ကာယ ၄-မျိုး
(ဥပါဒိန္နက၊ အာဟာရသမုဋ္ဌာန၊ ဥတုသမုဋ္ဌာန၊ စိတ္တသမုဋ္ဌာန) အဘိ-၁-ဋ္ဌ-၁၂၄။ ܀ပိဋကတ်လမ်းညွှန်[01/348]܀ကာယကမ္မံ သနိဒဿနန္တိကထာ
အဘိ-၅-ပါ-၂၄၉၊ အဘိ-၅-ဋ္ဌ-၁၉၅၊ ကာယကံကို သနိဒဿနဟု ယူမှားသည်ကို ရှင်းပြခန်း။ ။ ܀ပိဋကတ်လမ်းညွှန်[01/348]܀ကာယကမ္မန္တရကထာ
ပဏ်-၁-ပါ-၂၀၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၁၇။ ܀ပိဋကတ်လမ်းညွှန်[01/301]܀ကာယကမ္မာဓိဋ္ဌာနဒေသနာတော်ကို ပြဆိုခန်း
ပေဋက-ပါ-၂၁၆၊ ကာယသုစရိုက်ကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/269]܀ကာယဂတာသတိသုတ္တ
ပဏ်-၃-ပါ-၁၃၀၊ ပဏ်-၃-ဋ္ဌ-၁၀၂၊ ပွားများရပုံ အကျိုးများကို ဟောထား၏။ ။ ခုဒ္ဒက-ပါ-၂၊ ခုဒ္ဒက-ဋ္ဌ-၃၁။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၃၂-မှ ၂၅၈-အထိ။ ။ မဟာနိ-ပါ-၇၊ မဟာနိ-ဋ္ဌ-၃၈၊ အကျဉ်း။ ။ ဒီဃ-၂-ပါ-၂၃၁၊ ဒီဃ-၂-ဋ္ဌ-၃၄၇၊ ၃၅၂။ ။ ကာယာနုပဿနာဝဏ္ဏနာ၊ အဘိ-၂-ပါ-၂၀၀၊ အဘိ-၂-ဋ္ဌ-၂၀၇၊ ၂၁၂။ ပဋိသံ-ပါ-၄၀၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၁၆၁။ ။ နေတ္တိ-ပါ-၂၇၊ နေတ္တိ-ဋ္ဌ-၉၅၊ ကာယေ ကာယာနုပဿီပုဒ်အဖွင့်။ ။ ကာယဂတာ သတိဝဂ္ဂ၊ အံ-၁-ပါ-၄၄၊ အံ-၁-ဋ္ဌ-၄၁၀ ပွားများရကျိုး အကျယ်ဟောထား၏။ အမတဝဂ္ဂ အံ-၁-ပါ-၄၇၊ အံ-၁-ဋ္ဌ-၄၁၆။ ။ တေလပတ္တဇာတက-ပါ-ပ-အုပ်-၂၂၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၁၇၊ ဥပမာပေးဟောပုံ။ ။ ဇနပဒကလျာဏီသုတ်၊ မဟာ-သံ-ပါ-၁၄၇၊ မဟာ-သံ-ဋ္ဌ-၂၅၉။ ܀ပိဋကတ်လမ်းညွှန်[01/269]܀ကာယဒုစရိတဝိရတီပုဒ်အဖွင့်
အဘိ-၁-ပါ-၁၇၊ အဘိ-၁-ဋ္ဌ-၁၇၇။ ܀ပိဋကတ်လမ်းညွှန်[01/348]܀ကာယနိဗ္ဗိန္ဒဇာတက
ဇာတက-ပါ-ပ-အုပ်-၈၉၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၉၃၊ ရောဂါပျောက်၍ ရဟန်းပြုပြီး ရဟန္တာဖြစ်သူ၊ ခန္ဓာကိုယ်စွဲ လားမြဲအပါယ်လေးရွာ။ ܀ပိဋကတ်လမ်းညွှန်[01/333]܀ကာယပိယာယနပဥှ
မိလိန္ဒ-ပါ-၇၈၊ ရ-ခဏ်း၌ ရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/323]܀ကာယမည်ပုံ ဖွင့်ပြခန်း
ဝိဂ္ဂဟ၊ ပဏ်-၁-ပါ-၇၀၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၄၆။ ။ ဣတိ-ပါ-၂၄၂၊ ဣတိ-ဋ္ဌ-၂၃၁။ ။ ဣတိ-ပါ-၂၁၁၊ ဣတိ-ဋ္ဌ-၉၅၊ ကောက်ပြပုံ။ ။ မဟာနိ-ပါ-၁၇၊ မဟာနိ-ဋ္ဌ-၇၉၊ (ပရိယာယ်ပုဒ်များ)။ ။ ကာယအမျိုးမျိုး ခွဲပြပုံ၊ ဣတိ-ပါ-၂၁၁၊ ဣတိ-ဋ္ဌ-၉၅။ ܀ပိဋကတ်လမ်းညွှန်[01/269]܀ကာယသမာစာရ၌ ပရိသုဒ္ဓ အပရိသုဒ္ဓခဲ့ပြခန်း
ပဏ်-၁-ပါ-၃၃၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၁၄။ ܀ပိဋကတ်လမ်းညွှန်[01/301]܀ကာယသိဒ္ဓိ ထိုးဆေး-လက် ဂါထာ
