Friday, March 25, 2022

ကာမ သရုပ်စုံ

ကာမ ၂ မျိုး

၁။ဝတ္ထုကာမ- ချစ်ခင်နှစ်သက်အပ် မြတ်နိုးအပ်သော ပိယရုပ် အစရှိသောဝတ္ထု အာရုံ ကာမဂုဏ်များ၊
၂။ ကိလေသာကာမ- အလုံးစုံသော တဏှာ, ကိလေသာရာဂ အမျိုးမျိုး။ (မဟာနိ၊။) (မဟာနိ၊။) (မဟာနိ၊၂၁။) (မဟာနိ၊၂၇။) (မဟာနိ၊၁၂၃။) (မဟာနိ၊၁၅၇။) (မဟာနိ၊၁၉၀။) (မဟာနိ၊၃၄၂။) (ပဋိသံ၊ဋ္ဌ၊၁၊၂၆၈။) (သုတ္တနိ၊ဋ္ဌ၊၁၊၈၈။) (အပ၊ဋ္ဌ၊၁၊၁၉၇။) (အဘိ၊ဋ္ဌ၊၁၊၁၀၄။) (သာရတ္ထ၊ဋီ၊၂၊၂၀။) (ဒီ၊ဋီ၊၂၊၂၅၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဂုဏ် ၂ မျိုး

၁။ လူ၌ ဖြစ်သော ကာမဂုဏ်၊
၂။ နတ်၌ ဖြစ်သော ကာမဂုဏ်။ (ဒီ၊ဋ္ဌ၊၁၊၁၁၁။) (အဘိ၊ဋ္ဌ၊၂၊၄၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဂုဏ် ၅ မျိုး

၁။ ရူပါရုံ- မျက်စိဖြင့် မြင်သိနိုင်ကာ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော အဆင်း၊
၂။ သဒ္ဒါရုံ- နားဖြင့် ကြားသိနိုင်ကာ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော အသံ၊
၃။ ဂန္ဓာရုံ- နှာခေါင်းဖြင့် နမ်းသိနိုင်ကာ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော အနံ့၊
၄။ ရသာရုံ- လျှာဖြင့် လျက်သိနိုင်ကာ အလို ရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော အရသာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ- ကိုယ်ဖြင့် ထိသိနိုင်ကာ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော အတွေ့။(ဤကာမဂုဏ် ၅ ပါးကို ဘုရားရှင်၏ အဆုံးအမတွင် နှောင်ကြိုးဟူ၍လည်းကောင်း၊ အနှောင်အဖွဲ့ဟူ၍လည်းကောင်း ခေါ်ဆိုအပ်သည်)။ (ဒီ၊၁၊၂၃၁။) (ဒီ၊၃၊၁၉၅။) (မ၊၁၊၁၁၉။) (မ၊၁၊၁၂၇။) (မ၊၁၊၂၃၀။) (မ၊၂၊၁၁၇။) (မ၊၂၊၂၃၃။) (မ၊၂၊၄၁၉။) (မ၊၂၊၆၀။) (မ၊၃၊၄၁။) (သံ၊၂၊၄၂၃။) (သံ၊၂၊၄၃၂။) (သံ၊၃၊၁၂၈။) (အံ၊၃၊၂၅၀။) (အဘိ၊က၊၂၇၄-၂၇၅။)(မဟာနိ၊၁၉။)(မဟာနိ၊၃၇၈။) (သံ၊ဋ္ဌ၊၁၊၂၈။) (ဒီ၊မြန်၊၃။၂၁၇-၂၁၈။) (မ၊မြန်၊၁။၁၂၆။) (မ၊မြန်၊၁။၁၂၆။) (မ၊မြန်၊၁။၁၂၆။) (မ၊မြန်၊၂။၆၆။) (မ၊မြန်၊၂။၆၆။) (မ၊မြန်၊၂။၆၆။) (မ၊မြန်၊၂။၆၆။) (မ၊မြန်၊၂။၆၆။) (သံ၊မြန်၊၂။၄၁၈၊၄၂၈။) (သံ၊မြန်၊၂။၄၁၈၊၄၂၈။) (သံ၊မြန်၊၃။၂၀။) (အံ၊မြန်၊၃။၂၅၀။)(အဘိ၊က၊မြန်၊၂။၈၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဂုဏ်ခံစားခြင်း ၃ ပါး

၁။ ထင်ရှားရှိသော ကာမဂုဏ်ကို ခံစားခြင်း (လူနတ်အချို့ ဝိနိပါတိက။)၊
၂။ ဖန်ဆင်းအပ်သော ကာမဂုဏ်ကို ခံစားခြင်း (နိမ္မာနရတိနတ်။)၊
၃။ သူတစ်ပါး ဖန်ဆင်း အပ်သော ကာမဂုဏ်ကို ခံစားခြင်း (ပရနိမ္မိတဝသဝတ္တိ)။ (ဒီ၊၃၊၁၈၃။) (ဒီ၊မြန်၊၃။၂၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဂုဏ်ခံစားသူ ၃ မျိုး

၁။ အနိုင်ထက်ပြု၍ အဓမ္မနည်းလမ်းဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာဖွေ စုဆောင်းပြီး မိမိကိုယ်ကိုလည်း မနှစ်သက် မချမ်းသာစေဘဲ ခွဲခြမ်းဝေဖန်လျက် ကုသိုလ် ကောင်းမှုတို့ကိုလည်း မပြုလုပ်သော ပုဂ္ဂိုလ်၊
၂။ အနိုင်ထက်ပြု၍ အဓမ္မနည်းလမ်းဖြင့် စည်းစိမ် ဥစ္စာတို့ကို ရှာဖွေစုဆောင်းပြီး မိမိကိုယ်ကိုသာ နှစ်သက်ချမ်းသာစေလျက် ခွဲခြမ်းဝေဖန်၍ ကုသိုလ်ကောင်းမှုတို့ကို မပြုလုပ်သော ပုဂ္ဂိုလ်၊
၃။ အနိုင်ထက်ပြု၍ အဓမ္မနည်းလမ်းဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာဖွေစုဆောင်းပြီး မိမိကိုယ်ကိုလည်း နှစ်သက်ချမ်းသာစေလျက် ခွဲခြမ်း ဝေဖန်၍ ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုလုပ်သော ပုဂ္ဂိုလ်။ (သံ၊၂၊၅၁၂။) (သံ၊မြန်၊၂။၅၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမစ္ဆန္ဒ မဖြစ်ကြောင်း ၂ ပါး

၁။ ရှေး၌ မဖြစ်ပေါ်ဖူးခြင်း၊
၂။ မခံစားဖူးသော အာရုံ ဖြစ်ခြင်း။ (အံ၊ဋ္ဌ၊၁၊၂၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမစ္ဆန္ဒနီဝရဏကို ပယ်ကြောင်းတရား ၆ ပါး

