Friday, February 11, 2022

ကျောင်းလမ်းညွှန်

ကျောင်း (ဂန္ဓကုဋီ)ကို မီးရှို့ခဲ့သောကြောင့်

အဝီစိငရဲကျပြီးနောက် စပါးကြီးမြွေ ပြိတ္တာဖြစ်ရပုံ။ ။ အဇဂရပေတဝတ္ထု၊ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၃၉။ ܀ပိဋကတ်လမ်းညွှန်[01/317]܀

ကျောင်း၌ ရအပ်သောအပြစ် ၈-ပါး

ဗုဒ္ဓ-ပါ-၃၀၉၊ ဗုဒ္ဓ-ဋ္ဌ-၉၉။ ။ အပ-ဋ္ဌ-ပ-အုပ်-၁၂။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၁၂။ ။ ဒီဃ-၁-ဋ္ဌ-၁၈၄။ အဘိ-၁-ဋ္ဌ-၄၀။ ။ ကျောင်းကောင်း၌ နေရခြင်းအပြစ်၊ နိဒါန-သံ-၁၅၁၊ ဥတ္တမသေနာသနံ နာမ ပမာဒဋ္ဌာနံ၊ တတ္ထ နိသိန္နဿ ထိနမိဒ္ဓံ သြက္ကမတိ၊ နိဒ္ဒါဘိဘူတဿ ပဋိဗုဇ္ဈတော ပါပဝိတက္ကာ ပါတုဘဝန္တိ။ ܀ပိဋကတ်လမ်းညွှန်[01/295]܀

ကျောင်းကိုရှင်းလင်းသုတ်သင်ခဲ့ရကျိုး

ထေရ-ဋ္ဌ-ပ-အုပ်-၆၁။ ܀ပိဋကတ်လမ်းညွှန်[01/322]܀

ကျောင်းခန်းတွင်းနှင့်စပ်၍ ခွင့်ပြုချက်များ

ဣဋ္ဌကာစယာဒိ အနုဇာနန ကထာ၊ ဝိ-၄-ပါ-၂၉၇၊ ဝိ-၄-ဋ္ဌ-၆၁။ ။ ကျောင်းအိပ်ရာ နေရာကို သုံးစွဲရာ၌ အပြစ်ရှိ, မရှိ စီစစ်ပြခန်း အကျယ်။ ဝိ-၄-ပါ-၃၂၈၊ ဝိ-၄-ဋ္ဌ-၈၇။ ။ ဝိ-၂-ပါ-၆၀၊ ဝိ-၂-ဋ္ဌ-၄၂၊ (သံဃိက)။ ܀ပိဋကတ်လမ်းညွှန်[01/346]܀

