Tuesday, August 2, 2022

ကောင်းကင် သရုပ်စုံ

ကောင်းကင်၌ တည်သော ဥဒေါင်းငှက်၏ ဌာန အပိုင်းအခြား ၆ မျိုး

၁။ ဒေါင်း၏ ရှေ့နှုတ်သီးဖျား တစ်ဌာန၊
၂။ နောက် အမြီးဖျား တစ်ဌာန၊ ၃၊
၄။ နံပါးနှစ်ဖက်ရှိ အတောင် နှစ်ဖက်တို့၏ အစွန်အဖျား နှစ်ဌာန၊
၅။ အောက်ဖက်၌ ခြေသည်းဖျား တစ်ဌာန၊
၆။ အထက်၌ အမောက်အဖျား တစ်ဌာန။ (ဝိ၊ဋ္ဌ၊၁၊၂၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၌ တိုက်ခတ်သော လေ ၁၀ မျိုး

၁။ အရှေ့လေ၊
၂။ အနောက်လေ၊
၃။ မြောက်လေ၊
၄။ တောင်လေ၊
၅။ မြူပါသော လေ၊
၆။ မြူမပါသော လေ၊
၇။ လေအေး၊
၈။ လေပူ၊
၉။ လေညင်း၊
၁၀။ လေပြင်း။ (သံ၊၃၊၄၆။) (သံ၊မြန်၊၃။၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၏ ဂုဏ် ၁၀ ပါး

၁။ ပဋိသန္ဓေ မနေရခြင်း၊
၂။ မအိုရခြင်း၊
၃။ မသေရခြင်း၊
၄။ မစုတေရခြင်း၊
၅။ မဖြစ်ပေါ်ရခြင်း၊
၆။ ညှဉ်းဆဲ ပုတ်ခတ်နိုင်ရန် ခဲယဉ်းခြင်း၊
၇။ ခိုးသူတို့ မယူဆောင်နိုင်ခြင်း၊
၈။ တစ်စုံတစ်ရာ အမှီမရှိခြင်း၊
၉။ ငှက်အပေါင်းတို့ ပျံတက် သွားရောက်ရာ ဖြစ်ခြင်း၊
၁၀။ အပိတ်အပင်မရှိ, အဆုံးအပိုင်းအခြား မရှိခြင်း။ (မိလိန္ဒ၊၃၀၇။) (မိလိန္ဒ၊မြန်။၃၂၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်၏ အင်္ဂါ ၅ ပါး

၁။ ကောင်းကင်သည် ခပ်သိမ်းသောအားဖြင့် မကိုင်တွယ် မဆုပ်ဖမ်း နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ခပ်သိမ်းသောအားဖြင့် ကိလေသာတို့က မကိုင်တွယ် မဆုပ်ဖမ်းနိုင်အောင် ကျင့်ရခြင်း)၊
၂။ ကောင်းကင်သည် ဘုရား ရဟန္တာ ဈာန်ရရသေ့ နတ် ဗြဟ္မာနှင့် ငှက်သတ္တဝါအပေါင်းတို့ လှည့်လည် သွားလာရာဖြစ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟူသော သင်္ခါရတရားတို့၌ စိတ်ကို လှည့်လည်သွားလာစေ ရခြင်း)၊
၃။ ကောင်းကင်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ဘုံဘဝပဋိသန္ဓေတို့၌ စိတ်ကို ထိတ်လန့် တုန်လှုပ်စေခြင်း)၊
၄။ ကောင်းကင်သည် အပိုင်းအခြားမရှိ, အတိုင်းမရှိဘဲ မရေမတွက်နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဆုံး အပိုင်းအခြားမရှိသော သီလရှိသူ, မနှိုင်းယှဉ်အပ်သော ဉာဏ်ရှိသူ ဖြစ်ခြင်း)၊
၅။ ကောင်းကင်သည် ငြိကပ်မှုမရှိ တွယ်တာမှုမရှိ တည်ရာမရှိ အမြှေးအယှက် မရှိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမျိုးဒါယကာ ဂိုဏ်းဂဏ လာဘ်လာဘ ပစ္စည်း ပစ္စယပလိဗောဓ၌ လည်းကောင်း၊ အလုံးစုံသော ကိလေသာတို့၌လည်းကောင်း အတွယ် အတာမရှိ, တည်ရာမရှိ, အမြှေးအယှက် မရှိသည်ဖြစ်၍ နေရခြင်း)။ (မိလိန္ဒ၊၃၇၀။) (မိလိန္ဒ၊မြန်။၃၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းကင်သို့ ပျံတက်နိုင်သော ဥဗ္ဗေဂါပီတိဝတ္ထု

ဝိသုဒ္ဓိ-ပ-အုပ်-၁၃၉။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကောင်းကင်သို့ သွားနိုင်ရန် နည်းလမ်းများ

ဝိသုဒ္ဓိ-ဒု-အုပ်-၂၅။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကောင်းကင်သို့ပျံတက်သော ဒွါရာဝတီမြို့

ဇာတက-ဋ္ဌ-စ-အုပ်-၈၃။ ܀ပိဋကတ်လမ်းညွှန်[01/339]܀