Saturday, February 12, 2022

ကျောင်းထိုင်ဘုန်းကြီး သရုပ်စုံ

ကျောင်းတိုက်ကို တင့်တယ်စေသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည် ဖြစ်၍ အနည်းငယ်သော အပြစ်၌လည်း ဘေးဟု ရှုလေ့ရှိခြင်း၊
၂။ အကြားအမြင် ဗဟုသုတများသည် ဖြစ်၍ အစ အလယ် အဆုံး ကောင်းခြင်းရှိသော တရားတို့ကို နာယူမှတ်သား ဆောင်ထားလျက် ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်း၊
၃။ အပြစ်ကင်းလျက် ယဉ်ကျေးသော စကားရှိသည်ဖြစ်၍ ကောင်းသော စကားမြွက်ဆိုသံ ရှိခြင်း၊
၄။ မျက်မှောက်ဘဝ ချမ်းသာစွာ နေကြောင်းဖြစ်သော ရူပဈာန်လေးပါးတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရခြင်း၊
၅။ ရောက်လာသူတို့ကို တရားစကားဖြင့် အကျိုး စီးပွားကို သိမြင်စေ၍ တရားကျင့်သုံးရန် ထက်သန်စေခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းတိုက်အား ကျေးဇူးများသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်သော အပြစ်၌လည်း ဘေးဟု ရှုလေ့ ရှိခြင်း၊
၂။ အကြားအမြင် ဗဟုသုတများသည် ဖြစ်၍ အစ အလယ် အဆုံး ကောင်းခြင်း ရှိသော တရား တို့ကို နာယူဆောင်မှတ်ထားလျက် ပညာဖြင့် ကောင်းစွာ ထိုးထွင်းသိခြင်း၊
၃။ ကျိုးပျက် နေသော ကျောင်းကို တစ်ဖန် ပြုပြင်တတ်ခြင်း၊
၄။ အာဂန္တုရဟန်းသံဃာများ ကြွရောက် လာသည်ရှိသော် လူဒါယကာတို့ထံ ချဉ်းကပ်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် ပြောကြားခြင်း၊
၅။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ရူပဈာန် လေးပါးတို့ကို အလိုရှိတိုင်း မငြိုမငြင်မပင်မပန်းဘဲ ရရှိခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ပုဂ္ဂိုလ်၏ အင်္ဂါ ၅ ပါး

၁။ ဆယ်ဝါပြည့်ရခြင်း၊
၂။ ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း တို့ကို ပဒဘာဇနီနှင့် တကွ အကျယ် တတ်သိနားလည်ရခြင်း၊
၃။ ကံကြီးကံငယ်ဆောင်ပုံကို နားလည်ရခြင်း၊
၄။ မဟာဝါခန္ဓက စူဠဝါခန္ဓက၌ လာသော ကျင့်ဝတ်များကို နားလည်ရခြင်း၊
၅။ နာမ်တရား ရုပ်တရားတို့ကို သေချာကျနစွာ ဟောပြောနိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း ကြည်ညိုဖွယ်ဖြစ်ကြောင်း တရား ၅ ပါး

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသော စကား ရှိခြင်း၊
၄။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း၊
၅။ အရဟတ္တ ဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ မချီးမွမ်းထိုက်သူအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း၊
၃။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၄။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ကြည်ညို သင့်သော အရာ၌ ကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သော ပစ္စည်းများကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မချီးမွမ်းထိုက်သူအား ကျေးဇူးမဲ့ ကဲ့ရဲ့စကားပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူအား ချီးမွမ်းစကား ပြောကြားခြင်း၊
၃။ ကျောင်း၌ ဝန်တိုမှုမရှိဘဲ မမက်မော မတွယ်တာခြင်း၊
၄။ လူဒါယကာတို့၌ ဝန်တိုမှုမရှိဘဲ မမက်မောမတွယ်တာခြင်း၊
၅။ သဒ္ဓါဖြင့် ပေးလှူအပ်သော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုခြင်း၊
၃။ ကျောင်း၌ ဝန်မတိုခြင်း၊
၄။ ဒါယကာတို့၌ ဝန်မတိုခြင်း၊
၅။ လာဘ်လာဘ၌ ဝန်မတိုခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာတို့၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ် အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သောပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၃။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း မြတ်နိုးဖွယ် ဖြစ်ကြောင်း တရား ၅ ပါး

