ကုသိုလ် ၂-မျိုး
(ဝဋ္ဋဂါမိကုသိုလ်၊ ဝိဝဋ္ဋဂါမိကုသိုလ်) နိဒါန-သံ-ဋ္ဌ-၁၈။ နိဒါန-သံ-ပါ-၂၄၆။ ။ ဣတိ-ဋ္ဌ-၃၀၆၊ ဣတိ-ပါ-၂၆၄။ ။ ဒီဃ-၃-ဋ္ဌ-၃၂၊ ဒီဃ-၃-ပါ-၄၇။ ܀ပိဋကတ်လမ်းညွှန်[01/280]܀ကုသိုလ် အကုသိုလ် ကိုယ် နောက်သို့ လိုက်ပါကြောင်း ဂါထာ
ဝိမာန-ဋ္ဌ-၆၇-အညွှန်း။ ။ မူရင်းမှာ သဂါထာ-သံ-ပါ-၇၂။ ܀ပိဋကတ်လမ်းညွှန်[01/320]܀ကုသိုလ် အကုသိုလ်တို့ မည်သည့်နေရာ၌ တည်ကြောင်းမေး၍ ဖြေရှင်းပြခန်း
မိလိန္ဒ-ပါ-၇၆။ ܀ပိဋကတ်လမ်းညွှန်[01/323]܀ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ ဘုံဌာနကို ပြဆိုခန်း
ဝိသုဒ္ဓိ-ဒု-အုပ်-၈၇၊ ܀ပိဋကတ်လမ်းညွှန်[01/325]܀ကုသိုလ် အကုသိုလ်တို့မှာ
သဘောမတူ ကြကြောင်းနှင့် ဆိုင်ရာ ဆိုင်ရာသို့ ပို့ ကြောင်းဂါထာ။ ။ ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၁၄။ ܀ပိဋကတ်လမ်းညွှန်[01/316]܀ကုသိုလ် အကုသိုလ်နှစ်ပါးတွင် ကုသိုလ်ကသာ နေ့ရက်ရှည်စွာ များလာကြောင်း ဖြေရှင်းပြခန်း
မိလိန္ဒ-ပါ-၉၀။ ܀ပိဋကတ်လမ်းညွှန်[01/323]܀ကုသိုလ်ကံတခုကို ပြုကြရာ၌ အတူပြုသူတို့
အသီးအသီး လားရာဂတိကို ဘုရားရှင် သိမြင်တော်မူကြောင်း။ ။ နေတ္တိ-ပါ-၈ဝ၊ နေတ္တိ-ဋ္ဌ-၁၆၃။ ܀ပိဋကတ်လမ်းညွှန်[01/330]܀ကုသိုလ်ကို မြန်မြန်ပြုသင့်ကြောင်း တိုက်တွန်းသော ဂါထာ
ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၊ နှေးနှေးပြုလျှင် နှေးနှေးသာ အကျိုးပေးတတ်ကြောင်း၊ အဘိတ္ထရေထ ကလျာဏေ စသော ဂါထာ။ ပန်းကုံးသမား ဥပမာ ဂါထာ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၆၄။ ။ သုဘဒ္ဒပရိဗ္ဗိုဇ်နှင့် အညာသိကောဏ္ဍညထေရ် ၂-ပါးတို့ နမူနာ၊ ဒီဃ-၂-ဋ္ဌ-၁၈၀၊ ဒီဃ-၂-ပါ-၁၂၃။ ကုသိုလ်ကို မကြောက်ရန် တိုက်တွန်းသော ဂါထာ၊ (မေတ္တာသုတ်) ဣတိ-ပါ-၂၀၅၊ ဣတိ-ဋ္ဌ-၇၀၊ ဂါထာများ ပါ၏။ ။ တိုက်တွန်းသော ဂါထာများ၊ ပေတ-ပါ-၁၃၆၊ ဂါထာနံပါတ် (၈၃၊ ၈၄)၊ ပေတ-ဋ္ဌ-၅၅၊ ၅၆။ ܀ပိဋကတ်လမ်းညွှန်[01/281]܀ကုသိုလ်ကို အမျှခွဲဝေပေးနိုင်၍
အကုသိုလ်ကိုမူ အသယ်ကြောင့် ခွဲဝေမပေးနိုင်ကြောင်း မေး၍ ရှင်းပြခန်း။ ။ မိလိန္ဒ-ပါ-၂၈၅။ ܀ပိဋကတ်လမ်းညွှန်[01/323]܀ကုသိုလ်ကောင်းမှု၌ စုပေါင်းညီညာစွာပြုအောင် တိုက်တွန်းရကျိုး
အပ-ပါ-ပ-အုပ်-၂၀၅၊ ၃၇၁၊ အပ-ဋ္ဌ-ဒု-အုပ်-၁၇၅။ ။ ကုသိုလ်ကောင်းမှုကို စုပေါင်း၍ ပြုရာ၌ နမူနာယူဘွယ်ကောင်းလှသော မဟာကပ္ပိနထေရ်ဝတ္ထု၊ အပ-ပါ-ဒု-အုပ်-၁၁၈၊ အပ-ဋ္ဌ-ဒု-အုပ်-၂၁၈။ ܀ပိဋကတ်လမ်းညွှန်[01/327]܀ကုသိုလ်ကောင်းမှုပြုပြီးနောက်