၁။ အသုဘနိမိတ္တဿ ဥဂ္ဂဟော- ကာမစ္ဆန္ဒ နီဝရဏ၏ ဆန့်ကျင်ဘက်ဖြစ်သော အသုဘနိမိတ်အာရုံကို သင်ယူခြင်း၊
၂။ အသုဘဘာဝနာ နုယောဂေါ- အသုဘဘာဝနာကို အားထုတ်ခြင်း၊
၃။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ- စက္ခု စသော ဣန္ဒြေခြောက်ပါးတို့ကို စောင့်စည်းခြင်း၊
၄။ ဘောဇနေ မတ္တညုတာ- ဘောဇဉ်၌ အတိုင်း အရှည်ကို သိခြင်း၊
၅။ ကလျာဏမိတ္တတာ- ဆရာကောင်းသမားကောင်း စသော ကလျာဏ မိတ္တ ရှိခြင်း၊
၆။ သပ္ပါယကထာ- လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၆၈။) (မ၊ဋ္ဌ၊၁၊၂၈၆။) (သံ၊ဋ္ဌ၊၃၊၂၀၂။) (အံ၊ဋ္ဌ၊၁၊၃၆။) (အဘိ၊ဋ္ဌ၊၂၊၂၅၇။) (ဣတိဝုတ်၊ဋ္ဌ၊၃၃၈။) (ဒီ၊ဋီ၊၁၊၂၆၀။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဓာတ် ၃ မျိုး

၁။ဝတ္ထုကာမတို့သည် အလိုရှိထိုက် တောင့်တထိုက်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ကာမတို့ မည်၍ ပရမတ္ထသဘာဝ၏ အဖြစ်, သတ္တဝါမဟုတ်သည်၏အဖြစ်, အတ္တမှ ကင်းသည်၏ အဖြစ်ဟူသော အနက်ကြောင့် ဓာတ်လည်း မည်၏၊
၂။ ကိလေသကာမ တို့သည် အလိုရှိထိုက် တောင့်တထိုက်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း၊ အလိုရှိတတ် တောင့်တတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း ကာမတို့ မည်၍ ပရမတ္ထသဘာဝ၏ အဖြစ်၊ သတ္တဝါမဟုတ်သည်၏ အဖြစ်၊ အတ္တမှကင်းသည်၏ အဖြစ် ဟူသော အနက်ကြောင့် ဓာတ်လည်း မည်၏၊
၃။ ကာမဘဝသည် အလိုရှိထိုက် တောင့်တ ထိုက်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း၊ အလိုရှိတတ် တောင့်တတတ် သည်၏အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း၊ဝတ္ထုအာရုံ ကာမဂုဏ်တို့၏ ဖြစ်ရာ ဒေသဟူသော အနက်ကြောင့်လည်းကောင်း ကာမမည်၍ ပရမတ္ထသဘာဝ၏အဖြစ် သတ္တဝါ မဟုတ်သည်၏အဖြစ် အတ္တမှကင်းသည်၏အဖြစ်ဟူသော အနက်ကြောင့် ဓာတ်လည်း မည်၏၊ ထို့ကြောင့် ထို ၃ မျိုးတို့သည် ကာမဓာတ် မည်၏။ (အဘိ၊ဋ္ဌ၊၃၊၂၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဓာတ်၌ပဋိသန္ဓေအခါဖြစ်သော ခန္ဓာ ၅ ပါး

၁။ ရူပက္ခန္ဓာ- ရုပ် ၂၈ ပါးအပေါင်းအစု၊
၂။ ဝေဒနာက္ခန္ဓာ- ဝေဒနာစေတသိက်အစု၊၃။သညာက္ခန္ဓာ- သညာစေတသိက်အစု၊
၄။ သင်္ခါရ က္ခန္ဓာ- ဝေဒနာ-သညာမှ ကြွင်းသော စေတသိက် ၅၀-ဟူသော သင်္ခါရအစု၊
၅။ ဝိညာဏက္ခန္ဓာ- စိတ် ၈၉ ပါးဟူသော ဝိညာဏ်အပေါင်းအစု။ (အဘိ၊ဝိ၊၄၂၇။) (အဘိ၊ဝိ၊မြန်၊၂။၅၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမပဋိသန္ဓေ အာဟာရ ၄ ပါး

၁။ အလုတ်အလွေး ပြုအပ်သော- ကဗဠီကာရအာဟာရ၊
၂။ တွေ့ထိ မှုဟု ဆိုအပ်သော- ဖဿာဟာရ၊
၃။ စေ့ဆော်မှုဟု ဆိုအပ်သော- မနောသေဉ္စတနာဟာရ၊
၄။ သိမှုဟု ဆိုအပ်သော- ဝိညာဏာဟာရ။ (အဘိ၊ဝိ၊၄၃၂။) (အဘိ၊ဝိ၊မြန်၊၂။၅၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဘဝ ၂ မျိုး

၁။ ကမ္မဘဝ- ကာမဘုံ၌ ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော ကောင်းမှု, မကောင်းမှု၊
၂။ ဥပပတ္တိဘဝ- ထိုကောင်းမှု မကောင်းမှုကြောင့် ဖြစ်သော ကမ္မဇရုပ် ခန္ဓာ ငါးပါး။ (မ၊ဋ္ဌ၊၁၊၂၂၃။) (သံ၊ဋ္ဌ၊၂၊၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဘုံ၌ ပရိနိဗ္ဗာန်ပြုသူ ၅ ဦး

၁။ ကာမဘုံ၌ ခုနစ်ကြိမ်သော ပဋိသန္ဓေယူခြင်းရှိသော သတ္တက္ခတ္တု ပရမ သောတာပန်၊
၂။ ဘဝပြောင်းရွှေ့သော ကောလံကောလ သောတာပန််၊
၃။ ပဋိသန္ဓေ မျိုးစေ့ တစ်ခုရှိသော ဧကဗီဇီ သောတာပန်၊
၄။ ကာမဘုံသို့ တစ်ကြိမ်သာ လာမည့် သကဒါဂါမ် ပုဂ္ဂိုလ်၊
၅။ မျက်မှောက်ဘဝ၌ပင် ရဟန္တာဖြစ်သော ပုဂ္ဂိုလ်။ (အံ၊၃၊၃၅၁။) (ပဋိသံ။၁၆၀။) (အံ၊မြန်၊၃။၃၄၉။) (အံ၊မြန်၊၃။၃၅၀။) (ပဋိသံ၊မြန်။၂၀၅။) (အဘိ၊ပု၊၁၈၅။) (အဘိ၊ပု၊မြန်။၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ် ၅ ဦး

၁။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်- အသက်တမ်း အလယ်ကို မလွန်မူ၍ အကြား၌ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်- အသက်တမ်းအလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
၃။ အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်- ဝိပဿနာတရားတို့ကို အလွန်အားမထုတ်ရဘဲ ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
၄။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်- ဝိပဿနာတရားတို့ကို ကျိုးစားအားထုတ်လျက် ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်- အထက် အကနိဋ္ဌဗြဟ္မာ့ ဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။ (အံ၊၃၊၃၅၁။) (အဘိ၊ပု၊၁၈၅။) (အံ၊မြန်၊၃။၃၄၉။) (အံ၊မြန်၊၃။၃၅၀။) (အဘိ၊ပု၊မြန်။၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမရာဂ၏ ထွက်မြောက်ရာ ၃ မျိုး