(ဘုရားပေးသည့်နည်း)၊ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၂၈၆။ ܀ပိဋကတ်လမ်းညွှန်[01/315]܀ကာယသုတ္တ
မဟာ-သံ-ပါ-၅၈၊ မဟာ-သံ-ဋ္ဌ-၁၇၇၊ နီဝရဏ ၅-ပါး၏ အကြောင်းနှင့် ဗောဇ္ဈင် ၇-ပါး၏ အကြောင်းကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/305]܀ကာယသုတ္တ
အံ-၁၀-ပါ-၂၇၊ အံ-၁၀-ဋ္ဌ-၂၉၉၊ ကိုယ် နှုတ် စိတ်ဖြင့် ပယ်ရသော အကုသိုလ်များကို ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/311]܀ကာယေန သံဝရော သာဓု စသော ဂါထာ
ပေဋက-ပါ-၂၀၇-အညွှန်း။ ။ မူရင်းမှာ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၅၉၊ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတီတိ။ ။ ܀ပိဋကတ်လမ်းညွှန်[01/269]܀
ကာယ ၄ မျိုး
၁။ ဥပါဒိန္နကကာယ- အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သော စက္ခာယတန စသော ရုပ်အပေါင်း၊၂။ အာဟာရ သမုဋ္ဌာနိကကာယ- အာဟာရကြောင့် ဖြစ်သော ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇ စသော ရုပ်အပေါင်း၊
၃။ ဥတုသမုဋ္ဌာနိကကာယ- ဥတုကြောင့် ဖြစ်သော ဝဏ္ဏ, ဂန္ဓ စသော ရုပ်အပေါင်း၊
၄။ စိတ္တ သမုဋ္ဌာနိကကာယ- စိတ်ကြောင့် ဖြစ်သော ဝဏ္ဏ, ဂန္ဓ စသော ရုပ်အပေါင်း။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယကမ္မ ၃ မျိုး
၁။ ယထာဒိဋ္ဌိ ယံ ဌိတကာယကမ္မ- ဒိဋ္ဌိအယူရှိသော သူ၏ ပါဏာတိပါတ စသော ကာယကံ၊၂။ ဒိဋ္ဌိသဟဇာတံ ကာယကမ္မ- ဒိဋ္ဌိအယူနှင့် တကွဖြစ်သော ပါဏာတိပါတ စသော ကာယကံ၊
၃။ ဒိဋ္ဌာနုလောမိကကာယကမ္မ- ဒိဋ္ဌိအယူအားလျော်စွာ ဖြစ်စေအပ်သော ကာယကံ။ (အံ၊ဋ္ဌ၊၁၊၃၇၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဂတာသတိကမ္မဋ္ဌာန်း (ကာယဂတာသတိ ကမ္မဋ္ဌာန်းပွားများသော ပုဂ္ဂိုလ်၏ မနသိကာရ၌ ကျွမ်းကျင်လိမ္မာကြောင်း အစီအရင် ၁၀ ပါး)
၁။ အနုပုဗ္ဗတော- ကေသာ, လောမာ, နခါ စသည်ဖြင့် အစဉ်အတိုင်း နှလုံးသွင်းရခြင်း၊၂။ နာတိသီဃတော- မမြန်လွန်းသောအားဖြင့် နှလုံးသွင်းရခြင်း၊
၃။ နာတိသဏိကတော- မနှေးလွန်းသောအားဖြင့် နှလုံးသွင်းရခြင်း၊
၄။ ဝိက္ခေပပဋိဗာဟနတော- စိတ်၏ ပျံ့လွင့်ခြင်းကို တားမြစ်သောအားဖြင့် နှလုံးသွင်းရခြင်း၊
၅။ ပဏ္ဏတ္တိသမတိက္ကမနတော- ဆံပင်, မွေးညင်းစသော ပညတ်ကိုလွန်၍ စက်ဆုပ်ဖွယ်အားဖြင့် နှလုံးသွင်းရခြင်း၊
၆။ အနုပုဗ္ဗမုဉ္စနတော- အစဉ်အတိုင်း မထင်သော ကောဋ္ဌာသကို လွှတ်သော အားဖြင့် နှလုံးသွင်းရခြင်း၊
၇။ အပ္ပနာတော- တစ်ခုခုသော ကောဋ္ဌာသ၌ ဖြစ်သင့်သော အပ္ပနာ အားဖြင့် နှလုံးသွင်းခြင်း၊
