Friday, February 11, 2022

ကမ္မဋ္ဌာန်း လမ်းညွှန်

ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ

(ကမ္မဋ္ဌာန်းယူပုံအစဉ်) ဝိသုဒ္ဓိ-ပ-အုပ်-၇၁၊ ၉၅။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကမ္မဋ္ဌာနဒါယကဝဏ္ဏနာ

ဝိသုဒ္ဓိ-ပ-အုပ်-၉၄၊ ကမ္မဋ္ဌာန်း နည်းပြဆရာ၏ ကလျာဏမိတ္တအင်္ဂါ ဂါထာ၊ အညွှန်း၊ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကမ္မဋ္ဌာန်း ၂-မျိုး

(ရူပကမ္မဋ္ဌာန်း, အရူပ (နာမ်) ကမ္မဋ္ဌာန်း)၊ ပဏ်-၁-ပါ-၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၈၀၊ ကျယ်ဝန်းစွာ ပြဆိုထား၏။ ။ ပဏ်-၂-ပါ-၁၆၇၊ ပဏ်-၂-ဋ္ဌ-၁၄၄။ ။ ဣတိ-ပါ-၂၂၇၊ ဣတိ-ဋ္ဌ-၁၇၉။ ။ ဒီဃ-၂-ပါ-၂၂၁၊ ဒီဃ-၂-ဋ္ဌ-၃၁၄။ ။ အဘိ-၂-ဋ္ဌ-၂၅၂။ ܀ပိဋကတ်လမ်းညွှန်[01/259]܀

ကမ္မဋ္ဌာန်း ၂-မျိုး

(သဗ္ဗတ္ထက ကမ္မဋ္ဌာန်း၊ ပါရိဟာရိယကမ္မဋ္ဌာန်း)ကမ္မဋ္ဌာန်း အားထုတ်သူတို့ သိထားဘွယ်ကောင်းလှ၏၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၄၈။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၉၄။ အပ-ဋ္ဌ-ပ-အုပ်-၁၆၀။ ။ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၁။ ။ ကမ္မဋ္ဌာန်း ၄၀-ကို ဖွင့်ပြခန်း၊ အံ-၁-ပါ-၄၃၊ အံ-၁-ဋ္ဌ-၄၀၈၊ (ဆိုင်ရာဆိုင်ရာ အခန်း၌ ညွှန်ပြထားသည်)။ ။ ܀ပိဋကတ်လမ်းညွှန်[01/259]܀

ကမ္မဋ္ဌာန်း ၄၀-တွင် အရအခက်ဆုံးမှာ ဥဒ္ဓုမာတက အသုဘ အာရုံ ဖြစ်ကြောင်း

ဝိသုဒ္ဓိ-ပ-အုပ်-၁၈၂။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကမ္မဋ္ဌာန်း ၄၀-အဖွင့်

ဝိသုဒ္ဓိ-ပ-အုပ်-၁၀၆။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကမ္မဋ္ဌာန်းနည်းယူတပည့်တို့

ခန္ဓာကိုယ်ကို ဘုရားရှင်အား ၎င်း ဆရာသမားအား ၎င်း လှူထားရန်၊ လူရခြင်း၏ အကျိုးကို ပြဆိုခန်း။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၁၁၁။ ܀ပိဋကတ်လမ်းညွှန်[01/324]܀

ကမ္မဋ္ဌာန်းအားထုတ်ရာ၌

မသင့်လျော်သော ကျောင်း (၁၈) ရပ်၊ ဝိသုဒ္ဓိ-ပ-အုပ်-၁၁၅။ ။ သင့်လျော်သောကျောင်း (၅) ရပ်၊ ဝိသုဒ္ဓိ-ပ-အုပ်-၁၁၉။ ܀ပိဋကတ်လမ်းညွှန်[01/325]܀

