်မက်သော တစ်ဆယ့်လေးခုမြောက်အိပ်မက်သည် လောကသည် ဆုတ်ယုတ် လတ်သော် လူတို့သည် ကိလေသာ ပြင်းထန်လာကုန်၍ ကိလေသာ၏ အလိုသို့ လိုက်ကာ ယောကျ်ားကြီးတို့သည် ငယ်ရွယ်သော မိန်းမတို့ကို ယူ၍ မိန်းမတို့၏ အလိုသို့ လိုက်ကြ ရကုန်လိမ့်မည်၊ ၎င်းတို့၏ ငယ်ရွယ်သော မိန်းမတို့သည် ထိုယောကျ်ားတို့၏ ပစ္စည်းဥစ္စာ တို့ကို အကုန်သိမ်းပိုက်ယူ၍ မောင်ပိုင်စီးကြလိမ့်မည်ဟူသော အကျိုးဖြစ်ပေါ်အံ့၊
၁၅။ ရွာ၌ ကျက်စားသော ကျီးကန်းကို ရွှေဟင်္သာငှက်တို့က ခြံရံနေသည်တို့ကို မြင်မက်သော တစ်ဆယ့် ငါးခုမြောက်အိပ်မက်သည် စွမ်းအားနည်းပါးသော မင်းတို့၏ လက်ထက်အခါ၌ မင်းတို့သည် စစ်တိုက်ခြင်း၌ မစွမ်းနိုင်သဖြင့် မိမိနှင့်ဇာတ်တူ အမျိုးကောင်းသားတို့အား အစိုးရမှုကို မပေးဘဲ မိမိခြေရင်း၌ ခစားအလုပ်လုပ်ကြသော ဆေတ္တာသည်စသော သူတို့အား အစိုးရမှုကို ပေးကုန်အံ့၊ အမျိုးကောင်းသားတို့သည် မင်းအိမ်၌ တည်ရာမရသော် အသက်မွေးမှု ခက်ခဲလာသဖြင့် အစိုးရမှု၌ ကြီးစိုးကြကုန်သော အမျိုးဇာတ်ယုတ်နိမ့်ကြကုန်သော သူတို့ကို လုပ်ကျွေးခစား ကုန်လျက် နေကြရကုန်လိမ့်မည် ဟူသော အကျိုးဖြစ်ပေါ်အံ့၊
၁၆။ ဆိတ်ထီးတို့သည် ကျားသစ် တို့ကို လိုက်၍ ကိုက်စားနေသည်တို့ကို မြင်မက်သော တစ်ဆယ့်ခြောက်ခုမြောက်သော အိပ်မက်သည် တရားမစောင့်သော မင်းတို့၏ အခါကာလ၌ မင်းနှင့် အကျွမ်းဝင်ကုန်သော လူယုတ်တို့သည် အမျိုးဇာတ်မြင့်မြတ်သော လူကောင်းလူမှန်တို့၏ အမျိုးအဆက်အဆက်မှ ပိုင်ဆိုင်လာသော လယ်ယာမြေတို့ကို လုယက်အပိုင်စီးကြကုန် လိမ့်မည်၊ ရဟန်းတို့တွင်လည်း သီလမဲ့ ရဟန်းယုတ်တို့သည် သီလရှိကုန်သော ရဟန်းတို့ကို နှိပ်စက်အနိုင်ကျင့် ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့။ (သာရတ္ထ၊ဋီ၊၂၊၃၀၅-၃၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသလမင်းကြီး၏ အိပ်မက် ၁၆ ချက်

၁။ မျက်စဉ်းအရောင်ရှိကုန်သော မည်းနက်သော နွားလား ဥသဘ လေးစီးတို့သည် ‘‘ခတ်ကြကုန်အံ့’’ဟု ကြံ၍ အရပ်လေးမျက်နှာတို့မှ မင်းရင်ပြင်သို့ လာ၍ ‘‘နွားလားဥသဘတို့၏ ခတ်ပွဲကို ကြည့်ရှုကုန်အံ့’’ဟု လူအပေါင်းသည် စည်းဝေး လတ်သော် ခတ်ဟန်အခြင်းအရာကို ပြ၍ ကြုံးဝါးကာ မခတ်ကြကုန်ဘဲ ဖဲသွားကုန်သည်ဟု မြင်မက်ခြင်း၊
၂။ ငယ်သော သစ်ပင်, ချုံပင်တို့သည် မြေမှ ပေါက်ထွက်၍ တစ်ထွာမျှ, တစ်တောင်မျှလည်း မမြင့်သေးဘဲ ပွင့်ကုန်၏, သီးကုန်၏ဟု မြင်မက်ခြင်း၊
၃။ နွားမကြီး တို့သည် ထိုနေ့၌ ဖွားကုန်သော နွားငယ်တို့၏ နို့ကိုစို့ကြကုန်၏ဟု မြင်မက်ခြင်း၊
၄။ ဝန်ကို ဆောင်နိုင်ကုန်သော အလျားအနံအလုံးအရပ်နှင့် ပြည့်စုံကုန်သော နွားကြီးတို့ကို ထမ်းပိုး အဆက်ဆက်ဖြင့် မကမယှဉ်ဘဲ ငယ်ရွယ်ကုန်သော နွားငယ်တို့ကို လှည်းဦး၌ ယှဉ်ကကုန်သည် တို့ကို မြင်မက်ခြင်း၊
၅။ မျက်နှာနှစ်ခု, ပါးစပ်နှစ်ပေါက် ပါရှိသော မြင်းတစ်ကောင်ကို မြင်မက်ခြင်း၊
၆။ လူအပေါင်းသည် တစ်သိန်းတန်ရွှေခွက်ကို သုတ်သင်၍ ‘‘ဤရွှေခွက်၌ ကျင်ငယ်ကို စွန့်လော့’’ဟု ဆို၍ မြေခွေးအိုအား ကမ်းပေးခြင်းကို မြင်မက်ခြင်း၊
၇။ ယောကျ်ား တစ်ယောက်သည် ကြိုးကို လုံးကျစ်၍ ခြေရင်း၌ ထား၏၊ ထိုယောကျ်ားထိုင်နေသော ထိုင်ခုံ အောက်၌ အိပ်စက်နေသော ဆာလောင်နေသော မြေခွေးမတစ်ကောင်သည် ထိုကြိုးကို ကိုက်စားနေသည်ကို မြင်မက်ခြင်း၊
၈။ မင်း၏ တံခါးအနီး၌ များစွာကုန်သော ရေမရှိသော အိုးတို့ဖြင့် ဝန်းရံ၍ ထားအပ်သော ရေပြည့်အိုးကြီး တစ်လုံးကို မြင်မက်ခြင်း၊
၉။ အဆင်း ငါးမျိုးရှိသော ပဒုမာကြာတို့ဖြင့် ဖုံးလွှမ်းထားသော နက်ရှိုင်းသော ခပ်သိမ်းသော အရပ်မှ ရေဆိပ်ရှိသော လေးထောင့်ရေကန် တစ်ကန်ကို မြင်မက်ခြင်း၊
၁၀။ တစ်လုံးတည်းသော ထမင်းအိုးဖြင့် ချက်သော ထမင်း၏ ဘေးတစ်ဖက်၌ အလွန်ပျော့, ဘေးတစ်ဖက်၌ မာ၍ ဘေးတစ်ဖက်၌ ကောင်းစွာ ကျက်သည်ကို မြင်မက်ခြင်း၊
၁၁။ အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနှစ်ကို ရက်တက်ရည်ပုပ်နှင့် ရောင်းနေသည်ကို မြင်မက်ခြင်း၊
၁၂။ ရေ၌ နစ်မြုပ် ကုန်သော အချည်နှီးအနှစ်မဲ့ ဗူးတောင်းတို့ကို မြင်မက်ခြင်း၊
၁၃။ အလွန်ကြီးမားသော ကျောင်း အထွတ်ခန့် အရွယ်ပမာဏရှိသော တစ်ခဲနက်ထူသော ကျောင်းသည် လှေကဲ့သို့ ရေ၌ ပေါလော ပေါ်နေသည်ကို မြင်မက်ခြင်း၊
၁၄။ သေးငယ်သော သစ်မည်စည်ပွင့် ပမာဏ ရှိကုန်သော ဖား တို့သည် အလွန်ကြီးမားကုန်သော မြွေဟောက်တို့ကို လျင်စွာ လိုက်၍ ကြာရိုးတို့ကို ကိုက်ဖြတ် သကဲ့သို့ ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ အသားကို စား၍ မျိုနေသည်တို့ကို မြင်မက်ခြင်း၊
၁၅။ သူယုတ်အကျင့်တရား ဆယ်ပါးတို့နှင့် ပြည့်စုံသော ရွာ၌ ကျက်စားသော ကျီးကို ရွှေဟင်္သာမင်းတို့က ခြံရံနေသည်တို့ကို မြင်မက်ခြင်း၊
၁၆။ သိုးတို့သည် ကျားသစ်တို့ကို လိုက်၍ ကြုတ်ကြုတ်မြည်ကာ ကိုက်စားနေသည်တို့ကိုလည်းကောင်း သစ်ကျုတ်တို့သည် သိုးတို့ကို အဝေးမှပင် မြင်၍ ကြောက်လန့်ကုန်သော် ပြေး၍ ချုံပုတ်, တောဂနိုင် စသော အရပ်တို့သို့ ဝင်၍ ပုန်းအောင်းနေသည်တို့ကို လည်းကောင်း မြင်မက်ခြင်း။ (ဇာတက၊၁၊၁၈။) (ဇာ၊ဋ္ဌ၊၁၊၃၅၅။)(သာရတ္ထ၊ဋီ၊၂၊၃၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသလမင်းအိပ်မက်ထဲ၌ ကြားရသော အသံကြီး ၄ မျိုး

၁။ ဒု- ဟူသော အသံ (ဒုဇ္ဇီဝိတမဇီဝိမှာ စသော ဂါထာ၏ အစအက္ခရာ။)
၂။ သ- ဟူသော အသံ (သဋ္ဌိဝဿ သဟဿာနိ စသော ဂါထာ၏ အစအက္ခရာ။)၊
၃။ န- ဟူသော အသံ (နတ္ထိ အန္တော ကုတော အန္တော စသော ဂါထာ၏ အစအက္ခရာ။)၊
၄။ သော- ဟူသော အသံ (သောဟံ နုန ဣတော ဂန႖ာ စသော ဂါထာ၏ အစအက္ခရာ။)။ (သံ၊ဋ္ဌ၊၁၊၁၃၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဓ သရုပ်စုံ

ကောဓ၏အပြစ်များကို ပြဆိုခန်း

ကောဓအတွက် ဥပမာ ဥဒ္ဓုမာယိကဖါး အကြောင်း၊ ပဏ်-၁-ပါ-၁၉၇၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၃၈။ ။ ကောဓပေယျာလ၊ အံ-၂-ပါ-၉၅၊ အံ-၂-ဋ္ဌ-၆၄။ ။ ကောဓဂရုသုတ်၊ အံ-၄-ပါ-၃၅၆၊ အံ-၄-ဋ္ဌ-၃၀၄။ ။ ကောဓသုတ်၊ ဣတိ-ပါ-၁၉၆၊ ဣတိ-ဋ္ဌ-၄၆။ ။ ကောဓပရိညာသုတ်၊ ဣတိ-ပါ-၂၀၀၊ အပြစ်ပြဂါထာများ။ ။ ကောဓနသုတ်၊ အံ-၇-ပါ-၄၇၁၊ အံ-၇-ဋ္ဌ-၁၇၈၊ ဂါထာများ။ ။ သုတ္တ-ပါ-၂၈၂၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၇။ ။ ထေရ-ပါ-၂၈၈၊ ထေရ-ဋ္ဌ-ဒု-အုပ်-၁၁၄။ ။ စူဠဗောဓိစရိယ၊ စရိယာ-ပါ-၄၀၂၊ စရိယာ-ဋ္ဌ-၁၃၆။ ။ စရိယာ-ပါ-၄၀၃၊ စရိယာ-ဋ္ဌ-၁၄၀၊ ဂါထာများ။ ။ မဟာနိ-ပါ-၁၆၅၊ ၂၀၆၊ မဟာနိ-ဋ္ဌ-၂၇၉။ စူဠဗောဓိဇာတက-ပါ-ပ-အုပ်-၂၀၇၊ ဇာတက-ဋ္ဌ-စ-အုပ်-၂၆။ ။ ဇာတက-ပါ-ပ-အုပ်-၂၀၂၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၁။ ။ ဧကပဏ္ဏကဇာတက-ပါ-ပ-အုပ်-၃၄၊ ဇာတက-ဋ္ဌ-ပ-အုပ်-၅၃၀။ ။ ဒီဃ-၁-ဋ္ဌ-၅၂။ ܀ပိဋကတ်လမ်းညွှန်[01/284]܀