ကျောင်းစသော အာဝါသ အလှူအတွက် အကျိုးပြ ဂါထာများ

ဝိ-၄-ပါ-၂၉၁၊ ဝိ-၄-ဋ္ဌ-၂၉၂၊ ၃၁၄၊ ဝိ-၄-ဋ္ဌ-၅၈။ ။ ပဏ်-၂-ဋ္ဌ-၁၈၊ ပဏ်-၂-ပါ-၁၇။ ။ ဗုဒ္ဓ-ဋ္ဌ-၂၅၊ ဝေဠုဝန်ကျောင်းတော်ကြီးလှူစဉ်။ ။ အပ-ဋ္ဌ-ပ-အုပ်-၁၀၉၊ ဇေတဝန်ကျောင်းတော်လှူစဉ်၊ ဘုရားရှင် ကျောင်းကို အလှူခံတော်မူပုံ။ ။ ဇာတက-ဋ္ဌ-ပ-အုပ်-၁၀၉။ ။ သဠာ-သံ-ဋ္ဌ-၉၃၊ သဠာ-သံ-ပါ-၃၈၉။ ။ ဥဒါန-ဋ္ဌ-၃၇၇၊ ၃၇၈။ ။ အပ-ပါ-ပ-အုပ်-၂၇၅၊ ၃၁၂၊ သံဃာအားသစ်ရွက်မိုးကျောင်းလှူ၊ မှတ်သားဖွယ်။ ။ အပ-ပါ-ပ-အုပ်-၃၂၁၊ အပ-ဋ္ဌ-ဒု-အုပ်-၈၂။ ။ အပ-ပါ-ပ-အုပ်-၁၈၉၊ အပ-ဋ္ဌ-ဒု-အုပ်-၁၅၆၊ ဘုရားကျောင်းဆောင်လှူရကျိုး။ ။ ထေရ-ဋ္ဌ-ပ-အုပ်-၁၆၃၊ ၃၁၃။ ။ ထေရ-ဋ္ဌ-ဒု-အုပ်-၁၇၉၊ မဟာကပ္ပိနထေရ်အလောင်း။ ။ ထေရီ-ပါ-၄၃၄၊ ထေရီ-ဋ္ဌ-၂၇၉၊ ၂၉၉။ ။ မဟာသုဒဿန စကြဝတေးမင်းအလောင်း လယ်သမားကြီး ကျောင်း ဆောက်လှူခဏ်း၊ စရိယာ-ပါ-၃၈၇၊ စရိယာ-ဋ္ဌ-၄၀။ ။ ပရိဘောဂစသည်ကိုလည်း လှူရ၏။ ။ ဒီဃ-၂-ဋ္ဌ-၂၂၃၊ ၂၂၇၊ ဒီဃ-၂-ပါ-၁၅၂၊ စကြဝတေးမင်း ဖြစ်လာပုံ။ ။ အပ-ပါ-ပ-အုပ်-၄၃၊ အပ-ဋ္ဌ-ပ-အုပ်-၃၁၁၊ ဥပါလိထေရ်အလောင်း သံဃာ့အာရာမ် လှူရကျိုးဂါထာများ။ ။ အပ-ပါ-ပ-အုပ်-၁၅၁၊ အပ-ဋ္ဌ-ဒု-အုပ်-၁၁၉၊ ပန်းနှင့်အခင်းလှူ။ ။ အပ-ပါ-ဒု-အုပ်-၃၂၁။ ။ ကျူကျောင်းလှူ၊ အပ-ပါ-ဒု-အုပ်-၈၂။ ။ ဘုရားလောင်းရသေ့ နှင့် လူများစုပေါင်းလှူ၊ အပ-ပါ-ဒု-အုပ်-၂၈၂။ ။ သောဏဒိန္နနတ်သား၊ ဇာတက-ပါ-ဒု-အုပ်-၁၉၆၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၄၇။ ။ သံဃိကကျောင်း လှူရကျိုး၊ ဒီဃ-၁-ပါ-၁၃၈၊ ဒီဃ-၁-ဋ္ဌ-၂၇၁။ ။ ကျူထရံသည် သားအဖတို့ကျောင်း နှင့် ကျောင်းအသုံးအဆောင် စသည်တို့ကို လှူဒါန်းကြပုံ၊ ဇာတက-ဋ္ဌ-စ-အုပ်-၃၁၈၊ ၃၂၄။ ။ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၀၁။ ။ ကျူထရံသည်သားအဖတွင် သားက မဟာပနာဒမင်းဖြစ်၍ အဘက သင်္ခစကြဝတေးမင်းဖြစ်လတ္တံ့ဟု ဟောထားပုံ၊ ဒီဃ-၃-ပါ-၆၂၊ ဒီဃ-၃-ဋ္ဌ-၃၉၊ ၄၀။ ။ ကျောင်းလှူရကျိုးဂါထာ၊ ကိံဒဒသုတ်၊ သဂါထာ-သံ-ပါ-၂၉၊ သဂါထာ-သံ-ဋ္ဌ-၇၈၊ မှတ်သားဖွယ် ဂါထာများ။ ။ ဆွမ်းစားကျောင်း ဆောက်လှူရကျိုး၊ လခုမာဝိမာနဝတ္ထု၊ ဝိမာန-ပါ-၂၃၊ ဝိမာန-ဋ္ဌ-၈၈။ ။ အမ္ဗဝိမာနဝတ္ထု၊ ဝိမာန-ပါ-၆၄၊ ဝိမာန-ဋ္ဌ-၁၈၂။ ဂန္ဓကုဋီ ကျောင်းဆောက်လှူရကျိုး၊ သုဝဏ္ဏဝိမာနဝတ္ထု၊ ဝိမာန-ပါ-၁၀၅၊ ဝိမာန-ဋ္ဌ-၂၈၃။ ܀ပိဋကတ်လမ်းညွှန်[01/294]܀

ကျောင်းတိုက်တာကို တင့်တယ်စေသော အင်္ဂါ ၅-ပါး

သောဘနသုတ်၊ အံ-၅-ပါ-၂၂၉-မှ ၂၃၃-အထိ၊ အံ-၅-ဋ္ဌ-၈၃။ ။ ဗဟူပကာရသုတ်၊ အံ-၅-ပါ-၂၃၀၊ အံ-၅-ဋ္ဌ-၈၃။ ။ ကျောင်းထိုင်ဘုန်းကြီးတို့ သတိမူစရာများ ဟူလို။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကျောင်းထိုင်ဘုန်းကြီး ဖြစ်ရပါစေသား