၈။ တယော သုတ္တန္တာ- အဓိစိတ္တ, သီတိဘာဝ, ဗောဇ္ဈင်္ဂ ကောသလ္လ ဟူသော သုံးပါးသော သုတ်တို့ကို နှလုံးသွင်းရခြင်း ပေါင်း ဆယ်ပါး။ (ဝိသုဒ္ဓိ၊၁၊၂၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဂတာသတိကမ္မဋ္ဌာန်း အစီအရင် ၇ ပါး (ကာယဂတာသတိကမ္မဋ္ဌာန်း ပွားများသော ပုဂ္ဂိုလ်၏ ဥဂ္ဂဟ၌ ကျွမ်းကျင်လိမ္မာကြောင်း)
၁။ ဝစသာ- ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း စသည်ဖြင့် နှုတ်ဖြင့် သရဇ္ဈာယ်ရခြင်း၊၂။ မနသာ-ဆံပင်, မွေးညင်း စသည်ဖြင့် စိတ်ဖြင့် သရဇ္ဈာယ်ရခြင်း၊
၃။ ဝဏ္ဏတော- ဆံပင် စသည်တို့ကို အဆင်းအားဖြင့် ပိုင်းခြားရခြင်း၊
၄။ သဏ္ဌာနတော- ဆံပင် စသည်တို့ကို သဏ္ဌာန်အားဖြင့် ပိုင်းခြားရခြင်း၊
၅။ ဒိသတော- ချက်မှ အထက်ဖြစ်သော အရပ်, အောက်ဖြစ်သော အရပ်တို့ကို ပိုင်းခြားရခြင်း၊
၆။ ဩကာသတော- ‘‘ဆံပင်သည် ဤမည်သော အရပ်၌ တည်၏’’ စသည်ဖြင့်ထိုထို ကောဋ္ဌာသ၏ တည်ရာ အရပ်ကို ပိုင်းခြား ရခြင်း၊
၇။ ပရိစ္ဆေဒတော- သဘာဂ, ဝိသဘာဂ အားဖြင့် ပိုင်းခြားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၂၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဂတာသတိကမ္မဋ္ဌာန်း၌ အပိုင်း ၁၄ ပိုင်း
၁။ အာနာပါနအပိုင်း၊၂။ ဣရိယာပထအပိုင်း၊
၃။ စတု သမ္ပဇညအပိုင်း၊
၄။ ပဋိကူလမနသီကာရအပိုင်း၊
၅။ ဓာတုမနသိကာရအပိုင်း၊
၆။ သိဝထိက အပိုင်း ၉ ပိုင်း ပေါင်း ၁၄ ပိုင်း။ (ခုဒ္ဒက၊ဋ္ဌ၊၂၈။) (ဝိသုဒ္ဓိ၊၁၊၂၃၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒွါရ၌ အားထုတ်အပ်သော စေတနာ ၈၀
၁။ ကာယဒွါရ၌ ကိုယ်တိုင် ပြုလုပ် အားထုတ် အပ်သော မဟာကုသိုလ်စေတနာ (၈) ပါး၊ အကုသိုလ် စေတနာ (၁၂) ပါး -ပေါင်း၂၀၊၂။ ကာယ ဒွါရ၌ သူတစ်ပါး စေခိုင်ခြင်းကြောင့် ပြုလုပ်အားထုတ်အပ်သော မဟာကုသိုလ် စေတနာ (၈) ပါး၊ အကုသိုလ်စေတနာ (၁၂) ပါး- ပေါင်း ၂၀၊
၃။ ကာယဒွါရ၌ ကောင်းစွာ သိ၍ ပြုလုပ် အားထုတ်အပ်သော မဟာကုသိုလ်စေတနာ (၈) ပါး၊ အကုသိုလ်စေတနာ (၁၂) ပါး- ပေါင်း ၂၀၊
၄။ ကာယဒွါရ၌ ကောင်းစွာ မသိဘဲ ပြုလုပ်အားထုတ်အပ်သော မဟာကုသိုလ်စေတနာ (၈) ပါး၊ အကုသိုလ်စေတနာ (၁၂) ပါး- ပေါင်း ၂၀ စုစုပေါင်း ရှစ်ဆယ်၊ (ထိုအတူ ဝစီဒွါရ၌လည်း ရှစ်ဆယ် ရှိသည်။) ။ (အံ၊ဋ္ဌ၊၂၊၃၄၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒသကရုပ် ၁၀ ပါး
၁။ ကာယပသာဒရုပ် ၁ ပါး၊၂။ မဟာဘုတ်ရုပ် ၄ ပါး၊
၃။ ဝဏ္ဏ ဂန္ဓ ရသ ဩဇရုပ် ၄ ပါး၊
၄။ ဇီဝိတရုပ် ၁ ပါး ပေါင်း ၁၀ ပါး။ (အဘိ၊ဋ္ဌ၊၂၊၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒုစရိုက် ၃ ပါး
၁။ ပါဏာတိပါတ- သူ့အသက်သတ်ခြင်း၊၂။ အဒိန္နာဒါန- သူ့ဥစ္စာကို ခိုးခြင်း၊
