ကောသလတိုင်းဟူ၍ ခေါ်ရခြင်း အကြောင်း
ပဏ်-၁-ပါ-၃၅၄၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၂၇၊ ၇-နှစ်ကျော် မပြုံးမရယ်သော မဟာပနာဒမင်းသား။ ။ သုတ္တ-ပါ-၃၄၅၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၂၇။ ။ ဒီဃ-၁-ဋ္ဌ-၂၁၃၊ ဒီဃ-၁-ပါ-၈၂။ ܀ပိဋကတ်လမ်းညွှန်[01/287]܀ကောသလမင်းနှင့်စပ်၍ သိဘွယ်ရာများ
ကောသလသံယုတ္တ၊ သဂါထာ-သံ-ပါ-၆၈၊ သဂါထာ-သံ-ဋ္ဌ-၁၁၉။ ။ ၎င်းမင်းက ဘုရားရှင်ကို ဘုရားရှင်ဟုတ်မဟုတ် စစ်တမ်း၊ သဂါထာ-သံ-ဋ္ဌ-၁၂၁။ ဘုရားရှင်ထံ ပဌမအကြိမ်လာစဉ်က ရှိမခိုးသေး၊ ဒုတိယအကြိမ် ပုရိသသုတ် အမေးလာမှ ရှိခိုးကြောင်း၊ သဂါထာ-သံ-ပါ-၇၀၊ သဂါထာ-သံ-ဋ္ဌ-၁၂၆။ ။ အကျိုး ၁၀-ပါးကိုမြင်၍ ဘုရားရှင်ခြေတော်ကို ပါးစပ်ဖြင့် စုပ်သည်အထိ ရိုသေလှပုံ၊ လာဘ်စားမှုအပြစ်ကြောင့်မင်းအဖြစ်မှ လျောကျ၍ ကိုးကွယ်ရာမဲ့ သေရပုံ၊ ပဏ်-၂-ပါ-၃၂၀၊ ၃၂၂၊ ပဏ်-၂-ဋ္ဌ-၂၄၀၊ ၂၄၂၊ ဓမ္မစေတိယသုတ်။ ။ ဒုတိယကောသလသုတ်၊ အံ-၁၀-ပါ-၃၀၈၊ အံ-၁၀-ဋ္ဌ-၃၀၅။ ။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၂၅။ ။ ဇာတက-စ-အုပ်-၁၅၄။ ။ အသဒိသ အလှူတော်ကြီးကို ပေးလှူပုံ၊ ဒီဃ-၂-ဋ္ဌ-၂၄၇။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၁၉။ ။ တိတ္ထိတိုထံမှ လာဘ်တသိန်းစား၍ ဇေတဝန်ကျောင်းတော်အနီး တိတ္ထိတို့ကို ကျောင်းဆောက်ရန် ခွင့်ပြုခဲ့ဘူးသေးပုံ၊ နောက်အမိန့်ကို ပြန်လည်ရုပ်သိမ်း၍၎င်းတို့၏ သစ်များဖြင့် ဘုရားရှင်အတွက် ကျောင်းဆောက် လှူသေးပုံ၊ သဟဿ ဘိက္ခုနီသံဃသုတ်၊ မဟာ-သံ-ပါ-၃၁၄၊ မဟာ-သံ-ဋ္ဌ-၃၁၃။ ။ ဘရုဇာတက-ပါ-ပ-အုပ်-၅၇၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၅၅။ ။ ဒီဃ-၂-ဋ္ဌ-၁။ ။ ပသေနဒီကောသလပုဒ် ဝိဂ္ဂဟ၊ ဥဒါန-ဋ္ဌ-၉၂၊ ဥဒါန-ပါ-၈၈။ ။ ကောသလ မင်းကြီးနောက်ပိုးခဏ်း၊ ပေတ-ဋ္ဌ-၂၆၂။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၈၂။ ။ ယညသုတ်၊ သဂါထာ-သံ-ပါ-၇၅၊ သဂါထာ-သံ-ဋ္ဌ-၁၃၀။ ။ အစားအသောက်ကြီး၍ လျှော့စားသောက်ရန် ဟောသော ပသေနဒီကောသလဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၇၁၊ ၃၁၅။ သဂါထာ-သံ-ပါ-၈၂၊ သဂါထာ-သံ-ဋ္ဌ-၁၄၀၊ ဒေါဏပါကသုတ်၊ ၎င်းစားသောခွက် ပမာဏ၊ သဂါထာ-သံ-ဋ္ဌ-၁၅၈။ ။ ဘုရားရှင် ရှေ့မှာပင် တိတ္ထိတို့ကို အရိုအသေပေးရာ ထိုသို့ ပေးရခြင်း အကြောင်းကို ဖြေရှင်းလျှောက်ထားပုံ၊ သဂါထာ-သံ-ပါ-၇၇၊ သဂါထာ-သံ-ဋ္ဌ-၁၃၆၊ သတ္တဇဋိလသုတ်။ ။ စစ်ရှုံးခဏ်း၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၆၈၊ ရန်အောင် ရန်ပွား၊ ရှုံးဒုက္ခများ၊ ငြိမ်းမှချမ်းသာ ဟူသော ဂါထာ။ ။ ကောသလမင်းကြီးက မလ္လိကာ မိဖုရားကြီးကို ဘယ်သူကို အချစ်ဆုံးလဲဟု မေးသော ပိယတရသုတ်၊ ဥဒါန-ပါ-၁၃၃၊ ဥဒါန-ဋ္ဌ-၂၄၈။ ။ ကောသလမင်း အိပ်မက် ၁၆-ချက်၊ မဟာသုပိနဇာတက-ပါ-ပ-အုပ်-၁၈၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၅၃။ ܀ပိဋကတ်လမ်းညွှန်[01/287]܀ကောသလဝိဟာရိထေရဂါထာ
ထေရ-ပါ-၂၃၃၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၆၈။ ܀ပိဋကတ်လမ်းညွှန်[01/322]܀ကောသလသုတ္တ
အံ-၅-ပါ-၅၀၊ အံ-၅-ဋ္ဌ-၂၅၊ မဖြစ်အောင် တောင့်တ၍ မရနိုင်သော အရာ ၅-မျိုး၊ (ဇရာ, ဗျာဓိ, မရဏ, ခယဓမ္မ နဿနဓမ္မ။) ܀ပိဋကတ်လမ်းညွှန်[01/314]܀ကောသလသုတ္တ
အံ-၁၀-ပါ-၃၀၃၊ အံ-၁၀-ဋ္ဌ-၃၀၄၊ သုတဝါပုဂ္ဂိုလ်နှင့် အရိယာသာဝကတို့မှာ လူ, နတ်, ဗြဟ္မာ, ဈာန်, ပဋိပဒါ, သညာတို့၌ ငြီးငွေ့ စက်ဆုပ်ကြပုံ ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/314]܀ကောသလမင်း သန်းခေါင်ယံ၌ ကြားသော အသံ ၈ မျိုး
၁။ နန်းတော်အနီး ဥယျာဉ်၌ ဗျိုင်းအော်သံ၊၂။ ဆင်တင်းကုပ်၏ တုရိုဏ်းတိုင်၌ နေသော ကျီးမြည်သံ၊
၃။ မင်း၏အိမ်တော် အထွတ်၌ နေသော သစ်သားပိုးငယ်၏ မြည်သံ၊
၄။ မင်း၏ အိမ်တော်၌ မွေးထားသော ဥဩငှက်၏ မြည်သံ၊
၅။ မင်း၏ အိမ်တော်၌ မွေးထားသော သမင်၏ အော်မြည်သံ၊
၆။ မင်း၏ အိမ်တော်၌ မွေးထားသော မျောက်၏ အော်မြည်သံ၊
၇။ မင်း၏ အိမ်တော်၌ မွေးထားသော ကိန္နရာ၏ အော်မြည်သံ၊
