ကိုယ်၌ဆောင်ထားထိုက်သော တရား ၁၁ ပါး
အတ္တူပနာယိကတရား ၁၁ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကိုယ်၌တည်သော တရား (၁၀) ပါး
၁။ အအေး၊၂။ အပူ၊
၃။ ထမင်းဆာခြင်း၊
၄။ ရေငတ်ခြင်း၊
၅။ ကျင်ကြီး၊
၆။ ကျင်ငယ်၊
၇။ ကိုယ်နှုတ်ကို စောင့်စည်းမှု၊
၈။ အသက်မွေးခြင်းကို စောင့်စည်းမှု၊
၉။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေမှု၊
၁၀။ ဘဝကို ပြုပြင်သော ကံ။ (အံ၊၃၊၃၂၅။) (အံ၊မြန်၊၃။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်၏ စင်ကြယ်မှု ၃ မျိုး
၁။ တုတ် ဓား လက်နက်များကို ချထားလျက် သနားညှာတာပြီး သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့မရှိခြင်း၊
၃။ မာတုရက္ခိတ (အမိစောင့်ရှောက်ထားသူ) စသော မိန်းမဆယ်ဦးတို့၌ ကာမဂုဏ်ဖြင့် မှားယွင်းစွာ ကျင့်လေ့မရှိခြင်း။ (အံ၊၃၊၄၇၅။) (အံ၊မြန်၊၃။၄၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်၏ မစင်ကြယ်မှု ၃ မျိုး
၁။ သနားခြင်းကင်းလျက် သွေးစွန်းလက်ဖြင့် သူ့အသက်ကို သတ်ဖြတ် လေ့ရှိခြင်း၊၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ မာတုရက္ခိတ အမိစောင့်ရှောက်ထားသူ စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။ (အံ၊၃၊၄၇၃။) (အံ၊မြန်၊၃။၄၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်၏(ပြင်ပ) လှူဖွယ်ဝတ္ထု ၁၀ ပါး
၁။ အန္န- စားဖွယ်၊၂။ ပါန- သောက်ဖွယ်၊
၃။ ဝတ္ထ- အဝတ်၊ ၄၊ ယာန- ယာဉ်၊
၅။ မာလာ- ပန်း၊
၆။ ဂန္ဓ- နံ့သာ၊
၇။ ဝိလေပန- နံ့သာမှုန့်၊
၈။ သေယျာ- အိပ်ရာ၊
၉။ အာဝသထ- နေစရာ၊
၁၀။ ပဒီပေယျ- ဆီမီး။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ခန္ဓာ အပြစ် ၆ မျိုး
၁။ အလွန် အရပ်ရှည်ခြင်း၊၂။ အလွန် အရပ်ပုခြင်း၊
၃။ အလွန် ပိန်ခြင်း၊
၄။ အလွန် ဝခြင်း၊
၅။ အလွန် အသားမဲခြင်း၊
၆။ အလွန် အသားဖြူခြင်း။ (သံ၊ဋ္ဌ၊၃၊၂၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်တွင်း၌ ဖြစ်သော အကျိုးမဲ့ကြောင်း တရား ၃ ပါး
၁။ လိုချင်မှု လောဘ၊၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ။ (သံ၊၁၊၇၀။) (သံ၊၁၊၉၈။) (သံ၊မြန်၊၁။၆၉၊၉၅။) (သံ၊မြန်၊၁။၆၉၊၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်တိုင်တောင်းသော ပဲခွပ် စသည်ဖြင့် ကျောင်းဆောက်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး
၁။ ဒုက္ကဋ်အာပတ်၊၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊မြန်၊၅။၁၃၁။) (ဝိ၊၅၊၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်တိုင်သတ်ခြင်း၌ ပယောဂ ၂ မျိုး
၁။ ဥဒ္ဒိဿ- ရည်ရွယ်သည့်အတိုင်း ဖြစ်သော ပယောဂ၊၂။ အနုဒ္ဒိဿ- မရည်ရွယ်ဘဲ ဖြစ်သွားသော ပယောဂ၊ (ဝိ၊ဋ္ဌ၊၂၊၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ပိုင်ဥစ္စာမဟုတ်သော ကံ ၁၀ မျိုး
၁။ ကာယဒုစရိုက် ၃ မျိုး၊၂။ ဝစီဒုစရိုက် ၄ မျိုး၊
၃။ မနော ဒုစရိုက် ၃ မျိုး ပေါင်း ၁၀ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၃၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်ဖြင့် ရုန့်ရင်းကြမ်းကြုတ်စွာ မပြုအပ်သည့်ဌာန ၈ မျိုး
ကာယပါဂဗ္ဘိယ မပြုအပ်သည့် ဌာန ၈ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကိုယ်အကျင့် ၂ ပါး
ကာယသမာစာရ ၂ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကိုယ်အကျင့် ၂ မျိုး
၁။ စင်ကြယ်သော ကိုယ်အကျင့်၊၂။ မစင်ကြယ်သော ကိုယ်အကျင့်။ (မ၊ဋ္ဌ၊၂၊၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု ဆုတ်ယုတ်၍ ကောင်းမှု တိုးပွားသော ကိုယ်အကျင့် ၃ မျိုး)
၁။ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊၂။ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု တိုးပွား၍ ကောင်းမှု ဆုတ်ယုတ်သော ကိုယ်အကျင့် ၃ မျိုး)
၁။ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း၊၂။ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူ လုယက်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်