အစဉ်အမြဲ အမှတ်ရစေရန် သစ်ပင်၌လှူခဲ့ဘူးသော ကြာစွယ်(ပုံတူ)ကို ချိတ်ဆွဲထားပုံ။ ။ အပ-ပါ-ဒု-အုပ်-၁၇၊ ဂါထာနံပါတ် ၁၀၆၊ ဘဒ္ဒဇိထေရ်အလောင်း။ ။ ဘိသဒါယကထေရ်အလောင်း၊ အပ-ပါ-ပ-အုပ်-၅၈၊ ဂါထာနံပါတ်-၃၅။ ܀ပိဋကတ်လမ်းညွှန်[01/327]܀ကုသိုလ်တရား၌ စိတ်ဖြစ်ကာမျှဖြင့်ပင် ကျေးဇူးများလှကြောင်း
ပဏ်-၁-ပါ-၅၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၉၄၊ အဟံ စုန္ဒ ကုသလေသုဓမ္မေသု စိတ္တုပ္ပါဒမ္ပိ ဗဟူပကာရံ ဝဒါမိ။ ܀ပိဋကတ်လမ်းညွှန်[01/302]܀ကုသိုလ်တရားတို့၏ အစကား စင်ကြယ်သော သီလနှင့်
ဖြောင့်မှန်သော အယူ (သီလ သမ္မာဒိဋ္ဌိ) ဖြစ်ကြောင်း ဟောထားတော်မူပုံ။ ။ ဘိက္ခုသုတ်၊ မဟာ-သံ-ပါ-၁၂၄၊ ကောစာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိစ ဥဇုကာ၊ မဟာ-သံ-ဋ္ဌ-၂၃၄။ ။ နိဒါန-သံ-ဋ္ဌ-၅။ ။ ဗာဟိယသုတ်၊ မဟာ-သံ-ပါ-၁၄၃၊ မဟာ-သံ-ဋ္ဌ-၂၅၇။ ။ ဗာဟိရသုတ်၊ မဟာ-သံ-ပါ-၁၄၃။ ။ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၁၂။ ။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၉၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၁၈၁။ ။ ဒီဃ-၁-ဋ္ဌ-၁၅၉။ ܀ပိဋကတ်လမ်းညွှန်[01/280]܀ကုသိုလ်နှင့် အကုသိုလ် နှစ်ပါးတွင် ကုသိုလ်က အားကြီးကြောင်း၊ ကုသလ ကုသလ ဗလဝတရပဥှ
မိလိန္ဒ-ပါ-၂၈၀။ ܀ပိဋကတ်လမ်းညွှန်[01/323]܀ကုသိုလ်ပြုကြရန် ဓမ္မနတ်သားက ကြွေးကြော်၍
အကုသိုလ်ပြုကြရန် အဓမ္မ နတ်သားက ကြွေးကြော်ပုံဟာ ဓမ္မဒေဝပုတ္တဇာတက-ပါ-ပ-အုပ်-၂၂၉၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၀၁။ ܀ပိဋကတ်လမ်းညွှန်[01/336]܀ကုသိုလ်ပြုပြီးလျှင်
သုဂတိဘုံတွင် နှစ်သက်ရာဘုံကို တောင့်တရန် ညွှန်ကြားထားထားပုံ၊ ပဏ်-၃-ဋ္ဌ-၁၀၄၊ ပဏ်-၃-ပါ-၁၄၀။ ။ သို့မှသာ ဂတိမြဲနိုင်ကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/302]܀ကုသိုလ်ပြုရာ၌ ရက်ရွေးစရာ မလိုကြောင်း
အံ-၃-ပါ-၂၉၈၊ အံ-၃-ဋ္ဌ-၂၄၄။ ။ အပ-ပါ-ဒု-အုပ်-၈၀၊ ဂါထာနံပါတ်-၇၇၊ ၇၈၊ ၇၉၊ ၈၀ ဂါထာ၊ အချိန် ကာလ ရွေးမနေဘဲ သင့်သလိုပြုသင့်ကြောင်း တိုက်တွန်းသော ဂါထာ။ ။ ပုဗ္ဗဏှသုတ်၌ပါသော ဂါထာများလည်း နည်းတူပင်တည်း။ ။ ܀ပိဋကတ်လမ်းညွှန်[01/280]܀ကုသိုလ်ပြုရာ၌ ဟိတ် ၆-ပါးတို့
(လောဘ, ဒေါသ, မောဟ၊ အလောဘ အဒေါသ အမောဟ)အနည်းအများဖြစ်တတ်ရာဝယ် အပြစ်အကျိုးများကိုစီစစ်ပြခန်း၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၇၁၊ ၂၇၂။ ။ အဘိ-၁-ဋ္ဌ-၃၀၈။ ။ ဉာဏ ဝိပ္ပယုတ် ဉာဏသမ္ပယုတ်ဖြင့် ပြုကြရာ၌ နောင်အခါ အကျိုးပေးကွာခြားပုံကို ပြဆိုခဏ်း၊ နိဒါန-သံ-ဋ္ဌ-၁၀၆၊ ဉာဏဝိပ္ပယုတ်ဖြင့် ကုသိုလ်ပြုလျှင် ရုပ်ရေ ဆိုးဝါးစွာ ဖြစ်တတ်ပြီး မိခင်ရင်းကပင် မချစ်မနှစ်သက်သည်ကို ခံရတတ်ကြောင်း၊ ဉာဏသမ္ပယုတ်ဖြင့်ပြုလျှင် ရုပ်ရေချောမော လှပတတ်ကြောင်း ဖွင့်ပြထား၏။ ။ တိဟိတ်ကုသိုလ်ပြုလျှင် ကျန်စက်သုံးပါးသို့ ပို့ဆောင်နိုင်ကြောင်း၊ အံ-၄-ဋ္ဌ-၂၉၀။ ܀ပိဋကတ်လမ်းညွှန်[01/280]܀ကုသိုလ်ပြုရာ၌ အနည်းငယ်သာဟူ၍ မအောက်မေ့ပါနှင့်၊ ပြုဖန်များလျှင် များလာတတ်ကြောင်း ဂါထာ
ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၃။ ။ ပြုဖန်များလျှင် နတ်ပြည်သို့ သွားရကြောင်း ဂါထာ၊ ဇာတက-ပါ-ဒု-အုပ်-၂၆၅၊ ဇာတက-ဋ္ဌ-သ-အုပ်-၁၂၅။ ။ ကုသိုလ်ပြုရာ၊ နည်းငယ်ပါ၊ ပေးကာအကျိုးကြီး ဟူသော ဂါထာ၊ ဒီဃ-၂-ဋ္ဌ-၂၂၅။ ܀ပိဋကတ်လမ်းညွှန်[01/281]܀ကုသိုလ်ပြုရာနှင့် စပ်၍ မှတ်သားဖွယ် ကောင်းလှသော
(သက္ကစ္စကာရီစသော ပုဒ်များအဖွင့်။ ။ မဟာနိ-ပါ-၄၅၊ မဟာနိ-ဋ္ဌ-၁၆၃။ ။ မဟာနိ-ပါ-၂၉၃၊ မဟာနိ-ဋ္ဌ-၃၅၇။ ܀ပိဋကတ်လမ်းညွှန်[01/281]܀ကုသိုလ်ဖြစ်ကြောင်း ၄-ပါး
အဘိ-၁-ဋ္ဌ-၁၁၇၊ အဘိ-၁-ပါ-၁၇၊ (နိယမိတ၊ ပရိဏာမိတ၊ သမုဒါစာရ၊ အာဘုဇိတ)။ ။ အလှူရှင်တို့အား ကုသိုလ်တိုးပွားကြောင်း ၄-ပါးဟောသော ပုညာဘိသန္ဒသုတ် (ပ-ဒု) အံ-၄-ပါ-၃၆၅၊ ၃၆၆၊ အံ-၄-ဋ္ဌ-၃၀၉၊ ၃၁၀။ ။ ကုသိုလ်ပြုပြီးလျှင် အကြိမ်ကြိမ်အောက်မေ့က အပ္ပမာဏအကျိုးကိုရကြောင်း၊ အံ-၄-ဋ္ဌ-၃၀၉၊ ၃၁၂။ ကုသိုလ်ပြုပုံ အခြင်းအရာ ၆-မျိုး (ပုညာယူဟန) အဘိ-၁-ဋ္ဌ-၂၀၅။ ။ ကုသိုလ်ကို ရစေနိုင် မရစေနိုင်၊ ပွားစီးစေနိုင် မပွားစီးစေနိုင်သော အင်္ဂါများကို ဟောသော အဓိဂမသုတ်၊ အံ။ ဆုတ်ယုတ်ကြောင်း တိုးပွားကြောင်း အင်္ဂါများကို ဟောသော ဩဝါဒသုတ်-သံ။ ܀ပိဋကတ်လမ်းညွှန်[01/280]܀ကုသိုလ်မဖြစ်သော ပေးကမ်းခြင်းများ
နေတ္တိ-ဋ္ဌ-၁၈၉။ ။ ပေဋက-ပါ-၃၂၅၊ ကြောက်သောကြောင့်လည်းကောင်း၊ ချစ်ခင်သော (ရာဂ) ကြောင့်လည်းကောင်း၊ တစုံတခုသော ပစ္စည်းကို ရလိုမှုကြောင့်လည်းကောင်း၊ ပေးကမ်းခြင်း လှူဒါန်းခြင်းသည် ကုသိုလ်မပွားဟု ဖွင့်ပြထား၏။ ပေဋက-၌ ရဟန်း သာမဏေတို့အား မအပ်သော ရွှေငွေစသော ပစ္စည်းများကို လှူရာ၌လည်း ကုသိုလ်မပွားဟု အသျှင်မဟာကစ္စည်းထေရ် ဟောထား၏။ ကုသိုလ် မပွားသည့်အပြင် အကုသိုလ်ပင်ဖြစ်သေးသော ပေးကမ်းလှူဒါန်းခြင်းများမှာ သတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ရန် ဒုတ်, ဓား, သေနတ်, ပိုက်ကွန့် စသည်များကိုပေးကမ်း လှူဒါန်းခြင်းများဟုလည်း ဟောထား ဖွင့်ပြထားသေး၏။ ။ တနည်း၊ ဝိ-၅-ပါ-၂၃၁၊ ဝိ-၅-ဋ္ဌ-၁၇၃-၌လည်း ရှိသေး၏။ ܀ပိဋကတ်လမ်းညွှန်[01/281]܀ကုသိုလ်မူလ သုံးပါးကို အရင်းခံ၍ သိက္ခာသုံးပါးအထိ ဖြစ်ပုံကို ပြခန်း
