ကုသဝတီ ရာဇဓာနီ ဝဏ္ဏနာ
ဒီဃ-၂-ပါ-၁၃၉၊ ဒီဃ-၂-ဋ္ဌ-၂၀၈။ ܀ပိဋကတ်လမ်းညွှန်[01/341]܀ကုသသင်္ကမနဝတ္ထုကထာ
ဝိ-၁-ပါ-၇၃၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၃၃၀၊ ကမ္ဗည်းပြောင်း၍ ခိုးရာ၌ ပြသော ဝိနိစ္ဆယ။ ܀ပိဋကတ်လမ်းညွှန်[01/345]܀ကုသဝတီနေပြည်တော်၏ တံခါး ၄ ပေါက်
၁။ ရွှေတံခါး တစ်ခု၊၂။ ငွေတံခါး တစ်ခု၊
၃။ ကျောက် မျက်ရွဲတံခါး တစ်ခု၊
၄။ ဖလ်တံခါး တစ်ခု။ (ဒီ၊၂၊၁၄၀။) (ဒီ၊မြန်၊၂။၁၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသဝတီနေပြည်တော်၏ တံခါးတိုင် ၇ လုံး
၁။ ကုသဝတီနေပြည်တော် တံခါးလေးပေါက်တွင် တစ်ခုတစ်ခုသော တံခါး၌ လုံးပတ် တစ်ဆယ့်ငါးတောင် မြေဝင် တစ်ဆယ့်ငါးတောင် မြေပေါ် အမြင့် အတောင်ခြောက်ဆယ်ရှိသော ခုနစ်လုံး ခုနစ်လုံးသော တံခါးတိုင်တို့ကို စိုက်ထူထား ကုန်၏၊ ထိုတံခါးတိုင် ၇ လုံးမှာ၊ရွှေဖြင့်ပြီးသော တံခါးတိုင်၊
၂။ ငွေဖြင့် ပြီးသော တံခါးတိုင်၊
၃။ ကျောက်မျက်ရွဲဖြင့် ပြီးသော တံခါးတိုင်၊
၄။ ဖလ်ဖြင့် ပြီးသော တံခါးတိုင်၊၅။ ကျောက် နီဖြင့် ပြီးသော တံခါးတိုင်၊
၆။ ပတ္တမြားပြောက်ဖြင့် ပြီးသော တံခါးတိုင်၊
၇။ ရတနာမျိုးစုံဖြင့် ပြီးသော တံခါးတိုင်။ (ဒီ၊၂၊၁၄၀။) (ဒီ၊မြန်၊၂။၁၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသဝတီနေပြည်တော်၏ တံတိုင်း ၇ ထပ်
၁။ ရွှေတံတိုင်း တစ်ထပ်၊၂။ ငွေတံတိုင်း တစ်ထပ်၊
၃။ ကျောက်မျက်ရွဲတံတိုင်း တစ်ထပ်၊
၄။ ဖလ်တံတိုင်း တစ်ထပ်၊
၅။ ကျောက်နီတံတိုင်း တစ်ထပ်၊
၆။ ပတ္တမြားပြောက်တံတိုင်း တစ်ထပ်၊
၇။ ရတနာမျိုးစုံတံတိုင်း တစ်ထပ်။ (ဒီ၊၂၊၁၄၀။) (ဒီ၊မြန်၊၂။၁၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသဝတီနေပြည်တော်ကို ကာရန်ထားသော ထန်းပင်တန်း ၇ တန်း
၁။ ရွှေ ထန်းပင်တန်း၊၂။ ငွေ ထန်းပင်တန်း၊
၃။ ကျောက်မျက်ရွဲ ထန်းပင်တန်း၊
၄။ ဖလ် ထန်းပင်တန်း၊
၅။ ပတ္တမြားနီထန်းပင် တန်း၊
၆။ ပတ္တမြားပြောက် ထန်းပင်တန်း၊
၇။ ရတနာခုနစ်မျိုးစုံ ထန်းပင်တန်း။ (ဒီ၊၂၊၁၄၀။) (ဒီ၊မြန်၊၂။၁၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိတဝတ္ထု ၈ ပါး
ပျင်းရိခြင်းအကြောင်း ၈ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကုသိနာရုံ၌ ဘုရားပရိနိဗ္ဗာန်ပြုတော်မူရခြင်း အကြောင်း ၃ မျိုး
၁။ မဟာသုဒဿနသုတ္တန်ကို ကြားနာရ၍ လူအများတို့က ကောင်းမှုပြုထိုက်ကုန်၏ဟု အောက်မေ့ကုန်အံ့-ဟု မြင်တော် မူခြင်း၊၂။ ပစ္ဆိမသာဝကဖြစ်သော သုဘဒ္ဒ၏ အရဟတ္တဖိုလ်ရရှိခြင်းကို မြင်တော် မူခြင်း၊
