Saturday, February 12, 2022

ကျင့်ဆဲရဟန်း လမ်းညွှန်

ကျင့်ဆဲရဟန်း၏ ဆုတ်ယုတ်ကြောင်း တရား ၃ ပါး

၁။ အလုပ်အကိုင်များလျက် ထိုဝေယျာဝစ္စ အလုပ်များ၌ မွေ့လျော်ခြင်း၊
၂။ စကား အလွန်များလျက် ထိုစကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အအိပ်အလွန်ကြီးလျက် ထိုအိပ်ခြင်း၌ မွေ့လျော်ခြင်း။ (ခုဒ္ဒက၊၂၄၃။) (ခုဒ္ဒက၊မြန်။ ၂၂၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ ဆုတ်ယုတ်ကြောင်း တရား ၈ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးမရှိခြင်း၊
၆။ စားဖွယ်သောက်ဖွယ်၌ အတိုင်းအရှည် မသိခြင်း၊
၇။ ရောနှော၍ နေခြင်း၌ မွေ့လျော်ခြင်း၊
၈။ သံသရာကို ချဲ့ထွင် တတ်သော ပပဉ္စ တရား၌ မွေ့လျော်ခြင်း။ (အံ၊၃၊၁၄၇။) (အံ၊မြန်၊၃။၁၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ မဆုတ်ယုတ်ကြောင်း တရား ၃ ပါး

၁။ အလုပ်အကိုင်များ၌ မမွေ့ လျော်ခြင်း၊
၂။ စကားပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း။ (ခုဒ္ဒက၊၂၄၃။) (ခုဒ္ဒက၊မြန်။ ၂၂၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ မဆုတ်ယုတ်ကြောင်း တရား ၈ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါး (လုံခြုံသော တံခါး) ရှိခြင်း၊
၆။ စားသောက်ဖွယ်ရာ တို့၌ အတိုင်းအရှည်ကို သိခြင်း၊
၇။ ရောနှောမှု၌ မမွေ့လျော်ခြင်း၊
၈။ သံသရာချဲ့တတ်သော ပပဉ္စတရား၌ မမွေ့လျော်ခြင်း။ (အံ၊၃၊၁၄၇။) (အံ၊မြန်၊၃။၁၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်းတို့ ဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း၊
၆။ စားဖွယ်သောက်ဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကားပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားခြင်း၊
၆။ စားသောက်ဖွယ်တို့၌ အတိုင်း အရှည်ကို သိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်