Friday, March 25, 2022

ကြောက်ခြင်း သရုပ်စုံ

ကြောက်ခြင်း ၂-မျိုး

(ဉာဏဘယ၊ သာရဇ္ဇဘယ) ဣတိ-ဋ္ဌ-၇၀၊ ဣတိ-ပါ-၂၀၅။ ၄-မျိုး၊ စိတ္တုတြာသဘယ၊ ဉာဏဘယ၊ အာရမ္မဏဘယ၊ ဩတ္တပ္ပဘယ) ဒီဃ-၁-ဋ္ဌ-၁၃၆၊ ဒီဃ-၁-ပါ-၄၆။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကြောက်တတ် ဘေးကင်း

ဟူသောစကားပုံ ဖြစ်လာဟန်။ ။ ဇာတက-ဋ္ဌ-စ-အုပ်-၁၆၃။ ܀ပိဋကတ်လမ်းညွှန်[01/340]܀

ကြောက်ရွံ့ စေတတ်သော အင်္ဂါ ၅-ပါး

(ပရိသတ်ထဲသို့ ဝင်ရာ) သာရဇ္ဇသုတ်၊ အံ-၅-ပါ-၁၆၁၊ (အဿဒ္ဓ, ဒုဿီလ, အပ္ပဿုတ ကုသီတ ဒုပ္ပည)။ ။ အံ-၅-ပါ-၁၇၈၊ ၁၇၉၊ အံ-၅-ဋ္ဌ-၆၁၊ ကံ ၅-ပါး ကျူးလွန်သူ။ ܀ပိဋကတ်လမ်းညွှန်[01/315]܀

ကြောက်လန့်မှုကင်းလိုက ဗြဟ္မဝိဟာရ လေးပါးကို လက်ကိုင်ထားရကြောင်း ဟောသော ဂါထာ

ဇာတက-ပါ-ပ-အုပ်-၁၈၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၅၂။ ။ ပစ္စေကဗုဒ္ဓါအသျှင်တို့ ဟောသော ဂါထာ၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၇၇၊ သုတ္တ-ပါ-၂၈၆။ ။ ကြောက်လန့်ခြင်းကင်းသောပုဂ္ဂိုလ်များအညွှန်း၊ ထေရ-ဋ္ဌ-ပ-အုပ်-၊ (အာဇာနည်ခဏ်း၌ ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကြောက်ခြင်း ၂ မျိုး

၁။ ဉာဏ် တည်းဟူသော ကြောက်ခြင်း၊
၂။ ကြောက်ရွံ့ခြင်း တည်းဟူသော ကြောက်ခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၇၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြောက်ခြင်း ၄ မျိုး

၁။ ပဋိသန္ဓေ နေရခြင်း ဇာတိကို စွဲမှီ၍ စိတ်ထိတ်လန့်ခြင်းကြောင့် ဖြစ်သော ကြောက်ခြင်း (စိတ္တုတြာသဘယ)၊
၂။ သံဝေဂဉာဏ်ဖြင့် ကြောက်ခြင်း (ဉာဏဘယ)၊
၃။ ထိတ် လန့်ဖွယ် အာရုံကို စွဲ၍ ဖြစ်သော ကြောက်ခြင်း (အာရမ္မဏဘယ)၊
၄။ မကောင်းမှုမှ ထိတ်လန့် ခြင်းကြောင့်ဖြစ်သော ကြောက်ခြင်း (ဩတ္တပ္ပဘယ)။ (ဒီ၊ဋ္ဌ၊၁၊၁၃၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၂၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြောက်ရွံ့ကြောင်းတရား ၅ ပါး

၁။ ယုံကြည်မှု သဒ္ဓါ မရှိခြင်း၊
၂။ စောင့်ထိန်းမှု သီလ မရှိခြင်း၊
၃။ အကြားအမြင် နည်းခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ ပညာ မရှိခြင်း။ (အံ၊၂၊၁၆၁။) (အံ၊မြန်၊၂။၂၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်