နေတ္တိ-ပါ-၁၀၅၊ နေတ္တိ-ဋ္ဌ-၂၁၄။ ܀ပိဋကတ်လမ်းညွှန်[01/330]܀ကုသိုလ်လုပ်ငန်း၌ စွဲစွဲမြဲမြံ လုပ်ခဲ့သောကြောင့်
သုပ္ပတိဋ္ဌိတပါဒ လက္ခဏာတော်ကို ရတော်မူကြောင်း၊ ထိုလက္ခဏာတန်ခိုးတော်ကြောင့် သက်ရှိသက်မဲ့ရန်သူ ကိလေသာရန်သူတို့က မလှုပ်ရှားစေနိုင်သော အကျိုးရှိကြောင်း။ ။ ဒီဃ-၃-ပါ-၁၁၉၊ ဒီဃ-၃-ဋ္ဌ-၁၀၂။ ܀ပိဋကတ်လမ်းညွှန်[01/341]܀ကုသိုလ်အကျိုး ဆွေမျိုးကောင်းမည်ဟူသော ဂါထာ
ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၉၁။ ။ ရေဝတီဝိမာနဝတ္ထု၊ ဓမ္မ-ပါ-၇၃၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၀၄၊ ဂါထာနံပါတ်-၈၆၁၊ ၈၆၂။ ܀ပိဋကတ်လမ်းညွှန်[01/281]܀ကုသိုလ်အကျိုး အကုသိုလ်အကျိုး၊
ကုသိုလ် အကုသိုလ်နှစ်ပါးစုံ (မိဿက) ပြုရကျိုးများကို ပြဆိုခန်း။ ။ ဒီဃ-၃-ပါ-၇၉၊ ဒီဃ-၃-ဋ္ဌ-၅၅။ ܀ပိဋကတ်လမ်းညွှန်[01/341]܀ကုသိုလ်အမျိုးမျိုးပြုရာ၌ အကျိုး အမျိုးမျိုးရပုံကို ပြသော ဂါထာများ
ထေရ-ဋ္ဌ-၃၁၈၊ မှတ်သားဖွယ် ကောင်းလှ၏။ ܀ပိဋကတ်လမ်းညွှန်[01/322]܀ကုသိုလ် မရကြောင်း တရား ၆ ပါး
၁။ ကုသိုလ် အကုသိုလ် ဖြစ်ကြောင်း၌ မကျွမ်းကျင်ခြင်း၊၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ မကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌လည်း မကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလိုဆန္ဒကို မဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်၏ အကြောင်းရင်း ၃ မျိုး
၁။ တပ်ခြင်းလောဘ မရှိခြင်း၊၂။ အမျက်ဒေါသ မရှိခြင်း၊
၃။ တွေဝေခြင်း မသိခြင်း မောဟ မရှိခြင်း။ (မ၊၁၊၅၈။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (မ၊မြန်၊၁။၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်၏ အနက် ၃ မျိုး
၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊၂။ အနဝဇ္ဇအနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်၊
၃။ ကောသလ္လသမ္ဘူတအနက်- သမ္ပယုတ်ပညာကြောင့် ဖြစ်သည်၏ အဖြစ်ဟူသောအနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်၏ အနက်၂ မျိုး
၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊၂။ အနဝဇ္ဇ အနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ကမ္မပထတရား ၁၀ ပါး
ကုသလကမ္မပထတရား ၁၀ ပါး၊ ထူးသော အဖို့ရှိသော တရား ၁၀ ပါး၊ ဝိသေသဘာဂိယ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကုသိုလ်ကမ္မပထတရားတို့ကို ဆုံးဖြတ်ပုံ ၅ မျိုး
ကုသလကမ္မပထတရား ဆယ်ပါးတို့ကို ဆုံးဖြတ်ပုံ ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကုသိုလ်ကိစ္စာဓိကရုဏ်း ၄ ပါး