ကမ္မဋ္ဌာန်းအားထုတ်ရာနှင့်စပ်၍ ပုဂ္ဂိုလ် ၄-မျိုး

အဘိ-၄-ပါ-၁၇၃၊ အဘိ-၄-ဋ္ဌ-၉၆။ ။ အာရဘတိသုတ်၊ အံ-၅-ပါ-၁၄၇၊ အံ-၅-ဋ္ဌ-၅၁
(၁) ကမ္မဋ္ဌာန်းကို အားထုတ်၏။ အာပတ်သင့်ခြင်းနှင့် ပက်သက်၍ စိတ်မချမ်းသာသောပုဂ္ဂိုလ်။
(၂) အားလည်း ထုတ်၏၊ စိတ်လည်း ချမ်းသာသောပုဂ္ဂိုလ်။
(၃) အားမထုတ်သော်လည်း စိတ်ချမ်းသာသောပုဂ္ဂိုလ်။
(၄) အားလည်း မထုတ်၊ စိတ်လည်း မချမ်းသာသောပုဂ္ဂိုလ်။ ܀ပိဋကတ်လမ်းညွှန်[01/260]܀

ကမ္မဋ္ဌာန်းအားထုတ်သူတို့ အရဟတ္တဖိုလ်ရရန် နမူနာယူအပ်သော ဥပမာဂါထာများ

မိလိန္ဒ-ပါ-၃၄၈-မှ ၄၀၆အထိ မှတ်သားဖွယ် ကောင်းလှ၏။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကမ္မဋ္ဌာန်းအားထုတ်သူတို့သိထားဘွယ်များ

သမ္ပဇညလေးပါး၊ သ-ခဏ်း၌ ရှိ၏။ ။ ဣန္ဒြေလေးပါးညီမျှစေရန် ဣန္ဒြေခဏ်း၌ ရှိ၏။ ။ ပဓါနိယအင်္ဂါလေးပါး၊ ပဓာနခဏ်း၌ ရှိ၏။ ။ ဗောဇ္ဈင် ၇-ပါးဖြစ်ကြောင်း ဆိုင်ရာ ဆိုင်ရာ အက္ခရာခဏ်း၌ ရှိ၏။ ။ ကိံသီလသုတ်၊ သုတ္တ-ပါ-၃၂၇၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၆၅။ ။ ဘိက္ခုနုပဿယသုတ်၊ မဟာ-သံ-ပါ-၁၃၄၊ မဟာ-သံ-ဋ္ဌ-၂၃၈။ ။ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၀။ ။ အဘိ-၂-ဋ္ဌ-၂၁၉။ ။ အံ-၃-ပါ-၂၅၈၊ အံ-၃-ဋ္ဌ-၂၂၈၊ နိမိတ္တသုတ်။ ။ စိတ်ကို မြှောက်သင့်သောအခါ မြှောက်ပေးရန်၊ ဝိသုဒ္ဓိ-ပ-အုပ်-၁၂၇၊ ၂၃၉၊ ၂၄၀။ ။ နှိပ်သင့်သောအခါ နှိပ်ပေးရန် ၁၂၉၊ ၂၄၀။ ။ ရွှင်လန်းစေ သင့်သောအခါ ရွှင်လန်းစေရန်။ ။ သီတိဘာဝသုတ်၊ အံ-၆-ပါ-၃၇၉၊ အံ-၆-ဋ္ဌ-၁၄၀။ ။ မဟာ-သံ-ပါ-၉၉၊ မဟာ-သံ-ဋ္ဌ-၂၀၇၊ အဂ္ဂိသုတ်။ ။ မဟာနိ-ပါ-၄၀၈၊ မဟာနိ-ဋ္ဌ-၄၁၇။ ဆရာတပည့်နှစ်ဦးစုံ သိထားရန်၊ အဘိ-၂-ဋ္ဌ-၂၁၃၊ အဘိ-၂-ပါ-၂၀၀၊ ကျက်မှတ်ဘွယ်ကောင်းလှသော အရုဏဝတီသုတ်၊ ၂-ဂါထာ။ သဂါထာ-သံ-ပါ-၁၅၇၊ သဂါထာ-သံ-ဋ္ဌ-၂၀၃။ ။ သတိထားဘွယ်ကောင်းလှသော သရက်ပင်စိုက် ဥပမာ။ ။ ပဏ်-၁-ပါ-၃၆၈၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၄၆၊ ၂၄၇။ ။ သဠာ-သံ-ပါ-၃၉၈၊ သဠာ-သံ-ဋ္ဌ-၁၀၂။ ၁၀၃။ ܀ပိဋကတ်လမ်းညွှန်[01/259]܀

