ကဿပ မန္ဒိယဇာတက
ဇာတက-ပါ-ပ-အုပ်-၉၉၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၄၊ ငယ်ရွယ်သူအပေါ်၌ ကြီးသူတို့က သည်းခံရန် ဟောသော ဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/332]܀ကဿပဂေါတ္တဘိက္ခုဝတ္ထု ကထာ
ဝိ-၃-ပါ-၄၃၀၊ ဝိ-၃-ဋ္ဌ-၄၂၇၊ အာဂန္တုကတို့အတွက် ကြောင့်ကြမစိုက်မှုကြောင့် အာပတ်ဖြင့် အတင်ခံရသော ရဟန်း၊ သို့သော် ဘုရားရှင်က အပြစ်မရှိဟု မိန့်တော်မူ၏။ ܀ပိဋကတ်လမ်းညွှန်[01/344]܀ကဿပဂေါတ္တသုတ္တ
သဂါထာ-သံ-ပါ-၂၀၀၊ သဂါထာ-သံ-ဋ္ဌ-၂၆၄၊ စိတ်မဝင်စားသူ၊ ဗာလလူအား၊ တရားအမြိုက်၊ မတိုက်ကျွေးသင့်ကြောင်း ... နတ်ကလာ၍ သတိပေးပုံ။ ܀ပိဋကတ်လမ်းညွှန်[01/304]܀ကဿပတ္ထေရဂါထာ
ထေရ-ပါ-၂၃၈၊ ထေရ-ဋ္ဌ-ပ-အုပ်-၂၂၃၊ မြလေးပန်းလှူရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/321]܀ကဿပဗုဒ္ဓဝံသဝဏ္ဏနာ
ဗုဒ္ဓ-ပါ-၃၇၅၊ ဗုဒ္ဓ-ဋ္ဌ-၃၀၇၊ ပြာသာဒ်ယာဉ်ပျံဖြင့် တောထွက်ပြီး ၇-ရက်သာ ကျင့်တော်မူရကြောင်း၊ လူယောင် ဖန်ဆင်း၍ မင်းပြုနေသော နရဒေဝဘီလူးကို ဆုံးမခဏ်းလည်း ပါ၏။ ။ ၆-လ တကြိမ် ဩဝါဒပါတိမောက် ပြတော်မူကြောင်း၊ အပ-ဋ္ဌ-ဒု-အုပ်-၄၈။ ။ အပ-ဋ္ဌ-ပ-အုပ်-၅၄။ ။ နိဒါန-သံ-ပါ-၃၉၇၊ နိဒါန-သံ-ဋ္ဌ-၁၄၉။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၅၂။ ။ အဘိ-၁-ဋ္ဌ-၇၁။ ။ ဃဋိကာရအိုးထိန်းသည်နှင့် အကျွမ်း ဝင်လှပုံ၊ ကဿပ ဘုရားရှင် ကိုယ်တော်တိုင် ဃဋိကာရအိမ်မှ ဆွမ်းကိုခူး၍ ဘုန်းပေးတော်မူခြင်း၊ ခြင်းတောင်းမှ မုံ့ကိုယူစားခြင်း၊ အိမ်အမိုးကို ခွဲယူခြင်း ပြုတော်မူသည်အထိ အကျွမ်းဝင်တော်မူလှပုံ၊ ပဏ်-၂-ပါ-၂၄၂၊ ပဏ်-၂-ဋ္ဌ-၁၉၇။ ။ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၄၂။ ။ ၎င်းဘုရားရှင်၏ ဓာတ်တော်ကို စေတီတည်ပုံ၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၈။ ။ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၉၃၊ သက်တော် “၁၆၀၀၀” ရှည်တော်မူကြောင်း။ ။ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၉၈၊ ၃၀၁၊ ၇-ရက်သာ ကျင့်ရကြောင်း၊ အာမဂန္ဓနှင့် ပတ်သက်၍ ရှင်းတမ်း၊ (၈) သင်္ချေ ပါရမီ ဖြည့်ရကြောင်း။ ။ ကဿပဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု၊ ကဿပဘုရားရှင်၏ စေတီတော်ကို ဂေါတမဘုရားရှင်က ၇-ရက်မျှ ထုတ်ပြတော်မူပုံ၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၆၃၊ စေတီတော်ကို ပူဇော်ရကျိုး ဂါထာများ။ ܀ပိဋကတ်လမ်းညွှန်[01/264]܀ကဿပသံယုတ္တ
နိဒါန-သံ-ပါ-၃၉၉၊ နိဒါန-သံ-ဋ္ဌ-၁၅၀၊ အသျှင်မဟာကဿပမထေရ်နှင့် စပ်၍ မှတ်သားဖွယ်များ။ ܀ပိဋကတ်လမ်းညွှန်[01/304]܀ကဿပညီနောင် ၃ ဦး
၁။ ဥရုဝေလကဿပ၊၂။ နဒီကဿပ၊
၃။ ဂယာကဿပ။ (အပ၊ဋ္ဌ၊၂၊၂၄၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပတက္ကတွန်းဝါဒအလို မဖျက်ဆီးနိုင်သော ကာယ ၇ ပါး