၁။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော အပလောကန ကံ၊၂။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ သံဃာက ကုသိုလ်စိတ် ရှိလျက် ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၄၊၂၁၇။) (ဝိ၊မြန်၊၄။၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ကို စူးစမ်းခြင်း ၃ မျိုး
၁။ ကုသိုလ်ကာယကံကို စူးစမ်းခြင်း၊၂။ ကုသိုလ်ဝစီကံကို စူးစမ်းခြင်း၊
၃။ ကုသိုလ် မနောကံကို စူးစမ်းခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ဆုတ်ယုတ်ကြောင်း တရား ၆ ပါး
၁။ အလိုရမ္မက်ကြီးလျက် ရတတ်သမျှသော ပစ္စည်း လေးပါးတို့၌ မရောင့်ရဲနိုင်ခြင်း၊၂။ ယုံကြည်မှု သဒ္ဓါမရှိခြင်း၊
၃။ သီလမရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း၊
၆။ ပညာမဲ့ခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ဇော ၃ မျိုး
၁။ ဒါနမယကုသိုလ်ဇော- ဒါနပြုရာ၌ ဖြစ်သော ကုသိုလ်ဇော၊၂။ သီလမယ ကုသိုလ်ဇော- သီလဆောက်တည်ရာ၌ ဖြစ်သော ကုသိုလ်ဇော၊
၃။ ဘာဝနာမယကုသိုလ်ဇော- ဘာဝနာပွား၍ ဖြစ်သော ကုသိုလ်ဇော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြောင်း တရား ၄ ပါး
၁။ ရာဂ (ပြန့်ပြော) အားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊၂။ ဒေါသအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာနအရာတို့၌ ပညာမျက်စိ မရှိခြင်း။ (အံ၊၁၊၄၆၁။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြောင်း တရား ၄ ပါး
၁။ ရာဂခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊၂။ ဒေါသခေါင်းပါး နည်းပါးသည်၏အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟ ခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာန အရာတို့၌ ပညာ မျက်စိရှိခြင်း။ (အံ၊၁၊၄၆၂။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး
၁။ ဉာဏ်အလင်းရောင် များပြားခြင်း၊၂။ အားထုတ်မှု များပြားခြင်း၊
၃။ နှစ်သက်ဝမ်းမြောက်မှု များပြားခြင်း၊
၄။ ကုသိုလ်တရားတို့၌ မရောင့်ရဲမှု များပြားခြင်း၊
၅။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်း၊
၆။ စွမ်းနိုင်သည်ထက် ပိုမို အားထုတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး
၁။ အလိုရမ္မက် မကြီးမူ၍ ရတတ်သမျှသော ပစ္စည်း လေးပါး တို့၌ ရောင့်ရဲလွယ်ခြင်း၊၂။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၃။ သီလရှိခြင်း၊
၄။ ထက်သန်သော လုံ့လဝီရိယရှိခြင်း၊
