ကထာ ၂ မျိုး
၁။ သမ္မုတိကထာ- ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား စသည်ဖြင့် ပြောဆိုသော စကား၊၂။ ပရမတ္ထကထာ- ခန္ဓာ အာယတန ဓာတ် စသည်ဖြင့် ပြောဆိုသော စကား။ (သံ၊ဋ္ဌ၊၂၊၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကထာ ၂ မျိုး
၁။ သဗ္ဗသင်္ဂါဟိကကထာ- အားလုံးကို ပေါင်းယူသိမ်းယူ၍ ပြောဆိုသော စကား၊၂။ အသမ္ဘိန္နကထာ- မကျိုးမပြတ်ဘဲ ပြောဆိုသော စကား။ (သံ၊ဋ္ဌ၊၂၊၁၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကထာ ၃ မျိုး
၁။ သံဝရာသံဝရကထာ- လွန်ကျူးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ငယ်သော စောင့်ရှောက်ခြင်း, ကြီးသော စောင့်ရှောက်ခြင်းကို ဟောတော်မူအပ်ရာ ဝိနည်းပိဋကကထာ၊၂။ ဒိဋ္ဌိဝိနိဝေဌနကထာ- ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိတို့၏ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာအယူကြိုးထုံးကို ဖြေခြင်းကို ဟောအပ်ရာ သုတ္တန်ပိဋကကထာ၊
၃။ နာမရူပပရိစ္ဆေဒကထာ- ရာဂ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော နာမ်ရုပ်ကို ပိုင်းခြားခြင်းကို ဟောအပ်ရာ အဘိဓမ္မ ပိဋကကထာ။ (ဝိ၊ဋ္ဌ၊၁၊၁၈။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (အဘိ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကထာ ၄ မျိုး
၁။ ပုစ္ဆိတကထာ- မေးအပ်သောစကား၊၂။ အပုစ္ဆိတကထာ- မမေးအပ်သော စကား၊
၃။ သာနုသန္ဓိကထာ- ရှေ့နောက် အဆက်အစပ်ရှိသော စကား၊
၄။ အနနုသန္ဓိကထာ- ရှေ့နောက် အဆက်အစပ်မရှိသော စကား။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကထာဝတ္ထု ၁၀ မျိုး
စကား၏ တည်ရာ ၁၀ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကထာဝတ္ထု ၃ မျိုး
စကား၏ တည်ရာ ၃ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကထာ ၁၀-မျိုး
ရထဝီနီတသုတ်၊ ပဏ်-၁-ပါ-၁၉၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၄၀၊ ၄၄၊ အကျယ်ဟောထား၏။ ။ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၀၁၊ ၎င်း ကထာ ၁၀-မျိုးကို သီလ, သမာဓိ, ပညာထဲ သွင်းပြပုံ။ ။ ပဏ်-၃-ပါ-၁၅၇၊ ပဏ်-၃-ဋ္ဌ-၁၁၇။ ။ အံ-၁၀-ပါ-၃၀၉၊ ၃၅၀၊ ၃၅၉၊ အံ-၁၀-ဋ္ဌ-၃၁၈၊ (ပ-ဒု) ကထာဝတ္ထုသုတ်။ ။ ဥဒါန-ပါ-၁၁၉၊ ဥဒါန-ဋ္ဌ-၂၀၆။ ။ ဣတိ-ပါ-၂၅၀၊ ဣတိ-ဋ္ဌ-၂၅၆။ ။ မဟာနိ-ပါ-၁၆၉၊ မဟာနိ-ဋ္ဌ-၂၈၅၊ အံ-၅-ပါ-၁၀၃၊ အံ-၅-ဋ္ဌ-၃၉။ ။ အရိယာကထာ ၁၀-မျိုး ဟူ၍ လည်း သုံးနှုန်းကြ၏။(၁) အပိစ္ဆကထာ-အလိုနည်းမှုနှင့် စပ်သောစကား။
(၂) သန္တုဋ္ဌီကထာ-ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား။
(၃) ပဝိဝေကကထာ-ဆိတ်ငြိမ်မှုနှင့် စပ်သော စကား။
(၄) အသံသဂ္ဂကထာ-ရှင် လူ ရဟန်းတို့နှင့် မရောနှော မဆက်ဆံကြောင်း စကား။
(၅) ဝီရိယာရမ္ဘကထာ-ဝိပဿနာအားထုတ်မှုနှင့် စပ်သောစကား။
(၆) သီလကထာ-သီလပြည့်စုံစေမှုနှင့် စပ်သောစကား။
(၇) သမာဓိကထာ-သမာဓိပြည့်စုံစေမှုနှင့် စပ်သောစကား။ (၈) ပညာကထာ-ပညာပြည့်စုံစေမှုနှင့် စပ်သော စကား။
(၉) ဝိမုတ္တိကထာ-မဂ်ဖိုလ်နှင့်စပ်သောစကား။
(၁၀) ဝိမုတ္တိဉာဏဒဿနကထာ-ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကား။ ܀ပိဋကတ်လမ်းညွှန်[01/256]܀