(ဝါ) ကျောင်းအိုကြီးကို ပြင်ရပါစေ သားဟု ကျိန်စာဆိုသော ရုက္ခဇိုဝ်းနတ်။ ။ ဇာတက-ပါ-ပ-အုပ်-၂၈၆၊ ဇာတက-ဋ္ဌ-စ-အုပ်-၃၀၉။ ܀ပိဋကတ်လမ်းညွှန်[01/339]܀

ကျောင်းနှင့်စပ်၍ မှတ်သားဖွယ်များ

ကျောင်းကိုစ၍ ခွင့်ပြုတော်မူပုံနှင့် ကျောင်းလှူရကျိုး ဂါထာများ၊ ဝိ-၄-ပါ-၂၉၀၊ ၃၁၄၊ ဝိ-၄-ဋ္ဌ-၅၈။ ကျောင်းနှင့် စပ်၍ ခွင့်ပြုချက်များ၊ ဝိ-၄-ပါ-၂၉၂၊ ဝိ-၄-ဋ္ဌ-၅၉။ ။ ကျောင်းနံရံ လိမ်းချယ်ရန် အရောင်သုံးမျိုးခွင့်ပြုပုံ၊ ဝိ-၄-ပါ-၂၉၆၊ ဝိ-၄-ဋ္ဌ-၆၁၊ သေတဝဏ္ဏနာဒိအနုဇာနန ကထာ။ ܀ပိဋကတ်လမ်းညွှန်[01/346]܀

ကျောင်းနှင့်စပ်သော ပုဒ်များအဖွင့်

(ဝိဟာရ၊ အဍ္ဎယောဂ၊ ပါသာဒ၊ ဟမ္မိယ၊ ဂုဟာ)၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၁၀၆၊ ပဋိသံ-ပါ-၁၇၄။ ။ ဝိ-၄-ဋ္ဌ-၅၈၊ ဝိ-၄-ပါ-၂၉၀။ အဘိ-၂-ဋ္ဌ-၃၄၉၊ အဘိ-၂-ပါ-၂၆၀။ ။ ܀ပိဋကတ်လမ်းညွှန်[01/296]܀

ကျောင်းနှင့်စပ်သော သန္တောသနှင့် ဓုတင်ကို ပြဆိုခန်း

အံ-၄-ပါ-၃၃၆၊ အံ-၄-ဋ္ဌ-၂၈၃။ ။ စူဠနိ-ဋ္ဌ-၁၁၅။ ။ ၁၅-ပါး၊ ဒီဃ-၃-ဋ္ဌ-၁၉၉၊ ဒီဃ-၃-ပါ-၁၈၈။ သန္တောသ-ခဏ်း၌ ကျယ်ဝန်းစွာရှိ၏၊ အကျိုး-၂-ပါးကိုမြင်၍ ကျောင်းကို ခွင့်ပြုတော်မူပုံ ရှင်းပြခန်း၊ မိလိန္ဒ-ပါ-၂၀၈၊ သန္ထဝဥှ။ ܀ပိဋကတ်လမ်းညွှန်[01/295]܀

ကျောင်းလုသောရဟန်းကို အကြောင်းပြု ဟောသော ဥဒုမ္ဗရဇာတက

ဇာတက-ပါ-ပ-အုပ်-၉၀၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၄၀၂။ ܀ပိဋကတ်လမ်းညွှန်[01/339]܀