၅။ သတိရှိခြင်း၊
၆။ ပညာရှိခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်နှင့် ပြည့်စုံသူ၏ တရား ၄ ပါး
၁။ ကိုယ်ဖြင့် မကောင်းမှုကို မပြုခြင်း၊၂။ နှုတ်ဖြင့် မကောင်းသော စကားကို မဆိုခြင်း၊
၃။ စိတ်ဖြင့် မကောင်းသော အကြံအစည်ကို မကြံခြင်း၊
၄။ ယုတ်သော အသက်မွေးမှုဖြင့် အသက်မွေးမှု မပြုခြင်း။ (မဟာနိ၊၆၈။) (မဟာနိ၊၂၄၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်မဟုတ်သော အလှူ ၅ မျိုး
၁။ သေအရက် အလှူ၊၂။ ကချေသဘင် အလှူ၊
၃။ မိန်းမ အလှူ၊
၄။ နွားမအပေါင်းအလယ်၌ နွားလားဥသဘကို လွှတ်သော အလှူ၊
၅။ ပန်းချီဆေးရေးအလှူ။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ရကြောင်း တရား ၆ ပါး
၁။ ကုသိုလ် အကုသိုလ်ဖြစ်ကြောင်း၌ ကျွမ်းကျင်ခြင်း၊၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ ကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌ ကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ ရရန် အလိုဆန္ဒကို ဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ်တရားတို့ကို စောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ဝေဒနာ ၂ မျိုး
၁။ ဒွိဟိတ် ကုသိုလ်ဝေဒနာ၊၂။ တိဟိတ် ကုသိုလ်ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ဟိတ် ၃ ပါး
၁။ အလောဘ ကုသိုလ်ဟိတ်၊၂။ အဒေါသ ကုသိုလ်ဟိတ်၊
၃။ အမောဟ ကုသိုလ်ဟိတ်။ (အဘိ၊ဓ၊၂၁၄။) (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊၃၃။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဓ၊မြန်။၅၂၊ ၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်ဟိတ် ဘုံအထူးအားဖြင့် ၄ ပါး
၁။ ကာမာဝစရကုသိုလ်ဟိတ်၊၂။ ရူပါဝစရ ကုသိုလ်ဟိတ်၊
၃။ အရူပါဝစရ ကုသိုလ်ဟိတ်၊
၄။ လောကုတ္တရကုသိုလ်ဟိတ် (ဝိပါက်ဟိတ်လည်း ဤနည်းတူ ၄ ပါး) ။ (အဘိ၊ဋ္ဌ၊၃၊၃၅၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိုလ်အကြံ ၃ မျိုး
ကုသလဝိတက် ၃ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကုသိုလ်အချုပ် ပုဒ် ၉ ပုဒ်
၁။ သမထ- ကိလေသာတို့ငြိမ်းအေးခြင်း၊၂။ ဝိပဿနာ- အထူးထူး အပြားပြား ရှုမှတ်ခြင်း၊
၃။ အလောဘ- မလိုချင်ခြင်း၊
၄။ အဒေါသ- မပြစ်မှားခြင်း၊
၅။ အမောဟ- မတွေဝေခြင်း၊
၆။ အနိစ္စသညာ- မမြဲဟုအမှတ်ရှိခြင်း၊
၇။ ဒုက္ခသညာ- ဆင်းရဲဟု အမှတ်ရှိခြင်း၊
၈။ အနတ္တသညာ- အစိုးမရဟုအမှတ်ရှိခြင်း၊
၉။ အသုဘသညာ- မတင့်တယ်ဟု အမှတ်ရှိခြင်း။ (ပေဋကော၊၂၅၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်