ကောင်းကျိုးဆိုးကျိုးကို
စပ်ဆိုင်သူတို့လည်း ခံရတတ်ကြောင်း၊ အာနန္ဒာသေဋ္ဌေးဝတ္ထု။ ။ ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၂၉၇။ ܀ပိဋကတ်လမ်းညွှန်[01/317]܀ကောင်းကွက်ကြည့် ပျောက်၏ ဒေါသ
ဟူသောစကားအတွက် အဋ္ဌကထာ ဆရာကပင် ညွှန်ပြထားပုံ၊ ဣတိ-ဋ္ဌ-၄၃-အညွှန်း၊ အာဃာတပဋိဝိနယခဏ်း၌လည်း ရှိ၏။ ။ မူရင်းမှာ-အံ-၅-ပါ-၁၆၄၊ အံ-၅-ဋ္ဌ-၅၆။ ܀ပိဋကတ်လမ်းညွှန်[01/319]܀ကောင်းမှု၌ တိုက်တွန်းသူမှာ ကောင်းကျိုးကို ထက်ဝက်ခံစားရ၏ဟု မိန့်ဆိုထားပုံ
အဘိ-၄-ဋ္ဌ-၇၂၊ အဘိ-၄-ပါ-၁၄၄။ ܀ပိဋကတ်လမ်းညွှန်[01/349]܀ကောင်းမှုပွားလျှင် ချမ်းသာကြောင်း ဂါထာ
ဓမ္မ-ဋ္ဌ-ဒု-အုပ်-၇၊ ၉၊ ကောင်းမှုပြုက ကောင်းကျိုးတွေ့ရကြောင်း ဂါထာ။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၁၀၊ ကိုယ်ပြု ကိုယ်ခံရကြောင်းဂါထာ။ ။ ထေရ-ဋ္ဌ-ပ-အုပ်-၃၃၆။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၉၃။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၂၄၈။ ။ အံ-၁၀-ပါ-၂၅၇၊ အံ-၁၀-ဋ္ဌ-၂၈၇။ နေတ္တိ-ဋ္ဌ-၄၀။ ။ ပေဋက-ပါ-၁၉၉။ ။ ကောင်းမှုမရှိ၊ ဆင်းရဲဘိ၊ ကောင်းမှုပွား ချမ်းသာများဟူသော ဂါထာ၊ ဝိမာန-ပါ-၂၃၊ ဝိမာန-ဋ္ဌ-၈၇၊ ဂါထာနံပါတ်-၁၇၁။ ။ ဝိမာန-ပါ-၇၁၊ ဝိမာန-ဋ္ဌ-၁၉၉၊ ဂါထာနံပါတ်-၈၅၅၊ ၅၆။ ။ ပေတ-ပါ-၁၆၈၊ ပေတ-ဋ္ဌ-၁၆၃၊ ဂါထာနံပါတ်-၄၀၆၊ ၄၀၇။ ။ ကောင်းမှုပြု ပျော်မှု ခုနောင်သာ ဟူသော ဂါထာ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၈၅၊ ၉၉။ ။ ကောင်းမှုပြုသူနောက်သို့သာ သုခအစဉ်လိုက်ကြောင်းဂါထာ၊ နေတ္တိ-ဋ္ဌ-၁၈၀။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၃-မူရင်း။ ။ ကောင်းမှုသည်သာ ရပ်တည်ရာ ဟူသောစကား၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၇၂။ ။ သဂါထာ-သံ-ပါ-၉၃၊ သဂါထာ-သံ-ဋ္ဌ-၁၄၈၊ ဒုတိယအပုတ္တကသုတ်။ ။ သဂါထာ-သံ-ပါ-၇၂။ သဂါထာ-သံ-ဋ္ဌ-၁၂၈၊ ဂါထာ။ ။ သဂါထာ-သံ-ပါ-၅၇၊ သဂါထာ-သံ-ဋ္ဌ-၅၈။ ။ ကောင်းမှုပွားကြောင်း သုံးပါးကို ဟောသော သမ္မုခီဘာဝသုတ်၊ အံ-၃-ပါ-၁၄၈၊ အံ-၃-ဋ္ဌ-၁၃၁။ (သဒ္ဓါ၊ ဒေယျဓမ္မ၊ ဒက္ခိဏေယျ)။ ။ ကောင်းမှုပြုခဲ့ဘူးသောသူသာ ပဋိရူပဒေသ၌ ဖြစ်တတ်ကြောင်း၊ မဟာနိ-ပါ-၂၆၊ မဟာနိ-ဋ္ဌ-၉၃။ ܀ပိဋကတ်လမ်းညွှန်[01/294]܀ကောင်းမှုရွှေအိုး လူမခိုး ဟူသော ဂါထာ
နိဓိကဏ္ဍသုတ်၊ ခုဒ္ဒက-ပါ-၁၀၊ ခုဒ္ဒက-ဋ္ဌ-၁၈၉၊ ၁၉၀၊ ၁၉၁။ ܀ပိဋကတ်လမ်းညွှန်[01/294]܀ကောင်းမှုရှိသူ ဘုရားမြင်တော်မူကြောင်း ဂါထာ
ကောင်းမှုရှိသူမှန်က အဝေး၌ပင် နေသော်လည်း ဘုရားရှင်တို့ ဉာဏ်တော်၌ ထင်ပေါ်လာကြောင်း ဥပမာဂါထာ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၉၃၊ ကောင်းမှုရှိသူ အရေးယူ၍ ကောင်းမှု မရှိက မည်မျှပင်နီးစေကာမူ ဘုရားမသိကြောင်း၊ (မည်သူ့ကိုမျှ အပြစ်တင် ရန်မလို ဟူလို)။ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၈၄၊ ပဏ်-၁-ပါ-၂၂၅။ ။ ဣတိ-ဋ္ဌ-၁၄၅။ ။ မဟာနိ-ပါ-၃၅၆၊ မဟာနိ-ဋ္ဌ-၃၃၉။ ။ နေတ္တိ-ပါ-၁၂။ ။ မဟာနိ-ပါ-၂၈၀၊ မဟာနိ-ဋ္ဌ-၃၆၀။ ။ ဒီဃ-၂-ဋ္ဌ-၆၁။ ܀ပိဋကတ်လမ်းညွှန်[01/293]܀ကောင်းမှုရောက်က မကောင်းမှု ပျောက်ကြောင်း