ကောဓကို ပယ်နိုင်ရန် နည်းလမ်းများ

ကောဓဝဂ် ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၉၂၊ ၄၀၇။ ။ ကကစူပမသုတ်၊ ပဏ်-၁-ပါ-၁၇၃၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-။ ။ ဗြဟ္မဒတ္တတ္ထေရဂါထာ၊ ထေရ-ပါ-၂၈၈၊ ထေရ-ဋ္ဌ-ဒု-အုပ်-၁၁၄။ ။ ကောဓကို ထိန်းနိုင်မှ ရထားထိန်းအစစ် မည်ကြောင်းဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၉၅။ ။ သုတ္တ-ပါ-၂၇၉၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၁။ ။ ဝိ-၂-ဋ္ဌ-၂၆၊ အညွှန်း။ ။ အထက် ပါကောဓအပြစ်ပြခန်း၌လည်းကောင်း၊ အဃာတပဋိဝိနယအခန်း၌ ၎င်း ရှိသေး၏။ ܀ပိဋကတ်လမ်းညွှန်[01/285]܀

ကောဓဂရုကသုတ္တ

(ပ-ဒု) အံ-၄-ပါ-၃၅၅၊ ၃၅၆၊ အံ-၄-ဋ္ဌ-၃၀၄၊ ကောဓ, မက္ခ, လာဘ, သက္ကာရကို အလေးပြုလျှင် တရားတော်ဆုတ်ယုတ်၍ အလေး မပြုလျှင် တိုးတက်ကြောင်း ဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောဓထူသူ အနာဟောင်းနှင့်တူကြောင်း ဟောသော အရုကူပမနိဒ္ဒေသ

အဘိ-၄-ပါ-၁၃၃၊ အဘိ-၄-ဋ္ဌ-၆၁။ ။ အံ-၃-ပါ-၁၂၁၊ အံ-၃-ဋ္ဌ-၉၁။ ܀ပိဋကတ်လမ်းညွှန်[01/286]܀

ကောဓနသုတ္တ

အံ-၇-ပါ-၄၆၉၊ အံ-၇-ဋ္ဌ-၁၇၈၊ ရန်သူတို့ တဦးပေါ် တဦး အလို ရှိသော (ဝါ) ပျက်စီးစေလိုသောအရာ ၇-မျိုး၊ ကောဓအပြစ်ပြဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောဓနှင့် ဥပနာဟ အထူး

ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၁၀။ ။ သဂါထာ-သံ-ဋ္ဌ-၅၁။ ။ ထေရ-ဋ္ဌ-ဒု-အုပ်-၃၆၂။ ။ မဟာနိ-ပါ-၁၀၊ မဟာနိ-ဋ္ဌ-၅၄။ ။ ကောဓ ပေယျာလ၊ အံ-၂-ပါ-၉၅၊ အံ-၂-ဋ္ဌ-၆၄။ ကောဓဥပနာဟနိဒ္ဒေသ၊ အဘိ-၂-ပါ-၃၇၁၊ အဘိ-၂-ဋ္ဌ-၄၇၃။ ။ ရှေးဦး-အမျက်ထွက်မှုသည် ကောဓမည်၏၊ နောက် ကာလ၌ ထပ်ကာထပ်ကာ အမျက်ထွက်မှုသည် ဥပနာဟမည်၏။ ܀ပိဋကတ်လမ်းညွှန်[01/285]܀

ကောဓဖြစ်ကြောင်း ၉-ပါး၊ ၁၀-ပါး

အာဃာတဝတ္ထုခဏ်း၌ရှိပြီး။ ܀ပိဋကတ်လမ်းညွှန်[01/285]܀

ကောဓဖြစ်မှုနှင့် စပ်၍ ပုဂ္ဂိုလ် ၃-မျိုး

အဘိ-၄-ပါ-၁၂၁၊ အဘိ-၄-ဋ္ဌ-၅၃။ ။ အဘိ-၄-ပါ-၁၇၃၊ အဘိ-၄-ဋ္ဌ-၆၅။ ။ အံ-၃-ပါ-၂၈၆၊ အံ-၃-ဋ္ဌ-၂၄၁
(၁) ပါသာဏလေခူပမပုဂ္ဂိုလ်-ကောဓဖြစ်ပြီးနောက် အလွန်ပျောက်ခဲလှသူ၊ ကျောက်ဖျာ၌ ထွင်းထားအပ်သော အရေးအသားနှင့်တူသောပုဂ္ဂိုလ်။
(၂) ပထဝီလေခူပမပုဂ္ဂိုလ်-ကောဓဖြစ်ပြီးနောက် ပျောက်လွယ်သူ၊ မြေကြီး၌ ရေးသားအပ်သော အရေးအသားနှင့်တူသော ပုဂ္ဂိုလ်။ ။
(၃) ဥဒကလေဒူပမ ပုဂ္ဂိုလ်-ကောဓ လုံးဝမဖြစ်တတ်သောပုဂ္ဂိုလ်၊ ရေ၌ ရေးသားအပ်သော အရေးအသားနှင့်တူသော ပုဂ္ဂိုလ်။ တနည်းပုဂ္ဂိုလ် ၄-မျိုး၊ အာသီဝိသူသမနိဒ္ဒေသ-မြွေဆိပ် ဥပမာပုဂ္ဂိုလ် ၄-မျိုးခဏ်း၌ အကျယ်ပြလတ္တံ့။ ܀ပိဋကတ်လမ်းညွှန်[01/285]܀

ကောဓဖြတ်က ချမ်းသာစွာ အိပ်ရနေရကြောင်း ဂါထာ

ပဏ်-၂-ဋ္ဌ-၃၀၈၊ သဂါထာ-သံ-ပါ-၁၆၂၊ သဂါထာ-သံ-ဋ္ဌ-၂၀၉။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၀၇၊ ၄၀၈။ ။ မဟာနိ-ဋ္ဌ-၂၈၁။ နေတ္တိ-ပါ-၁၂၄၊ နေတ္တိ-ဋ္ဌ-၂၃၃။ ။ သဂါထာ-သံ-ပါ-၃၈၊ သဂါထာ-သံ-ဋ္ဌ-၉၀။ ။ သဂါထာ-သံ-ပါ-၂၂၉၊ သဂါထာ-သံ-ဋ္ဌ-၃၂၃။ ဣတိ-ဋ္ဌ-၄၄။ ။ ဇာတက-ပါ-ဒု-အုပ်-၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၄၈။ ။ မာဃသသုတ်၊ သဂါထာ-သံ-ပါ-၄၃၊ သဂါထာ-သံ-ဋ္ဌ-၉၇။ ။ မဟိံသရာဇစရိယ၊ စရိယာ-ပါ-၄၀၂၊ စရိယာ-ဋ္ဌ-၁၃၈။ ။ ဥရဂသုတ်၊ သုတ္တ-ပါ-၂၇၉၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၁၊ ကောဓ ပယ်ဖျောက်က ကမ်းတဘက်ရောက်ကြောင်းဂါထာ။ ။ ကောဓမဖြစ်အောင် ထိန်းရုံမျှဖြင့် နတ်ပြည်ရောက်နိုင်ကြောင်း ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၀၃၊ ၄။ ܀ပိဋကတ်လမ်းညွှန်[01/285]܀

ကောန္တိမန္တာဝုစ္စကိ စမ္မကာရသတ္ထံဟု ဖွင့်ပြထားပုံ

ဇာတက-ပါ-ဒု-အုပ်-၂၁၇၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၃၀၅။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောပနှင့် ဒေါသအထူး

အံ-၃-ဋ္ဌ-၉၂။ ။ အဘိ-၄-ဋ္ဌ-၁QQ၊ အဘိ-၄-ပါ-၁၃၃၊ (အားနည်းသော ဒေါသ၊ အားကြီးသောဒေါသ ဟူလို)။ ܀ပိဋကတ်လမ်းညွှန်[01/286]܀

ကောဏ္ဍည သရုပ်စုံ

ကောဏ္ဍညဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပဌမအစည်းအဝေး (ရဟန်းတော် ကုဋေတစ်သိန်း)၊
၂။ ဒုတိယအစည်းအဝေး (ရဟန်းတော် ကုဋေတစ်ထောင်)၊
၃။ တတိယ အစည်းအဝေး (ရဟန်းအရေအတွက် ကုဋေကိုးဆယ်)။ (အဘိ၊ဋ္ဌ၊၁၊၅၆။) (ဇာ၊ဋ္ဌ၊၁၊၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏ္ဍညဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဘဒ္ဒထေရ်၊
၂။ သုဘဒ္ဒထေရ်။ (အဘိ၊ဋ္ဌ၊၁၊၅၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏ္ဍညဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ တိဿထေရီ၊
၂။ ဥပတိဿာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၅၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏ္ဍညမထေရ် အလောင်းအလျာ၏ အလှူဦး ၉ မျိုး

ကောက်ဦးအလှူ ၉ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏ္ဍညဗုဒ္ဓဝံသဝဏ္ဏနာ

ဗုဒ္ဓ-ပါ-၃၂၃၊ ဗုဒ္ဓ-ဋ္ဌ-၁၆၀၊ ဒုက္ကရစရိယာ ၁၀-လ ကျင့်တော်မူရကြောင်း၊ ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်းပါရမီဖြည့်ရကြောင်း။ အပ-ဋ္ဌ-ပ-အုပ်-၃၈။ ။ အပ-ဋ္ဌ-ဒု-အုပ်-၁၇၈၊ ဝိဂ္ဂဟ။ ။ အဘိ-၁-ဋ္ဌ-၅၆။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၃၆။ ܀ပိဋကတ်လမ်းညွှန်[01/284]܀

ကောဏာဂမနဘုရား လမ်းညွှန်

ကောဏာဂမနဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဓမ္မစကြာတရားဦး ဟောကြားတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေသုံးသောင်း တရားထူးရကြသည်၊
၂။ သူတစ်ပါးတို့၏ အယူဝါဒကို နှိပ်နင်းလျက် တန်ခိုးပြာဋိဟာကို ပြတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေနှစ်သောင်း တရားထူး ရကြသည်၊
၃။ တာဝတိံသာနတ်ပြည်၌ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာတွင် သီတင်းသုံး တော်မူလျက် အဘိဓမ္မာဒေသနာတော်များကို ဝါတွင်းသုံးလ ဟောကြားတော်မူသောအခါ နတ်ဗြဟ္မာ ကုဋေတစ်သောင်းတို့ ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၇၃။) (အပ၊မြန်၊၂။၃၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏာဂမနဘုရားရှင်၏ သာဝကအစည်းအဝေး ၁ ကြိမ်

