ကပ္ပိယကရဏ ၅-မျိုး
(သစ်သီး စသည်ကို အပ်အောင်ပြုနည်း၊ (ဝါ) ကပ္ပိနည်း) ဝိ-၂-ပါ-၅၂၊ ဝိ-၂-ဋ္ဌ-၃၂။ ။ ဝိ-၄-ပါ-၂၅၄၊ ဝိ-၄-ဋ္ဌ-၂၄၅။ ။ သင်္ဂဟ-ဋ္ဌ-၈၂။ ܀ပိဋကတ်လမ်းညွှန်[01/343]܀ကပ္ပိယကာရက ၁၀-ယောက်
(ရွှေ ငွေ စသည်ကို လှူသောအခါ ရဟန်းတို့အား သုံးစွဲကောင်းအောင်ပြုလုပ်ပေးတတ်သော ပုဂ္ဂိုလ် ၁၀-ယောက်) ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၅၄၊ ၂၅၆၊ ဝိ-၃-ပါ-၃၂၄။ ။ သင်္ဂဟ-ဋ္ဌ-၆၂၊ ၆၃။ ܀ပိဋကတ်လမ်းညွှန်[01/343]܀ကပ္ပိယဘူမိအနုဇာနနကထာ
ဝိ-၃-ပါ-၃၃၅၊ ဝိ-၃-ဋ္ဌ-၃၇၉၊ ဥဿာဝနန္တိက၊ ဂေါနိဿာဒိက၊ ဂဟပတိ၊ သမ္မုတိ၊ ဤကုဋိ ၄-မျိုးကို ခွင့်ပြုတော်မူပုံ။ ။ ကပ္ပိယဘူမိဝိနိစ္ဆယကထာ၊ သင်္ဂဟ-ဋ္ဌ-၁၀၉။ ܀ပိဋကတ်လမ်းညွှန်[01/343]܀ကပ္ပိခြင်းမျိုး ၃-ပါး
ရဟန်းတော်များနှင့်အပ်အောင် ပြုပေးခြင်း ၃-ပါး၊ အကျယ် စူဠဝါ ပါဠိတော်၌ ရှု။ ဘူတဂါမ် ဗီဇဂါမ်တို့ကို ဒါယကာလုပ်သူက-(၁) လက်သည်းဖြင့် ဖြစ်စေ၊
(၂) အသွားထက်သော ဓါးလှံ သံချွန်စသည်ဖြင့် ဖြစ်စေ၊
(၃) မီးဖြင့် ဖြစ်စေ ဆိတ်ယူ ထိုးခုတ် ရှို့တိုက်၍ ပေးခြင်းမျိုး။
မှတ်ချက်။ ။ ရဟန်းတော်က ကိုင်ထားပြီး ''ကပ္ပိယံ ကရောဟိ''ဟု ဆိုလျှင် ဒါယကာက ''ကပ္ပိယံ ဘန္တေ''ဟုဆိုကာ ဆိတ် ထိုး ခုတ် ရှို့လိုက်ရသည်။ ♦သုတေသနသရုပ်ပြအဘိဓာန်
ကပ္ပိခြင်း ၅ ပါး (စားသုံးရန်အတွက် သစ်သီးစသည်တို့၌ ရဟန်းတို့အား အပ်အောင်ပြုနည်း ၅ မျိုး)
၁။ မီးဖြင့် ကပ္ပိခြင်း၊၂။ ဓားငယ်ဖြင့် ကပ္ပိခြင်း၊
၃။ လက်သည်းဖြင့် ကပ္ပိခြင်း၊
၄။ အစေ့ နု၍ အပင်မပေါက်နိုင်သောကြောင့် ကပ္ပိရန်မလိုဘဲ ကပ္ပိခြင်းကိစ္စ ပြီးစီးခြင်း ဖြစ်ခြင်း၊
၅။ အစေ့ ထုတ်ခြင်းဖြင့် ကပ္ပိခြင်း။ (ဝိ၊၄၊၂၄၄။) (ဝိ၊၅၊၂၃၅။) (ဝိ၊ဋ္ဌ၊၃၊၃၂။) (ဝိ၊မြန်၊၄။၂၄၃။) (ဝိ၊မြန်၊၅။၃၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကပ္ပိယ ၂ မျိုး
၁။ ညွှန်ပြအပ်သော ကပ္ပိယ၊၂။ မညွှန်ပြအပ်သော ကပ္ပိယ။ (ဝိ၊ဋ္ဌ၊၂၊၂၅၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်