ကျောင်းသစ် အိမ်သစ် စသည်ဆောက်ရာနှင့်စပ်၍ မှတ်သားဖွယ်များ

အိမ်သစ်ခဏ်း၌ ရေးခဲ့ပြီ။ ܀ပိဋကတ်လမ်းညွှန်[01/295]܀

ကပ္ပိယ ကုဋိမျိုး ၄-ပါး

၀ိနည်းတော်လာ ရဟန်းတို့ကျောင်းမျိုး ၄-ပါးဟူ၏။
(၁) ဂဟပတိကုဋိ- မလှူမီလူတို့ပိုင်ခြင်း လှူသောအခါ ကပ္ပိယဝေါဟာရဖြင့် မြွက်ဆိုလှူဒါန်းခြင်း အင်္ဂါနှစ်ပါးစုံ ကျောင်း၊
(၂) သမ္မုတိကုဋိ- ကပ္ပိယကုဋိအင်္ဂါချို့တဲ့သောကျောင်းကို ကပ္ပိယကုဋိဖြစ်အောင် ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်၍ပေးသော ကုဋီ၊
(၃) ဂေါနိသာဒိကာ ကုဋိ- အရံအတားမရှိသော ကျောင်း၊
(၄) ဥဿာဝနန္တိကာ ကုဋိ- ရဟန်းတို့ကိုယ်တိုင်ချီကြွလျက် ''ကပ္ပိယကုဋိံ ကရောမ''ဟုဆိုကာ တစ်ပြိုင်နက် မြေသို့ချစိုက် ပြီးဆုံးစေသော ကုဋီ။ ♦သုတေသနသရုပ်ပြအဘိဓာန်

ကပ္ပိယ ကုဋိအင်္ဂါ ၄-ပါး

ရဟန်းတော်တို့ သုံးဆောင်ကောင်းသည့် ၀ိနည်းတော်လာ ကျောင်းအင်္ဂါ လေးပါး။
(၁) ရဟန်း သံဃာတို့အပိုင်ဥစ္စာဖြစ်ခြင်း၊
(၂) ရဟန်းသံဃာတို့ အမြဲနေဖို့ရာ ကျောင်းဖြစ်ခြင်း၊
(၃) သဟသေယျ အာပတ် မသင့်နိုင်သော အမိုးအကာနှင့် ပြည့်စုံခြင်း၊
(၄) ကပ္ပိယ ကုဋိ ၄-ပါးတွင် လျော်စွာဖြစ်ခြင်း။ ♦သုတေသနသရုပ်ပြအဘိဓာန်

ကပ္ပိယဘူမိ ၄ မျိုး

၁။ ဥဿာဝနန္တိကကုဋီ- ဦးစွာစိုက်သောတိုင်, အုတ်, ကျောက် စသည်ကို ရဟန်းအများက ချီမြှောက်လျက် ‘‘ကပ္ပိယကုဋိံ ကရောမ’’ဟု ဆို၍ အဆုံးစကားလုံးနှင့် တစ်ပြိုင်နက် စိုက်ဆောက်လုပ်အပ်သော ကျောင်း၊
၂။ ဂေါနိသာဒိကကုဋီ- နွားများဝင်ရောက် နေထိုင်နိုင်ပြီး အကာအရံမရှိသော ကျောင်း, အကာအရံ စည်းရိုးတစ်ဝက်မျှပင် မရှိသော ကျောင်း၊
၃။ ဂဟပတိကုဋီ- ‘‘ကပ္ပိယကုဋိံ ဒေမ ပရိဘုဉ္ဇထ’’ဟူ၍လည်းကောင်း, ‘‘ကပ္ပိယကုဋိံ ကာတုံ ဒေမ’’ဟူ၍လည်းကောင်း ဆို၍ လူဒါယကာတို့ ပေးလှူအပ်သော ကျောင်း၊
၄။ သမ္မုတိ ကုဋီ- ဉတ္တိဒုတိယကမ္မဝါစာဖြင့်ဖြစ်စေ, အပလောကနကံဖြင့်ဖြစ်စေ ကပ္ပိယကုဋီဟူ၍ သမုတ် အပ်သော ကျောင်း။ (ဝိ၊၃၊၃၃၇။) (ဝိ၊မြန်၊၃။၃၄၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းနှင့် သက်ဆိုင်သော ဓုတင် ၆ မျိုး

၁။ အာရညိကင်္ဂဓုတင်- တောထဲ၌ နေသော အားဖြင့် ကိလေသာခေါင်းပါးအောင် ကျင့်သော အကျင့်၊
၂။ အဗ္ဘောကာသိကင်္ဂဓုတင်- လွင်တီးခေါင်၌ နေသောအားဖြင့် ကိလေသာခေါင်းပါးအောင် ကျင့်သောအကျင့်၊
၃။ ရုက္ခ မူလိကင်္ဂဓုတင်- သစ်ပင်ရင်း၌ နေသောအားဖြင့် ကိလေသာခေါင်းပါးအောင် ကျင့်သော အကျင့်၊
၄။ ယထာသန္တတိကင်္ဂဓုတင်- သံဃာက ချထားပေးသော နေရာ၌သာ နေသော အားဖြင့် ကိလေသာ ခေါင်းပါးအောင်ကျင့်သောအကျင့်၊
၅။ သောသာနိကင်္ဂဓုတင်- သုသာန်၌ နေသောအားဖြင့် ကိလေသာခေါင်းပါးအောင် ကျင့်သောအကျင့်၊
၆။ နေသဇ္ဇိကင်္ဂဓုတင်- အိပ်ခြင်းကို ပယ်၍ ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုတ် သုံးပါးဖြင့်သာ နေသောအားဖြင့် ကိလေသာခေါင်းပါးအောင် ကျင့်သော အကျင့်။ (သုတ္တနိ၊ဋ္ဌ၊၂၊၇၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းနှင့်သက်ဆိုင်သော ဓုတင် ၅ မျိုး

