Tuesday, August 2, 2022

ကုဟ သရုပ်စုံ

ကုဟက ပုဂ္ဂိုလ်အပြစ်

(မရှိသောဂုဏ်ကို ရှိလေဟန်ဆောင်၍ အံ့ဩဘွယ်ကို ဖြစ်စေသောပုဂ္ဂိုလ်) သဂါထာ-သံ-ဋ္ဌ-၁၄၉။ ။ အံ-၄-ဋ္ဌ-၃၂၂။ ။ အဘိ-၄-ဋ္ဌ-၇၈၊ အဘိ-၄-ပါ-၁၅၉။ ။ ထေရ-ပါ-၂၄၉၊ ထေရ-ဋ္ဌ-ပ-အုပ်-၃၃၀၊ ၂-ဂါထာ၊ အပါယ်လေးပါးသို့ ကျတတ်ကြောင်း၊ လူ့ဘဝရပြန်ပါလျှင်လည်း အမိဝမ်းတွင်းကပင် ပျက်စီးတတ်ကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/281]܀

ကုဟက လပက နေမိတ္တိက

နိပ္ပေသိက လာဘေန လာဘံ နိဇိဂီသနထာ စသော ပုဒ်များအဖွင့်။ ။ (ရှင်ရဟန်းတို့ ပစ္စည်းရအောင် ထင်ပေါ် ကျော်ကြား အောင် မပြုအပ်သောအမှုများ၊ မပြောအပ်သော စကားများကို ပြဆိုခဏ်း၊ ) နေတ္တိ-ပါ-၇၈၊ နေတ္တိ-ဋ္ဌ-၁၆၀။ ။ မဟာနိ-ပါ-၂၉၀၊ မဟာနိ-ဋ္ဌ-၃၄၉။ ။ မဟာနိ-ပါ-၃၀၃၊ မဟာနိ-ဋ္ဌ-၃၇၀။ ။ ဒီဃ-၁-ပါ-၊ ဒီဃ-၁-ဋ္ဌ-၈၇။ ။ လပနာနိဒ္ဒေသ၊ အဘိ-၂-ပါ-၃၆၆၊ အဘိ-၂-ဋ္ဌ-၄၆၄။ ။ လာဘေန လာဘံ နိဇိဂီသနတာ နိဒ္ဒေသ၊ အဘိ-၂-ပါ-၃၆၆၊ အဘိ-၂-ဋ္ဌ-၄၆၇။ ။ ကုဟနာနိဒ္ဒေသ၊ အဘိ-၂-ပါ-၃၆၅၊ အဘိ-၂-ဋ္ဌ-၄၆၁။ ။ နေမိတ္တိကတာနိဒ္ဒေသ၊ အဘိ-၂-ပါ-၃၆၆၊ အဘိ-၂-ဋ္ဌ-၄၆၅။ ။ နိပ္ပေသိကတာ နိဒ္ဒေသ၊ အဘိ-၂-ပါ-၃၆၆၊ အဘိ-၂-ဋ္ဌ-၄၆၆။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၂-မှ ၂၉အထိ အကျယ်ပြဆိုထား၏။ ܀ပိဋကတ်လမ်းညွှန်[01/282]܀

ကုဟကဇာတက

ဇာတက-ပါ-ပ-အုပ်-၂၁၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၉၈၊ ရသေ့လိမ်အကြောင်း (ပညာရှိတွေးကြည့် ပြေးကြည့်တာထက် မှန်ကြောင်း။) ܀ပိဋကတ်လမ်းညွှန်[01/336]܀

ကုဟကဗြဟ္မဏဝတ္ထု

ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၄၀၂၊ ပုဏ္ဏားယုတ် လိမ်တောင်း၍ ပေးကြ ရပုံ၊ ရှေးကလည်း လိမ်ခဲ့ဘူးပုံ အတိတ်ပြန်ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/316]܀

ကုဟနဝတ္ထု ၃-ပါး

အံ့ဘွယ်ခဏ်း၌ အကျယ်ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/281]܀

ကုဟသုတ္တ

အံ-၅-ပါ-၉၈၊ အံ-၅-ဋ္ဌ-၃၈၊ သီတင်း သုံးဘော်တို့ ချစ်ကြောင်း မုန်းကြောင်း အင်္ဂါ ၅-ပါးစီ ဟောထား၏။ ။ အံ-၄-ပါ-၃၃၅၊ အံ-၄-ဋ္ဌ-၂၇၅။ တရားတော်ကို စည်ပင်စေ မစည်ပင် စေသော ပုဂ္ဂိုလ်ကို ဟောထား၏။ ဂါထာများ မှတ်သားဖွယ်။ ܀ပိဋကတ်လမ်းညွှန်[01/313]܀

ကုဟသုတ္တ

ဣတိ-ပါ-၂၇၀၊ ဣတိ-ဋ္ဌ-၃၂၄၊ သာသနာတော်၌ မကြီးပွားစေနိုင်သော တရားများ၊ ဂါထာများ မှတ်သားဖွယ်။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကုဟနဝတ္ထု ၃ မျိုး (ဟန်ဆောင်ဝါကြွားခြင်း အကြောင်း ၃ မျိုး)

၁။ ပစ္စယပဋိသေဝနကုဟနဝတ္ထု- ပစ္စည်းလေးပါးတို့ကို မှီဝဲအလှူခံခြင်း၌ ဟန်ဆောင်ဝါကြွားမှုပြုခြင်း အကြောင်းအရာ၊
၂။ ဣရိယာပထကုဟနဝတ္ထု- ဣရိယာပုတ်ဟု ဆိုအပ်သော ဟန်ဆောင်ဝါကြွားမှုပြုခြင်း အကြောင်းအရာ၊
၃။ သာမန္တဇပ္ပနကုဟနဝတ္ထု- ဈာန်မဂ်ဖိုလ်တရားနှင့် နီးစပ်လေသယောင် ဟန်ဆောင်ဝါကြွား ပြောဆိုခြင်း အကြောင်းအရာ။ (မဟာနိ၊၁၇၂။) (မဟာနိ၊၃၆၇။) (စူဠနိ၊၂၇၂။) (အဘိ၊ဋ္ဌ၊၂၊၄၆၁။) (ဝိသုဒ္ဓိ၊၁၊၂၃။) (သာရတ္ထ၊ဋီ၊၂၊၂၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်