၃။ ကာမေသုမိစ္ဆာစာရ- ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်း။ (မ၊၁၊၃၅၅။) (အဘိ၊ဝိ၊၃၇၈။) (မ၊မြန်၊၁။၃၆၆။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒုစရိုက် စသော အကုသိုလ်ကံ၌ အပြစ် ၅ ပါး
၁။ မိမိကိုယ်ကို စွပ်စွဲ၏၊၂။ ပညာရှိတို့ ကဲ့ရဲ့ ကုန်၏၊
၃။ မကောင်းသတင်း ကျော်စောခြင်း ပျံ့နှံ့၏၊
၄။ တွေဝေ၍ သေရ၏၊
၅။ သေပြီး နောက်၌ ငရဲသို့ ရောက်၏။ မှတ်ချက်။ ။ကာယသုစရိုက် စသော ကုသိုလ်ကံ၌ အကျိုး အာနိသင် (၅) ပါး- ကို အပြန်အားဖြင့် သိအပ်၏။ (ဝိ၊၅၊၂၃၅။) (ဝိ၊မြန်၊၅။၃၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒုစရိုက် စသော အကုသိုလ်ကံ၌ အပြစ် ၅ ပါး
၁။ မကြည်ညိုသော သူတို့သည် မကြည်ညိုကုန်၊၂။ ကြည်ညိုကုန်ပြီးသော သူတို့အား အကြည်ညို ပျက်၏၊
၃။ ဘုရားရှင်၏ သာသနာကို မပြုအပ်သည် ဖြစ်၏၊
၄။ နောင်လာနောက်သားတို့ ဒိဋ္ဌာနုဂတိသို့ မလိုက်၊
၅။ ထိုသူ၏ စိတ်သည် မကြည်လင်။ (ဝိ၊၅၊၂၃၅။) (ဝိ၊မြန်၊၅။၃၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဒုစရိုက်နှင့် ပြည့်စုံခြင်း ၅ ပါး
၁။ အာယူဟနသမင်္ဂီ- ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ် မှုနှင့် ပြည့်စုံခြင်း၊၂။ စေတနာသမင်္ဂီ- ကုသိုလ်ကံ အကုသိုလ်ကံစေတနာနှင့် ပြည့်စုံခြင်း၊
၃။ ကမ္မသမင်္ဂီ- ရှေး၌ ဆည်းပူးအပ်သော ကံနှင့် ပြည့်စုံခြင်း၊
၄။ ဝိပါကသမင်္ဂီ- အကျိုး ပေးခြင်းနှင့် ပြည့်စုံခြင်း၊
၅။ ဥပဋ္ဌာနသမင်္ဂီ- နိမိတ်ထင်ခြင်းနှင့် ပြည့်စုံခြင်း။ (အံ၊ဋ္ဌ၊၁၊၃၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယပါဂဗ္ဘိယ ကိုယ်ဖြင့်လွန်ကျူးမှု မပြုအပ်သည့်ဌာန ၈ မျိုး
၁။ သံဃာ့ပရိသတ်အလယ်၊၂။ ဂိုဏ်းပရိသတ်အလယ်၊
၃။ သီတင်းကြီး ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်များ၏ ရှေ့၊
၄။ ဆွမ်းစား ဇရပ်၊
၅။ ရေချိုးအိမ်၊
၆။ ရေချိုးဆိပ်၊
၇။ ဆွမ်းခံသွားရာ လမ်း၊
၈။ မြို့တွင်း ရွာတွင်း ဝင်ရာအခါ တို့၌ ကိုယ်ဖြင့် ရိုင်းရိုင်းစိုင်းစိုင်း မပြုလုပ်ရ။ (သံ၊ဋ္ဌ၊၂၊၁၅၅။) (ခုဒ္ဒက၊ဋ္ဌ၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယမောနေယျ ၇ မျိုး
၁။ ကာယဒုစရိုက် သုံးပါးကို ပယ်ခြင်း၊၂။ ကာယသုစရိုက် သုံးပါး၊
၃။ ကိုယ်ဟူသော အာရုံ၌ သိသော ဉာဏ်၊
၄။ ကိုယ်ကို ပိုင်းခြား၍ သိခြင်း၊
၅။ ကိုယ်ကို ပိုင်းခြား၍ သိခြင်းနှင့်တကွဖြစ်သော မဂ်၊
၆။ ကိုယ်၌ ဆန္ဒရာဂကို ပယ်ခြင်း၊
၇။ ကာယသင်္ခါရ ချုပ်ခြင်းရှိသော စတုတ္ထဈာန်သမာပတ်။ (ဒီ၊ဋ္ဌ၊၃၊၁၈၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယဝိညေယျဖောဋ္ဌဗ္ဗ ၂ မျိုး