၃။ ဒေါဏပုဏ္ဏားသည် ငြင်းခုံမှုကို ဖယ်ရှား၍ ဓာတ်တော်တို့ကို ခွဲဝေနိုင်စွမ်း ရှိသည်ကို မြင်တော်မူခြင်း။ (ဒီ၊ဋ္ဌ၊၂၊၁၆၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၀၉-၃၁၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကုသိတနှင့် စပ်၍ မှတ်သားဖွယ်များ
ကုသိတနှင့် ဟီနဝီရိယကို ခွဲကောက်ပြပုံ၊ ပဏ်-၁-ပါ-၂၃၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၂၁။ ။ ကုသိတ (ပျင်းရိသူ) ပုဂ္ဂိုလ် အပြစ်၊ နိဒါန-သံ-ပါ-၂၆၇၊ နိဒါန-သံ-ဋ္ဌ-၄၇။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၅၇။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၁၂၅၊ ၁၂၉။ ။ ကုသိတပုဂ္ဂိုလ်ကိုဖယ်၊ ဝီရိယပုဂ္ဂိုလ်ကို တွယ်ရန်ဂါထာ၊ နိဒါန-သံ-ပါ-၃၇၁၊ နိဒါန-သံ-ဋ္ဌ-၁၃၁။ ကုသိတပုဒ်ဝိဂ္ဂဟ၊ ပဋိသံ-ပါ-၁၁၆၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၂။ ။ ပဋိသံ-ပါ-၁၉၈၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၁၃၂။ ။ ကုသိတဝတ္ထု (ပျင်းရိ ခြင်းအကြောင်း) ၈-မျိုး၊ ဒီဃ-၃-ပါ-၂၁၁၊ ၂၄၆၊ ဒီဃ-၃-ဋ္ဌ-၂၂၆။ ။ အဘိ-၂-ပါ-၄၀၀၊ အဘိ-၂-ဋ္ဌ-၄၉၂။ ။ ကုသိတဝတ္ထုသုတ်၊ အံ-၈-ပါ-၁၄၇၊ အံ-၈-ဋ္ဌ-၂၅၂။(၁) အမှုကိစ္စကို ပြုလတ္တံ့ကာနီး။
(၂) ပြုပြီးကာစ။
(၃)ခရီးသွားကာနီး။
(၄) ခရီးသွားပြီးစ။
(၅) စားသောက်ဘွယ်ကို မစားမသောက်ရသေးမီ။
(၆) စားသောက်ပြီးစ။
(၇) အနည်းငယ် မကျန်းမမာသောအခါ။
(၈) ကျန်းမာလာစအခါဤအကြောင်း ၈-မျိုးတွင် တမျိုးမျိုးကြောင့် ပျင်းရိတတ်ကြသည်ဟူလို။ ။ ပျင်းရိခြင်းအခန်း၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/279]܀
ကုသိနာရသုတ္တ
အံ-၃-ပါ-၂၇၇၊ အံ-၃-ဋ္ဌ-၂၃၆၊ ဆွမ်းအလှူ၌ အကျိုးပေး မကြီးကျယ်သော ကြီးကျယ်သော ပုဂ္ဂိုလ်ကို ဟောထား၏။ အံ-၄-ပါ-၃၉၁၊ အံ-၄-ဋ္ဌ-၃၁၉၊ ပရိနိဗ္ဗာန်စံကာနီး ရဟန်းတို့အား ယုံမှားသံသယရှိက မေးကြဟု ဘုရားရှင်က မိန့်တော်မူပုံ၊ ငါဘုရားကို ရိုသေ၍ မမေးဝံ့ကြလျှင် သူငယ်ချင်း အနေနှင့် မေးကြရန်ပင် တိုက်တွန်းတော်မူပုံ။ ။ အံ-၁၀-ပါ-၃၁၈၊ အံ-၁၀-ဋ္ဌ-၃၁၁၊ စောဒကတို့ လိုက်နာရန် ၁၀-ချက်ကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/313]܀ကုသိနာရုံပြည်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံခြင်းအကြောင်း သုံးပါး
ဥဒါန-ဋ္ဌ-၃၆၃။(၁) မဟာသုဒဿနသုတ်ကို ဟောတော်မူလိုသောကြောင့် ၎င်း။
(၂) သုဘဒ္ဒပရိဗ္ဗိုဇ်ကို နောက်ဆုံး ရဟန္တာဖြစ်စေလိုသောကြောင့် ၎င်း။
(၃) ဓာတ်တော်ဝေရာ၌ ငြိမ်ဝပ်အောင် ဆုံးမနိုင်သော ဒေါဏပုဏ္ဏားကြီး ရှိနေသောကြောင့် ၎င်း ပရိနိဗ္ဗာန်စံရကြောင်း ရှင်းပြထား၏။ ܀ပိဋကတ်လမ်းညွှန်[01/318]܀