Saturday, March 26, 2022

ကိစ္စလမ်းညွှန်

ကိစ္စ ၂ မျိုး

၁။ အကျိုးရှိသော ကိစ္စ၊
၂။ အကျိုးမရှိသော ကိစ္စ။ (ဒီ၊ဋ္ဌ၊၁၊၄၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၈၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်း ၄ ပါး

၁။ အပလောကနကံ- သံဃာအား ပန်ကြားရသော ဝိနည်းကံ၊
၂။ ဉတ္တိကံ- သံဃာအား ဉတ်ကမ္မဝါစာဖြင့် သိစေအပ်သော ဝိနည်းကံ၊
၃။ ဉတ္တိဒုတိယကံ- ဉတ်လျှင် နှစ်ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် သိစေအပ်သော ဝိနည်းကံ၊
၄။ ဉတ္တိစတုတ္ထကံ- ဉတ်လျှင် လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် သိစေအပ်သော ဝိနည်းကံ။ (ဝိ၊၄၊၂၁၂။) (ဝိ၊မြန်၊၄။၂၀၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ ၁ ပါး

၁။ သမ္မုခါဝိနယ သမထ- မျက်မှောက်၌ အဓိကရုဏ်းငြိမ်းကြောင်းတရား။ (ဝိ၊၅၊၁၉၅။) (ဝိ၊မြန်၊၅။၂၈၀။) (ဒီ၊ဋ္ဌ၊၃၊၂၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်းကြောင့် သင့်သော အာပတ် ၅ မျိုး

၁။ နှင်ထုတ်အပ်သော ရဟန်းသို့ အတုလိုက်သော ရဟန်းမိန်းမသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်အံ့၊ ဉတ်၏ အဆုံး၌ ဒုက္ကဋ် အာပတ်သို့ ရောက်၏။၂။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်း အာပတ်သို့ ရောက်၏၊
၄။ သံဃာကို သင်းခွဲသော ရဟန်းသို့ အတုလိုက်သော ရဟန်းသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ်သို့ ရောက်၏၊
၅။ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် ယုတ်ညံ့သော အယူကို မစွန့်အံ့၊ ပါစိတ်အာပတ်သို့ ရောက်၏။ (ဝိ၊၅၊၁၈၁။) (ဝိ၊၅၊၂၆၉။) (ဝိ၊မြန်၊၅။၂၆၅။) (ဝိ၊မြန်၊၅။၃၅၆၊၃၆၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၆ ပါး

၁။ ယေဘုယျသိကာ သမထ- ဓမ္မဝါဒီပုဂ္ဂိုလ် များရာသို့ လိုက်၍ဆုံးဖြတ်ရသော ဝိနည်းကံ၊
၂။ သတိဝိနယ သမထ-ရဟန္တာပုဂ္ဂိုလ်အား သတိပေးရသော ဝိနည်းကံ၊
၃။ အမူဠှဝိနယ သမထ- ရူးသွပ်သော ရဟန်းအား သတိရခိုက် ပေးရသော ဝိနည်းကံ၊
၄။ ပဋိညာတကရဏ သမထ- ဝန်ခံသဖြင့် ပြုအပ်သော ဝိနည်းကံ၊
၅။ တဿ ပါပိယသိကာ သမထ- ယုတ်မာသော ရဟန်းအား ပြုရသော ဝိနည်းကံ၊
၆။ တိဏ ဝတ္ထာရက သမထ- မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ အာပတ်ကို ဖုံးဖိထားရသော ဝိနည်းကံ။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၀-၂၇၁။)(ဝိ၊၅၊၁၈၇။) (ဝိ၊မြန်၊၅။၂၇၁။)(ဝိ၊၅၊၁၉၈။) (ဝိ၊မြန်၊၅။၂၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်းနှင့် တူသော အဖို့ရှိသော သမထ ၁ ပါး

၁။ သမ္မုခါဝိနယ သမထ- မျက်မှောက်၌ အဓိကရုဏ်း ငြိမ်းကြောင်းတရား။ (ဝိ၊၅၊၁၈၆။) (ဝိ၊မြန်၊၅။၂၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်းနှင့် မဆက်ဆံသော သမထ ၆ ပါး

ကိစ္စာဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၆ ပါးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စာဓိကရုဏ်းမှ တစ်ပါးသော အဖို့ရှိသော သမထ ၆ ပါး

ကိစ္စာဓိကရုဏ်းကို မငြိမ်းစေနိုင်သော သမထ ၆ ပါးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိစ္စ ၂-ခုပြီးစေရကျိုး ဂါထာ