အပ-ဋ္ဌ-ပ-အုပ်-၁၇၉။ ။ အပ-ဋ္ဌ-ဒု-အုပ်-၅၁။ ܀ပိဋကတ်လမ်းညွှန်[01/328]܀ကောင်းမှုလိုသူ သံဃာလှူ
ကောင်းမှုလိုသော သူတို့ သံဃာအား လှူရန် တိုက်တွန်းသော ဂါထာ၊ သုတ္တ-ပါ-၃၇၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၇၇။ ။ ဝိမာန-ပါ-၆၂၊ ဝိမာန-ဋ္ဌ-၁၄၁၊ ၁၇၈။ ။ ပဏ်-၃-ပါ-၂၉၉၊ ပဏ်-၃-ဋ္ဌ-၂၂၆။ ။ ပဏ်-၂-ပါ-၃၅၃၊ ပဏ်-၂-ဋ္ဌ-၂၇၈။ ။ ဝိ-၃-ပါ-၃၄၄၊ ဝိ-၃-ဋ္ဌ-၃၈၄။ ။ ဝိ-၁-ပါ-၄၆၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၇၆။ ။ မဟာ-သံ-ပါ-၂၉၈၊ မဟာ-သံ-ဋ္ဌ-၃၀၇။ ။ သံဃာ အခန်း၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/293]܀ကောင်းသောကျင့်ဝတ်ကို
(၁) ဖြတ်ဆဲ၊(၂)ဖြတ်ပြီး၊
(၃) ဖြစ်စေဆဲ၊
(၄)ဖြစ်စေပြီး၊ ပုဂ္ဂိုလ် ၄-မျိုး။ ။ ပဏ်-၂-ပါ-၂၇၀၊ ပဏ်-၂-ဋ္ဌ-၂၂၀၊
(၁)စီရိယလျော့ထားသော သီလဝန္တ၊
(၂)ဒုဿီလ၊
(၃)သေက္ခပုဂ္ဂိုလ်၊
(၄)ခီဏာသဝ၊ အစဉ်အတိုင်း စပ်ယူပါ။ ܀ပိဋကတ်လမ်းညွှန်[01/302]܀
ကောင်းသောအရာ၌
ငွေစသည်ဖြင့် ဖျားယောင်း၍ ပြုလုပ်စေပုံ။ ။ (အနာထပိဏ်သေဌေးကြီးက သူ၏သား ကာလကို ငွေပေး၍ ဥပုသ်စောင့်ခိုင်း တရားနာခိုင်းပုံ)၊ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၁၂၃။ ܀ပိဋကတ်လမ်းညွှန်[01/317]܀ကောင်းကျိုးရှိသော တရား ၁၀ ပါး
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါ တို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၄၇၈။) (အံ၊၃၊၄၈၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းစွာ ပြောဆိုအပ်သော စကား၏ အင်္ဂါ ၅ ပါး
ကောင်းသောစကား ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကောင်းမွန်သော အယူ ၃ ပါး
၁။ ဤရုပ်သည် ငါ၏ ဥစ္စာမဟုတ်ဟူသော အယူ၊၂။ ရုပ်သည် ငါမဟုတ်ဟူသော အယူ၊
၃။ ဤရုပ်သည် ငါ၏အတ္တ မဟုတ်ဟူသော အယူ။ (ပဋိသံ။၁၆၀။) (ပဋိသံ၊မြန်။၂၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှု တိုးပွားစေသော စိတ်ဖြစ်ပေါ်ခြင်း ၃ မျိုး
၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့၌ တပ်မက်စိတ် ကင်းသူ ဖြစ်၍ လောဘမရှိသော စိတ်ဖြင့် နေထိုင်ခြင်း၊၂။ ဒေါသမရှိသူဖြစ်၍ အမျက်ဒေါသ ကင်းသော စိတ်ဖြင့် နေထိုင်ခြင်း၊
၃။ ညှဉ်းဆဲတတ်သူ မဟုတ်မူ၍ ညှဉ်းဆဲလိုစိတ် ကင်းသဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှု တိုးပွားစေသော စိတ်အကျင့် ၂ မျိုး