၁။ ဝိက္ခမ္ဘန နိဿရဏ- နီဝရဏတရားတို့ကို ပယ်ခွာဖျက်ဆီး ဖယ်ရှားသောအားဖြင့် ဆန့်ကျင်ဘက်တရားတို့မှ ထွက်မြောက်ကြောင်း ပထမဈာန်၊
၂။ တဒင်္ဂ နိဿရဏ- ထိုထိုဆန့်ကျင်ဘက်ကိလေသာတို့မှ ထွက်မြောက်ကြောင်း ဝိပဿနာ၊
၃။ သမုစ္ဆေဒ နိဿရဏ- နီဝရဏတရားတို့ကို အကြွင်းမဲ့ ပယ်သတ် ပယ်ဖြတ်သောအားဖြင့် ကိလေသာတို့မှ ထွက်မြောက်ကြောင်း မဂ်လေးပါး။ (သံ၊ဋ္ဌ၊၃၊၂၀၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမရာဂနိဿရဏ ၃ မျိုး

ကာမရာဂ၏ ထွက်မြောက်ရာ ၃ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရ ကုသိုလ်ဝေဒနာ ၃ မျိုး

၁။ ဒါနကုသိုလ်ဝေဒနာ၊
၂။ သီလကုသိုလ်ဝေဒနာ၊
၃။ ဘာဝနာ ကုသိုလ်ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရကုသိုလ်စိတ် ဉာဏဝိဘတ္တိဒေသနာအားဖြင့် ၄ ပါး

၁။ သောမနဿသဟဂုတ် ဉာဏ သမ္ပယုတ် အသင်္ခါရိကစိတ်၊
၂။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၊
၃။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်၊
၄။ ဥပေက္ခာသဟဂုတ် ဉာဏ သမ္ပယုတ် သသင်္ခါရိကစိတ်။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရကုသိုလ်ဟိတ် နာမည်အားဖြင့် ၃ မျိုး

၁။ အလောဘ ကာမာဝစရကုသိုလ်ဟိတ်၊
၂။ အဒေါသကာမာဝစရကုသိုလ်ဟိတ်၊
၃။ အမောဟ ကာမာဝစရကုသိုလ်ဟိတ် (ရူပါဝစရ ကုသိုလ်ဟိတ် စသည်လည်း နည်းတူ)။ (အဘိ၊ဋ္ဌ၊၃၊၃၅၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရကုသိုလ်အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်သော တရားအစု ၆ စု

၁။ ကာမာဝစရ ကုသိုလ်၊
၂။ ရူပါဝစရကုသိုလ်၊
၃။ အကုသိုလ်၊
၄။ ကာမာဝစရဝိပါက်၊
၅။ ကာမာဝစရကြိယာ၊
၆။ ရူပါဝစရကြိယာ။ (အဘိ၊ဋ္ဌ၊၃၊၃၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရဓာတ် ၁၆ ပါး

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဓာတ်ငါးပါး၊
၂။ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဓာတ်ငါးပါး၊
၃။ စက္ခုဝိညာဏ, သောတဝိညာဏ, ဃာနဝိညာဏ, ဇိဝှါဝိညာဏ, ကာယဝိညာဏဓာတ်ငါးပါး၊
၄။ မနောဓာတ် တစ်ပါး ပေါင်း ၁၆ ပါး။ (သံ၊ဋ္ဌ၊၂၊၁၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရဘုံ၌သာ ဖြစ်သော ဣန္ဒြေ ၁၀ ပါး

၁။ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ ဒေါမနဿိန္ဒြေ ပေါင်း ၁၀ ပါး။ (ဝိသုဒ္ဓိ၊၂၊၁၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမာဝစရဟိတ် ၉ ပါး

၁။ လောဘ, ဒေါသ, မောဟဟု ဆိုအပ်သော အကုသိုလ်ဟိတ် သုံးပါး၊
၂။ အလောဘ, အဒေါသ, အမောဟဟု ဆိုအပ်သော ကုသိုလ်ဟိတ်သုံးပါး၊
၃။ ဝိပါက်အဗျာကတ, ကိရိယာအဗျာကတ တရားတို့၌ ရှိသော အလောဘ, အဒေါသ, အမောဟဟု ဆိုအပ်သော အဗျာကတဟိတ် သုံးပါး ပေါင်း (၉) ပါး။ (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊မြန်။၃၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမူပပတ္တိ ၃ မျိုး

၁။ ရှေးရှု ထင်လာသော ကာမဂုဏ်များ၊
၂။ နိမ္မာနရတိနတ်များ၊
၃။ ပရနိမ္မိတ ဝသဝတ္တိနတ်များ။ (ခုဒ္ဒက၊၂၅၈။) (ခုဒ္ဒက၊မြန်။၂၄၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမေသုမိစ္ဆာစာရကံ ထမြောက်ကြောင်းအင်္ဂါ ၄ ပါး

၁။ မေထုန်အားဖြင့် မသွားလာထိုက်သောဝတ္ထု ဖြစ်ခြင်း၊
၂။ ထိုမလားထိုက်သောဝတ္ထု၌ မေထုန်မှီဝဲလိုစိတ် ရှိခြင်း၊
၃။ မေထုန်မှီဝဲမှု လုံ့လ ပြုခြင်း၊
၄။ မဂ်အချင်းချင်း ထိတွေ့၍ သာယာခြင်း။ (ဒီ၊ဋ္ဌ၊၃၊၂၃၁။)(မ၊ဋ္ဌ၊၁၊၂၀၃။) (သံ၊ဋ္ဌ၊၂၊၁၃၅။)(အဘိ၊ဋ္ဌ၊၁၊၁၄၁။)(ပဋိသံ၊ဋ္ဌ၊၁၊၂၀၄။)(ဣတိဝုတ်၊ဋ္ဌ၊၂၂၀။)(မဟာနိ၊ဋ္ဌ၊၁၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကာမ ၂-မျိုး

(ကိလေသာကာမ၊ဝတ္ထုကာမ) ပဋိသံ-ပါ-၈၁၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၂၆၈။ ။ အရကောက်၊ ဝိသုဒ္ဓိ-ပ-အုပ်-၁၃၆။ ။ သုတ္တ-ဋ္ဌ-ပ-အုပ်-၈၈။ ။ အပ-ပါ-ပ-အုပ်-၁၁၊ အပ-ဋ္ဌ-ပ-အုပ်-၁၉၇။ စူဠနိ-ပါ-၃၆၊ စူဠနိ-ဋ္ဌ-။ ။ စူဠနိ-ပါ-၂၆၂၊ စူဠနိ-ဋ္ဌ-၁၁၉။ ။ မဟာနိ-ပါ-၊ မဟာနိ-ဋ္ဌ-၁၀။ ၁၄၊ အကျယ်ဖွင့်ပြထား၏။ ။ အဘိ-၁-ပါ-၁၇၊ အဘိ-၁-ဋ္ဌ-၁၀၄၊ ၂၀၉။ ။ အဘိ-၂-ပါ-၈၈၊ အဘိ-၂-ဋ္ဌ-၆၉။ ။ အဘိ-၂-ပါ-၂၆၆၊ အဘိ-၂-ဋ္ဌ-၃၅၅။ ܀ပိဋကတ်လမ်းညွှန်[01/266]܀

ကာမကထာ

အဘိ-၅-ပါ-၂၇၄၊ အဘိ-၅-ဋ္ဌ-၂၀၈၊ ရူပါယတနစသည် ၅-ပါးကိုသာ ကာမဟု ယူမှားသည်ကို ရှင်းပြခန်း။ ܀ပိဋကတ်လမ်းညွှန်[01/347]܀

