ကောင်းမှု တိုးပွားစေသော စိတ်ဖြစ်ပေါ်ခြင်း ၃ မျိုး
၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့၌ တပ်မက်စိတ် ကင်းသူ ဖြစ်၍ လောဘမရှိသော စိတ်ဖြင့် နေထိုင်ခြင်း၊၂။ ဒေါသမရှိသူဖြစ်၍ အမျက်ဒေါသ ကင်းသော စိတ်ဖြင့် နေထိုင်ခြင်း၊
၃။ ညှဉ်းဆဲတတ်သူ မဟုတ်မူ၍ ညှဉ်းဆဲလိုစိတ် ကင်းသဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှု တိုးပွားစေသော စိတ်အကျင့် ၂ မျိုး
၁။ သူတစ်ပါး ပစ္စည်းတို့၌ တပ်မက်စိတ် မရှိခြင်း၊၂။ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံ မရှိခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှု အဟုန် ၅ မျိုး
၁။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား သင်္ကန်းလှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊၂။ အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆွမ်းကို လှူ၍ ထိုရဟန်း သုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၃။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသောရဟန်းအား ကျောင်းကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၄။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆေးကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၅။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ညောင်စောင်းအင်းပျဉ်ကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း။ (အံ၊၂၊၄၅။) (အံ၊မြန်၊၂။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုကို ပြုခြင်းငှာ ကောင်းမှုကို ပြီးစေခြင်းငှာ ပုဏ္ဏားတို့ ပညတ်ကုန်သော တရား ၅ မျိုး
၁။ မှန်ကန်သော စကား တည်းဟူသော တရား၊၂။ အကျင့် တည်းဟူသော တရား၊
၃။ မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော တရား၊
၄။ မန္တန်ကို သင်ခြင်းတည်းဟူသော တရား၊
၅။ အာမိသကို စွန့်ခြင်း တည်းဟူသော တရား။ (မ၊၂၊၄၁၅။) (မ၊မြန်၊၂။၄၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုကုသိုလ် ဖြစ်ကြောင်း တရား ၃ ပါး
၁။ သဒ္ဓါတရား ထင်ရှားရှိသူ ဖြစ်ခြင်း၊၂။ လှူဖွယ်ဝတ္ထုပစ္စည်း မျက်မှောက်၌ ထင်ရှားရှိနေခြင်း၊
၃။ မြတ်သော အလှူခံပုဂ္ဂိုလ် မျက်မှောက်၌ ထင်ရှားရှိခြင်း။ (အံ၊၁၊၁၄၈။) (အံ၊မြန်၊၁။၁၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော နှုတ်အကျင့် ၄ မျိုး
၁။ မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၆။) (မ၊မြန်၊၃။၁၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော သညာ ၃ မျိုး
၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား ရယူလိုသော အမှတ်သညာ မရှိသူဖြစ်၍ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရားရယူလိုသော လောဘ ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊၂။ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသ မရှိသူဖြစ်၍ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုသော စိတ်ကင်းသူဖြစ်၍ သူတစ်ပါးကို ညှဉ်းဆဲလိုစိတ် ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုတိုးပွားစေသော အယူ ၁၀ မျိုး
၁။ ပေးလှူခြင်း၏ အကျိုး ရှိ၏ဟူသော အယူ၊၂။ ယဇ်အလှူကြီး၏ အကျိုး ရှိ၏ဟူသော အယူ၊
၃။ ယဇ်အလှူငယ်၏ အကျိုးရှိ၏ဟူသော အယူ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏ဟူသော အယူ၊
၅။ ဤ ပစ္စုပ္ပန်လောကသည် ရှိ၏ဟူသော အယူ၊
၆။ တမလွန်လောကသည် ရှိ၏ဟူသော အယူ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ ရှိ၏ဟူသော အယူ၊
၁၀။ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့ ရှိကုန်၏ဟူသော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုပြုလုပ်ခြင်း ၆ မျိုး
၁။ သယံကာရံ- မိမိ၏ သဘောအားဖြင့် ပြုအပ်သော ကောင်းမှု၊၂။ ပရံကရံ- သူတစ်ပါး ကောင်းမှုပြုနေသည်ကို မြင်၍ အတုလိုက်၍ ပြုအပ်သော ကောင်းမှု၊
၃။ သာဟတ္ထိက- မိမိလက်ဖြင့် ပြုအပ်သော ကောင်းမှု၊
၄။ အာဏတ္တိက- စေခိုင်း၍ ပြုစေ အပ်သော ကောင်းမှု၊
၅။ သမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုးကိုလည်းကောင်း ယုံကြည်၍ ပြုအပ်သော ကောင်းမှု၊
၆။ အသမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုး ကိုလည်းကောင်း မသိဘဲ ပြုအပ်သော ကောင်းမှု။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုပွားကြောင်း ၅ ပါး
၁။ အိမ်သို့ ချဉ်းကပ်သော သီလရှိသော ရဟန်းကို မြင်၍ စိတ်ကြည် လင်ခြင်း၊၂။ ခရီးဦးကြိုဆိုခြင်း ရှိခိုးခြင်း နေရာထိုင်ခင်းပေးခြင်း၊
၃။ ဝန်တိုမှု အညစ်အကြေး ကင်းခြင်း၊
၄။ ဝေဖန်လှူဒါန်းခြင်း၊
၅။ ပြဿနာမေးခြင်း တရားနာခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုမဟုတ်သော အလှူ ၅ မျိုး
ကုသိုလ်မဟုတ်သော အလှူ ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး
၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ဝန်တိုမှု မစ္ဆေရ အညစ်အကြေးကင်းသော စိတ်ဖြင့် လွတ်လွတ် စွန့်ကြဲ၍ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်ခြင်း။ (သံ၊၃၊၃၄၂။) (သံ၊၃၊၃၅၀။) (သံ၊မြန်၊၃။၃၄၅။) (သံ၊မြန်၊၃။၃၄၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး
၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ အဖြစ်အပျက်ကို သိသော ပညာ, ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၄၂။)(သံ၊၃၊၃၅၁။)(သံ၊မြန်၊၃။၃၄၆။)(သံ၊မြန်၊၃။၃၄၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောင်းမှုအဟုန် ၄ မျိုး
၁။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော သင်္ကန်းအလှူ၊၂။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆွမ်းအလှူ၊
၃။ အတိုင်းအရှည်မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံ စေ၍ နေသော ရဟန်းအား ပေးလှူသော ကျောင်းအလှူ၊
၄။ အတိုင်းအရှည် မရှိသော အရဟတ္တ ဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆေးအလှူ၊ (တစ်နည်း)
မြတ်စွာဘုရား၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၄။ ကျိုးပေါက်ပြောက်ကျားခြင်း မရှိသော အရိယာတို့ နှစ်သက်မြတ်နိုးအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၆၅။) (အံ၊မြန်၊၁။၃၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်