၁။ ပဌမအစည်းအဝေး၌ ရဟန်း သုံးသောင်း။ (အဘိ၊ဋ္ဌ၊၁၊၇၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏာဂမနဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဘိယျောသထေရ်၊
၂။ ဥတ္တရထေရ်။ (ဒီ၊၂၊။)(အဘိ၊ဋ္ဌ၊၁၊၇၀။)(ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၅။)(ဒီ၊မြန်၊၂။၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏာဂမနဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ သမုဒ္ဒါထေရီ၊
၂။ ဥတ္တရာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၇၁။)(ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏာဂမနဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ တုသိတမည်သော ပြာသာဒ်ဆောင်၊
၂။ သန္တုသိတမည်သော ပြာသာဒ်ဆောင်၊
၃။ သန္တုဋ္ဌမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၇၄။) (အပ၊မြန်၊၂။၃၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဏာဂမန ဗုဒ္ဓဝံသဝဏ္ဏနာ

ဗုဒ္ဓ-ပါ-၃၇၃၊ ဗုဒ္ဓ-ဋ္ဌ-၃၀၁၊ ဒုက္ကရစရိယာ ၆-လကျင့်တော်မူရကြောင်း။ ။ ဓာတ်တော်များ ပြန့်နှံ၍ တည်ခဲ့ကြောင်း ဗုဒ္ဓ-ပါ-၃၇၅။ ။ အပ-ဋ္ဌ-ပ-အုပ်-၅၃။ ။ အဘိ-၁-ဋ္ဌ-၇၀။ ။ နိဒါန-သံ-ဋ္ဌ-၁၄၉၊ နိဒါန-သံ-ပါ-၃၉၇။ ဇာတက-ဋ္ဌ-ပ-အုပ်-၅၁။ ܀ပိဋကတ်လမ်းညွှန်[01/284]܀

ကောသမ္ဗီပြည် လမ်းညွှန်

ကောသမ္ဗီပြည် ပရိဗိုဇ်ရဟန်း ၂ ပါး

၁။ မုဏ္ဍိယ ပရိဗိုဇ်၊
၂။ ဇာလိယ ပရိဗိုဇ်။ (ဒီ၊ဋ္ဌ၊၁၊၂၈၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၅၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသမ္ဗီပြည်၌ ကျောင်းကြီး ၃ ကျောင်း

၁။ ဃောသိတသူဌေး ဆောက်လုပ်လှူဒါန်းထားသော ဃောသိတာရုံကျောင်း၊
၂။ ကုက္ကုဋသူဌေး ဆောက်လုပ်လှူဒါန်းထားသော ကုက္ကုဋာရုံကျောင်း၊
၃။ ပါဝါရိကသူဋ္ဌေးက သူ၏သရက်ဥယျာဉ်ထဲ၌ ဆောက်လုပ်လှူဒါန်းထားသော ပါဝါရိကမ္ဗဝနကျောင်း။ (ဒီ၊ဋ္ဌ၊၁၊၂၈၅။) (ပဋိသံ၊ဋ္ဌ၊၂၊၁၈၆။) (ဓမ္မ၊ဋ္ဌ၊၁၊၁၃၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၅၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသမ္ဗီပြည်၌ ပညတ်အပ်သော သိက္ခာပုဒ် ၈ ပုဒ်

၁။ မဟလ္လကဝိဟာရ သိက္ခာပုဒ်၊
၂။ ဒုဗ္ဗစ သိက္ခာပုဒ်၊
၃။ အညဝါဒက သိက္ခာပုဒ်၊
၄။ ယာဝဒွါရကောသ သိက္ခာပုဒ်၊
၅။ သုရာပါန သိက္ခာပုဒ်၊
၇။ သဟဓမ္မိက သိက္ခာပုဒ်၊
၈။ သုရုသုရုကာရက သိက္ခာပုဒ်။ (ဝိ၊၅၊၂၅၆။) (ဝိ၊မြန်၊၅။၃၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသမ္ဗီပြည်၌ သူဌေးကြီး ၃ ဦး

၁။ ဃောသိတသူဌေး၊
၂။ ကုက္ကုဋသူဌေး၊
၃။ ပါဝါရိကသူဌေး။ (ဒီ၊ဋ္ဌ၊၁၊၂၈၄။) (မ၊ဋ္ဌ၊၂၊၂၈၈။) (ပဋိသံ၊ဋ္ဌ၊၂၊၁၈၅။) (ဓမ္မ၊ဋ္ဌ၊၁၊၁၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၅၅၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသမ္ဗိယသုတ္တ

ပဏ်-၁-ပါ-၃၉၅၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၇၊ ကောသမ္ဗီ ရဟန်းတို့ အဓိကရုဏ်းဖြစ်ကြပုံနှင့် ညီညွတ်စွာ နေရခြင်းအကြောင်း ၆-ပါးကို ဟောထား၏။ ။ နာဂသုတ်၊ ဥဒါန-ပါ-၁၂၅၊ ဥဒါန-ဋ္ဌ-၂၂၅၊ ဘုရားရှင် ပါလိ လေယျက တောသို့ ကြွတော်မူခန်း။ ။ ဥပက္ကိလေသသုတ်၊ ပဏ်-၃-ပါ-၁၉၁၊ ပဏ်-၃-ဋ္ဌ-၁၄၄။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၄။ ။ ကောသမ္ဗိယဇာတက-ပါ-ပ-အုပ်-၁၈၈၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၆၂။ ။ ကောသမ္ဗကက္ခန္ဓက၊ ဝိ-၃-ပါ-၄၈၀၊ ဝိ-၃-ဋ္ဌ-၄၃၁။ ။ ၎င်းကောသမ္ဗီရဟန်းတို့ကို လူတို့က သပိတ်မှောက်ပုံ၊ ဝိ-၃-ပါ-၅၀၁။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၄၆၆။ ။ ဝိ-၅-ပါ-၂၀၈၊ ဝိ-၅-ဋ္ဌ-၁၅၅။ ။ ကောသမ္ဗီပြည်ဟူ၍ ခေါ် ရပုံဖွင့်ပြခန်း၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၈၇၊ ပဏ်-၁-ပါ-၃၉၅။ ܀ပိဋကတ်လမ်းညွှန်[01/286]܀

ကောသမ္ဗိဝါသီ တိဿတ္ထေရ သာမဏေရဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၃၉၂၊ တပည့် ဖြစ်သူ တိဿသာမဏေငယ်ကို ပြန်၍ ကန်တော့သောရဟန်း၊ သာမဏေငယ်မှာ ဆရာ့အပေါ်၌ ဝတ်တရားကြေပြွန်လွန်းလှပုံ၊ နမူနာယူစရာ။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကောသမ္ဗီသုတ္တ

နိဒါန-သံ-ပါ-၃၃၆၊ နိဒါန-သံ-ဋ္ဌ-၁၁၃၊ သူတပါးကို ယုံကြည်၍၎င်း၊ မိမိကိုယ်တိုင် ကြံစည်၍၎င်း၊ တဆင့်ကြား၍၎င်း၊ အကြောင်းတခုခုကို ထင် မြင်၍၎င်း၊ အကြောင်းတခုခုကို ကြံစည်ပြီး နှစ်သက်၍၎င်း မဟုတ်ဘဲ မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်း၍ သိကြောင်း မုသိလထေရ် ဖြေထား၏။ ܀ပိဋကတ်လမ်းညွှန်[01/308]܀

ကဲ့ရဲ့ခြင်း သရုပ်စုံ

ကဲ့ရဲ့ ခံရတတ်သော ပုဂ္ဂိုလ် ၁၀-ဦး

မိလိန္ဒ-ပါ-၂၈၅၊ (ဝါ) မထီမဲ့မြင် အပြုခံရတတ်သော ပုဂ္ဂိုလ် ၁၀-ဦး ဟူလို။
(၁) လင်ကွာ လင်သေသော မိန်းမ။
(၂) အားနည်းသောသူ။
(၃) ဆွေမျိုးဉာတိ ကင်းမဲ့သူ။
(၄) အစားအသောက် ကြီးသူ။
(၅) မကောင်းသောမိတ်ဆွေနှင့် ပေါင်းသင်းသူ။
(၆) ပစ္စည်းဥစ္စာ မရှိသောသူ။
(၇) အကျင့်သီလ မရှိသောသူ။ (ဂ) အမှုကြီးငယ်၌ မေ့လျော့တတ်သူ။
(၉) အနာရောဂါ များသူ။
(၁၀) ဝီရိယမရှိ ပျင်းရိသူ။ ܀ပိဋကတ်လမ်းညွှန်[01/323]܀

ကဲ့ရဲ့ သင့်သူကို ကဲ့ရဲ့ခြင်း ချီးမွမ်းသင့်သူကို ချီးမွမ်းခြင်းမှာ

ပညာရှိတို့သဘောဖြစ်ကြောင်းဟောသော ပေါတလိယသုတ်။ ။ အံ-၄-ပါ-၄၁၃၊ အံ-၄-ဋ္ဌ-၃၂၆။ ။ ဒီဃ-၁-ဋ္ဌ-၂၈၉၊ ဒီဃ-၁-ပါ-၁၅၄။ ။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၈၄၊ ဝိ-၁-ပါ-၂၃။ ။ အတုလဥပါသကဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၁၀။ ܀ပိဋကတ်လမ်းညွှန်[01/283]܀

ကဲ့ရဲ့ သူကိုချီးမွမ်း, ချီးမွမ်းသင့်သူကို ကဲ့ရဲ့က ချမ်းသာခွင့် မရနိုင်ကြောင်း ဂါထာ

ပဌမခတသုတ်၊ အံ-၄-ပါ-၃၀၉၊ အံ-၄-ဋ္ဌ-၂၅၀။ ။ သုတ္တ-ပါ-၃၈၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၉၇၊ ကောကာလိကသုတ်။ ။ တုဗြဟ္မာသုတ်၊ သဂါထာ-သံ-ပါ-၁၅၁၊ သဂါထာ-သံ-ဋ္ဌ-၁၉၇။ ။ နေတ္တိ-ပါ-၁၁၁၊ နေတ္တိ-ဋ္ဌ-၂၂၆။ ܀ပိဋကတ်လမ်းညွှန်[01/283]܀

ကဲ့ရဲ့ခံရမည့်ဘေးမှ လွတ်အောင်

အသျှင်သာရိပုတ္တရာထေရ်သည် အမြဲတမ်း သေနာသနဝတ်ပြုပြီးမှ ဆွမ်းခံကြွတော်မူကြောင်း။ ။ ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၃၆၇။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း၌ မတုန်လှုပ်ရန် ဟောသော ဂါထာ

မိလိန္ဒ-ပါ-၃၆၉၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၇၂-၌ ရှိကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကဲ့ရဲ့ခြင်းနှင့် ဆုံးမခြင်းအထူး

(ဥပဝါဒ၊ ဩဝါဒ)။ ။ ပဏ်-၂-ဋ္ဌ-၂၇၊ ပဏ်-၂-ပါ-၂၃။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကဲ့ရဲ့ခြင်းနှင့်စပ်၍ မှတ်သားဖွယ်များ

ကဲ့ရဲ့ “၇” ရက်၊ ချီးမွမ်း “၇”ရက်ဟူသော စကားပုံ ဖြစ်လာဟန်။ ။ ဝိ-၃-ပါ-၅၅၊ ဝိ-၃-ဋ္ဌ-၂၅၇။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၁၃၆။ ။ အံ-၁-ဋ္ဌ-၃၃၆။ ။ ဥဒါန-ပါ-၁၃၁၊ ဥဒါန-ဋ္ဌ-၂၃၇။ ။ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၃၅။ ။ ကဲ့ရဲ့ ခံရသည်မှာ အဆန်းမဟုတ်၊ ဘုရားရှင်ပင် ခံရသေးကြောင်း၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၆၁။ သုန္ဒရီ ပရိဗ္ဗိုဇ်မ သတ်သော အခန်း၌လည်း ရှိ၏။ ကဲ့ရဲ့ခြင်းဘေးမှလွတ်သော ပုဂ္ဂိုလ် မရှိကြောင်း ဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၁၁။ ။ ကဲ့ရဲ့ လိုသော သူတို့မှာ ရှာကြံ ကဲ့ရဲ့ တတ်ကြပုံ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၉၉။ ။ ဥဂ္ဂသေနဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၄၄။ ။ ဒီဃ-၃-ပါ-၃၁၊ ဒီဃ-၃-ဋ္ဌ-၁၈။ ။ အပ-ဋ္ဌ-ဒု-အုပ်-၂၅၁။ ။ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခဏ်း၊ အသျှင်သီဝလိဝတ္ထု၊ ခဒိရဝနိယရေဝတဝတ္ထုတို့၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/282]܀