၁။ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင်ကို ဆောင်ခြင်း၊
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မွေ့လျော်ခြင်း၊
၄။ ကောင်းသောစကား ရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀-၂၉၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း မြတ်နိုးဖွယ် မဖြစ်ကြောင်း တရား ၅ ပါး

၁။ ဝတ်ကြီးဝတ်ငယ်နှင့် မပြည့် စုံခြင်း၊
၂။ အကြားအမြင်ကို မဆောင်ခြင်း၊
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မမွေ့လျော်ခြင်း၊
၄။ ကောင်းသောစကား မရှိခြင်း၊
၅။ ပညာမဲ့ခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် မစိစစ် မသက်ဝင် မူ၍ ချီးမွမ်းထိုက်သော သူအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း၊
၄။ ဒါယကာ၌ ဝန်တိုခြင်း၊
၅။ လာဘ်၌ ဝန်တိုခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။ ၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်း၊
၅။ သဒ္ဓါဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်း၊
၅။ တရား၌ ဝန်တိုခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်းတရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၃။ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းများကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀-၂၃၁။) (အံ၊မြန်၊၂။ ၂၉၃-၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်းတရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း မက်မောခြင်း၊
၄။ လူဒါယကာတို့၌ ဝန်တိုခြင်း မက်မောခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (ငရဲသို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း၊
၄။ ဒါယကာ၌ ဝန်တိုခြင်း၊
၅။ လာဘ်လာဘ၌ ဝန်တိုခြင်း။ (အံ၊၂၊၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့ လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ မကြည်ညိုသင့်သည်၌ မကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သည်၌ ကြည်ညိုခြင်း၊
၅။ သဒ္ဓါ တရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့ လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ ကျောင်း၌ ဝန်မတိုခြင်း၊
၄။ ဒါယကာ၌ ဝန်မတိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူဒါန်းသော ပစ္စည်းများကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၅။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ် လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၃။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (ကျောင်းကို တင့်တယ်စေသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသောစကား ရှိခြင်း၊
၄။ ချဉ်းကပ်လာသူတို့ကို တရားစကားဖြင့် ရွှင်လန်းစေခြင်း၊
၅။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (ကျောင်းအား ကျေးဇူးများသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကျိုးပျက်သည်ကို တစ်ဖန် ပြုပြင် တတ်ခြင်း၊
၄။ ရဟန်းသံဃာအများအတွက် ကုသိုလ်ကောင်းမှု ပြုရန် ပြောကြားတတ်ခြင်း၊
၅။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (လူတို့အား စောင့်ရှောက်သော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ ငါးပါးသီလ၌ ဆောက်တည်စေခြင်း၊
၂။ သစ္စာလေးပါးတရားကို ရှုမြင်စေခြင်း၊
၃။ မကျန်းမာသူတို့ထံ ချဉ်းကပ်ခြင်း၊
၄။ ရတနာ (၃) ပါး၌ သတိကို ထင်စေခြင်း၊
၅။ သဒ္ဓါဖြင့် ပေးလှူသော ဆွမ်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အသွင်အပြင် အပြုအမူ, ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတရှိခြင်း၊
၃။ တစ်ပါးတည်း နေထိုင်ခြင်း၌ မွေ့လျော်သည်ဖြစ်၍ ကိလေသာကို ခေါင်းပါးစေခြင်း၊
၄။ ကောင်းစွာ ပြောဆို တတ်သည်ဖြစ်၍ ကောင်းသော စကားရှိခြင်း၊
၅။ ပညာရှိသည် ဖြစ်၍ မမိုက်မဲ မဆွံ့အခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်မကောင်းသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အသွင်အပြင် အပြုအမူ ဝတ်ကြီးဝတ်ငယ်နှင့် မပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတ မရှိခြင်း၊
၃။ တစ်ပါးတည်း နေထိုင်ခြင်း၌ မမွေ့လျော်သည် ဖြစ်၍ ကိလေသာကို မခေါင်းပါးစေတတ်ခြင်း၊
၄။ ကောင်းစွာ မပြောဆိုတတ်သည် ဖြစ်၍ ကောင်းသောစကား မရှိခြင်း၊
၅။ ပညာမဲ့၍ မိုက်မဲ ဆွံ့အခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်