Sunday, February 13, 2022

ကုသိုလ် လမ်းညွှန်

ကုသိုလ် မရကြောင်း တရား ၆ ပါး

၁။ ကုသိုလ် အကုသိုလ် ဖြစ်ကြောင်း၌ မကျွမ်းကျင်ခြင်း၊
၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ မကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌လည်း မကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလိုဆန္ဒကို မဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အကြောင်းရင်း ၃ မျိုး

၁။ တပ်ခြင်းလောဘ မရှိခြင်း၊
၂။ အမျက်ဒေါသ မရှိခြင်း၊
၃။ တွေဝေခြင်း မသိခြင်း မောဟ မရှိခြင်း။ (မ၊၁၊၅၈။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (မ၊မြန်၊၁။၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အနက် ၃ မျိုး

၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊
၂။ အနဝဇ္ဇအနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်၊
၃။ ကောသလ္လသမ္ဘူတအနက်- သမ္ပယုတ်ပညာကြောင့် ဖြစ်သည်၏ အဖြစ်ဟူသောအနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အနက်၂ မျိုး

၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊
၂။ အနဝဇ္ဇ အနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကမ္မပထတရား ၁၀ ပါး

ကုသလကမ္မပထတရား ၁၀ ပါး၊ ထူးသော အဖို့ရှိသော တရား ၁၀ ပါး၊ ဝိသေသဘာဂိယ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကမ္မပထတရားတို့ကို ဆုံးဖြတ်ပုံ ၅ မျိုး

ကုသလကမ္မပထတရား ဆယ်ပါးတို့ကို ဆုံးဖြတ်ပုံ ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကိစ္စာဓိကရုဏ်း ၄ ပါး

၁။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော အပလောကန ကံ၊
၂။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ သံဃာက ကုသိုလ်စိတ် ရှိလျက် ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၄၊၂၁၇။) (ဝိ၊မြန်၊၄။၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကို စူးစမ်းခြင်း ၃ မျိုး

၁။ ကုသိုလ်ကာယကံကို စူးစမ်းခြင်း၊
၂။ ကုသိုလ်ဝစီကံကို စူးစမ်းခြင်း၊
၃။ ကုသိုလ် မနောကံကို စူးစမ်းခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အလိုရမ္မက်ကြီးလျက် ရတတ်သမျှသော ပစ္စည်း လေးပါးတို့၌ မရောင့်ရဲနိုင်ခြင်း၊
၂။ ယုံကြည်မှု သဒ္ဓါမရှိခြင်း၊
၃။ သီလမရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း၊
၆။ ပညာမဲ့ခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဇော ၃ မျိုး

၁။ ဒါနမယကုသိုလ်ဇော- ဒါနပြုရာ၌ ဖြစ်သော ကုသိုလ်ဇော၊
၂။ သီလမယ ကုသိုလ်ဇော- သီလဆောက်တည်ရာ၌ ဖြစ်သော ကုသိုလ်ဇော၊
၃။ ဘာဝနာမယကုသိုလ်ဇော- ဘာဝနာပွား၍ ဖြစ်သော ကုသိုလ်ဇော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြောင်း တရား ၄ ပါး

၁။ ရာဂ (ပြန့်ပြော) အားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၂။ ဒေါသအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာနအရာတို့၌ ပညာမျက်စိ မရှိခြင်း။ (အံ၊၁၊၄၆၁။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြောင်း တရား ၄ ပါး

၁။ ရာဂခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၂။ ဒေါသခေါင်းပါး နည်းပါးသည်၏အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟ ခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာန အရာတို့၌ ပညာ မျက်စိရှိခြင်း။ (အံ၊၁၊၄၆၂။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး

၁။ ဉာဏ်အလင်းရောင် များပြားခြင်း၊
၂။ အားထုတ်မှု များပြားခြင်း၊
၃။ နှစ်သက်ဝမ်းမြောက်မှု များပြားခြင်း၊
၄။ ကုသိုလ်တရားတို့၌ မရောင့်ရဲမှု များပြားခြင်း၊
၅။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်း၊
၆။ စွမ်းနိုင်သည်ထက် ပိုမို အားထုတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး

၁။ အလိုရမ္မက် မကြီးမူ၍ ရတတ်သမျှသော ပစ္စည်း လေးပါး တို့၌ ရောင့်ရဲလွယ်ခြင်း၊
၂။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၃။ သီလရှိခြင်း၊
၄။ ထက်သန်သော လုံ့လဝီရိယရှိခြင်း၊
၅။ သတိရှိခြင်း၊
၆။ ပညာရှိခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်နှင့် ပြည့်စုံသူ၏ တရား ၄ ပါး

၁။ ကိုယ်ဖြင့် မကောင်းမှုကို မပြုခြင်း၊
၂။ နှုတ်ဖြင့် မကောင်းသော စကားကို မဆိုခြင်း၊
၃။ စိတ်ဖြင့် မကောင်းသော အကြံအစည်ကို မကြံခြင်း၊
၄။ ယုတ်သော အသက်မွေးမှုဖြင့် အသက်မွေးမှု မပြုခြင်း။ (မဟာနိ၊၆၈။) (မဟာနိ၊၂၄၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်မဟုတ်သော အလှူ ၅ မျိုး

၁။ သေအရက် အလှူ၊
၂။ ကချေသဘင် အလှူ၊
၃။ မိန်းမ အလှူ၊
၄။ နွားမအပေါင်းအလယ်၌ နွားလားဥသဘကို လွှတ်သော အလှူ၊
၅။ ပန်းချီဆေးရေးအလှူ။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ရကြောင်း တရား ၆ ပါး

၁။ ကုသိုလ် အကုသိုလ်ဖြစ်ကြောင်း၌ ကျွမ်းကျင်ခြင်း၊
၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ ကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌ ကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ ရရန် အလိုဆန္ဒကို ဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ်တရားတို့ကို စောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဝေဒနာ ၂ မျိုး

၁။ ဒွိဟိတ် ကုသိုလ်ဝေဒနာ၊
၂။ တိဟိတ် ကုသိုလ်ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဟိတ် ၃ ပါး

၁။ အလောဘ ကုသိုလ်ဟိတ်၊
၂။ အဒေါသ ကုသိုလ်ဟိတ်၊
၃။ အမောဟ ကုသိုလ်ဟိတ်။ (အဘိ၊ဓ၊၂၁၄။) (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊၃၃။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဓ၊မြန်။၅၂၊ ၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဟိတ် ဘုံအထူးအားဖြင့် ၄ ပါး

၁။ ကာမာဝစရကုသိုလ်ဟိတ်၊
၂။ ရူပါဝစရ ကုသိုလ်ဟိတ်၊
၃။ အရူပါဝစရ ကုသိုလ်ဟိတ်၊
၄။ လောကုတ္တရကုသိုလ်ဟိတ် (ဝိပါက်ဟိတ်လည်း ဤနည်းတူ ၄ ပါး) ။ (အဘိ၊ဋ္ဌ၊၃၊၃၅၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အကြံ ၃ မျိုး

ကုသလဝိတက် ၃ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အချုပ် ပုဒ် ၉ ပုဒ်

၁။ သမထ- ကိလေသာတို့ငြိမ်းအေးခြင်း၊
၂။ ဝိပဿနာ- အထူးထူး အပြားပြား ရှုမှတ်ခြင်း၊
၃။ အလောဘ- မလိုချင်ခြင်း၊
၄။ အဒေါသ- မပြစ်မှားခြင်း၊
၅။ အမောဟ- မတွေဝေခြင်း၊
၆။ အနိစ္စသညာ- မမြဲဟုအမှတ်ရှိခြင်း၊
၇။ ဒုက္ခသညာ- ဆင်းရဲဟု အမှတ်ရှိခြင်း၊
၈။ အနတ္တသညာ- အစိုးမရဟုအမှတ်ရှိခြင်း၊
၉။ အသုဘသညာ- မတင့်တယ်ဟု အမှတ်ရှိခြင်း။ (ပေဋကော၊၂၅၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အဟုန် ၄ မျိုး

ကောင်းမှုအဟုန် ၄ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အဟုန် ၅ မျိုး

ကောင်းမှုအဟုန် ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်