ကဲ့ရဲ့တတ်သူတို့ ခံရသော အပြစ်

ဥဇ္ဈာနသညီမထေရ်ဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၃၉၊ ကဲ့ရဲ့ တတ်သူတို့ အာသဝေါပွား၍ နိဗ္ဗာန်နှင့်ဝေးကြောင်း ဂါထာ။ ။ ဣတိ-ဋ္ဌ-၃၁၁။ ။ ဥဒါန-ဋ္ဌ-၁၅၉ အညွှန်းများ။ ။ ဥပကသုတ် အံ-၄-ပါ-၅၀၁၊ အံ-၄-ဋ္ဌ-၃၆၂။ ။ ထေရ-ဋ္ဌ-ပ-အုပ်-၅၄၊ ၇၉၊ ၌ ဖရုသဝါစာ အပြစ်ပြ။ ။ ဂါထာအညွှန်း။ ။ မူရင်းမှာ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၇။ ။ ဓမ္မ-ပါ-၂၃၈၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၂၁။ ။ ဥဒါန-ပါ-၁၃၅၊ ဥဒါန-ဋ္ဌ-၁၆၄၊ သုပ္ပဗုဒ္ဓလူနူဝတ္ထု။ ။ ကဲ့ရဲ့ လိုသောစိတ်ဖြင့် တရားနာသူ၏ အပြစ်ကိုပြသော ဂါထာများ၊ ထေရ-ပါ-၂၇၉၊ ထေရ-ဋ္ဌ-ဒု-အုပ်-၆၈။ ܀ပိဋကတ်လမ်းညွှန်[01/283]܀

ကဲ့ရဲ့သော ပါးစပ်က ချီးမွမ်းစေရမည်ဟု

အသျှင်ဥပသေနထေရ် နှလုံးသွင်းတော်မူပုံ၊ နမူနာယူစရာ ကောင်းလှ၏၊ အကျယ် သိလိုမူ ၎င်းဝတ္ထုတွင် ကြည့်ရှုပါ။ ܀ပိဋကတ်လမ်းညွှန်[01/283]܀

ကဲ့ရဲ့ စွပ်စွဲဖွယ် အကြောင်း ၁၀ မျိုး (မဟာစတ္တာလီသကသုတ်ကို ပစ်ပယ်ထိုက်သည်ဟု မှတ်ထင် သူ၏ အပေါ်၌ ကျရောက်လာနိုင်သော ကဲ့ရဲ့စွပ်စွဲဖွယ် အကြောင်း ၁၀ မျိုး)

၁။ မှန်ကန်သော အယူအမြင်ကို သင်ကဲ့ရဲ့လျှင် မှားသော အယူအမြင်ရှိကုန်သော ရဟန်း ပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၂။ မှန်ကန်သော အကြံကို သင်ကဲ့ရဲ့လျှင် မှားသော အကြံရှိ ကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၃။ မှန်ကန်သော စကားကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော စကားရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၄။ မှန်ကန်သော အမှုအလုပ်ကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော အမှုအလုပ် ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၅။ မှန်ကန်သော အသက် မွေးမှုကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော အသက်မွေးမှု ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၆။ မှန်ကန်သော လုံ့လကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော လုံ့လရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၇။ မှန်ကန်သော သတိကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော သတိရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော် သင့်၏၊ ချီးမွမ်းသင့်၏၊
၈။ မှန်ကန်သော သမာဓိကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော သမာဓိ ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၉။ မှန်ကန်သော ပစ္စဝေက္ခဏာဉာဏ်ကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော ဉာဏ် ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော လွတ်မြောက်မှုရှိကုန်သော ရဟန်း ပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်း သင့်၏။ (မ၊၃၊၁၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းဆိုင်ရာ ပုဂ္ဂိုလ် ၄ မျိုး

၁။ ကျေးဇူးမဲ့ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်အား သင့်လျော်သော အခါ၌ အမှန်အတိုင်း ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကိုသာ ပြောဆိုတတ်၍ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၂။ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်အား သင့်လျော်သော အခါ၌ အမှန်အတိုင်း ချီးမွမ်းစကားကိုသာ ပြောဆိုတတ်သည်ဖြစ်၍ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို မပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၃။ ကျေးဇူးမဲ့ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်အား သင့်လျော်သော အခါ၌ အမှန်အတိုင်း ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကိုလည်း မပြောဆိုမူ၍ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏ ချီးမွမ်းစကား ဂုဏ်ကျေးဇူးများ ကိုလည်း မပြောဆိုတတ်သော ပုဂ္ဂိုလ်၊
၄။ ကျေးဇူးမဲ့ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်အား သင့်လျော်သော အခါ၌ အမှန်အတိုင်း ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို ပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်း ထိုက်သူ၏ ဂုဏ်ကျေးဇူးများဖြစ်သော ချီးမွမ်းစကားများကိုလည်း ပြောဆိုတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၁၃။) (အံ၊မြန်၊၁။၄၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကဲ့ရဲ့ဖွယ် ၃ မျိုး

၁။ သူတစ်ပါး၏ သေခြင်းဆင်းရဲကို ဖြစ်စေသူ၊
၂။ မိန်းမအကြီအကဲပြုသော ဇနပုဒ်၊
၃။ မိန်းမ၏ အလိုကို လိုက်သူ။ (ဇာတက၊၁၊။) (ဇာ၊ဋ္ဌ၊၁၊၁၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကျိုး ကောင်းမှု သရုပ်စုံ

ကောင်းကျိုးဆိုးကျိုးကို

စပ်ဆိုင်သူတို့လည်း ခံရတတ်ကြောင်း၊ အာနန္ဒာသေဋ္ဌေးဝတ္ထု။ ။ ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၂၉၇။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကောင်းကွက်ကြည့် ပျောက်၏ ဒေါသ

ဟူသောစကားအတွက် အဋ္ဌကထာ ဆရာကပင် ညွှန်ပြထားပုံ၊ ဣတိ-ဋ္ဌ-၄၃-အညွှန်း၊ အာဃာတပဋိဝိနယခဏ်း၌လည်း ရှိ၏။ ။ မူရင်းမှာ-အံ-၅-ပါ-၁၆၄၊ အံ-၅-ဋ္ဌ-၅၆။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကောင်းမှု၌ တိုက်တွန်းသူမှာ ကောင်းကျိုးကို ထက်ဝက်ခံစားရ၏ဟု မိန့်ဆိုထားပုံ

အဘိ-၄-ဋ္ဌ-၇၂၊ အဘိ-၄-ပါ-၁၄၄။ ܀ပိဋကတ်လမ်းညွှန်[01/349]܀

ကောင်းမှုပွားလျှင် ချမ်းသာကြောင်း ဂါထာ

ဓမ္မ-ဋ္ဌ-ဒု-အုပ်-၊ ၉၊ ကောင်းမှုပြုက ကောင်းကျိုးတွေ့ရကြောင်း ဂါထာ။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၁၀၊ ကိုယ်ပြု ကိုယ်ခံရကြောင်းဂါထာ။ ။ ထေရ-ဋ္ဌ-ပ-အုပ်-၃၃၆။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၉၃။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၂၄၈။ ။ အံ-၁၀-ပါ-၂၅၇၊ အံ-၁၀-ဋ္ဌ-၂၈၇။ နေတ္တိ-ဋ္ဌ-၄၀။ ။ ပေဋက-ပါ-၁၉၉။ ။ ကောင်းမှုမရှိ၊ ဆင်းရဲဘိ၊ ကောင်းမှုပွား ချမ်းသာများဟူသော ဂါထာ၊ ဝိမာန-ပါ-၂၃၊ ဝိမာန-ဋ္ဌ-၈၇၊ ဂါထာနံပါတ်-၁၇၁။ ။ ဝိမာန-ပါ-၇၁၊ ဝိမာန-ဋ္ဌ-၁၉၉၊ ဂါထာနံပါတ်-၈၅၅၊ ၅၆။ ။ ပေတ-ပါ-၁၆၈၊ ပေတ-ဋ္ဌ-၁၆၃၊ ဂါထာနံပါတ်-၄၀၆၊ ၄၀၇။ ။ ကောင်းမှုပြု ပျော်မှု ခုနောင်သာ ဟူသော ဂါထာ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၈၅၊ ၉၉။ ။ ကောင်းမှုပြုသူနောက်သို့သာ သုခအစဉ်လိုက်ကြောင်းဂါထာ၊ နေတ္တိ-ဋ္ဌ-၁၈၀။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၃-မူရင်း။ ။ ကောင်းမှုသည်သာ ရပ်တည်ရာ ဟူသောစကား၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၇၂။ ။ သဂါထာ-သံ-ပါ-၉၃၊ သဂါထာ-သံ-ဋ္ဌ-၁၄၈၊ ဒုတိယအပုတ္တကသုတ်။ ။ သဂါထာ-သံ-ပါ-၇၂။ သဂါထာ-သံ-ဋ္ဌ-၁၂၈၊ ဂါထာ။ ။ သဂါထာ-သံ-ပါ-၅၇၊ သဂါထာ-သံ-ဋ္ဌ-၅၈။ ။ ကောင်းမှုပွားကြောင်း သုံးပါးကို ဟောသော သမ္မုခီဘာဝသုတ်၊ အံ-၃-ပါ-၁၄၈၊ အံ-၃-ဋ္ဌ-၁၃၁။ (သဒ္ဓါ၊ ဒေယျဓမ္မ၊ ဒက္ခိဏေယျ)။ ။ ကောင်းမှုပြုခဲ့ဘူးသောသူသာ ပဋိရူပဒေသ၌ ဖြစ်တတ်ကြောင်း၊ မဟာနိ-ပါ-၂၆၊ မဟာနိ-ဋ္ဌ-၉၃။ ܀ပိဋကတ်လမ်းညွှန်[01/294]܀

ကောင်းမှုရွှေအိုး လူမခိုး ဟူသော ဂါထာ

နိဓိကဏ္ဍသုတ်၊ ခုဒ္ဒက-ပါ-၁၀၊ ခုဒ္ဒက-ဋ္ဌ-၁၈၉၊ ၁၉၀၊ ၁၉၁။ ܀ပိဋကတ်လမ်းညွှန်[01/294]܀

ကောင်းမှုရှိသူ ဘုရားမြင်တော်မူကြောင်း ဂါထာ

ကောင်းမှုရှိသူမှန်က အဝေး၌ပင် နေသော်လည်း ဘုရားရှင်တို့ ဉာဏ်တော်၌ ထင်ပေါ်လာကြောင်း ဥပမာဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၉၃၊ ကောင်းမှုရှိသူ အရေးယူ၍ ကောင်းမှု မရှိက မည်မျှပင်နီးစေကာမူ ဘုရားမသိကြောင်း၊ (မည်သူ့ကိုမျှ အပြစ်တင် ရန်မလို ဟူလို)။ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၈၄၊ ပဏ်-၁-ပါ-၂၂၅။ ။ ဣတိ-ဋ္ဌ-၁၄၅။ ။ မဟာနိ-ပါ-၃၅၆၊ မဟာနိ-ဋ္ဌ-၃၃၉။ ။ နေတ္တိ-ပါ-၁၂။ ။ မဟာနိ-ပါ-၂၈၀၊ မဟာနိ-ဋ္ဌ-၃၆၀။ ။ ဒီဃ-၂-ဋ္ဌ-၆၁။ ܀ပိဋကတ်လမ်းညွှန်[01/293]܀