၁။ အာရညိကင်္ဂဓုတင် (တောအရပ်၌ နေခြင်း။)၊
၂။ ရုက္ခမူလိကင်္ဂဓုတင် (သစ်ပင်ရင်း၌ နေခြင်း။)၊
၃။ အဗ္ဘောကာသိကင်္ဂဓုတင် (လွင်တီးခေါင် အရပ်၌ နေခြင်း။)၊
၄။ သောသာနိကင်္ဂဓုတင် (သုသာန်၌ နေခြင်း။)၊
၅။ ယထာသန္ထတိကင်္ဂ ဓုတင် (ရရှိသော နေရာ၌သာ နေခြင်း။) ။ (ဒီ၊ဋ္ဌ၊၃၊၁၉၉။) (အံ၊ဋ္ဌ၊၂၊၂၈၄။) (စူဠနိ၊ဋ္ဌ၊၁၁၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းလှူရကျိုး ၁၇ ပါး

၁။ ကိုယ်တွင်းဓာတ် ချောက်ချားမှုနှင့် ပြင်ပဥတု ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာသော ချမ်းအေးခြင်းဥတုကို ပယ်နိုင်ခြင်း၊
၂။ တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ် လာသော အပူဥတုကို ပယ်နိုင်ခြင်း၊
၃။ ခြင်္သေ့၊ သစ်၊ ကျား အစရှိသော ရဲရင့်သော သားကောင်တို့ကို တားဆီးနိုင်ခြင်း၊
၄။ မြွေ, ကင်းစသော တွားသွားသတ္တဝါတို့ကို တားဆီး နိုင်ခြင်း၊
၅။ ခြင်, မှက် ကိုက်ခဲခြင်းတို့ကို ပယ်နိုင်ခြင်း၊
၆။ မိုးသက်လေအေးဒဏ်ကို ပယ်နိုင်ခြင်း၊
၇။ မကြာခဏ ရွာလေ့ရှိသော မိုးရေတို့ကို ပယ်နိုင်ခြင်း၊
၈။ တိုက်ခတ်ဝှေ့ယမ်း အလွန်ကြမ်းသော လေဒဏ်ကို ပယ်နိုင်ခြင်း၊
၉။ လောင်ကျွမ်းလှိုက်ဆူ နေအပူကို ပယ်နိုင်ခြင်း၊
၁၀။ အာရုံကောင်းဖြင့် ကိန်းအောင်းမွေ့လျော် စံပျော်နိုင်ခြင်း၊
၁၁။ အေးမြ ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊
၁၂။ လောကီဈာန်ကို ပွားများနိုင်ခြင်း၊
၁၃။ သင်္ခါရတရားတို့၌ အနိစ္စအားဖြင့် ဝိပဿနာရှုမှတ် နိုင်ခြင်း၊
၁၄။ ထမင်း, အဖျော်, ဝတ်ဖွယ်, နေဖွယ်တို့ကို ရခြင်း၊
၁၅။ ကျောင်း၌ နေထိုင်သော ရဟန်းတို့မှ တရားဓမ္မကို နာယူနိုင်ခြင်း၊
၁၆။ သစ္စာတရားကို ထိုးထွင်းသိနိုင်ခြင်း၊
၁၇။ အာသဝကုန်ခန်း ရဟန္တာ ဖြစ်လျက် ပရိနိဗ္ဗာန်စံရခြင်း။ (သီ၊ဋီ၊သစ်၊၂၊၃၁၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းလှူရကျိုး ၇ ပါး

