ကျေးဇူး မသိတတ်လျှင် အပါယ်လေးပါး ကျတတ်ကြောင်း ဟောသော အကညုတာသုတ္တ
အံ-၄-ပါ-၅၄၈၊ ၅၅၁၊ အံ-၄-ဋ္ဌ-၃၉၀။ ဇာတက၌ များစွာရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/289]܀ကျေးဇူးများသူကို ချီးမြှောက်ကြသည့် ထုံးတမ်းစဉ်လာမှာ
ဘုရားရှင်မှစလာကြောင်း သတိမူစရာ။ ။ သုတ္တ-ဋ္ဌ-ဒု-အုပ်-၇၀။ ܀ပိဋကတ်လမ်းညွှန်[01/289]܀ကျေးဇူးများသူကို များသည့်အလျောက်
ချီးမြှောက်သည်မှာ မျက်နှာလိုက်သည် မဟုတ်ကြောင်းဟောသော ဂုဏဇာတက။ ။ ဇာတက-ပါ-ပ-အုပ်-၃၈၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၁၊ ၂၃။ ܀ပိဋကတ်လမ်းညွှန်[01/338]܀ကျေးဇူးမသိက ပျက်စီးတတ်ကြောင်း
သီလဝနာဂရာဇဇာတက-ပါ-ပ-အုပ်-၁၇၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၄၀။ ။ တောနေကုန်သည်လိမ် တဦး၊ အကတညူဇာတက-ပါ-ပ-အုပ်-၂၁၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၀၀။ ။ ဒဠှဓမ္မဇာတက-ပါ-ပ-အုပ်-၁၆၇၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၆၆၊ ဂါထာ။ ။ ဒဒ္ဒရဇာတက-ပါ-ပ-အုပ်-၁၉၉၊ ဇာတက-ဋ္ဌ-တ-အုပ်-၅၁၃။ ။ ကျေးဇူး မပြန်က ဘေးရန်တွေ့တတ်ကြောင်း၊ ဟိရိဇာတက-ပါ-ပ-အုပ်-၁၂၈၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၈၂။ ။ ကျေးဇူးမဲ့လှသော ဒေဝဒတ်အလောင်း၊ အသမ္ပဒါနဇာတက-ပါ-ပ-အုပ်-၃၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၄၉၁။ ။ နိဂြောဓဇာတက-ပါ-ပ-အုပ်-၂၁၁၊ ဇာတက-ဋ္ဌ-စ-အုပ်-၄၀။ ။ ကျေးဇူးရှင်မျောက်ကို ပြစ်မှား၍ နူနာရောဂါ စွဲကပ်ပြီးနောက် မြေမျိုသွားသော ဒေဝဒတ်အလောင်း ပုဏ္ဏား၊ မဟာကပိဇာတက-ပါ-ပ-အုပ်-၃၈၀၊ ဇာတက-ဋ္ဌ-မ-အုပ်-၆၉။ ܀ပိဋကတ်လမ်းညွှန်[01/338]܀ကျေးဇူးသိတတ်ကြသောပုဂ္ဂိုလ်များ
မွေးကျေးဇူးဆပ်သော အလောင်းတော် နွား၊ ကဏှဇာတက-ပါ-ပ-အုပ်-၇၊ ဇာတက-ဋ္ဌ-ပ-အုပ်-၂၀၉။ ။ ငှက်များ၊ ၄၇၅။ ။ ဆင်သားအဖ၊ အလီနစိတ္တဇာတက-ပါ-ပ-အုပ်-၃၇၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၆။ ။ တိရီဋဝစ္ဆမင်း၊ ဇာတက-ပါ-ပ-အုပ်-၇၄၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၈၄။ ။ လင်းတငှက်များ၊ ဇာတက-ပါ-ပ-အုပ်-၄၁၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၄၅။ ဗာရာဏသီမင်း၊ မဟာအဿာရောဟဇာတက-ပါ-ပ-အုပ်-၉၃၊ ဇာတက-ဋ္ဌ-တ-အုပ်-၈၊ ကျေးဇူးရှိဘူးသူကို ကန်ပူဇော်သင့်ကြောင်း။ ။ ကျေးဇူးသိတတ် လှသော တိရစ္ဆာန်သုံးဦးနှင့် ကျေးဇူးမဲ့လှသော လူမင်းသားတို့ အကြောင်း၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၄၂-မှ-၃၄၅-အထိ။ ။ တဆုပ်စားဘူး၊ သူ့ ကျေးဇူး၊ အထူးကျင့်ပေးရာ ဟူသော ဂါထာ၊ ဇာတက-ပါ-ဒု-အုပ်-၂၀၈၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၂၇၃။ ܀ပိဋကတ်လမ်းညွှန်[01/337]܀ကျေးဇူးသိတတ်သော ပုဂ္ဂိုလ်များ
