ကြီးပွားခြင်း ၂ မျိုး
၁။ ပစ္စည်းဖြင့် ကြီးပွားခြင်း- အာမိသဝုဒ္ဓိ၊၂။ တရားဖြင့် ကြီးပွားခြင်း- ဓမ္မဝုဒ္ဓိ။ (အံ၊၁၊၉၂။) (အံ၊မြန်၊၁။၁၀၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကြီးပွားခြင်း ၂ မျိုး
၁။ အကျိုးမဲ့ ဆုတ်ယုတ်ခြင်း၊၂။ အကျိုးကျေးဇူး, အစီးအပွား ဖြစ်ထွန်း လာခြင်း။ (ဒီ၊ဋီ၊၃၊၂၁၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကြီးပွားတိုးတက်ကြောင်း တရား ၅ ပါး
၁။ စည်းစိမ်ဥစ္စာတို့ဖြင့် မိဘတို့ကို အရိုအသေ ပြုခြင်း၊၂။ စည်းစိမ်ဥစ္စာတို့ဖြင့် သား သမီး မယား ကျေးကျွန်တို့ကို အရိုအသေ ပြုခြင်း၊
၃။ စည်းစိမ်ဥစ္စာ တို့ဖြင့် လယ်ရှင် မြေရှင်တို့ကို အရိုအသေ ပြုခြင်း၊
၄။ စည်းစိမ်ဥစ္စာတို့ဖြင့် (မိရိုးဖလာ) နတ် တို့ကို အရိုအသေ ပြုခြင်း၊
၅။ စည်းစိမ်ဥစ္စာတို့ဖြင့် သမဏဗြာဟ္မဏတို့ကို အရိုအသေ ပြုခြင်း။ (အံ၊၂၊၆၇။) (အံ၊မြန်၊၂။၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကြီးပွားနိုင်သော ရဟန်း၏ အင်္ဂါ ၁၁ ပါး
၁။ မဟာဘုတ်ရုပ်, ဥပါဒါရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊၂။ ပညာရှိနှင့် လူမိုက်တို့၏ ကုသိုလ်ကံ, အကုသိုလ်ကံ ဟူသော လက္ခဏာကို သိခြင်း၊
၃။ ဖြစ်ပေါ်လာသော ကာမဝိတက် စသည်တို့ကို စွန့့်ပယ် ဖျောက်ဖျက်တတ်ခြင်း၊
၄။ စက္ခုန္ဒြေ အစ မနိန္ဒြေအဆုံးရှိသော ဣန္ဒြေခြောက်ပါးတို့ကို စောင့်စည်းတတ်ခြင်း၊
၅။ ကြားနာ သင်ယူပြီးသော တရားတို့ကို သူတစ်ပါးတို့အား အကျယ် ဟောပြောတတ်ခြင်း၊
၆။ အကြား အမြင်များကုန်သော သုတ် ဝိနည်း အဘိဓမ္မာဆောင် ရဟန်းတို့ထံ ချဉ်းကပ်၍ ယုံမှားမှုကို ပယ်ဖျောက်တတ်ခြင်း, မေးမြန်းတတ်ခြင်း၊
၇။ ဘုရားရှင် ဟောကြားအပ်သော သုတ် ဝိနည်း အဘိဓမ္မာတို့၏ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ပြီး နှစ်သက် ဝမ်းမြောက်မှုကို ရခြင်း၊
၈။ မြတ်သော အဋ္ဌင်္ဂိကမဂ်ကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၉။ သတိပဋ္ဌာန်လေးပါးကို ဟုတ်တိုင်း မှန်စွာ သိခြင်း၊
၁၀။ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော ဒကာတို့၏ ပစ္စည်းလေးပါးတို့ကို အတိုင်းအရှည်ကို သိလျက် ခံယူခြင်း၊
၁၁။ သံဃာ့မိဘ သံဃာ့ရှေ့ဆောင် သက်တော်ရှည် မထေရ်ကြီးတို့၌ ကာယကံမေတ္တာ, ဝစီကံမေတ္တာ မနောကံမေတ္တာကို ရှေးရှုတည်စေခြင်း။ (အံ၊၃၊၅၄၉။) (အံ၊မြန်၊၃။၅၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်