ကာမဂရုက နေက္ခမ္မဂရုက ၂-မျိုး

၎င်း ၂-မျိုးကို လူနှင့်ရဟန်း ၂-မျိုးဖြင့် ပွားသော် ၄-မျိုးရှိကြောင်း၊ ပဏ်-၂-ပါ-၂၃၃၊ ပဏ်-၂-ဋ္ဌ-၁၉၁။ ܀ပိဋကတ်လမ်းညွှန်[01/301]܀

ကာမဂုဏကထာ

အဘိ-၅-ပါ-၂၇၂၊ အဘိ-၅-ဋ္ဌ-၂၀၇၊ ကာမဂုဏ် ၅-ပါးလုံး ကာမဓာတ်ချည်းဟု ယူမှားသည်ကို ရှင်းပြခန်း။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကာမဂုဏသုတ္တ

သဠာ-သံ-ပါ-၃၁၇၊ သဠာ-သံ-ဋ္ဌ-၃၅၊ (စက္ခချုပ်လျှင် ရူပချုပ်ကြောင်း စသည်)၊ တောတောင်တို့ သာယာဘွယ် ကြည်နူးဘွယ်ကောင်းကို အချို့မှာ ကာမဂုဏ်စိတ်ဓါတ်ဖြစ်တတ်ပုံ။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဂုဏ် ၅-ပါး ခံစားလျက်ပင်

သုဂတိသို့ရောက်ကြောင်း တရားတော်ကို ဟောပါရန် လျှောက်ထားသောကြောင့် ဟောသော ဝေဠုဒွါရေယျသုတ်၊ မဟာ-သံ-ပါ-၃၀၆၊ မဟာ-သံ-ဋ္ဌ-၃၁၁၊ ကိုယ်ချင်းစာ တရားဖြင့် ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်၍ ဗုဒ္ဓ, ဓမ္မ, သံဃ, အနုဿတိသုံးပါး၊ အရိယာကန္တသီလ (၅-ပါး သီလ) ပေါင်းလေးပါးနှင့် ပြည့်စုံရကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဂုဏ် ၅-ပါး အရကောက်နှင့်

၎င်းကာမဂုဏ်ထက် အဆင့်ဆင့်သာလွန်သော သုခဝေဒနာများ၊ သဠာ-သံ-ပါ-၄၂၄၊ သဠာ-သံ-ဋ္ဌ-၁၂၀။ ။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဂုဏ် ၅-ပါး၌လည်းကောင်း၊

ကာမ ဝေဒနာ သညာ အာသဝကမ္မ ဒုက္ခတို့၌လည်းကောင်း၊ နိဒါန၊ ဝေမတ္တ၊ ဝိပါက၊ နိရောဓ၊ နိရောဓဂါမိနီပဋိဒါ ၅-ချက်ဖြင့် ဝေဖန် ပြပုံ။ ။ အံ-၆-ပါ-၃၅၈၊ ၃၅၉၊ အံ-၆-ဋ္ဌ-၁၃၅။ ܀ပိဋကတ်လမ်းညွှန်[01/311]܀

ကာမဂုဏ် ခံစားကြပုံ ၃-မျိုး

ဒီဃ-၃-ပါ-၁၈၃၊ ဒီဃ-၃-ဋ္ဌ-၁၈၃
(၁) ငရဲမှတပါး ကျန်အပါယ်သုံးပုံ၊ လူ့ဘုံ၊ အောက်နတ်ပြည်လေးထပ်တမျိုး။ ။
(၂) နိမ္မာနရတိ နတ်ပြည်တမျိုး။
(၃) ပရနိမ္မိတဝသဝတ္တီနတ်ပြည်တမျိုး။ ပေါင်း ၃-မျိုးကွဲပြားကြပုံ။ ။ ဣတိဝုတ္တက-ပါ-၂၅၈၊ ဣတိဝုတ္တက-ဋ္ဌ-၂၈၅၊ ကာမူပပတ္တိသုတ်၌လည်း ဤ ၃-မျိုး ပြဆိုထား၏။ ܀ပိဋကတ်လမ်းညွှန်[01/341]܀

ကာမဂုဏ် ခံစားမှု၌ အပြစ်မရှိဟု အချို့ လူတို့ ယူမှားနေကြပုံ

ကာမသုခလ္လိကာနုယောဂပုဒ် အဖွင့်၊ နေတ္တိ-ပါ-၉၁၊ နေတ္တိ-ဋ္ဌ-၁၉၃၊ ကုသိုလ်ပင် ပွားသေး၏ဟု ထပ်လော၍ ယူမှားနေကြပြန်၏။ ဥဒါန-ဋ္ဌ-၃၁၈။ ။ ပဉ္စနိကာယ၊ အဿာဒဒိဋ္ဌိခဏ်း၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/268]܀

ကာမဂုဏ် ချမ်းသာထက် စတုတ္ထဈာန် ချမ်းသာ၊

ဖလသမာပတ် ချမ်းသာကလွန်ကဲစွာချမ်းသာလှကြောင်း နူနာရှိသူဥပမာတို့ဖြင့် ဟောထားတော်မူပုံ။ ။ ပဏ်-၂-ပါ-၁၇၃၊ ပဏ်-၂-ဋ္ဌ-၁၅၁။ ܀ပိဋကတ်လမ်းညွှန်[01/301]܀

ကာမဂုဏ် အနှောင်အဖွဲမှာ ခိုင်မြဲလှကြောင်း ဂါထာ

ဗန္ဓနာဂါရဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၃၈။ ။ ဗန္ဓနသုတ်၊ သဂါထာ-သံ-ပါ-၇၇၊ သဂါထာ-သံ-ဋ္ဌ-၁၃၄။ နေတ္တိ-ပါ-၁၃၂၊ နေတ္တိ-ဋ္ဌ-၂၄၃။ ။ ပေဋက-ပါ-၁၈၅။ နေတ္တိ-ပါ-၅၂၊ နေတ္တိ-ဋ္ဌ-၁၂၄၊ ဣမသ္မိံ လောကေ ကာမ သဒိသံ ဗန္ဓနံ နတ္ထိ။ ܀ပိဋကတ်လမ်းညွှန်[01/267]܀