ကမ္မဋ္ဌာန်း ၂ မျိုး

၁။ သဗ္ဗတ္ထကကမ္မဋ္ဌာန်း- ဗုဒ္ဓါနုဿတိ, မရဏဿတိ, အသုဘသညာ, မေတ္တာ ကမ္မဋ္ဌာန်းတို့ကို ပွားများခြင်း၊
၂။ ပါရိဟာရိယကမ္မဋ္ဌာန်း- ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိ စရိုက်နှင့် ကိုက်ညီသော ကမ္မဋ္ဌာန်းတစ်ပါးပါးကို အမြဲဆောင်ထား ပွားများခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၁။) (သုတ္တနိ၊ဋ္ဌ၊၁၊၄၈။) (ဝိသုဒ္ဓိ၊၁၊၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်း ၂ မျိုး

၁။ ရူပကမ္မဋ္ဌာန်း (ရုပ်ကမ္မဋ္ဌာန်း။)၊
၂။ အရူပကမ္မဋ္ဌာန်း (နာမ်ကမ္မဋ္ဌာန်း)။ (ဒီ၊ဋ္ဌ၊၂။၃၁၄။) (ဣတိဝုတ်၊ဋ္ဌ၊၁၇၉။) (ဒီ၊ဋ္ဌ၊မြန်၊ ၂။၅၇၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်း ၂ မျိုး

၁။ သဗ္ဗတ္ထကကမ္မဋ္ဌာန်း- မေတ္တာဘာဝနာနှင့် မရဏာနုဿတိဘာဝနာ၊
၂။ ပါရိ ဟာရိယကမ္မဋ္ဌာန်း- အသုဘကမ္မဋ္ဌာန်းဆယ်ပါးနှင့် စတုဓာတုဝဝတ္ထာန်။ (အပ၊ဋ္ဌ၊၁၊၁၆၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်း ၂၁ မျိုး (သတိပဋ္ဌာနသုတ်လာ)

၁။ အာနာပါနပဗ္ဗ- ဝင်လေထွက်လေအပိုင်းအခန်း၊
၂။ စတုဣရိယာပထပဗ္ဗ- လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုတ်လေးပါး အပိုင်းအခန်း၊
၃။ စတုသမ္ပဇညပဗ္ဗ- လေးပါးသော သမ္ပဇညအပိုင်းအခန်း၊
၄။ ဒွတ္တိံသာကာရ ၃၂ ပါးသော ကောဋ္ဌာသ၊
၅။ စတုဓာတုဝဝတ္ထာန် ဓာတ်ကြီးလေးပါး ခွဲခြားခြင်း၊ ၆ မှ
၁၄။ နဝသိဝထိကာ- သုသာန်သချုႋင်း- ၉ မျိုး၊
၁၅။ ဝေဒနာနုပဿနာ- ဝေဒနာကို အဖန်ဖန်ရှုခြင်း၊
၁၆။ စိတ္တာ နုပဿနာ- စိတ်ကို အဖန်ဖန်ရှုခြင်း၊
၁၇။ နီဝရဏပရိဂ္ဂဟ- တားမြစ်ပိတ်ပင် နှောက်ယှက် ဖျက်ဆီးတတ်သော နီဝရဏတရားတို့ကို သိမ်းဆည်းခြင်း၊
၁၈။ ခန္ဓပရိဂ္ဂဟ- ခန္ဓာငါးပါးတို့ကို သိမ်းဆည်းခြင်း၊
၁၉။ အာယတနပရိဂ္ဂဟ- အာယတန ဆယ့်နှစ်ပါးတို့ကို သိမ်းဆည်းခြင်း၊
၂၀။ ဗောဇ္ဈင်္ဂပရိဂ္ဂဟ- ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို သိမ်းဆည်းခြင်း၊
၂၁။ သစ္စပရိဂ္ဂဟ-သစ္စာလေးပါးတို့ကို သိမ်းဆည်းခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၉၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၃၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်း ၄၀ မျိုး