ကတညုတာ ကတဝေဒီ ဖြစ်စေရန် ဟောသော ဒုတိယသိင်္ဂါလသုတ်၊ (မြေခွေးအို) နိဒါန-သံ-ပါ-၄၆၁၊ နိဒါန-သံ-ဋ္ဌ-၂၁၃။ ။ အသျှင်သာရိပုတ္တရာအလောင်း ဆင်ကြီးဝတ္ထု၊ ငြောင့်နှုတ်ပေးသော လက်သမားတို့အား သားငယ်ဆင်ကို လက်ဆောင်ပေးပုံ၊ အံ-၁-ဋ္ဌ-၂၅၄-၂၅၅။ ။ ရာဓမထေရ်အား အသျှင်သာရိပုတ္တရာက ရဟန်းပြုပေးခြင်းဖြင့် ကျေးဇူးဆပ်ပုံ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၄၆။ ကျေးဇူးသိတတ်ပုံ အသျှင်သာရိပုတ္တရာအား ချီးကျူးခဏ်း၊ အပ-ပါ-ဒု-အုပ်-၁၃၉၊ ဂါထာနံပါတ်-၃၂၁၊ ရာဓမထေရ်ဝတ္ထု တိုင်း၌ ရှိ၏။ ။ ဝိ-၃-ပါ-၇၀၊ ဝိ-၃-ဋ္ဌ-၂၆၄။ ။ ကျေးဇူး သိတတ်ပုံများဇာတက၌ များစွာရှိ၏။ ܀ပိဋကတ်လမ်းညွှန်[01/289]܀ကျေးဇူးအများဆုံးသောအရာများကို ဟောသော ဝုဋ္ဌိသုတ္တ
သဂါထာ-သံ-ပါ-၃၉၊ သဂါထာ-သံ-ဋ္ဌ-၉၂။ ܀ပိဋကတ်လမ်းညွှန်[01/309]܀ကျေးဇူး ၃ မျိုး
၁။ သီလက္ခန္ဓ- သီလတည်းဟူသော ကျေးဇူး၊၂။ သမာဓိက္ခန္ဓ-သမာဓိတည်း ဟူသော ကျေးဇူး၊
၃။ ပညာက္ခန္ဓ- ပညာတည်းဟူသော ကျေးဇူး။ (နေတ္တိ၊ဝိဘာ၊၂၇၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးကြီးသော ပုဂ္ဂိုလ် ၃ မျိုး
၁။ အကြင်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူ အဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း၊၂။ အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သစ္စာလေးပါးကို အမှန်အတိုင်း သိသူအဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း၊
၃။ အကြင်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အာသဝေါ ကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရှိ ခဲ့သူ ဖြစ်ခြင်း။ (အံ၊၁၊၁၂၁။) (အံ၊မြန်၊၁။၁၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးဆပ်၍ မကုန်နိုင်သော ပုဂ္ဂိုလ် ၂ မျိုး
၁။ မိခင်ကျေးဇူး၊၂။ ဖခင်ကျေးဇူး။ (အံ၊၁၊ပါ၊၆၃။)(အံ၊မြန်၊၁။၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၁၀ ပါး
၁။ သီလရှိခြင်း၊၂။ အကြားအမြင် ရှိခြင်း၊
၃။ အဆွေ ခင်ပွန်းကောင်း ရှိခြင်း၊
၄။ ဆိုဆုံးမလွယ်ခြင်း၊
၅။ အယုတ်အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ်မာခြင်း၊ ပျင်းရိခြင်း မရှိ၊
၆။ တရားတော်ကို အလိုရှိခြင်း၊ ချစ်ဖွယ်ကို ပြောဆိုတတ်ခြင်း၊
၇။ ရရသမျှ ပစ္စည်းလေးပါး တို့ဖြင့် ရောင့်ရဲခြင်း၊
၈။ အားထုတ်သော ဝီရိယရှိခြင်း၊
၉။ သတိရှိခြင်း၊ သတိပညာနှင့် ပြည့်စုံခြင်း၊