ကာမဂုဏ် အပြစ်များကို ဥပမာများဖြင့် ပြဆိုခန်း

ပဏ်-၁-ပါ-၁၈၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၀။ ။ ပဏ်-၂-ပါ-၂၇၊ ပဏ်-၂-ဋ္ဌ-၃၀၊ ၆၅။ ။ စူဠနိ-ပါ-၂၆၅၊ စူဠနိ-ဋ္ဌ-၁၂၂။ ။ စူဠနိ-ပါ-၂၈၂၊ စူဠနိ-ဋ္ဌ-၁၂၈။ ။ ဝိ-၂-ပါ-၁၇၆၊ ဝိ-၂-ဋ္ဌ-၁၃၉။ ။ ဘယသုတ်၊ အံ-၆-ပါ-၂၇၄၊ အံ-၆-ဋ္ဌ-၁၀၀။ ။ အံ-၈-ပါ-၁၁၄၊ အံ-၈-ဋ္ဌ-၂၄၀၊ ဂါထာများ။ ။ မဟာနိ-ပါ-၊ မဟာနိ-ဋ္ဌ-၂၆-မှ ၂၉အထိ။ ။ အဆိပ်သီးနှင့် တူကြောင်း ဂါထာ၊ ဇာတက-ပါ-ပ-အုပ်-၂၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၉၀။ ။ ကာမဂုဏ်ဝဲ နူနာစွဲ၊ ပဏ်-၂-ပါ-၁၇၃၊ ပဏ်-၂-ဋ္ဌ-၁၅၁။ ။ ကာမဂုဏ်ငါး အများ နှင့် ဆက်ဆံ၍ သံဝေဂဉာဏ်ဖြစ်ပုံ၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၈၀။ ကာမ ညွှတ်ကွင်း ဇွတ်အတင်းဝင်တိုးမိစေရန် မိန်းမတိုထောင်ထားတတ်ပုံ၊ ထေရီ-ဋ္ဌ-၈၀။ ။ ရတ္တိဒိဝသသုတ်၊ အံ-၆-ပါ-၃၇၈။ ။ ခွေးငတ်ရိုးခဲ ဝနိုင်ခဲသို့ ဟူသော ဥပမာစကားကို အကျယ်ပြဆိုခဏ်း၊ မဟာနိ-ဋ္ဌ-၂၆။ ။ ပဏ်-၂-ပါ-၂၇၊ ပဏ်-၂-ဋ္ဌ-၃၀။ ܀ပိဋကတ်လမ်းညွှန်[01/267]܀

ကာမဂုဏ်၌ ရလျင်ပြုံး၍ မရလျှင် နုန်းကြရကြောင်းဂါထာများ

နေတ္တိ-ပါ-၅၉။ ။ မဟာနိ-ပါ-၊ ၃၊ မဟာနိ-ဋ္ဌ-၁၅၊ ၂၃။ ။ ကာမသုတ်၊ သုတ္တ-ပါ-၃၉၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၂၈။ ܀ပိဋကတ်လမ်းညွှန်[01/267]܀

ကာမဂုဏ်၌ အသာဒ အာဒီနဝ နိရဿဏစသည်ကို ပြသော ဂါထာများ

နေတ္တိ-ပါ-၊ နေတ္တိ-ဋ္ဌ-၄၂။ ܀ပိဋကတ်လမ်းညွှန်[01/330]܀

ကာမဂုဏ်၏ အပြစ်များကို ပြဆိုခန်း

ပဏ်-၁-ပါ-၁၂၀၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၆၁။ ။ ပဏ်-၃-ပါ-၄၈၊ ပဏ်-၃-ဋ္ဌ-၃၈။ ။ အံ-၅-ဋ္ဌ-၈၅၊ အံ-၅-ဋ္ဌ-၃၅။ ။ ထေရ-ပါ-၂၈၉၊ ထေရ-ဋ္ဌ-ဒု-အုပ်-၁၂၁၊ ၂၉၆၊ ၄၆၁။ ။ ထေရ-ပါ-၃၂၂၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၇၇။ ။ ကာမဂုဏ်စွဲ မြှုံးထဲငါးပမာ၊ ထေရ-ပါ-၂၇၂၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၃။ ။ ထေရီ-ဋ္ဌ-၂၄၆၊ ၂၈၁၊ ၂၈၂၊ ၂၈၄။ ။ ထေရီ-ပါ-၄၁၇၊ ထေရီ-ဋ္ဌ-၂၄၉။ ။ ထေရီ-ပါ-၄၂၉၊ ထေရီ-ဋ္ဌ-၂၇။ ။ ထေရီ-ပါ-၄၃၀၊ ထေရီ-ဋ္ဌ-၂၈၉။ ။ ထေရီ-ပါ-၄၃၂၊ ထေရီ-ဋ္ဌ-၂၉၂။ ။ စူဠနိ-ပါ-၂၆၂၊ စူဠနိ-ဋ္ဌ-၁၂၀၊ အကျယ်။ ။ ကာမသုတ္တနိဒ္ဒေသ၊ မဟာနိ-ပါ-၊ မဟာနိ-ဋ္ဌ-။ ။ ဂုဟဋ္ဌကသုတ်၊ မဟာနိ-ပါ-၁၇၊ မဟာနိ-ဋ္ဌ-၃၈၊ လွတ်ကြောင်းလည်း ပါ၏။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၅၆၊ ၁၈၃၊ ၁၈၅။ ။ နေတ္တိ-ပါ-၊ နေတ္တိ-ဋ္ဌ-၄၃။ ။ နေတ္တိ-ပါ-၃၂၊ နေတ္တိ-ဋ္ဌ-၁၀၀။ ။ နေတ္တိ-ပါ-၁၀၇၊ နေတ္တိ-ဋ္ဌ-၂၂၁။ ။ ဒီဃ-၁-ပါ-၂၃၁၊ ဒီဃ-၁-ဋ္ဌ-၃၄၄။ ။ စူဠဒုက္ခက္ခန္ဓသုတ်၊ ပဏ်-၁-ပါ-၁၂၆၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၆၅။ ။ မဟာဒုက္ခက္ခန္ဓသုတ်၊ ပဏ်-၁-ပါ-၁၁၈၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၅၉။ ။ အဍ္ဍကရဏသုတ်၊ သဂါထာ-သံ-ပါ-၇၄၊ သဂါထာ-သံ-ဋ္ဌ-၁၂၈။ ။ သမိဒ္ဓိသုတ်-သံ။ ။ သတ္တသုတ် (ပ-ဒု) ဥဒါန-ပါ-၁၇၁၊ ၁၇၂၊ ဥဒါန-ဋ္ဌ-၃၃၀၊ ၃၃၂။ ။ ကာမသုတ်၊ သုတ္တ-ပါ-၃၉၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၂၈ ဂါထာများ။ ။ ဂုဟဋ္ဌကသုတ်၊ သုတ္တ-ပါ-၄၀၀၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၃၂။ ။ သုတ္တ-ပါ-၂၈၇၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၈၈၊ ၈၉။ ။ သုတ္တ-ပါ-၂၈၈၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၀၂။ ။ ကာမဂုဏ်၌ ကျက်စားလျှင် မာရ်မင်း နှောင်ဖွဲခံရ တတ်ကြောင်းဟောသော မက္ကဋသုတ်-သံ။ ။ ကာမဂုဏ်၏ အကြောင်း ရင်းမှာ ကြံစည်ခြင်းသာဟူသော ဂါထာ၊ စူဠနိ-ပါ-၃၇။ မဟာနိ-ပါ-၊ ၂၂။ ။ ကာမဂုဏ်အပြစ်ပြစကားတော်များမှာ အခြား၌လည်း များစွာ ရှိသေး၏။ ܀ပိဋကတ်လမ်းညွှန်[01/266]܀