၁။ ကသိုဏ်း (၁၀) မျိုး၊
၂။ အသုဘ (၁၀) မျိုး၊
၃။ အနုဿတိ (၁၀) မျိုး၊
၄။ ဗြဟ္မဝိဟာရ (၄) မျိုး၊
၅။ အာရုပ္ပ (၄။) မျိုး၊
၆။ အာဟာရေ ပဋိကူလသညာ (၁) မျိုး၊
၇။ စတုဓာတုဝဝတ္ထာန် (၁) မျိုး ပေါင်း ၄၀ မျိုး။ (သာရတ္ထ၊ဋီ၊၂၊၂၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းကျောင်း အင်္ဂါ ၅ ပါး

၁။ မြို့ရွာနှင့် မဝေးလွန်း မနီးလွန်းဘဲ သွားလမ်း လာလမ်းနှင့် ပြည့်စုံ၍ ဆိတ်ငြိမ်သော အသံရှိခြင်း၊
၂။ သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရလွယ်ခြင်း၊
၃။ ထိုကျောင်း၌ ပရိယတ္တိ- ပဋိပတ္တိဗဟုဿုတနှင့် ပြည့်စုံသော ဓမ္မဓရ ဝိနယဓရ မထေရ်ကြီးများ နေထိုင်ခြင်း၊
၄။ ရံဖန်ရံခါ ထိုမထေရ်ကြီးများထံ ချဉ်းကပ်၍ ပါဠိအနက်ကို မေးမြန်းနိုင်ခြင်း၊
၅။ မထေရ်ကြီးများက မပေါ်လွင် မထင်ရှားသော ပါဠိအနက် အဓိပ္ပါယ်များကို ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပေးခြင်း ယုံမှားသံသယဖြစ်သော အရာတို့ကို ပယ်ဖျောက် ပေးခြင်း။ (ခုဒ္ဒက၊ဋ္ဌ၊၃၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းကျောင်းအပြစ် ၁၈ မျိုး (ကမ္မဋ္ဌာန်းအားထုတ်ရန် မသင့်လျော်သော ကျောင်း ၁၈ မျိုး)

၁။ ကျောင်းကြီးခြင်း၊
၂။ ကျောင်းအသစ် ဖြစ်ခြင်း၊
၃။ ကျောင်းဟောင်း ဖြစ်ခြင်း၊
၄။ လမ်းမ ကြီးကို မှီသော ကျောင်း ဖြစ်ခြင်း၊
၅။ ကျောက်ရေတွင်းရှိသော ကျောင်းဖြစ်ခြင်း၊
၆။ ဟင်းသီး ဟင်းရွက် ပေါက်ရောက်သော ကျောင်းဖြစ်ခြင်း၊
၇။ ပန်းပင်, ပန်းချုံ ပေါသော ကျောင်း ဖြစ်ခြင်း၊
၈။ သစ်သီးပေါများသော ကျောင်းဖြစ်ခြင်း၊
၉။ လူတို့သည် တောင့်တ ချီးမွမ်းအပ်သော ကျောင်း ဖြစ်ခြင်း၊
၁၀။ မြို့ရွာကို မှီသော ကျောင်းဖြစ်ခြင်း၊
၁၁။ ထင်းတော, သစ်တောကို မှီသော ကျောင်းဖြစ်ခြင်း၊
၁၂။ လယ်ယာကို မှီသော ကျောင်းဖြစ်ခြင်း၊
၁၃။ ရန်သူရှိသော ကျောင်း ဖြစ်ခြင်း၊
၁၄။ ရေဆိပ်ကို မှီသော ကျောင်းဖြစ်ခြင်း၊
၁၅။ ပစ္စန္တရစ် အရပ်ကို မှီသော ကျောင်း ဖြစ်ခြင်း၊
၁၆။ တိုင်းပြည်အပိုင်းအခြား နယ်စပ်ကို မှီသော ကျောင်းဖြစ်ခြင်း၊
၁၇။ မသင့်တင့် မလျောက်ပတ်သော ကျောင်းဖြစ်ခြင်း၊
၁၈။ မိတ်ကောင်း ဆရာကောင်း မရရှိသော ကျောင်း ဖြစ်ခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၁၅။) (သာရတ္ထ၊ဋီ၊၂၊၂၀၆။) (ဝိမတိ၊၁၊၂၁၄။) (ခုဒ္ဒက၊ဋ္ဌ၊၃၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းဆရာ ပြည့်စုံရမည့်တရား ၈ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံရခြင်း၊
၂။ သီလနှင့် ပြည့်စုံ ရခြင်း၊
၃။ တရားနှင့်စပ်သော ဗဟုသုတနှင့် ပြည့်စုံခြင်း၊
၄။ အလိုနည်း၍ စွန့်ကြဲမှု စာဂနှင့် ပြည့်စုံခြင်း၊
၅။ အတ္တဟိတပရဟိတအတွက် အားထုတ်မှုဝီရိယနှင့် ပြည့်စုံရခြင်း၊
၆။ သတိ တရားနှင့် ပြည့်စုံရခြင်း၊
၇။ တည်ကြည်သော သမာဓိနှင့် ပြည့်စုံရခြင်း၊
၈။ တရားဓမ္မတို့၌ မဖောက်မပြန် မှန်စွာသိသော ပညာနှင့် ပြည့်စုံရခြင်း။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၁၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းဆရာအထံ၌ သင်ယူရမည့် အစိတ်အပိုင်း ၅ မျိုး