ကောင်းမှုရောက်က မကောင်းမှု ပျောက်ကြောင်း

အပ-ဋ္ဌ-ပ-အုပ်-၁၇၉။ ။ အပ-ဋ္ဌ-ဒု-အုပ်-၅၁။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကောင်းမှုလိုသူ သံဃာလှူ

ကောင်းမှုလိုသော သူတို့ သံဃာအား လှူရန် တိုက်တွန်းသော ဂါထာ၊ သုတ္တ-ပါ-၃၇၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၇၇။ ။ ဝိမာန-ပါ-၆၂၊ ဝိမာန-ဋ္ဌ-၁၄၁၊ ၁၇၈။ ။ ပဏ်-၃-ပါ-၂၉၉၊ ပဏ်-၃-ဋ္ဌ-၂၂၆။ ။ ပဏ်-၂-ပါ-၃၅၃၊ ပဏ်-၂-ဋ္ဌ-၂၇၈။ ။ ဝိ-၃-ပါ-၃၄၄၊ ဝိ-၃-ဋ္ဌ-၃၈၄။ ။ ဝိ-၁-ပါ-၄၆၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၇၆။ ။ မဟာ-သံ-ပါ-၂၉၈၊ မဟာ-သံ-ဋ္ဌ-၃၀၇။ ။ သံဃာ အခန်း၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/293]܀

ကောင်းသောကျင့်ဝတ်ကို

(၁) ဖြတ်ဆဲ၊
(၂)ဖြတ်ပြီး၊
(၃) ဖြစ်စေဆဲ၊
(၄)ဖြစ်စေပြီး၊ ပုဂ္ဂိုလ် ၄-မျိုး။ ။ ပဏ်-၂-ပါ-၂၇၀၊ ပဏ်-၂-ဋ္ဌ-၂၂၀
(၁)စီရိယလျော့ထားသော သီလဝန္တ၊
(၂)ဒုဿီလ၊
(၃)သေက္ခပုဂ္ဂိုလ်၊
(၄)ခီဏာသဝ၊ အစဉ်အတိုင်း စပ်ယူပါ။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကောင်းသောအရာ၌

ငွေစသည်ဖြင့် ဖျားယောင်း၍ ပြုလုပ်စေပုံ။ ။ (အနာထပိဏ်သေဌေးကြီးက သူ၏သား ကာလကို ငွေပေး၍ ဥပုသ်စောင့်ခိုင်း တရားနာခိုင်းပုံ)၊ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၁၂၃။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကောင်းကျိုးရှိသော တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါ တို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။) (အံ၊၃၊၄၈၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းစွာ ပြောဆိုအပ်သော စကား၏ အင်္ဂါ ၅ ပါး

ကောင်းသောစကား ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမွန်သော အယူ ၃ ပါး

၁။ ဤရုပ်သည် ငါ၏ ဥစ္စာမဟုတ်ဟူသော အယူ၊
၂။ ရုပ်သည် ငါမဟုတ်ဟူသော အယူ၊
၃။ ဤရုပ်သည် ငါ၏အတ္တ မဟုတ်ဟူသော အယူ။ (ပဋိသံ။၁၆၀။) (ပဋိသံ၊မြန်။၂၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှု တိုးပွားစေသော စိတ်ဖြစ်ပေါ်ခြင်း ၃ မျိုး

၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့၌ တပ်မက်စိတ် ကင်းသူ ဖြစ်၍ လောဘမရှိသော စိတ်ဖြင့် နေထိုင်ခြင်း၊
၂။ ဒေါသမရှိသူဖြစ်၍ အမျက်ဒေါသ ကင်းသော စိတ်ဖြင့် နေထိုင်ခြင်း၊
၃။ ညှဉ်းဆဲတတ်သူ မဟုတ်မူ၍ ညှဉ်းဆဲလိုစိတ် ကင်းသဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှု တိုးပွားစေသော စိတ်အကျင့် ၂ မျိုး

၁။ သူတစ်ပါး ပစ္စည်းတို့၌ တပ်မက်စိတ် မရှိခြင်း၊
၂။ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံ မရှိခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှု အဟုန် ၅ မျိုး

၁။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား သင်္ကန်းလှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၂။ အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆွမ်းကို လှူ၍ ထိုရဟန်း သုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၃။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသောရဟန်းအား ကျောင်းကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၄။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆေးကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၅။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ညောင်စောင်းအင်းပျဉ်ကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း။ (အံ၊၂၊၄၅။) (အံ၊မြန်၊၂။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုကို ပြုခြင်းငှာ ကောင်းမှုကို ပြီးစေခြင်းငှာ ပုဏ္ဏားတို့ ပညတ်ကုန်သော တရား ၅ မျိုး

၁။ မှန်ကန်သော စကား တည်းဟူသော တရား၊
၂။ အကျင့် တည်းဟူသော တရား၊
၃။ မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော တရား၊
၄။ မန္တန်ကို သင်ခြင်းတည်းဟူသော တရား၊
၅။ အာမိသကို စွန့်ခြင်း တည်းဟူသော တရား။ (မ၊၂၊၄၁၅။) (မ၊မြန်၊၂။၄၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုကုသိုလ် ဖြစ်ကြောင်း တရား ၃ ပါး

၁။ သဒ္ဓါတရား ထင်ရှားရှိသူ ဖြစ်ခြင်း၊
၂။ လှူဖွယ်ဝတ္ထုပစ္စည်း မျက်မှောက်၌ ထင်ရှားရှိနေခြင်း၊
၃။ မြတ်သော အလှူခံပုဂ္ဂိုလ် မျက်မှောက်၌ ထင်ရှားရှိခြင်း။ (အံ၊၁၊၁၄၈။) (အံ၊မြန်၊၁။၁၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော နှုတ်အကျင့် ၄ မျိုး

၁။ မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၆။) (မ၊မြန်၊၃။၁၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော သညာ ၃ မျိုး

၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား ရယူလိုသော အမှတ်သညာ မရှိသူဖြစ်၍ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရားရယူလိုသော လောဘ ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၂။ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသ မရှိသူဖြစ်၍ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုသော စိတ်ကင်းသူဖြစ်၍ သူတစ်ပါးကို ညှဉ်းဆဲလိုစိတ် ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော အယူ ၁၀ မျိုး

၁။ ပေးလှူခြင်း၏ အကျိုး ရှိ၏ဟူသော အယူ၊
၂။ ယဇ်အလှူကြီး၏ အကျိုး ရှိ၏ဟူသော အယူ၊
၃။ ယဇ်အလှူငယ်၏ အကျိုးရှိ၏ဟူသော အယူ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏ဟူသော အယူ၊
၅။ ဤ ပစ္စုပ္ပန်လောကသည် ရှိ၏ဟူသော အယူ၊
၆။ တမလွန်လောကသည် ရှိ၏ဟူသော အယူ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ ရှိ၏ဟူသော အယူ၊
၁၀။ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့ ရှိကုန်၏ဟူသော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုပြုလုပ်ခြင်း ၆ မျိုး

၁။ သယံကာရံ- မိမိ၏ သဘောအားဖြင့် ပြုအပ်သော ကောင်းမှု၊
၂။ ပရံကရံ- သူတစ်ပါး ကောင်းမှုပြုနေသည်ကို မြင်၍ အတုလိုက်၍ ပြုအပ်သော ကောင်းမှု၊
၃။ သာဟတ္ထိက- မိမိလက်ဖြင့် ပြုအပ်သော ကောင်းမှု၊
၄။ အာဏတ္တိက- စေခိုင်း၍ ပြုစေ အပ်သော ကောင်းမှု၊
၅။ သမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုးကိုလည်းကောင်း ယုံကြည်၍ ပြုအပ်သော ကောင်းမှု၊
၆။ အသမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုး ကိုလည်းကောင်း မသိဘဲ ပြုအပ်သော ကောင်းမှု။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုပွားကြောင်း ၅ ပါး

၁။ အိမ်သို့ ချဉ်းကပ်သော သီလရှိသော ရဟန်းကို မြင်၍ စိတ်ကြည် လင်ခြင်း၊
၂။ ခရီးဦးကြိုဆိုခြင်း ရှိခိုးခြင်း နေရာထိုင်ခင်းပေးခြင်း၊
၃။ ဝန်တိုမှု အညစ်အကြေး ကင်းခြင်း၊
၄။ ဝေဖန်လှူဒါန်းခြင်း၊
၅။ ပြဿနာမေးခြင်း တရားနာခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုမဟုတ်သော အလှူ ၅ မျိုး

ကုသိုလ်မဟုတ်သော အလှူ ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ဝန်တိုမှု မစ္ဆေရ အညစ်အကြေးကင်းသော စိတ်ဖြင့် လွတ်လွတ် စွန့်ကြဲ၍ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်ခြင်း။ (သံ၊၃၊၃၄၂။) (သံ၊၃၊၃၅၀။) (သံ၊မြန်၊၃။၃၄၅။) (သံ၊မြန်၊၃။၃၄၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ အဖြစ်အပျက်ကို သိသော ပညာ, ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၄၂။)(သံ၊၃၊၃၅၁။)(သံ၊မြန်၊၃။၃၄၆။)(သံ၊မြန်၊၃။၃၄၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအဟုန် ၄ မျိုး

၁။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော သင်္ကန်းအလှူ၊
၂။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆွမ်းအလှူ၊
၃။ အတိုင်းအရှည်မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံ စေ၍ နေသော ရဟန်းအား ပေးလှူသော ကျောင်းအလှူ၊
၄။ အတိုင်းအရှည် မရှိသော အရဟတ္တ ဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆေးအလှူ၊ (တစ်နည်း)
မြတ်စွာဘုရား၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၄။ ကျိုးပေါက်ပြောက်ကျားခြင်း မရှိသော အရိယာတို့ နှစ်သက်မြတ်နိုးအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၆၅။) (အံ၊မြန်၊၁။၃၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော စကား ၅ မျိုး

၁။ သဒ္ဓါတရားရှိသော သူအတွက် သဒ္ဓါတရားနှင့် စပ်သော စကားသည် ကောင်း၏၊
၂။ သီလရှိသော သူအတွက် သီလနှင့် စပ်သော စကားသည် ကောင်း၏၊
၃။ အကြား အမြင်များသော သူအတွက် အကြားအမြင်များမှုနှင့် စပ်သော စကားသည် ကောင်း၏၊
၄။ စွန့်ကြဲပေးကမ်းလေ့ရှိသော သူအတွက် စွန့်ကြဲမှုနှင့် စပ်သော စကားသည် ကောင်း၏၊
၅။ ပညာရှိသော သူအတွက် ပညာနှင့်စပ်သော စကားသည် ကောင်း၏။ (အံ၊၂၊၁၆၀။) (အံ၊မြန်၊၂။၂၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော စကား ၅ မျိူး

၁။ အခါကာလ အားလျော်စွာ ပြောဆိုခြင်း၊
၂။ မှန်ကန်သော စကားကို ပြောဆိုခြင်း၊
၃။ သိမ်မွေ့သော စကားကို ပြောဆိုခြင်း၊
၄။ အကျိုးစီးပွားနှင့် စပ်သော စကားကို ပြောဆိုခြင်း၊
၅။ မေတ္တာစိတ်ဖြင့် ပြောဆိုခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော စကား၏ အင်္ဂါ ၄ ပါး