၁။ သူတစ်ပါး ပစ္စည်းတို့၌ တပ်မက်စိတ် မရှိခြင်း၊၂။ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံ မရှိခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှု အဟုန် ၅ မျိုး
၁။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား သင်္ကန်းလှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊၂။ အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆွမ်းကို လှူ၍ ထိုရဟန်း သုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၃။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသောရဟန်းအား ကျောင်းကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၄။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆေးကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၅။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ညောင်စောင်းအင်းပျဉ်ကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း။ (အံ၊၂၊၄၅။) (အံ၊မြန်၊၂။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုကို ပြုခြင်းငှာ ကောင်းမှုကို ပြီးစေခြင်းငှာ ပုဏ္ဏားတို့ ပညတ်ကုန်သော တရား ၅ မျိုး
၁။ မှန်ကန်သော စကား တည်းဟူသော တရား၊၂။ အကျင့် တည်းဟူသော တရား၊
၃။ မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော တရား၊
၄။ မန္တန်ကို သင်ခြင်းတည်းဟူသော တရား၊
၅။ အာမိသကို စွန့်ခြင်း တည်းဟူသော တရား။ (မ၊၂၊၄၁၅။) (မ၊မြန်၊၂။၄၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုကုသိုလ် ဖြစ်ကြောင်း တရား ၃ ပါး
၁။ သဒ္ဓါတရား ထင်ရှားရှိသူ ဖြစ်ခြင်း၊၂။ လှူဖွယ်ဝတ္ထုပစ္စည်း မျက်မှောက်၌ ထင်ရှားရှိနေခြင်း၊
၃။ မြတ်သော အလှူခံပုဂ္ဂိုလ် မျက်မှောက်၌ ထင်ရှားရှိခြင်း။ (အံ၊၁၊၁၄၈။) (အံ၊မြန်၊၁။၁၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော နှုတ်အကျင့် ၄ မျိုး
၁။ မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၆။) (မ၊မြန်၊၃။၁၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော သညာ ၃ မျိုး
၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား ရယူလိုသော အမှတ်သညာ မရှိသူဖြစ်၍ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရားရယူလိုသော လောဘ ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊၂။ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသ မရှိသူဖြစ်၍ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုသော စိတ်ကင်းသူဖြစ်၍ သူတစ်ပါးကို ညှဉ်းဆဲလိုစိတ် ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော အယူ ၁၀ မျိုး
၁။ ပေးလှူခြင်း၏ အကျိုး ရှိ၏ဟူသော အယူ၊၂။ ယဇ်အလှူကြီး၏ အကျိုး ရှိ၏ဟူသော အယူ၊
၃။ ယဇ်အလှူငယ်၏ အကျိုးရှိ၏ဟူသော အယူ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏ဟူသော အယူ၊