ကမ္မဋ္ဌာန်းအားထုတ်လိုသော ပုဂ္ဂိုလ် သင်ယူရမည့် အပိုင်း ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းတရား အားထုတ်သူ ပြည့်စုံရမည့် အင်္ဂါ ၅ မျိုး

၁။ ဘုရား စသော ရတနာ သုံးပါးကို ယုံကြည်မှု ရှိရခြင်း၊
၂။ ရောဂါကင်းကွာ ကျန်းမာရခြင်း၊
၃။ ကောက်ကျစ်စဉ်းလဲမှု လှည့်ပတ်မှု ကင်းရှင်း၍ ရိုးသားဖြောင့်မတ်မှု ရှိရခြင်း၊
၄။ မကောင်းမှုတို့ကို ပယ်ရန် ကောင်းမှုတို့နှင့် ပြည့်စုံရန်အတွက် ပြင်းထန်သော လုံ့လရှိရခြင်း၊
၅။ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော ဝိပဿနာပညာနှင့် ပြည့်စုံရခြင်း။ (မ၊၂၊၂၉၈။) (မ၊၂၊၃၂၉။) (မ၊မြန်၊၂။၃၀၄။) (မ၊မြန်၊၂။၃၀၄။) (ဒီ၊၃၊၁၉၈။) (အံ၊၂၊၆၄။) (ဒီ၊မြန်၊၃။၂၂၀။) (အံ၊မြန်၊၂။၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်သော ကျောင်း၏ အင်္ဂါ ၅ ပါး

၁။ သွားလမ်းလာလမ်းနှင့် ပြည့်စုံ၍ ဆွမ်းခံရွာနှင့် မနီးလွန်း မဝေးလွန်း ဖြစ်ခြင်း၊
၂။ နေ့အခါ၌ လူတို့နှင့် မရောပြွမ်းဘဲ ညအခါ၌လည်း လူသံ ကင်းဆိတ်ခြင်း၊
၃။ မှက်, ခြင်, လေ, နေပူ မြွေကင်းတို့ ထိပါးကိုက်ခဲမှု မရှိခြင်း၊
၄။ ထိုကျောင်း၌နေသော ရဟန်းအား ပစ္စည်းလေးပါးတို့ ရလွယ်ခြင်း၊
၅။ ထိုကျောင်း၌ ပရိယတ္တိ, ပဋိပတ္တိ ဗဟုဿုတနှင့် ပြည့်စုံသော ရဟန်းတော်များ သီတင်းသုံး နေထိုင်ခြင်း။ (ဝိသုဒ္ဓိ၊၁၊၁၁၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်ရန် အချိန်အခါ ၅ မျိုး