၁။ ကပ်ရောက်ရမည့် လူ့ပြည်နတ်ပြည်၌ အလှူရှင်အတွက် ရွှေပြာသာဒ်ပေါ်ပေါက်ခြင်း၊
၂။ ကြောက်ခြင်း၊ ကိုယ်ခက်တရော် ရှိခြင်း၊ ကြက်သီးမွေးညင်း ထခြင်းတို့ မရှိခြင်း၊
၃။ ခြင်္သေ့, ကျား, သစ်, ဝံ, ဝံပုလွေ, အောင်းစသော သားရဲကြီးတို့သည် ရှောင်ကွင်းကုန်ခြင်း။
၄။ မြွေ, ကင်း, သန်းတို့သည် လည်းကောင်း၊ ဘုတ်, ပြိတ္တာ, နဂါး, ကုမ္ဘဏ်, ရက္ခိုသ်စသော သားရဲတို့ ရှောင်ကွင်းကုန်ခြင်း၊
၅။ မကောင်းသော အိပ်မက်ကို မမြင် မက်ခြင်း၊
၆။ စည်းစိမ်ချမ်းသာအမျိုးမျိုးတို့ကို ခံစားရပြီးနောက် မဂ်ဖိုလ်တရားကို မျက်မှောက်ပြုရခြင်း၊
၇။ အပါယ်လေးပါးသို့ မလားရောက်ရခြင်း။ (အပ၊၁၊၃၁၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းလှူရကျိုး ၉ ပါး

၁။ ချမ်းအေးသော ဥတုကို ပယ်ဖျောက်နိုင်ခြင်း၊
၂။ ပူသော ဥတုကို ပယ်ဖျောက်နိုင်ခြင်း၊ တောမီးလောင်ခြင်းအပူကို ပယ်နိုင်ခြင်း၊
၃။ မှက်ကိုက်ခဲ ခြင်းကို ပယ်နိုင်ခြင်း၊
၄။ ခြင်ကိုက်ခဲခြင်းကို ပယ်နိုင်ခြင်း၊
၅။ လေပြင်းတိုက်ခတ်ခြင်းကို ပယ်နိုင်ခြင်း၊
၆။ လောင်ကျွမ်းလှိုက်ဆူ နေအပူဒဏ်ကို ပယ်နိုင်ခြင်း၊
၇။ မြွေကင်းစသော တွားသွားကောင်တို့၏ ကိုက်ခဲခြင်းမှ ပယ်နိုင်ခြင်း၊
၈။ ဥတုဘေးရန်ကို ပယ်နိုင်ခြင်း၊
၉။ ငြိမ်ဝပ်စွာ ကိန်းအောင်းခြင်း၌ မွေ့လျော် နိုင်ခြင်း။ (မ၊၁၊၁၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းအိပ်ရာနေရာ ၁၅ မျိုး

၁။ မေဉ္စာ- ညောင်စောင်း၊
၂။ ပီဌ- အင်းပျဉ်၊
၃။ ဘိသိ- ဘုံလျို (မွေ့ရာ။)၊
၄။ ဗိမ္ဗောဟနံ- ခေါင်းအုံး၊
၅။ ဝိဟာရော- နှစ်ဘက်မိုးသော ကျောင်း၊
၆။ အဍ္ဎယောဂေါ- တစ်ဖက်မိုးထားသော ကျောင်း၊
၇။ ပါသာဒေါ- လေးထောင့်ပြာသာဒ်၊
၈။ ဟမ္မိယံ- ပြာသာဒ်ဦးပြည်း (အုဋ္ဌ်တိုက်။)၊
၉။ ဂုဟာ- တောင်ခေါင်း၊ ဂူ၊
၁၀။ လေဏံ- အုတ် ကျောက် စသည်ဖြင့် ပြုလုပ်သော လိုဏ်၊
၁၁။ အဋ္ဋော- ပြအိုး၊ လင့်စင်၊
၁၂။ မာဠော- တန်ဆောင်းပြာသာဒ်၊
၁၃။ ဝေဠုဂုမ္ဗော- ဝါးရုံ (ဝါးချုံ။)၊
၁၄။ ရုက္ခမူလံ- သစ်ပင်ရင်း (သစ်ပင်ခြေ။)၊
၁၅။ ယတ္ထ ဝါ ပန ဘိက္ခူ ပဋိက္ကမန္တိ- ရဟန်းတို့ နေထိုင်ပြီးနောက် ဖဲခွါ သွားရာ အရပ်။ (ဒီ၊ဋ္ဌ၊၃၊၁၉၈။) (အံ၊ဋ္ဌ၊၂၊၂၈၄။) (စူဠနိ၊ဋ္ဌ၊၁၁၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြီးသော ကျောင်းကို ဆောက်ခိုင်းခြင်းကြောင့် ရောက်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ် အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊၅၊၉၁။) (ဝိ၊မြန်၊၅။၁၃၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်