၁။ သေဝိတဗ္ဗ ကာယဝိညေယျဖောဋ္ဌဗ္ဗ- ကာယဝိညာဉ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်ယုတ်လျော့၍ ကုသိုလ်တိုးပွားလာသဖြင့် မှီဝဲ အပ်သော ကာယဝိညေယျဖောဋ္ဌဗ္ဗ၊၂။ အသေဝိတဗ္ဗကာယဝိညေယျဖောဋ္ဌဗ္ဗ- ကာယဝိညာဉ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တိုးပွား၍ ကုသိုလ်ယုတ်လျော့ သွားသဖြင့် မမှီဝဲအပ်သော ကာယဝိညေယျဖောဋ္ဌဗ္ဗ။ (ဒီ၊၂၊၂၂၅။) (ဒီ၊မြန်၊၂။၂၅၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသက္ခိပုဂ္ဂိုလ် ၆ ယောက်
၁။ သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊၂။ သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊
၃။ သကဒါဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊
၄။ အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊
၅။ အနာဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊
၆။ အရဟတ္တမဂ်၌ တည်သော ပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၃၊၇၃။) (မ၊ဋ္ဌ၊၃၊၁၃၁။) (အံ၊ဋ္ဌ၊၃၊၁၄၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသမာစာရ ၂ မျိုး
၁။ သေဝိတဗ္ဗကာယသမာစာရ- ဤကာယသမာစာရကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော ကာယ သမာစာရ၊၂။ အသေဝိတဗ္ဗကာယသမာစာရ- ဤကာယသမာစာရကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများတိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ကာယသမာစာရ။ (ဒီ၊၂၊၂၂၃။) (နေတ္တိ၊ဋ္ဌ၊၁၆၁။) (ဒီ၊မြန်၊၂။၂၅၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသံသဂ္ဂ သိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး
၁။ လူမိန်းမ ဖြစ်ခြင်း၊၂။ လူမိန်းမဟု အမှတ်ရှိခြင်း၊
၃။ ကိုယ်ဖြင့် နှီးနှောသုံးသပ်ခြင်း၌ တပ်ခြင်း၊
၄။ ထိုကာယသံသဂ္ဂရာဂကြောင့် အားထုတ်ခြင်း၊
၅။ လက်ကို ကိုင်ခြင်း အစရှိသည်သို့ ရောက်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၂၂။) (ဝိမတိ၊၁၊၂၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသုစရိုက် ၃ ပါး
၁။ သူ့အသက်ကို မသတ်ခြင်း၊၂။ သူ့ဥစ္စာကို မခိုးခြင်း၊
၃။ သူ့သားမယားကို မလွန်ကျူး မပြစ်မှားခြင်း။ (မ၊၁၊၃၅၇။) (မ၊၁၊၃၆၃။) (မ၊မြန်၊၁။၃၆၈။) (မ၊မြန်၊၁။၃၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသုစရိုက် စသော ကုသိုလ်ကံ၏ အကျိုးအာနိသင် ၅ ပါး
၁။ မိမိကိုယ်ကို မစွပ်စွဲခြင်း၊၂။ ပညာရှိတို့ မကဲ့ရဲ့ခြင်း၊
၃။ ကောင်းသောသတင်း ကျော်စောပျံ့နှံ့ခြင်း၊