၁။ ပျိုမျစ်ငယ်ရွယ်ခြင်း၊
၂။ အနာရောဂါ ကင်းခြင်း၊
၃။ ဝပြောသာယာခြင်း၊
၄။ လူတို့ ညီညွတ်မှုရှိခြင်း၊
၅။ သံဃာကွဲပြားမှု မရှိခြင်း။ (အံ၊၂၊၅၈။) (အံ၊မြန်၊၂။၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်ရန် အခါမဟုတ်ခြင်း ၅ မျိုး

၁။ ဇရာနှိပ်စက်၍ အိုခြင်း၊
၂။ ဗျာဓိနှိပ်စက်၍ နာခြင်း၊
၃။ ငတ်မွတ်ခေါင်းပါးခြင်း၊
၄။ တောပုန်း ဓားပြတို့ ထကြွသောင်းကြမ်း၍ ဘေးအန္တရာယ် ရှိခြင်း၊
၅။ သံဃာကွဲပြားခြင်း။ (အံ၊၂၊၅၈။) (အံ၊မြန်၊၂။၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်လိုသော ပုဂ္ဂိုလ် သင်ယူရမည့် အပိုင်း ၅ မျိုး

၁။ ဥဂ္ဂဟ- ကမ္မဋ္ဌာန်းနှင့် သက်ဆိုင်သည့် ကျမ်းစာကို သင်ယူရခြင်း၊
၂။ ပရိပုစ္ဆာ- ကမ္မဋ္ဌာန်းကျမ်းစာ၌ မသိသော အနက် အဓိပ္ပါယ်များကို အဖန်ဖန် မေးမြန်းရခြင်း၊
၃။ ဥပဋ္ဌာနံ- ဤဘာဝနာကို အားထုတ်လျှင် ဤနိမိတ် ထင်လာ၏ဟု နိမိတ်ထင်လာပုံကို မှတ်သားထားရခြင်း၊
၄။ အပ္ပနာ- ဤသို့ အားထုတ်လျှင် (အပ္ပနာ။) ဈာန်ဖြစ်၏ဟု ကမ္မဋ္ဌာန်း၏ အပ္ပနာဈာန်သို့ ရောက်ပုံကို မှတ်သားထားရခြင်း၊
၅။ လက္ခဏံ- အာနာပါနကမ္မဋ္ဌာန်း၌ ဂဏနာ, အနုဗန္ဓနာ,ဖုသနာနည်းတို့ဖြင့် အားထုတ်ပြီးလျှင် (အပ္ပနာ။) ဈာန်သို့ ရောက်၏ စသည်ဖြင့် ဆိုင်ရာကမ္မဋ္ဌာန်း၏ သဘောလက္ခဏာကို မှတ်သား ထားရခြင်း။ (ဝိ၊ဋ္ဌ၊၂၊၂၂။) (ဝိသုဒ္ဓိ၊၁၊၂၇၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်သူ၏ အင်္ဂါ ၅ ပါး

ကျေးဇူးများသော တရား ၅ ပါး၊ ဗဟုကာရတရား ၅ ပါး၊ ပဓာနိယင်္ဂတရား ၅ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၅ ပါး

ကမ္မဋ္ဌာန်းတရား အားထုတ်သူ ပြည့်စုံရမည့် အင်္ဂါ ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကမ္မဋ္ဌာန်းအာရုံ ၃၈ ပါး

၁။ အာလောကကသိုဏ်း အာကာသကသိုဏ်း နှစ်ပါးကြဉ် ကသိုဏ်း (၈) ပါး၊
၂။ အသုဘကမ္မဋ္ဌာန်း (၁၀) ပါး၊
၃။ အနုဿတိကမ္မဋ္ဌာန်း (၁၀) ပါး၊
၄။ ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း (၄) ပါး၊
၅။ အာရုပ္ပကမ္မဋ္ဌာန်း (၄) ပါး၊
၆။ စတုဓာတုဝဝတ္ထာန် (၁) ပါး၊
၇။ အာဟာရေ ပဋိကူလသညာ (၁) ပါး ပေါင်း (၃၈) ပါး။ (သာရတ္ထ၊ဋီ၊၂၊၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်