ကာမဂုဏ်၏အပြစ်ကို ဟောသော ဇာတ်တော်များ

ဝိကဏ္ဏဇာတက-ပါ-ပ-အုပ်-၆၄၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၀၇၊ အဆိပ်လူးသော မြားစူးသည်နှင့် တူကြောင်း၊ ငါးမျှားချိတ် ဥပမာဂါထာများ၊ ဇာတက-ပါ-ဒု-အုပ်-၂၀၅၊ ၂၀၉၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၂၆၁၊ ၂၆၂၊ ၂၈၅။ ။ ကာမဂုဏ်နဲ့ လွန်ဆင်းရဲလှကြောင်းဝတ္ထုများ၊ ဇာတက-ဋ္ဌ-တ-အုပ်-၉၂၊ ၉၃၊ ဇာတက-ပါ-ပ-အုပ်-၁၀၈။ ။ ကာမတဏှာ ဖြည့်နိုင်ခဲစွာသော အကြောင်း၊ မန္ဓာတုဇာတက-ပါ-ပ-အုပ်-၇၃၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၈၁။ ။ ပျားရည်နှင့်လူးသော အဆိပ်နှင့်တူကြောင်း၊ ဇာတက-ပါ-ပ-အုပ်-၁၃၀၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၈၆၊ ဂုမ္ဗိယဇာတက။ ။ အပြစ်များကို အကျယ်တဝင့် ဟောသော ဒရီမုခဇာတက-ပါ-ပ-အုပ်-၁၃၈၊ ဇာတက-ဋ္ဌ-တ-အုပ်-၂၂၃။ ။ ပါနီယဇာတက-ပါ-ပ-အုပ်-၂၃၅၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၂၀။ ။ အပြစ်ပြဂါထာများ၊ ဇာတက-ပါ-ပ-အုပ်-၂၈၇၊ ဇာတက-ဋ္ဌ-စ-အုပ်-၃၁၂။ ။ ဇာတက-ပါ-ဒု-အုပ်-၅၅၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၆၉။ ။ ကာမခံစား၊ ရောဂါများ၊ ဉာဏ်အား ကုန်လေသည် ဟူသော ဂါထာ၊ ဇာတက-ပါ-ဒု-အုပ်-၂၉၂၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၉၉၊ လွန်ကဲသူ အပြစ်။ ။ ကာမဂုဏ်စွဲက မိုက်ရူးရဲလုပ်တတ်ကြောင်းနမူနာ၊ လောမကဿပဇာတက-ပါ-ပ-အုပ်-၁၉၃၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၈၈၊ ၄၉၁။ ။ ကိန္နရာမကို ရလိုသောကြောင့် ပင့်ကူကို သတ်သောရသေ့၊ ဇာတက-ပါ-ဒု-အုပ်-၂၀၇၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၂၆၉။ ။ ကာမခံစား အဆိပ်စားသို့ ဟူသော ဥပမာ ဂါထာ၊ ဇာတက-ပါ-ပ-အုပ်-၂၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၁၅၈။ ܀ပိဋကတ်လမ်းညွှန်[01/333]܀

ကာမဂုဏ်ကင်း၊ ရောက်ခြင်းအမြန်၊ ထိုနိဗ္ဗာန် ဂါထာ

မဟာနိ-ပါ-၁၄၊ မဟာနိ-ဋ္ဌ-၆၇။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်ကို ပယ်ပုံ ၂-မျိုး

(ဝိက္ခမ္ဘန သမုစ္ဆေဒ) မဟာနိ-ပါ-၊ မဟာနိ-ဋ္ဌ-၂၆-မှ၄၅-အထိ။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်ကိုစက်ဆုပ်၍ ကျိန်စာဆိုကြသော ရသေ့မောင်နှမများ

ဘိသဇာတက-ပါ-ပ-အုပ်-၂၈၅၊ ဇာတက-ဋ္ဌ-စ-အုပ်-၃၀၄။ စရိယာ-ပါ-၄၁၀၊ စရိယာ-ဋ္ဌ-၁၉၆၊ ရုက္ခဇိုဝ်းနတ်ကြီးကလည်း ကျောင်းထိုင်ဘုန်းကြီးဖြစ်ရပါစေသားဟု ကျိန်စာဆိုပြပုံ။ ܀ပိဋကတ်လမ်းညွှန်[01/268]܀

ကာမဂုဏ်စွဲ တုန်လှုပ်မြဲ၊ သေပွဲဝင်ရသည် ဟူသော ဂါထာ

မဟာနိ-ပါ-၃၄၊ မဟာနိ-ဋ္ဌ-၁၃၅။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်စွဲ၊ လွန်းဆင်းရဲ၊ လှေကွဲဥပမာ ဟူသော ဂါထာ

မဟာနိ-ပါ-၊ မဟာနိ-ဋ္ဌ-၄၇။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်ပယ်၊ ဩဃဝယ်၊ အလွယ်ကူးနိုင်သည် ဟူသော ဂါထာ

မဟာနိ-ပါ-၁၄၊ မဟာနိ-ဋ္ဌ-၆၇။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်ပုဒ်ကိုဖွင့်ပြပုံ

ပဏ်-၁-ပါ-၁၁၉၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၆၀။ ။ သဠာ-သံ-ပါ-၄၂၄၊ သဠာ-သံ-ဋ္ဌ-၁၂၀။ ။ အံ-၉-ပါ-၂၂၇၊ ကာမဂုဏ် ၅-ပါးကို လောက ခေါ်ကြောင်း။ ။ ကာမဂုဏ်ကို အမည်အမျိုးမျိုး ပေးထားပုံ ဂါထာ၊ စူဠနိ-ပါ-၂၆၅၊ စူဠနိ-ဋ္ဌ-၁၂၂။ ။ အံ-၆-ပါ-၂၇၄၊ အံ-၆-ဋ္ဌ-၁၀၀။ ။ အံ-၈-ပါ-၁၁၄။ ။ ကာမဂုဏသုတ်၊ အံ-၉-ပါ-၂၅၀။ စူဠနိ-ပါ-၂၆၂၊ ၂၈၂၊ စူဠနိ-ဋ္ဌ-၁၂၈။ ܀ပိဋကတ်လမ်းညွှန်[01/266]܀

ကာမဂုဏ်မွဲ၊ လွန်စွာစွဲ၊ ငိုပွဲဆင်ရသည် ဟူသော ဂါထာ

မဟာနိ-ပါ-၂၇-၉၃-မှ ၁၀၂-အထိ။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဂုဏ်မှ လွတ်ကြောင်းများ

ကာမဂုဏသုတ်၊ မဟာ-သံ-ပါ-၅၅။ ။ ကာမဂုဏ် ၅-ပါးကို ပယ်နိုင်ရန် မဂ္ဂင် ၈-ပါးကို အားထုတ်ရမည်ဟု ဟောထား၏။ နေတ္တိ-ပါ-၊ နေတ္တိ-ဋ္ဌ-၄၃၊ ၄၄။ ။ နေတ္တိ-ပါ-၅၂၊ နေတ္တိ-ဋ္ဌ-၁၂၄။ ။ အဘိ-၅-ပါ-၂၇၃၊ အဘိ-၅-ဋ္ဌ-၂၀၇၊ ၂၀၀။ ။ သုတ္တ-ပါ-၃၀၄၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၀၇။ သဂါထာ-သံ-ပါ-၁၆၊ သဂါထာ-သံ-ဋ္ဌ-၅၂၊ ဧဏိဇင်္ဃသုတ်။ ။ ကာမ ဝိတက်ကို ငြိမ်းစေပုံ ဂါထာများ၊ အရတိသုတ်၊ နိက္ခန္တသုတ်-သံ။ ။ အာနန္ဒသုတ်-သံ။ ။ သဂါထာ-သံ-ပါ-၁၈၉၊ ၁၉၀၊ သဂါထာ-သံ-ဋ္ဌ-၂၄၉၊ ဂါထာများ။ ။ လွတ်အောင်ရုံးနိုင်ရန် ဂါထာများ၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၉၁။ ။ ကာမဂုဏ်၌ တိုက်တွန်းက ဆွေမျိုးပင် ရန်သူမည်ကြောင်း ဂါထာ၊ ထေရီ-ပါ-၄၁၇၊ ထေရီ-ဋ္ဌ-၂၄၉။ ။ ကာမခံစား၊ ရောဂါများ၊ သမားဆရာ သမထ ဝိပဿနာ၊ နေတ္တိ-ပါ-၉၁၊ နေတ္တိ-ဋ္ဌ-၁၉၄။ ܀ပိဋကတ်လမ်းညွှန်[01/267]܀