၁။ ကောင်းသော စကားကိုသာ ပြောဆို၍ မကောင်းသော စကားကို မပြောဆိုခြင်း၊
၂။ တရားစကားကိုသာ ပြောဆို၍ တရားမဟုတ်သော စကားကို မပြောခြင်း၊
၃။ ချစ်ဖွယ်သော စကားကိုသာ ပြောဆို၍ မုန်းဖွယ်စကားကို မပြောဆိုခြင်း၊
၄။ မှန်သော စကားကိုသာ ပြောဆို၍ မှားသောစကားကို မပြောဆိုခြင်း။ (သုတ္တနိ၊၃၄၄။) (သုတ္တနိ၊မြန်။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော တရား ၁၀ ပါး

ကောင်းကျိုးရှိသော တရား ၁၀ ပါး နှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော အဇ္ဈာသယ ၆ ပါး

၁။ အလောဘဇ္ဈာသယ- မလိုချင်သော စိတ်အလိုဆန္ဒ၊
၂။ အဒေါသဇ္ဈာသယ- မပြစ်မှားသော စိတ်အလိုဆန္ဒ၊
၃။ အမောဟဇ္ဈာသယ- မတွေဝေသော စိတ်အလိုဆန္ဒ၊
၄။ နေက္ခမ္မဇ္ဈာသယ- ကိလေသာကာမမှ ထွက်မြောက်လိုသော စိတ်အလိုဆန္ဒ၊
၅။ ပဝိဝေကဇ္ဈာသယ- အပေါင်းအဖော်မှ ကင်းဆိတ်လိုသော စိတ်ဆန္ဒ၊
၆။ နိဿရဏဇ္ဈာသယ- သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုသော အလိုဆန္ဒ။ (ဝိသုဒ္ဓိ၊၁၊၁၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော အရာဝတ္ထု ၄ မျိုး

၁။ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေကုန်သော သူတို့၏ မပျင်းမရိဘဲ ကျွမ်းကျင်ခြင်းသည် ကောင်း၏၊
၂။ တရားစောင့်ကုန်သော ရဟန်း, ပုဏ္ဏားတို့နှင့် ဝေဖန်ခွဲခြမ်း၍ သုံးဆောင်ခြင်းသည် ကောင်း၏၊
၃။ စည်းစိမ်ဥစ္စာတို့ကို ရရှိလာသောအခါ မမေ့မလျော့ခြင်း၏အစွမ်းဖြင့် မပေါ်လွင် မရွှင်လန်းခြင်းသည် ကောင်း၏၊
၄။ အကျိုးစီးပွား ပျက်စီးသောအခါ ပင်ပန်းမှုမရှိခြင်းသည် ကောင်း၏။ (ဇာတက၊၁၊၁၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းသော အားထုတ်ခြင်း ၄ မျိုး

သမ္မပ္ပဓာန် ၄ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင် သရုပ်စုံ

ကောင်းကင်၌ တည်သော ဥဒေါင်းငှက်၏ ဌာန အပိုင်းအခြား ၆ မျိုး

၁။ ဒေါင်း၏ ရှေ့နှုတ်သီးဖျား တစ်ဌာန၊
၂။ နောက် အမြီးဖျား တစ်ဌာန၊ ၃၊
၄။ နံပါးနှစ်ဖက်ရှိ အတောင် နှစ်ဖက်တို့၏ အစွန်အဖျား နှစ်ဌာန၊
၅။ အောက်ဖက်၌ ခြေသည်းဖျား တစ်ဌာန၊
၆။ အထက်၌ အမောက်အဖျား တစ်ဌာန။ (ဝိ၊ဋ္ဌ၊၁၊၂၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၌ တိုက်ခတ်သော လေ ၁၀ မျိုး

၁။ အရှေ့လေ၊
၂။ အနောက်လေ၊
၃။ မြောက်လေ၊
၄။ တောင်လေ၊
၅။ မြူပါသော လေ၊
၆။ မြူမပါသော လေ၊
၇။ လေအေး၊
၈။ လေပူ၊
၉။ လေညင်း၊
၁၀။ လေပြင်း။ (သံ၊၃၊၄၆။) (သံ၊မြန်၊၃။၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၏ ဂုဏ် ၁၀ ပါး

၁။ ပဋိသန္ဓေ မနေရခြင်း၊
၂။ မအိုရခြင်း၊
၃။ မသေရခြင်း၊
၄။ မစုတေရခြင်း၊
၅။ မဖြစ်ပေါ်ရခြင်း၊
၆။ ညှဉ်းဆဲ ပုတ်ခတ်နိုင်ရန် ခဲယဉ်းခြင်း၊
၇။ ခိုးသူတို့ မယူဆောင်နိုင်ခြင်း၊
၈။ တစ်စုံတစ်ရာ အမှီမရှိခြင်း၊
၉။ ငှက်အပေါင်းတို့ ပျံတက် သွားရောက်ရာ ဖြစ်ခြင်း၊
၁၀။ အပိတ်အပင်မရှိ, အဆုံးအပိုင်းအခြား မရှိခြင်း။ (မိလိန္ဒ၊၃၀၇။) (မိလိန္ဒ၊မြန်။၃၂၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၏ အင်္ဂါ ၅ ပါး

၁။ ကောင်းကင်သည် ခပ်သိမ်းသောအားဖြင့် မကိုင်တွယ် မဆုပ်ဖမ်း နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ခပ်သိမ်းသောအားဖြင့် ကိလေသာတို့က မကိုင်တွယ် မဆုပ်ဖမ်းနိုင်အောင် ကျင့်ရခြင်း)၊
၂။ ကောင်းကင်သည် ဘုရား ရဟန္တာ ဈာန်ရရသေ့ နတ် ဗြဟ္မာနှင့် ငှက်သတ္တဝါအပေါင်းတို့ လှည့်လည် သွားလာရာဖြစ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟူသော သင်္ခါရတရားတို့၌ စိတ်ကို လှည့်လည်သွားလာစေ ရခြင်း)၊
၃။ ကောင်းကင်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ဘုံဘဝပဋိသန္ဓေတို့၌ စိတ်ကို ထိတ်လန့် တုန်လှုပ်စေခြင်း)၊
၄။ ကောင်းကင်သည် အပိုင်းအခြားမရှိ, အတိုင်းမရှိဘဲ မရေမတွက်နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဆုံး အပိုင်းအခြားမရှိသော သီလရှိသူ, မနှိုင်းယှဉ်အပ်သော ဉာဏ်ရှိသူ ဖြစ်ခြင်း)၊
၅။ ကောင်းကင်သည် ငြိကပ်မှုမရှိ တွယ်တာမှုမရှိ တည်ရာမရှိ အမြှေးအယှက် မရှိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမျိုးဒါယကာ ဂိုဏ်းဂဏ လာဘ်လာဘ ပစ္စည်း ပစ္စယပလိဗောဓ၌ လည်းကောင်း၊ အလုံးစုံသော ကိလေသာတို့၌လည်းကောင်း အတွယ် အတာမရှိ, တည်ရာမရှိ, အမြှေးအယှက် မရှိသည်ဖြစ်၍ နေရခြင်း)။ (မိလိန္ဒ၊၃၇၀။) (မိလိန္ဒ၊မြန်။၃၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်သို့ ပျံတက်နိုင်သော ဥဗ္ဗေဂါပီတိဝတ္ထု

ဝိသုဒ္ဓိ-ပ-အုပ်-၁၃၉။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကောင်းကင်သို့ သွားနိုင်ရန် နည်းလမ်းများ

ဝိသုဒ္ဓိ-ဒု-အုပ်-၂၅။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကောင်းကင်သို့ပျံတက်သော ဒွါရာဝတီမြို့

ဇာတက-ဋ္ဌ-စ-အုပ်-၈၃။ ܀ပိဋကတ်လမ်းညွှန်[01/339]܀

ကော စသည်

ကောကနဒန္တိ ပဒုမံ ဝုစ္စတိ

ဝိ-၂-ပါ-၂၆၀၊ ဝိ-၂-ဋ္ဌ-၁၆၇။ ܀ပိဋကတ်လမ်းညွှန်[01/345]܀

ကောကနုဒသုတ္တ

အံ-၁၀-ပါ-၄၁၅၊ အံ-၁၀-ဋ္ဌ-၃၃၁၊ ၎င်းပရိဗ္ဗိုဇ်က အသျှင်အာနန္ဒာထေရ်နှင့် သဿတော လောကော၊ အသဿတော လောကော စသည်ဖြင့် ဆွေးနွေးခန်း။ ။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောကသုနခ လုဒ္ဒကဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၀၊ မုဆိုးက ရဟန်းကို ခွေးကိုက် စေရာ သူ့ခွေ များက သူ့ကိုပြန်၍ ကိုက်သတ်ပုံ၊ (သူများမကောင်းကြံ ကိုယ် ဘေးရန်ထိ)။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကောကာလိကသုတ္တ

သဂါထာ-သံ-ပါ-၁၅၂။ သဂါထာ-သံ-ဋ္ဌ-၁၉၈၊ ၎င်းမထေရ် ခံရသော ပဒုမငရဲသက်ကို ရေတွက်ပြပုံ။ ။ အံ-၁၀-ပါ-၃၉၃၊ အံ-၁၀-ဋ္ဌ-၃၂၆၊ အသျှင်သာရိပုတ္တရာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့အား ပါပိစ္ဆာ (ယုတ်မာသော အလိုရမ္မက်ရှိသူများ)ဟု စွပ်စွဲသောကြောင့် အနာကြီးရောဂါစွဲကပ်ပြီး သေသောအခါ အဝီစိငရဲတွင် အပါအဝင်ဖြစ်သော ပဒုမငရဲ၌ ခံရကြောင်း ဟောထား၏၊ အပြစ်ပြဂါထာများ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၆၃၊ နှုတ်မစောင့် စည်း၍ ပျက်စီးကြောင်းဂါထာ။ ။ သုတ္တ-ပါ-၃၇၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၉၄။ ။ တုရူဗြဟ္မာသုတ်၊ သဂါထာ-သံ-ပါ-၁၅၇၊ သဂါထာ-သံ-ဋ္ဌ-၁၉၇။ ။ တက္ကာရိယဇာတက-ပါ-ပ-အုပ်-၂၆၈၊ ဇာတက-ဋ္ဌ-စ-အုပ်-၂၄၃။ ܀ပိဋကတ်လမ်းညွှန်[01/283]܀

ကောကိလဇာတက

ဇာတက-ပါ-ပ-အုပ်-၁၀၉၊ ဇာတက-ဋ္ဌ-တ-အုပ်-၉၄၊ ဥဩဥကို ကျီးကန်းမ, က စေောင့်ရှောက်ပေးရပုံ အကြောင်း၊ စကားများလွန်း၍ ပျက်စီရပုံ။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောဋ္ဌာသ ၃၂ ပါး