၁။ ပထဝီကာယ၊၂။ တေဇော ကာယ၊
၃။ အာပေါကာယ၊
၄။ ဝါယောကာယ၊
၅။ သုခ၊
၆။ ဒုက္ခ၊
၇။ ဇီဝ။ (ဇာတက၊၂၊၂၆၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပပုဂ္ဂိုလ် ၅ ဦး
၁။ ဥရုဝေဠကဿပ၊၂။ နဒီကဿပ၊
၃။ ဂယာကဿပ၊
၄။ ကုမာရ ကဿပ၊
၅။ မဟာကဿပ။ (အံ၊ဋ္ဌ၊၁၊၁၂၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်
၁။ ဓမ္မစကြာတရားဦး ဟောတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေနှစ်သောင်းတို့ တရားထူး ရကြသည်၊၂။ ဘုရားရှင်သည် လေးလပတ်လုံး ဒေသစာရီ လှည့်လည်တော်မူသောအခါ၌ ကုဋေတစ်သောင်းမျှ လူနတ်ဗြဟ္မာတို့ ကျွတ်တမ်း ဝင်ကြသည်၊
၃။ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြလျက် သဗ္ဗညုတဉာဏ် သဘောကို ဟောပြ တော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေငါးထောင်တို့ တရားထူးရပြီး ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၇၆။) (အပ၊မြန်၊၂။၃၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားရှင်၏ သာဝကအစည်းအဝေး ၁ ကြိမ်
၁။ ပဌမအစည်းအဝေး၌ ရဟန်း နှစ်သောင်း။ (အဘိ၊ဋ္ဌ၊၁၊၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကဿပဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး
၁။ အရှင်တိဿထေရ်၊၂။ အရှင်ဘာရဒွါဇထေရ်။ (ဒီ၊၂၊၄။) (အဘိ၊ဋ္ဌ၊၁၊၇၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။) (ဒီ၊မြန်၊၂။၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး
၁။ အနုဠာထေရီ၊၂။ ဥရုဝေဠာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၇၁။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားလက်ထက် တောင်ပေါ်တက်၍ တရားအားထုတ်ခဲ့ဖူးသော ပုဂ္ဂိုလ် ၅ ဦး
၁။ ပုက္ကုသာတိ မင်း၊၂။ သဘိယပရိဗိုဇ်၊
၃။ ဗာဟိယဒါရုစိ၊
၄။ ကုမာရကဿပ၊
၅။ ဒဗ္ဗမလ္လပုတ္တ။ (အပ၊ဋ္ဌ၊၂၊၂၂၈။) (အပ၊ဋ္ဌ၊၂၊၂၃၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားသာသနာ၌ တောင်ပေါ်တက်၍ တရားအားထုတ်ခဲ့ဖူးသော ရဟန်း ၇ ပါး
၁။ ရဟန္တာ ဖြစ်သွားသော မထေရ်ကြီး တစ်ပါး၊၂။ အနာဂါမ်ဖြစ်သွားသော သုဒ္ဓါဝါသ ဗြဟ္မာ၊
၃။ ဂေါတမ ဘုရားရှင်လက်ထက်၌ အရှင်ဒဗ္ဗရဟန္တာ၊
၄။ ပုက္ကုသာတိမင်း၊
၅။ သဘိယမထေရ်၊
၆။ ဗာဟိယ ဒါရုစိပရိဗိုဇ်၊
၇။ ကုမာရကဿပထေရ်။ (အပ၊၂၊၁၂၄။) (အပ၊မြန်၊၂။၁၁၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကဿပဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်
၁။ ဟံသမည်သော ပြာသာဒ်ဆောင်၊၂။ ယသ မည်သော ပြာသာဒ်ဆောင်၊
၃။ သိရီနန္ဒမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၇၈။) (အပ၊မြန်၊၂။၃၇၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်