ကာမဂုဏ်မီး အပူသည်းလှကြောင်း

မစ္ဆဇာတက-ပါ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၂၂၆။ ။ ဂင်္ဂမာလဇာတက-ပါ-ပ-အုပ်-၁၈၀၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၂၅။ ။ ပုပ္ဖရတ္တဇာတက-ပါ-ပ-အုပ်-၃၄၊ ဇာတက-ဋ္ဌ-ပ-အုပ်-၅၂၅။ ။ ဝေနသာခဇာတက-ပါ-ပ-အုပ်-၁၂၂၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၅၀၊ သေကာနီးတွင် မိဖုရားကို တမ်းတနေပုံ။ ܀ပိဋကတ်လမ်းညွှန်[01/332]܀

ကာမဂုဏ်ရှာသူမှာ တော၌ မပျော်မွေ့ကြောင်း ဂါထာ

ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၄၀၄။ ܀ပိဋကတ်လမ်းညွှန်[01/315]܀

ကာမစ္ဆန္ဒ နီဝရဏကို ပယ်နိုင်ရန်အကြောင်း ၆-ပါး

ပဏ်-၁-ပါ-၇၇၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၈၆။ ။ မဟာ-သံ-ဋ္ဌ-၂၀၁။ ။ အံ-၁-ဋ္ဌ-၃၆။ ။ ဣတိ-ပါ-၁၉၅၊ ဣတိ-ဋ္ဌ-၄၀။ ။ ဣတိ-ပါ-၂၇၄၊ ဣတိ-ဋ္ဌ-၃၃၈။ ။ ဒီဃ-၂-ဋ္ဌ-၃၆၈၊ ဒီဃ-၂-ပါ-၂၃၈။ ။ အဘိ-၂-ပါ-၂၀၆၊ အဘိ-၂-ဋ္ဌ-၂၅၇။ ။ ကာမဂုဏ်ပယ်က ချမ်းသာစွာ အိပ်ရ နေရကြောင်း၊ ဟတ္ထကသုတ်၊ အံ-၃-ပါ-၁၃၅၊ အံ-၃-ဋ္ဌ-၁၁၅၊ ဂါထာများ မှတ်သားဖွယ်။ ܀ပိဋကတ်လမ်းညွှန်[01/268]܀

ကာမဇာတက

ဇာတက-ပါ-ပ-အုပ်-၂၄၆၊ ဇာတက-ဋ္ဌ-စ-အုပ်-၁၆၈၊ စပါးပင်များ ရေပါကုန်၍ သောကဖြစ်နေသည်ကို ငြိမ်းစေပုံ၊ တဏှာ အလိုလိုက်က နယ်ချဲ့မှု မဆုံးနိုင်ကြောင်း၊ အမိုက်ဖြစ်တတ်ကြောင်းဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/332]܀

ကာမညွှန်အိုင်၊ ကူးခက်နိုင်ခဲလှကြောင်း ဂါထာ

မဟာနိ-ပါ-၃၃၉၊ မဟာနိ-ဋ္ဌ-၃၃။ ܀ပိဋကတ်လမ်းညွှန်[01/329]܀

ကာမဒသုတ္တ

သဂါထာ-သံ-ပါ-၄၅၊ သဂါထာ-သံ-ဋ္ဌ-၉၈၊ ဒုဂ္ဂမေ ဝိသမေဂါပိ စသော ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဓာတု

(ဥပ္ပတ္တာနုပ္ပတ္တိဝါရဝဏ္ဏနာ) အဘိ-၂-ပါ-၄၁၇၊ အဘိ-၂-ဋ္ဌ-၅၀၀၊ ကာမဘုံ၌ ရနိုင်သောခန္ဓာ အာယတန ဓာတ် သစ္စာ ဣန္ဒြေ ဟိတ် အာဟာရ ဖဿ ဝေဒနာ သညာ စေတနာ စိတ္တတို့ကို အကျယ်ဝေဖန်၍ ဟောထား၏။ ။ ပရိယာပန္နာ ပရိယာပန္နဝါရ၊ အဘိ-၂-ပါ-၄၂၃၊ အဘိ-၂-ဋ္ဌ-၅၀၁။ ။ ဓမ္မဒဿနဝါရ၊ အဘိ-၂-ပါ-၄၂၆၊ အဘိ-၂-ဋ္ဌ-၅၀၁၊ ပဋိသန္ဓေအခါ၌ ရနိုင်သော မရနိုင်သော ခန္ဓာ (ပ)ဝေဒနာတို့ကိုလည်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကာမနှင့်ပတ်သက်၍ ပသူရပရိဗ္ဗိုဇ်နှင့် အသျှင်သာရိပုတ္တရာတို့ ဝါဒပြိုင်ကြရာ ပသူရ ရှုံးခန်း

သုတ္တ-ပါ-၄၀၇၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၅၂။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကာမနီတဇာတက

ဇာတက-ပါ-ပ-အုပ်-၆၂၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၉၅၊ဝတ္ထုကာမ ကိလေသာကာမ ၂-ပါး အလိုကြီးသောမင်းကို ဆုံးမခန်း။ ܀ပိဋကတ်လမ်းညွှန်[01/332]܀

ကာမန္တိ ဧကံသဗ္ဗေ နိပါတော

မဟာနိ-ပါ-၅၀၊ မဟာနိ-ဋ္ဌ-၁၇၀။ ။ ဗီဇာတက-ပါ-ပ-အုပ်-၆၄၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၀၈။ ။ ကာမ သဒ္ဒါ ဟောနိုင်သော ၆-နက်၊ ဝိမာန-ဋ္ဌ-၁၀၊ ဝိမာန-ပါ-။ ܀ပိဋကတ်လမ်းညွှန်[01/266]܀

ကာမဘူသုတ္တ

သဠာ-သံ-ပါ-၃၇၄၊ သဠာ-သံ-ဋ္ဌ-၅၀၊ ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းဆုံမိသောအခါ ဆန္ဒရာဂဖြစ်၏၊ ထိုဆန္ဒရာဂသည်ပင် ရူပါရုံ စက္ခုပသာဒ၌ သံယောဇဉ်ဖြစ်၏ဟု ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဘူသုတ္တ

သဠာ-သံ-ပါ-၄၈၁၊ သဠာ-သံ-ဋ္ဌ-၁၃၁၊ နေလင်္ဂေါ သေတပစ္ဆာဒေါစသော ဂါထာကို စိတ္တသူကြွယ်က ဖြေပြပုံ။ ။ ဒု-သုတ်၊ သဠာ-သံ-ပါ-၄၈၃၊ သဠာ-သံ-ဋ္ဌ-၁၃၂၊ ကာယ, ဝစီ စိတ္တသင်္ခါရသုံးပါးနှင့် သညာဝေဒယိတ နိရောဓသမာပတ်အကြောင်းကို ကာမဘူမထေရ်က အကျယ်ဖြေပြပုံ။ ܀ပိဋကတ်လမ်းညွှန်[01/305]܀