၁။ ကေသာ- ဆံပင်၊
၂။ လောမာ- မွေးညှင်း၊
၃။ နခါ- ခြေသည်း, လက်သည်း၊
၄။ ဒန္တာ- သွား၊
၅။ တစော- အရေထူ အရေပါး၊
၆။ မံသံ- အသား၊
၇။ နှာရု-အကြော၊
၈။ အဋ္ဌိ- အရိုး၊
၉။ အဋ္ဌိမိဉ္ဇံ- ရိုးတွင်းခြင်ဆီ၊
၁၀။ ဝက္ကံ- အညှို့၊
၁၁။ ဟဒယံ-နှလုံး၊
၁၂။ ယကနံ- အသည်း၊
၁၃။ ကိလောမကံ- အမြှေး၊
၁၄။ ပိဟကံ- အဖျဉ်း၊
၁၅။ ပပ္ဖါသံ-အဆုတ်၊
၁၆။ အန္တံ- အူမ၊
၁၇။ အန္တဂုဏံ- အူသိမ်၊
၁၈။ ဥဒရိယံ- အစာသစ်၊
၁၉။ ကရိသံ- အစာဟောင်း၊
၂၀။ မတ္ထလုင်္ကံ- ဦးနှောက်၊
၂၁။ ပိတ္တံ- သည်းခြေ၊
၂၂။ သေမှံ- သလိပ်၊
၂၃။ ပုဗ္ဗော- ပြည်၊
၂၄။ လောဟိတံ- သွေး၊
၂၅။ သေဒေါ- ချွေး၊
၂၆။ မေဒေါ- အဆီခဲ၊
၂၇။ အဿု-မျက်ရည်၊
၂၈။ ဝသာ- ဆီကြည်၊
၂၉။ ခေဠော- တံတွေး၊
၃၀။ သိင်္ဃာဏိကာ- နှပ် နှာရည်၊
၃၁။ လသိကာ- အစေး၊
၃၂။ မုတ္တံ- ကျင်ငယ်။ (ခုဒ္ဒက၊။) (ခုဒ္ဒက၊မြန်။၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ်အားဖြင့် ပိုင်းခြားရမည့် အခြင်းအရာ ၅ ပါး

၁။ အဆင်း၊
၂။ သဏ္ဌာန်၊
၃။ အနံ့၊
၄။ အကြောင်း အာသယ၊
၅။ တည်ရာ ဩကာသ။ (ဝိသုဒ္ဓိ၊၁၊၂၄၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောလာဟလ ၃ မျိုး

၁။ ကပ္ပကောလာဟလ- အနှစ်တစ်သိန်းကျော်လျှင် ကမ္ဘာပျက်လိမ့်မည်ဟု အုတ်အုတ်ကျက်ကျက်ပြောဆိုသော ကောလာဟလ၊
၂။ ဗုဒ္ဓကောလာဟလ- အနှစ် တစ်ထောင် ကျော်လျှင် ဘုရားပွင့်လိမ့်မည်ဟု အုတ်အုတ်ကျက်ကျက်ပြောဆိုသော ကောလာဟလ၊
၃။ စက္ကဝတ္တိကောလာဟလ- အနှစ်တစ်ရာကျော်လျှင် စကြာဝတေးမင်း ပေါ်လိမ့်မည်ဟု အုတ်အုတ်ကျက်ကျက် ပြောဆိုသော ကောလာဟလ။ (သံ၊ဋ္ဌ၊၁၊၁၂၀။) (အပ၊ဋ္ဌ၊၁၊၅၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၇။) (ဇာ၊ဋ္ဌ၊၁၊၅၆။) (အံ၊ဋီ၊၃၊၁၈၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောလာဟလ ၅ မျိုး

၁။ ကပ္ပကောလာဟလ- ကမ္ဘာပျက်မည့်အကြောင်း နှစ်ပေါင်းတစ်သိန်း ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၂။ စက္ကဝတ္တိကောလာဟလ- စကြာမင်းလောင်း ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ရာ ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၃။ ဗုဒ္ဓကောလာဟလ- သဗ္ဗညုဘုရားရှင် ပွင့်ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ထောင် ကြိုတင် ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၄။ မင်္ဂလကောလာဟလ- ဘုရားရှင် မင်္ဂလာတရား ဟောကြားမည့်အကြောင်း တစ်ဆယ့်နှစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၅။ မောနေယျကောလာဟလ- ရဟန်းတစ်ပါးက ဘုရားရှင်အား မောနေယျအကျင့် အကြောင်းကို မေးမြန်းလျှောက်ထားလိမ့်မည်ဟု ခုနစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ။ (ခုဒ္ဒက၊ဋ္ဌ၊၁၀၁။) (သုတ္တနိ၊ဋ္ဌ၊၂၊။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောသ ၄ ပါး

စစ်အင်္ဂါ ၄ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောဋသိမ္ဗလိဇာတက

ဇာတက-ပါ-ပ-အုပ်-၁၇၀၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၇၅၊ ညောင်စေ့ကျမည်ကို ကြောက် လှသော ရုက္ခဇိုဝ်းနတ်။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောဋိဂါမသုတ္တ

မဟာ-သံ-ပါ-၃၇၇၊ မဟာ-သံ-ဋ္ဌ-၃၂၉၊ (ပ-ဒု) သစ္စာလေးပါးကို မသိခြင်းကြောင့် သံသရာကျင်လည်ကြရကြောင်း၊ မှတ်သားဖွယ် ဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/308]܀

ကောဋိပညာယနပဥှ

မိလိန္ဒ-ပါ-၅၂၊ ရှေ့အစွန်းသည် အဘယ်နည်းဟုမေး၍ အတိတ် အစွန်းဟု ဖြေထားပုံ။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကောဋုမ္ဗရိယတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၂၁၄၊ ကောဋုမ္ဗရတိုင်း၌ ဖြစ်သောအဝတ်နှင့် ပန်းလှူရကျိုး၊ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကောဋ္ဌာဂါရ ၃-မျိုး

(ကျီ-ကြ)၊ မဟာနိ-ဋ္ဌ-၁၂၊ မဟာနိ-ပါ-၊ (ဓန, ဓည,ဝတ္ထု)။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကောဋ္ဌာသ

(ဒွတ္တိံသာကာရ) ဝဏ္ဏနာ။ ။ ခုဒ္ဒက-ပါ-၊ ခုဒ္ဒက-ဋ္ဌ-၂၇-မှ ၆၂အထိ၊ အားထုတ်ပုံကို ကျနစွာ အကျယ်ပြဆိုထား၏၊ ဋ္ဌ-၌ ဂါထာများ ပါ၏။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၄၁-၂၅၄ အထိ၊ (၃၂-ကောဋ္ဌာသ) ၎င်းကို စ၍ အားထုတ်ရာ၌ ပိဋကသုံးပုံဆောင်သည်ပင်ဖြစ်စေကာမူ အစဦး၌ နှုတ်ဖြင့် သရဇ္ဈာယ်ရဦးမည်ဟု မိန့်ဆိုထားပုံ၊ ၂၃၃။ ။ အဘိ-၂-ဋ္ဌ-၂၁၄။ ။ ၎င်းကို ဓာတ်အားဖြင့် ဝေဖန်ပြခန်း၊ ဝိသုဒ္ဓိ-ပ-အုပ်-၃၄၈။ ။ ဓာတ်အားဖြင့် နှလုံးသွင်းပုံ၊ အဘိ-၂-ပါ-၈၄၊ အဘိ-၂-ဋ္ဌ-၅၂၊ ၅၃။ ။ ပဋိကူလအားဖြင့် နှလုံးသွင်းပုံ၊ အဘိ-၂-ပါ-၂၀၀၊ အဘိ-၂-ဋ္ဌ-၂၂၁။ ။ ပဋိသံ-ပါ-၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၇၅။ ။ အံ-၁၀-ပါ-၃၄၃။ ။ ပဏ်-၁-ပါ-၇၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၇၅။ ။ ၎င်းကောဋ္ဌာသကို ဘုရားရှင်တိုင်း အမြဲဟောတော်မူကြကြောင်း၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၃၅။ ܀ပိဋကတ်လမ်းညွှန်[01/284]܀

ကောဋ္ဌိကသုတ္တ

ခန္ဓ-သံ-ပါ-၁၄၃၊ ခန္ဓ-သံ-ဋ္ဌ-၃၀၆၊ ခန္ဓာ ၅-ပါး၌ အဿာဒ အာဒီ နဝ နိဿရဏသုံးပါးကို အဿုတဝါပုဂ္ဂိုလ်ကို မသိ၊ သုတဝါပုဂ္ဂိုလ်တို့ သိကြကြောင်း။ ။ သဠာ-သံ-ပါ-၃၇၂၊ သဠာ-သံ-ဋ္ဌ-၅၀၊ စက္ခုနှင့် ရူပါရုံပေါင်းဆုံမိသောအခါ ဆန္ဒရာဂဖြစ်၏၊ ထိုဆန္ဒရာဂသည်ပင် ထိုရူပါရုံ စက္ခုပသာဒ၌ သံယောဇဉ်ဖြစ် ၏ဟု ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/308]܀

ကောဋ္ဌိကသုတ္တ

အံ-၉-ပါ-၁၈၇၊ အံ-၉-ဋ္ဌ-၂၆၅၊ သစ္စာလေးပါးကိုသိရန် သာသနာတော်၌ ကျင့်ကြကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကောတ္ထူတိ သိင်္ဂါလော၊

သောဏောတိပိဝဒန္တိ။ ။ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၃၁၅၊ ပဏ်-၁-ပါ-၄၁၀။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကောမာရပုတ္တဇာတက

ဇာတက-ပါ-ပ-အုပ်-၉၁၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၄၀၄၊ ပျော်မြူးကြ စကားများကြသော ရဟန်းတို့ကို အကြောင်းပြု ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောရကဏ္ဍပုပ္ဖိယတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၂၃၁၊ လိပ်ဆူးငယ်ပွင့် လှူရကျိုး။ ။ အပ-ပါ-ဒု-အုပ်--၇၅။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကောရဏ္ဍိယဇာတက

ဇာတက-ပါ-ပ-အုပ်-၁၂၄၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၅၈၊ တံငါ မုဆိုးတို့ကို မြင်တိုင်း သီလပေးလေ့ရှိသော အသျှင်သာရိပုတ္တရာထေရ်ကို အကြောင်းပြု ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောလဒါယကတ္ထေရအပဒါန

အပ-ပါ-ဒု-အုပ်-၂၄၊ တောဆီးသီးလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကောလာဟလ ၅-မျိုး

ခုဒ္ဒက-ဋ္ဌ-၁၀၁။ ။ သုတ္တ-ဋ္ဌ-ဒု-အုပ်-၊ အကျယ်ပြ၊ မဖြစ်မီက ကြိုတင်ကြွေးကြော်ထားသောအရာ ၅-မျိုး။
(၁) ကပ္ပကောလာဟလ... ကမ္ဘာမပျက်မီ နှစ်ပေါင်းတသိန်းက ကမ္ဘာပျက်မည့်အကြောင်း ကြွေးကြော်ထားခြင်း။
(၂) စက္ကဝတ္တိကောလာဟလ... စကြာဝတေးမင်း မဖြစ်မီ နှစ်ပေါင်းတရာက
(၃) ဗုဒ္ဓကောလာဟလ ... ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်က။
(၄) မင်္ဂလကောလာဟလ... မင်္ဂလာတရားမဟောမီ နှစ်ပေါင်း ၁၂-နှစ်က။
(၅) မောနေယျကောလာဟလ... မောနေယျအကျင့်ကို ကျင့်သောပုဂ္ဂိုလ် မပေါ်မီ (၇) နှစ်က ကြိုတင်ကြွေးကြော်ထားခြင်း။ ၃-မျိုး၊ (ကပ္ပ၊ ဗုဒ္ဓ၊ စက္ကဝတ္တိ) အပ-ဋ္ဌ-ပ-အုပ်-၅၈။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၅၆။ ။ ဗုဒ္ဓ-ဋ္ဌ-၃၁၇။ သဂါထာ-သံ-ဋ္ဌ-၁၂၀။ ܀ပိဋကတ်လမ်းညွှန်[01/286]܀

ကောလိကသုတ္တ

သဂါထာ-သံ-ပါ-၁၅၀၊ သဂါထာ-သံ-ဋ္ဌ-၁၉၆၊ ရဟန္တာတို့၏ ဂုဏ်ကို ပုထုဇဉ်တို့ ကုန်စင်အောင် မသိနိုင်ကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/308]܀

