Tuesday, August 2, 2022

ကောက်ပင် လမ်းညွှန်

ကောက်စိုက်ပျိုးခြင်း ၂ မျိုး

၁။ ရွှံ့ညွန်၌ စိုက်ပျိုးခြင်း၊
၂။ မြေ၌ စိုက်ပျိုးခြင်း။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောက်ဦးဆွမ်း လှူရကျိုး ၈ ပါး

၁။ ရုပ်ရေအဆင်း ချောမောလှပသူ ဖြစ်ခြင်း၊
၂။ အခြံအရံ ပေါများခြင်း၊
၃။ စည်းစိမ်ဥစ္စာပေါများခြင်း၊
၄။ ဘေးရန်မရှိခြင်း၊
၅။ အသင်းအပင်း ပေါများသူ ဖြစ်ခြင်း၊
၆။ မပြိုကွဲမပျက်စီးသော ပရိသတ်ရှိခြင်း၊
၇။ လူအများတို့ ရိုသေမြတ်နိုး ပူဇော်မှုကို ခံရခြင်း၊
၈။ လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို အဦးအဖျား ရရှိခြင်း။ (အပ၊၂၊၁၂။) (အပ၊မြန်၊၂။၁၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောက်ဦးအလှူ ၉ မျိုး

၁။ စိုက်ပျိုးသောအခါ မျိုးစပါးတို့၏ အဦးအဖျားကို လှူခြင်း၊
၂။ စပါးနှံ ထွက်သောအခါ စပါးနှံအဦးအဖျား (မုန့်ဆန်း) အလှူကို လှူခြင်း၊
၃။ စပါးရိတ်သောအခါ ရိပ်၍ရသော စပါးတို့၏ အဦးအဖျားကို လှူခြင်း၊
၄။ ကောက်လှိုင်းထုံးသောအခါ အဦးအဖျား ဖြစ်သော ကောက်လှိုင်းထုံးကို လှူခြင်း၊
၅။ ကောက်လှိုင်းစည်းသောအခါ စသည် တို့၌လည်း အဦးအဖျားဖြစ်သော စပါးကို လှူခြင်း၊
၆။ စပါးနယ်သောအခါ တလင်းဦး စပါးကို လှူခြင်း၊
၇။ စပါးပုံသောအခါ စပါးပုံဦးကို လှူခြင်း၊
၈။ စပါးချင့်သောအခါ အဦးအဖျားချင့်သော စပါးကို လှူခြင်း၊
၉။ စပါးကျီသွင်းသောအခါ အဦးအဖျား ကျီသွင်းစပါးကို လှူခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၈၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၃၈။) (မ၊ဋ္ဌ၊၂၊၉၃။) (အံ၊ဋ္ဌ၊၁၊၁၁၁။) (ဓမ္မ၊ဋ္ဌ၊၁၊၆၂။) (ထေရ၊ဋ္ဌ၊၂၊၂၅၀။) (အပ၊ဋ္ဌ၊၁၊၃၃၅။) (သာရတ္ထ၊ဋီ၊၃၊၁၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောက်ဦးသစ်ဆွမ်း (၉)ကြိမ် လှူခဲ့ရကျိုး

အပ-ပါ-ဒု-အုပ်-၁၀။ ܀ပိဋကတ်လမ်းညွှန်[01/328]܀