၁၀။ ပညာရှိခြင်း၊ အဖြစ်အပျက်ကို သိသော ကိလေသာကို ဖျက်ဆီးနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံခြင်း။ (ဒီ၊၃၊၂၅၅။) (ဒီ၊မြန်၊၃။၂၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၂ ပါး
၁။ အောက်မေ့ခြင်း သတိ၊၂။ ဆင်ခြင်ခြင်း သမ္ပဇဉ်။ (ဒီ၊၃၊၂၂၈။)(ဒီ၊မြန်၊၃။၂၅၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်ကျေးဇူးများသော တရား ၃ ပါး
၁။ သူတော်ကောင်းကို မှီဝဲခြင်း၊၂။ သူတော်ကောင်းတရားကို နာခြင်း၊
၃။ လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်ခြင်း။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၄ ပါး
၁။ သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်း- ပဋိရူပဒေသဝါသ၊၂။ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းသပ္ပုရိသူပနိဿယ၊
၃။ မိမိကိုယ်ကို ကောင်းစွာ ထားခြင်း- အတ္တသမ္မာပဏိဓိ၊
၄။ ရှေး၌ပြုဖူးသော ကောင်းမှုရှိခြင်း- ပုဗ္ဗေ စ ကတပုညတာ။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၅ ပါး
၁။ သဒ္ဓါတရားရှိခြင်း၊၂။ အနာရောဂါ ကင်းခြင်း၊
၃။ မာန်မရှိ လှည့်ပတ်ခြင်းမရှိ ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုခြင်း၊
၄။ အားကြီးသော မြဲမြံသော လုံ့လ အားထုတ်အပ်သော ဝီရိယရှိခြင်း၊
၅။ ဝဋ်ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်စေ တတ်သော စင်ကြယ်သော ပညာနှင့် ပြည့်စုံခြင်း။ (ဒီ၊၃၊၂၃၂။) (ဒီ၊မြန်၊၃။၂၅၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၆ ပါး
၁။ ကာယကံမေတ္တာကို ဖြစ်စေခြင်း၊၂။ ဝစီကံမေတ္တာကို ဖြစ်စေခြင်း၊
၃။ မနောကံမေတ္တာကို ဖြစ်စေခြင်း၊
၄။ တရားသဖြင့် ရအပ်သော လာဘ်တို့ကို သီတင်းသုံးဖော်တို့နှင့် ဆက်ဆံ၍ စားလေ့ရှိခြင်း၊
၅။ သီတင်းသုံးဖော်တို့နှင့် တူသော သီလရှိခြင်း၊
၆။ သီတင်းသုံးဖော်တို့နှင့် ဉာဏ်အမြင်တူခြင်းသို့ ရောက်ခြင်း။ (ဒီ၊၃၊၂၃၆။) (ဒီ၊မြန်၊၃။၂၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၇ ပါး
၁။ သဒ္ဓါဥစ္စာ၊၂။ သီလဥစ္စာ၊၃။ဟိရီဥစ္စာ၊၄။ ဩတ္တပ္ပဥစ္စာ၊၅။ သုတဥစ္စာ၊၆။ စာဂဥစ္စာ၊၇။ ပညာဥစ္စာ။ (ဒီ၊၃၊၂၄၀။) (ဒီ၊မြန်၊၃။၂၆၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၈ ပါး