ကောလိယပြည်ခေါ်တွင်ရပုံ ဖွင့်ပြခန်း

သုတ္တ-ဋ္ဌ-ဒု-အုပ်-၈၈။ ။ ဒီဃ-၁-ဋ္ဌ-၂၃၃၊ ၂၃၄၊ (ကောလပြည်ဟု ရှိ၏) သာကီဝင်တို့၏ ရာဇဝင်တိုင်း၌ ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/286]܀

ကောသမ္ဗဖလိယတ္ထေရအပဒါန

အပ-ပါ-ဒု-အုပ်-၉၄၊ ကြို့ သီးလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကောသလ္လဉာဏ် ၃-မျိုး

(အာယကောသလ္လဉာဏ်၊ အပါယကောသလ္လဉာဏ်၊ ဥပါယကောသလ္လဉာဏ်)။ ။ ဒီဃ-၃-ပါ-၁၈၄၊ ဒီဃ-၃-ဋ္ဌ-၁၈၇။ ။ အဘိ-၂-ပါ-၃၃၈၊ အဘိ-၂-ဋ္ဌ-၃၉၆၊ ၃၉၇။ ။ ဝိသုဒ္ဓိ-ဒု-အုပ်-၆၉။ ܀ပိဋကတ်လမ်းညွှန်[01/288]܀

ကောသိယဇာတက

ဇာတက-ပါ-ပ-အုပ်-၃၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၈၈၊ လင်ငယ်နေသော မိန်းမ နွားကျင်ငယ်ဆေး တိုက်ကျွေးမှ မနေဝံ့တော့ကြောင်း။ ။ ဇာတက-ပါ-ပ-အုပ်-၆၁၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၉၀၊ အချိန်မဟုတ်သည်၌ ထွက်၍ ကျက်စားသော ခင်ပုပ်ငှက် ပျက်စီးရပုံ။ ။ ဇာတက-ပါ-ပ-အုပ်-၂၄၉၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၈၇၊ ညွှန်ပြထားရုံသာ။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကောသိယတ္ထေရဂါထာ

ထေရ-ပါ-၂၈၀၊ ထေရ-ဋ္ဌ-ဒု-အုပ်-၇၃၊ ကြံပိုင်းလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကောသော ဝုစ္စတိဘဏ္ဍာဂါရံဟု ဖွင့်ပြပုံ

(ကောသလေးမျိုး၊ ကောဋ္ဌာဂါရသုံးမျိုး) ဒီဃ-၁-ဋ္ဌ-၂၆၄၊ ဒီဃ-၁-ပါ-၁၂၇။ ܀ပိဋကတ်လမ်းညွှန်[01/342]܀

ကောသောဟိတဝတ္ထဂုယှလက္ခဏဝဏ္ဏနာ

ဒီဃ-၃-ပါ-၁၁၊ ဒီဃ-၃-ဋ္ဌ-၁၁၇၊ ဆွေမျိုး သားချင်းတို့ကို တွေ့ဆုံပေးခြင်း၊ ၎င်းတို့၏ အပြစ်ကို ဖုံးကွယ် ပေးခြင်းတို့ကြောင့် အအိမ်ဖြင့် ဖုံးထားအပ်သော ယောက်ျားမြတ် အင်္ဂါလက္ခဏာတော် ရပုံကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/342]܀

ကောက်ကျစ် သရုပ်စုံ

ကောက်ကျစ်လိမ်လည်ခြင်း ၃ မျိုး

၁။ ဥက္ကောဋနသာစိယောဂ- တံစိုးလက်ဆောင်ယူခြင်း ဟူသော ကောက်ကျစ်လိမ်လည်ခြင်း၊
၂။ ဝဉ္စနသာစိယောဂ- အတုအယောင်တို့ဖြင့် လှည့်ပတ်ခြင်း ဟူသော ကောက်ကျစ်လိမ်လည်ခြင်း၊
၃။ နိကတိသာစိယောဂ- အတုဖြစ်သောဝတ္ထုဖြင့် လှည့်ပတ်ခြင်း ဟူသော ကောက်ကျစ်လိမ်လည်ခြင်း။ (အံ၊ဋ္ဌ၊၂၊၃၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောက်ကျစ်စဉ်းလဲမှုကင်းသော

ပုဂ္ဂိုလ်ကို ဘုရားရှင်က မဂ်ဖိုလ်ရအောင် ဆုံးမနိုင်ကြောင်း၊ ကောက်ကျစ်စဉ်းလဲသူကိုကား မဆုံးမနိုင်ကြောင်း ဟောထားတော်မူပုံ။ ။ ဒီဃ-၃-ပါ-၄၅၊ ဒီဃ-၃-ဋ္ဌ-၂၆။ ܀ပိဋကတ်လမ်းညွှန်[01/342]܀

ကောက်ကျစ်စဉ်းလဲမှုများကို ပြဆိုခန်း

ဥက္ကာဋနအခန်း။ ကူဋ ၃-မျိုး အခန်း၌ ကြည့်ရှုပါ။ ܀ပိဋကတ်လမ်းညွှန်[01/293]܀

ကေ စသည်

ကေဏိယဇဋိလဝတ္ထု

ဝိ-၃-ပါ-၃၄၂၊ ဝိ-၃-ဋ္ဌ-၃၈၂၊ ဖျော်ရည် ၈-မျိုးကို ခွင့်ပြုတော်မူခန်း။ ။ ပဏ်-၂-ပါ-၃၄၇၊ ဝိ-၂-ဋ္ဌ-၂၇၃။ ။ သုတ္တ-ပါ-၃၆၃၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၁၆၀၊ တို့၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/345]܀

ကေတကပုပ္ဖိယတ္ထေရအပဒါန

အပ-ပါ-ဒု-အုပ်-၉၄၊ ဆတ်သွားလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကေတဗိနောတိ သိက္ခိတကေရာဋိကာ၊

နိပ္ဖန္နထာမဂတ သာဌေယျာတိ ဝုတ္တံ ဟောတိ။ ။ ပဏ်-၁-ပါ-၃၈၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၅၆။ ܀ပိဋကတ်လမ်းညွှန်[01/302]܀

ကေတုမတီပုဒ်ဝိဂ္ဂဟ

အပ-ဋ္ဌ-ဒု-အုပ်-၂၀၇၊ အပ-ပါ-ပ-အုပ်-၄၁၅။ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကေပုကံ ဝုစ္စတိ ဥဒကံ

ဇာတက-ဋ္ဌ-ဆ-အုပ်-၅၂။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကေလာယန ၂-မျိုး

(ချစ်ခင်မြတ်နိုးခြင်း သတ္တ၊ သင်္ခါရ) အံ-၁-ဋ္ဌ-၄၀၂၊ ချစ်သားမွေးခဏ်း၌ ပြည့်စုံစွာ ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/313]܀

ကေဝဋ္ဋသုတ္တ

ဒီဃ-၁-ပါ-၂၀၅၊ ဒီဃ-၁-ဋ္ဌ-၃၂၁၊ အမြဲတမ်းတန်ခိုးပြာဋိဟာ ပြနေတော်မူရန် ၎င်းသူကြွယ်က တောင်းပန်ရာ ဘုရားရှင်က အပြစ်ပြ၍ ငြင်းပယ်တော်မူခန်း။ ܀ပိဋကတ်လမ်းညွှန်[01/341]܀

ကေဝလသဒ္ဒါ ဟောနိုင်သော အနက်များ

ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၃၁။ ။ သဂါထာ-သံ-ဋ္ဌ-၁၄။ ။ အံ-၃-ပါ-၂၈၂၊ အံ-၃-ဋ္ဌ-၂၃၉။ ။ ခုဒ္ဒက-ပါ--ဋ္ဌ-၉၇။ ။ သုတ္တ-ပါ-၃၁၈၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-။ ။ ဒီဃ-၃-ပါ-၁၅၈၊ ဒီဃ-၃-ဋ္ဌ-၁၄၃။ ။ ကေဝလသဒ္ဒါ အနဝသေသ ယေဘုယျ အာမိဿာ နတိ ရေက ဒဠှတ္ထ သံယောဂါဒိ အနေကတ္ထော။ ܀ပိဋကတ်လမ်းညွှန်[01/282]܀

ကေသကမ္ဗလသုတ္တ

အံ-၃-ပါ-၂၉၀၊ အံ-၃-ဋ္ဌ-၂၄၂၊ မက္ခလိဂေါသာလ၏ အယူဝါဒကို ကဲ့ရဲ့တော်မူခန်း။ ܀ပိဋကတ်လမ်းညွှန်[01/313]܀

ကေသကာရီဝိမာနဝတ္ထု

ဝိမာန-ပါ-၂၀၊ ဝိမာန-ဋ္ဌ-၇၈၊ တဆင့်ကြားဖြင့် သရဏဂုံတည်ပြီး သောတာပန်ဖြစ်သော အမျိုးသမီးကလေး။ ܀ပိဋကတ်လမ်းညွှန်[01/320]܀

ကေသဇာတက

ဇာတက-ပါ-ပ-အုပ်-၁၁၆၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၃၀၊ မြိန်ရာ ဟင်းကောင်း ဟူသော စကားပုံ အကြောင်း အကျယ်၊ ချစ်သူထံမှာ၊ စားရပါ။ ရသာကောင်းလှဘိ။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကေသမုတ္တိသုတ္တ

အံ-၃-ပါ-၁၈၉၊ အံ-၃-ဋ္ဌ-၁၈၁၊ (ကာလာမသုတ်ဟုလည်း ခေါ်ကြ၏) အချက် ၁၀-ချက်တွင် တချက်ချက်နှင့် ကိုက်ညီတိုင်းလည်း မယုံ ကြည်ကြဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ကုသလဓမ္မ အကုသလဓမ္မတို့ကို ဝေဖန်ပြီးမှသာ ယုံကြည်ကြရန် ဟော၏၊ အရိယာတို့သက်သာရာရကြောင်း ၄-မျိုးကိုလည်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/313]܀

ကေသရပုပ္ဖိယတ္ထေရအပဒါန

အပ-ပါ-ပ-အုပ်-၃၃၁၊ ပုန်းညက်ပွင့် ဂန့်ဂေါ်ပွင့်လှူရကျိုး၊ ܀ပိဋကတ်လမ်းညွှန်[01/328]܀

ကေသိသုတ္တ

အံ-၄-ပါ-၄၂၇၊ အံ-၄-ဋ္ဌ-၃၂၈၊ ကေသိမြင်းထိန်းသည် အကြမ်း၊ အနု၊ ၂-မျိုးစုံ ပေါင်းသုံးမျိုးဖြင့် ဆုံးမ၍ မရသောမြင်းကို သတ်ပစ်သကဲ့သို့ ငါဘုရားရှင်လည်း သတ္တဝါတို့ကို ဆုံးမရာ၌ ဤသုံးမျိုးဖြင့် ဆုံးမ၍ မရသော သတ္တဝါကို (မဆုံးမတော့ဘဲ) သတ်ပစ်သည်ဟု မိန့်ကြားတော်မူပုံ။ ܀ပိဋကတ်လမ်းညွှန်[01/313]܀

ကေဠိသီလဇာတက

ဇာတက-ပါ-ပ-အုပ်-၅၃၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၂၉၊ လကုဏ္ဍက ဘဒ္ဒိယထေရ်ဝတ္ထု၊ ကြီးသူ အိုသူများကို ကစားခဲ့ဘူးသောကြောင့် ဝဋ်ခံနေရပုံ ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/337]܀

ကေလာယန ၂ မျိုး

၁။ သတ္တ ကေလာယန- ပုဂ္ဂိုလ်သတ္တဝါတို့၌ မြတ်နိုးတွယ်တာခြင်း၊
၂။ သင်္ခါရ ကေလာယန- သပိတ် သင်္ကန်း စသော ပစ္စည်းဝတ္ထုတို့၌ မြတ်နိုးတွယ်တာခြင်း။ (အံ၊ဋ္ဌ၊၁၊၄၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်