၅။ ဤ ပစ္စုပ္ပန်လောကသည် ရှိ၏ဟူသော အယူ၊
၆။ တမလွန်လောကသည် ရှိ၏ဟူသော အယူ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ ရှိ၏ဟူသော အယူ၊
၁၀။ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့ ရှိကုန်၏ဟူသော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုပြုလုပ်ခြင်း ၆ မျိုး
၁။ သယံကာရံ- မိမိ၏ သဘောအားဖြင့် ပြုအပ်သော ကောင်းမှု၊၂။ ပရံကရံ- သူတစ်ပါး ကောင်းမှုပြုနေသည်ကို မြင်၍ အတုလိုက်၍ ပြုအပ်သော ကောင်းမှု၊
၃။ သာဟတ္ထိက- မိမိလက်ဖြင့် ပြုအပ်သော ကောင်းမှု၊
၄။ အာဏတ္တိက- စေခိုင်း၍ ပြုစေ အပ်သော ကောင်းမှု၊
၅။ သမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုးကိုလည်းကောင်း ယုံကြည်၍ ပြုအပ်သော ကောင်းမှု၊
၆။ အသမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုး ကိုလည်းကောင်း မသိဘဲ ပြုအပ်သော ကောင်းမှု။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုပွားကြောင်း ၅ ပါး
၁။ အိမ်သို့ ချဉ်းကပ်သော သီလရှိသော ရဟန်းကို မြင်၍ စိတ်ကြည် လင်ခြင်း၊၂။ ခရီးဦးကြိုဆိုခြင်း ရှိခိုးခြင်း နေရာထိုင်ခင်းပေးခြင်း၊
၃။ ဝန်တိုမှု အညစ်အကြေး ကင်းခြင်း၊
၄။ ဝေဖန်လှူဒါန်းခြင်း၊
၅။ ပြဿနာမေးခြင်း တရားနာခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုမဟုတ်သော အလှူ ၅ မျိုး
ကုသိုလ်မဟုတ်သော အလှူ ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး
၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ဝန်တိုမှု မစ္ဆေရ အညစ်အကြေးကင်းသော စိတ်ဖြင့် လွတ်လွတ် စွန့်ကြဲ၍ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်ခြင်း။ (သံ၊၃၊၃၄၂။) (သံ၊၃၊၃၅၀။) (သံ၊မြန်၊၃။၃၄၅။) (သံ၊မြန်၊၃။၃၄၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး
၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ အဖြစ်အပျက်ကို သိသော ပညာ, ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၄၂။)(သံ၊၃၊၃၅၁။)(သံ၊မြန်၊၃။၃၄၆။)(သံ၊မြန်၊၃။၃၄၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုအဟုန် ၄ မျိုး
၁။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော သင်္ကန်းအလှူ၊၂။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆွမ်းအလှူ၊
၃။ အတိုင်းအရှည်မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံ စေ၍ နေသော ရဟန်းအား ပေးလှူသော ကျောင်းအလှူ၊
၄။ အတိုင်းအရှည် မရှိသော အရဟတ္တ ဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆေးအလှူ၊ (တစ်နည်း)