ကာမဘောဂီသုတ္တ

အံ-၁၀-ပါ-၃၉၈၊ အံ-၁၀-ဋ္ဌ-၃၃၀၊ ကာမဂုဏ် ခံစားသူ လူတို့အား စီးပွားရှာရာနှင့်ပတ်သက်၍၎င်း၊ သုံးစွဲရာ၌လည်းကောင်း၊ ကုသိုလ်ပြု မပြုနှင့် ပတ်သက်၍၎င်း ကဲ့ရဲ့ကြောင်း ချီးမွမ်းကြောင်းများကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/311]܀

ကာမယောဂသုတ္တ

ဣတိ-ပါ-၂၅၉၊ ဣတိ-ဋ္ဌ-၂၈၆၊ ကာမယောဂ ဘဝယောဂနှင့် ယှဉ်လျှင် သံသရာကျင်လည်၍ မယှဉ်မှ ပြတ်ကြောင်း ဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/318]܀

ကာမဝိလာပဇာတက

ဇာတက-ပါ-ပ-အုပ်-၉၀၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၄၀၀၊ မိန်းမကိုစွဲသေ၍ ငရဲပြည်ရောက်ရပုံ၊ ဒုက္ခတွေ အကြားမှ မိန်းမကို အမှတ်ရနေသေးပုံ။ ܀ပိဋကတ်လမ်းညွှန်[01/332]܀

ကာမသုတ္တ

သဂါထာ-သံ-ပါ-၄၁၊ သဂါထာ-သံ-ဋ္ဌ-၉၄၊ မပေးမစွန့်ကောင်းသော အရာများကို ပြသော ဂါထာ။ ܀ပိဋကတ်လမ်းညွှန်[01/304]܀

ကာမသုတ္တ

အံ-၅-ပါ-၊ အံ-၅-ဋ္ဌ-၊ ရဟန်းဖြစ်ကာစ၌ စောင့်ရှောက်ရန် ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/311]܀

ကာမသုတ္တ

သုတ္တ-ပါ-၃၉၉၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၂၈၊ ကောက်ပင်များ ပျက်စီး၍ သောကဖြစ်သည်ကို ငြိမ်းစေတော်မူပုံ။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကာမာဝစရ ကုသလ ပဒဘာဇနီယ

အဘိ-၁-ပါ-၁၇၊ အဘိ-၁-ဋ္ဌ-၉၇။ ။ ကာမာဝစရ ကုသလနိဒ္ဒေသဝါရကထာ၊ အဘိ-၁-ပါ-၁၈၊ အဘိ-၁-ဋ္ဌ-၁၈၀။ ။ ကာမာဝစရကုသလ (တေဘူမက ကုသလဝဏ္ဏနာ) အဘိ-၁-ပါ-၆၉၊ အဘိ-၁-ဋ္ဌ-၂၅၇။ ။ ကာမာဝစရနိဒ္ဒေသ၊ အဘိ-၁-ပါ-၂၅၃၊ အဘိ-၁-ဋ္ဌ-၄၁၇၊ ကာမဘုံကို ပိုင်းခြားပုံ။ ။ ကာမာဝစရကုသလဒွါရ ကထာ၊ (ကာယကမ္မဒွါရ)၊ အဘိ-၁-ဋ္ဌ-၁၂၃။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကာမာဝစရကုသိုလ် ၈-ပါး ဖြစ်ပုံ အမြွက်

ဝိသုဒ္ဓိ-ဒု-အုပ်-၈၃။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကာမူပပတ္တိသုတ္တ

ဣတိ-ပါ-၂၅၈၊ ဣတိ-ဋ္ဌ-၂၈၅၊ လူနှင့် နတ်တို့ ကာမဂုဏ် ခံစားကြပုံ သုံးမျိုးရှိကြောင်း၊ ၎င်းကာမကိုစွန့်မှ ဒုက္ခကိုလွန်နိုင်ကြောင်း။ ܀ပိဋကတ်လမ်းညွှန်[01/319]܀

ကာမေသု နာဘိ ဂိဇ္ဈေယျ စသော ဂါထာ

နေတ္တိ-ပါ-၁၆၊ နေတ္တိ-ဋ္ဌ-၇၃။ ܀ပိဋကတ်လမ်းညွှန်[01/330]܀

ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို ပြဆိုခန်း

နိဒါန-သံ-ဋ္ဌ-၁၃၄၊ အကျယ်။ ။ ဣတိ-ပါ-၂၃၉၊ ဣတိ-ဋ္ဌ-၂၂၀။ ။ မဟာနိ-ပါ-၂၈၊ မဟာနိ-ဋ္ဌ-၉၉။ ။ ဒီဃ-၃-ပါ-၂၂၃၊ ဒီဃ-၃-ဋ္ဌ-၂၃၁၊ မသွားလာကောင်းသော မိန်းမ ၁၀-ယောက် မယား ၁၀-ယောက်၊ ပေါင်း ၂၀-ကို ရေတွက်ပြထား၏။ (အဂမနိယဝတ္ထု ၂၀ဟူလို)။ ။ ပဋိသံ-ပါ-၄၃၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၂၀၄။ ။ ဝိမာန-ဋ္ဌ-၆၅။ ။ ဝိ-၁-ပါ-၂၀၂၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၁၄၁။ ။ အဘိ-၁-ဋ္ဌ-၁၄၁။ ။ ပဏ်-၁-ပါ-၅၇၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၀၀။ ။ ပဏ်-၁-ပါ-၃၅၅၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၃၀။ ။ မိဘချင်း ကတိထားသောမိန်းမ၊ စရန်ယူထားသောမိန်းမ၊ ပန်းကုံးစွပ်မှတ်သားထားသော မိန်းတို့ကို အခြားယောက်ျားတို့က မှီဝဲလျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်ကြောင်း မိန့်ဆိုထား၏။ ܀ပိဋကတ်လမ်းညွှန်[01/268]܀

ကာမေသုမိစ္ဆာစာရကံ လွန်ကျူးပြစ်များကို ပြဆိုခန်း

ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၀၈။ ။ သုတ္တ-ပါ-၂၈၅၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၆၈၊ ၎င်းကံကြောင့် မဟာပဒုမ ပစ္စေကဗုဒ္ဓါအလောင်းမှာ အလွန်နီးကပ်လှသောဘဝ၌ပင် မကောင်းကျိုးခံရ သေးပုံ။ ။ ထေရီ-ဋ္ဌ-၂၇၀၊ ဣသိဒါသိထေရီ-ပါ-၄၂၇။ ။ အပ-ဋ္ဌ-ပ-အုပ်-၁၇၉၊ (ကြောက်စရာ ကောင်းလှပုံ)။ ။ ဇာတက-ပါ-ဒု-အုပ်-၆၄၊ ၁၉၄၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၉၃၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၄၄၊ ၎င်းတို့ ခံရသောငရဲ။ ။ မိန်းမဖြစ်တတ်ကြောင်း ဆိုထားပုံ၊ ဒီဃ-၃-ပါ-၇၃၊ ဒီဃ-၃-ဋ္ဌ-၅၃။ ။ မယားခိုး အခန်း၊ ပရဒါရက အခန်း၊ ဒု-သ-န-သော အခန်းတို့၌လည်း ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/268]܀