၄။ မတွေဝေဘဲ သေရခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်နတ်ရွာသို့ ရောက်ရခြင်း။ (ဝိ၊၅၊၂၃၅။) (ဝိ၊မြန်၊၅။၃၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယသုစရိုက်စသော ကုသိုလ်ကံ၌ အကျိုးအာနိသင် ၅ ပါး
၁။ မကြည်ညိုသော သူတို့ ကြည်ညိုကုန်ခြင်း၊၂။ ကြည်ညိုပြီးသူတို့ အလွန်ကြည်ညိုကုန်ခြင်း၊
၃။ ဘုရား သာသနာတော်ကို ပြုအပ်သည် မည်ခြင်း၊
၄။ နောင်လာနောက်သားတို့ ဒိဋ္ဌာနုဂတိသို့ လိုက်ကုန်ခြင်း၊
၅။ ထိုသူ၏ စိတ် ကြည်လင်ခြင်း။ (ဝိ၊၅၊၂၃၅။) (ဝိ၊မြန်၊၅။၃၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယအစု ၇ ပါး
၁။ မြေအစု၊၂။ ရေအစု၊
၃။ မီးအစု၊
၄။ လေအစု၊
၅။ ချမ်းသာ၊
၆။ ဆင်းရဲ၊
၇။ အသက်။ (သံ၊၂၊၁၇၃။) (သံ၊မြန်၊၂။၁၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယာနုပဿနာ ၁၄ မျိုး
၁။ ထွက်သက်ဝင်သက်ကို ရှုခြင်း (အာနာပါနဿတိ)၊၂။ ဣရိယာ ပုထ်ကို ရှုခြင်း (ဣရိယာပထ)၊
၃။ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်း (သတိသမ္ပဇည)၊
၄။ စက်ဆုပ် ဖွယ်ဟု နှလုံးသွင်းခြင်း (ပဋိကူလမနသိကာရ ၃၂ ကောဋ္ဌာသကမ္မဋ္ဌာန်း)၊
၅။ ရေ မြေ လေ မီး ဓာတ်ကြီးလေးပါးဖြင့် နှလုံးသွင်းခြင်း (ဓာတုမနသိကာရ)၊
၆။ သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်း (နဝသိဝထိကအသုဘကမ္မဋ္ဌာန်း)။ (ဒီ၊၂၊၂၃၁။) (ဒီ၊၂၊၂၃၆။) (ဒီ၊ဋ္ဌ၊၂၊၃၆၃။) (မ၊ဋ္ဌ၊၁၊၂၇၈။) (ဒီ၊မြန်၊၂။၂၆၀၊၂၆၃။) (ဒီ၊မြန်၊၂။၂၆၀၊၂၆၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယာနုပဿနာကို ပွားများထိုက်သော ရဟန်း၏ အင်္ဂါ ၆ ပါး
၁။ အလုပ်အကိုင်သစ်၌ မွေ့လျော်မှုကို ပယ်ခြင်း၊၂။ စကားပြောခြင်း၌ မွေ့လျော်မှုကို ပယ်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော် မှုကို ပယ်ခြင်း၊
၄။ အပေါင်းအသင်း၌ မွေ့လျော်မှုကို ပယ်ခြင်း၊
၅။ မျက်စိစသော ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားခြင်း၊
၆။ စားဖွယ်သောက်ဖွယ်တို့၌ အတိုင်းအရှည်ကို သိခြင်း။ (အံ၊၂၊၃၉၁။)(အံ၊မြန်၊၂။၄၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကာယာနုပဿနာကို မပွားများထိုက်သော ရဟန်း၏ အင်္ဂါ ၆ ပါး
၁။ အလုပ်အကိုင်အသစ်၌ မွေ့လျော်ခြင်း၊၂။ စကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်း အသင်း၌ မွေ့လျော်ခြင်း၊
၅။ မျက်စိစသော ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း၊
၆။ စားဖွယ် သောက်ဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း။ (အံ၊၂၊၃၉၁။) (အံ၊မြန်၊၂။၄၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်