မြတ်စွာဘုရား၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၄။ ကျိုးပေါက်ပြောက်ကျားခြင်း မရှိသော အရိယာတို့ နှစ်သက်မြတ်နိုးအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၆၅။) (အံ၊မြန်၊၁။၃၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းသော စကား ၅ မျိုး
၁။ သဒ္ဓါတရားရှိသော သူအတွက် သဒ္ဓါတရားနှင့် စပ်သော စကားသည် ကောင်း၏၊၂။ သီလရှိသော သူအတွက် သီလနှင့် စပ်သော စကားသည် ကောင်း၏၊
၃။ အကြား အမြင်များသော သူအတွက် အကြားအမြင်များမှုနှင့် စပ်သော စကားသည် ကောင်း၏၊
၄။ စွန့်ကြဲပေးကမ်းလေ့ရှိသော သူအတွက် စွန့်ကြဲမှုနှင့် စပ်သော စကားသည် ကောင်း၏၊
၅။ ပညာရှိသော သူအတွက် ပညာနှင့်စပ်သော စကားသည် ကောင်း၏။ (အံ၊၂၊၁၆၀။) (အံ၊မြန်၊၂။၂၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းသော စကား ၅ မျိူး
၁။ အခါကာလ အားလျော်စွာ ပြောဆိုခြင်း၊၂။ မှန်ကန်သော စကားကို ပြောဆိုခြင်း၊
၃။ သိမ်မွေ့သော စကားကို ပြောဆိုခြင်း၊
၄။ အကျိုးစီးပွားနှင့် စပ်သော စကားကို ပြောဆိုခြင်း၊
၅။ မေတ္တာစိတ်ဖြင့် ပြောဆိုခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းသော စကား၏ အင်္ဂါ ၄ ပါး
၁။ ကောင်းသော စကားကိုသာ ပြောဆို၍ မကောင်းသော စကားကို မပြောဆိုခြင်း၊၂။ တရားစကားကိုသာ ပြောဆို၍ တရားမဟုတ်သော စကားကို မပြောခြင်း၊
၃။ ချစ်ဖွယ်သော စကားကိုသာ ပြောဆို၍ မုန်းဖွယ်စကားကို မပြောဆိုခြင်း၊
၄။ မှန်သော စကားကိုသာ ပြောဆို၍ မှားသောစကားကို မပြောဆိုခြင်း။ (သုတ္တနိ၊၃၄၄။) (သုတ္တနိ၊မြန်။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းသော တရား ၁၀ ပါး
ကောင်းကျိုးရှိသော တရား ၁၀ ပါး နှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကောင်းသော အဇ္ဈာသယ ၆ ပါး
၁။ အလောဘဇ္ဈာသယ- မလိုချင်သော စိတ်အလိုဆန္ဒ၊၂။ အဒေါသဇ္ဈာသယ- မပြစ်မှားသော စိတ်အလိုဆန္ဒ၊
၃။ အမောဟဇ္ဈာသယ- မတွေဝေသော စိတ်အလိုဆန္ဒ၊
၄။ နေက္ခမ္မဇ္ဈာသယ- ကိလေသာကာမမှ ထွက်မြောက်လိုသော စိတ်အလိုဆန္ဒ၊
၅။ ပဝိဝေကဇ္ဈာသယ- အပေါင်းအဖော်မှ ကင်းဆိတ်လိုသော စိတ်ဆန္ဒ၊
၆။ နိဿရဏဇ္ဈာသယ- သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုသော အလိုဆန္ဒ။ (ဝိသုဒ္ဓိ၊၁၊၁၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းသော အရာဝတ္ထု ၄ မျိုး
၁။ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေကုန်သော သူတို့၏ မပျင်းမရိဘဲ ကျွမ်းကျင်ခြင်းသည် ကောင်း၏၊၂။ တရားစောင့်ကုန်သော ရဟန်း, ပုဏ္ဏားတို့နှင့် ဝေဖန်ခွဲခြမ်း၍ သုံးဆောင်ခြင်းသည် ကောင်း၏၊
၃။ စည်းစိမ်ဥစ္စာတို့ကို ရရှိလာသောအခါ မမေ့မလျော့ခြင်း၏အစွမ်းဖြင့် မပေါ်လွင် မရွှင်လန်းခြင်းသည် ကောင်း၏၊
၄။ အကျိုးစီးပွား ပျက်စီးသောအခါ ပင်ပန်းမှုမရှိခြင်းသည် ကောင်း၏။ (ဇာတက၊၁၊၁၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်