(မိမိကိစ္စ သူတပါးကိစ္စ) အပ-ပါ-ပ-အုပ်-၃၇၇။ ܀ပိဋကတ်လမ်းညွှန်[01/326]܀

ကိစ္စ ၂-မျိုး

(အနုကမ္ပကဿ သတ္ထုကိစ္စံ၊ ယဒိဒံ အဝိပရိတဓမ္မဒေသနာ၊ ဣတော ပရံ ပန ပဋိပတ္တိနာမ သာဝကာနံ ကိစ္စံ)၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၉၉၊ ပဏ်-၁-ပါ-၅၆။ ܀ပိဋကတ်လမ်းညွှန်[01/301]܀

ကိစ္စ ၂-မျိုး

(သာတ္ထကကိစ္စအကျိုးရှိသောကိစ္စ၊ နိရတ္ထကကိစ္စ-အကျိုး မရှိသောကိစ္စ) ဤ ၂-မျိုးတွင် ဘုရားရှင်မှာ နိရတ္ထကကိစ္စကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ပယ်ထားပြီ ဖြစ်ကြောင်း၊ ဒီဃ-၁-ဋ္ဌ-၄၅။ ܀ပိဋကတ်လမ်းညွှန်[01/341]܀

ကိစ္စကြီးငယ်၌ အလျင်ပြုသင့်သည်ကို နောက်မှ ပြု၊

နောက်မှ ပြုသင့်သည်ကို အလျင်ပြုက ပူပန်ရတတ်ကြောင်းဂါထာ။ ။ ဇာတက-ပါ-ပ-အုပ်-၁၇၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၃၇။ နှေးသင့်သည်ကို မြန်၊ မြန်သင့်သည်ကို နှေးက အကျိုး ပျက်စီးတတ်ကြောင်းဂါထာ၊ နှေးသင့်သည်ကို နှေး၊ မြန်သင့်သည်ကို မြန်က အကျိုးပြီးစီးတတ်ကြောင်းဂါထာ၊ ဇာတက-ပါ-ပ-အုပ်-၁၁၆၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၂၉။ ။ (ထေရ-ပါ-၂၇၁၊ ထေရ-ဋ္ဌ-ဒု-အုပ်-၁၉-၌လည်း ရှိ၏)။ ܀ပိဋကတ်လမ်းညွှန်[01/333]܀

ကိစ္စကြီးငယ်ပယ် ပူဘွယ်မရှိကြောင်းဂါထာ

စူဠနိ-ပါ-၁၅၅၊ စူဠနိ-ဋ္ဌ-၄၄။ ။ သုတ္တ-ပါ-၃၉၀၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၃၁၅။ ܀ပိဋကတ်လမ်းညွှန်[01/272]܀

ကိစ္စနှင့် ကရဏီယအထူး

ဥဒါန-ဋ္ဌ-၁၀၂။ ။ ဒီဃ-၁-ဋ္ဌ-၂၇၆။ ။ ဒီဃ-၁-ပါ-၁၄၃။ ။ အံ-၃-ဋ္ဌ-၂၂၁၊ အံ-၃-ပါ-၂၄၂။ ။ အံ-၇-ပါ-၄၆၃၊ အံ-၇-ဋ္ဌ-၁၇၄။ ။ ဥဒါန၌ ၃-နည်း ဖွင့်ပြထား၏၊ ဒီဃ-အလိုပြုလိုက ပြု၊ (မပြုလိုက နေနိုင်သော အလုပ်သည်) ကိစ္စမည်၏၊ မချွတ်မယွင်း ပြုရသော အလုပ်သည် ကရဏီယမည်၏။ ܀ပိဋကတ်လမ်းညွှန်[01/272]܀

ကိစ္စရှိသောအခါ သုံးမရသော

(ဝါ)အကျိုးမဲ့ကို ပြုတတ်သောအရာ ၆-မျိုးဂါထာ။ ။ ဇာတက-ပါ-ဒု-အုပ်-၁၂၀၊ ဇာတက-ဋ္ဌ-မ-အုပ်-၄၆၆။ ܀ပိဋကတ်လမ်းညွှန်[01/334]܀

ကိစ္စသင်္ဂဟ (ပကိဏ်းပိုင်းလာ)ကို အမြွက်မျှ ပြဆိုခန်း

(ဒဿနကိစ္စ၊ သဝနကိစ္စစသည်) အဘိ-၂-ဋ္ဌ-၁၄၅၊ အဘိ-၂-ပါ-၁၄၂။ ။ အဘိ-၁-ဋ္ဌ-၃၂၃။ ܀ပိဋကတ်လမ်းညွှန်[01/348]܀

ကိစ္စာဓိကရုဏ်း၏ မူလမှာ သံဃာဖြစ်ကြောင်း

ဝိ-၄-ပါ-၃၇၈၊ ဝိ-၄-ဋ္ဌ-၂၄၁။ ܀ပိဋကတ်လမ်းညွှန်[01/344]܀