၁။ ရှက်ကြောက် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို မှီ၍နေပြီး ရိုသေ ခြင်းကို ဖြစ်စေခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိ ပညာကို ပြည့်စုံစေခြင်းငှာ ရှေးဦးစွာသော အကြောင်းအထောက်အပံ့ဖြစ်ခြင်း၊၂။ ရှက်ကြောက် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို မှီ၍နေပြီး ပါဠိအနက် ယုံမှားဖွယ်တို့ကို မေးသဖြင့် ယုံမှားမှုကို ဖြေဖျောက်ပေးခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိ ပညာကို ပြည့်စုံစေခြင်းငှာ နှစ်ခုမြောက်သော အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၃။ တရားတော်ကို ကြားနာရ၍ စိတ်၏ ငြိမ်းချမ်းခြင်းနှင့် ပြည့်စုံခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ပြည့်စုံစေခြင်းငှာ သုံးခုမြောက် အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၄။ ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ပြည့်စုံစေခြင်းငှာ လေးခုမြောက် အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၅။ အကြားအမြင်များ၏၊ သင်ပြီးသည်ကို ဆောင်နိုင်၏၊ အလုံးစုံပြည့်စုံခြင်းရှိသော တရားတို့ကို အဖန်ဖန် လေ့လာဆင်ခြင်၍ ပညာဖြင့် ထိုးထွင်းသိခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိ ပညာကို ပြည့်စုံစေခြင်းငှာ ငါးခုမြောက် အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၆။ အကုသိုလ် တရားတို့ကို ပယ်ခြင်းငှာ အားထုတ်သော ဝီရိယရှိခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ပြည့်စုံစေခြင်းငှာ ခြောက်ခုမြောက်သော အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၇။ မြတ်သော သတိနှင့် ပြည့်စုံခြင်းသည်မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ပြည့်စုံစေခြင်းငှာ ခုနစ်ခု မြောက်သော အကြောင်းအထောက်အပံ့ ဖြစ်ခြင်း၊
၈။ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဖြစ်ခြင်းပျက်ခြင်းကို အဖန်ဖန်ရှု၍ နေခြင်းသည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ပြည့်စုံစေခြင်းငှာ ရှစ်ခုမြောက်သော အကြောင်းအထောက်အပံ့ ဖြစ်ခြင်း။ (ဒီ၊၃၊၂၄၃။) (ဒီ၊မြန်၊၃။၂၆၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကျေးဇူးများသော တရား ၉ ပါး
၁။ အသင့်အားဖြင့် နှလုံးသွင်းသူအား ဝမ်းမြောက်ခြင်း ဖြစ်၏၊၂။ ဝမ်းမြောက်ခြင်းရှိသူအား နှစ်သိမ့်ခြင်း ဖြစ်၏၊၃။ နှစ်သိမ့်သော စိတ်ရှိသူအား နာမ်ရုပ် အပေါင်း ငြိမ်း၏၊
၄။ နာမ်ရုပ်အပေါင်းငြိမ်းသူသည် ချမ်းသာကို ခံစားရ၏၊
၅။ ချမ်းသာသုခ ရှိသူ၏ စိတ်သည် တည်ကြည်၏၊
၆။ စိတ်တည်ကြည်သော် ဟုတ်မှန်သောအတိုင်း သိ၏၊
၇။ ဟုတ်မှန်အတိုင်းသိသော် ငြီးငွေ့၏၊
၈။ ငြီးငွေ့သည်ရှိသော် စွဲမက်ခြင်း ကင်း၏၊
၉။ စွဲမက် ခြင်းကင်းသော် ကိလေသာတို့မှ လွတ်၏။ (ဒီ၊၃၊၂၅၂။) (ဒီ၊မြန်၊၃။၂၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်