၈။ မင်း၏ နန်းတော်အထက် ကောင်းကင်ခရီးဖြင့် ဥယျာဉ်သို့ ကြွသွားသော ပစ္စေကဗုဒ္ဓါ၏ ဥဒါန်းကျူးရင့်သံ။ (ဇာ၊ဋ္ဌ၊၃၊၄၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောသလမင်း၏ အိပ်မက် တစ်ဆယ့်ခြောက်ချက်တို့၏ ဝိပါကအကျိုး ၁၆ မျိုး
၁။ မည်းနက်သော အဆင်းရှိကုန်သော နွားလားဥသဘလေးစီးတို့သည် အရပ်လေးမျက်နှာတို့မှ မင်းရင်ပြင်သို့ လာကြ၍ စစ်ထိုးအံ့သော အခြင်းအရာကို ပြ၍ ကြုံးဝါး၍ စစ်မထိုးဘဲ ဖဲသွားကြကုန်၏ ဟူသော ပထမအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းတို့, လူတို့၏ အခါကာလ၌ အရပ် လေးမျက်နှာတို့မှ မိုးတိမ်တို့သည် တက်လာ၍ မိုးခြိမ်းသံပေး၍ မိုးမရွာဘဲ ပျက်ပြယ်ကုန် လတ္တံ့ဟူသော အကျိုးဖြစ်အံ့၊၂။ မြေကြီးမှ ပေါက်ထွက်၍ တစ်ထွာမျှ, တစ်တောင်မျှ မမြင့်သေးဘဲ ပွင့်ကြ, သီးကြကုန်သော သစ်ပင်ငယ်တို့ကို မြင်မက်သော ဒုတိယအိပ်မက်သည် အသက်တိုတောင်းသော လူတို့၏ အခါကာလ၌ အပျိုအရွယ် မရောက်ကုန်သေးဘဲ အမျိုးသမီး ငယ်တို့သည် ဥတုပန်းပွင့်၍ ကိုယ်ဝန်ဆောင်ကြကာ သားသမီးများ တိုးပွားကြကုန်အံ့ ဟူသော အကျိုးဖြစ်အံ့၊
၃။ ထိုနေ့၌ မွေးဖွားလာကုန်သော နွားမငယ်တို့၏ နို့ကို သောက်စို့ကြကုန်သော နွားမကြီးတို့ကို မြင်မက်သော တတိယအိပ်မက်သည် သက်ကြီးသူတို့အား ရိုသေလေးစားမှု ကင်းမဲ့သော လူတို့၏ကာလ၌ သက်ကြီးရွယ်အို မိခင်ဖခင်တို့သည် သားသမီးတို့၏ထံမှ အသနားခံ၍ တောင်းရမ်းကာ ငြိုငြင်စွာ အသက်မွေးရကုန်အံ့ ဟူသော အကျိုး ဖြစ်အံ့၊
၄။ ဝန်ကို ဆောင်နိုင်သော နွားကြီးများရှိလျက် နွားငယ်များတို့ကို လှည်း, ထမ်းပိုး၌ ကယှဉ်၍ ဝန်ကို ဆောင်စေခြင်းတို့ကို မြင်မက်သော စတုတ္ထအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းဆိုး မင်းညစ်တို့၏ ကာလ၌ တရားစီရင်မှုရေးရာ၌ ကျွမ်းကျင်ကုန်သော အမတ်ကြီးတို့ကို ဖယ်ရှား၍ တရားစီရင်မှုရေးရာ၌ မကျွမ်းကျင်ကုန်သော လူရွယ်တို့အား တရားစီရင်မှုတို့ကို ပြုလုပ်စေကုန်အံ့ ဟူသော အကျိုးဖြစ်အံ့၊
၅။ မျက်နှာနှစ်ဖက်, ပါးစပ်နှစ်ပေါက် ပါရှိသော မြင်းကို မြင်မက်သော ပဉ္စမအိပ်မက်သည် တရားမစောင့်ကြကုန်သော မင်းတို့၏အခါကာလ၌ တရားကင်းမဲ့သော လျှပ်ပေါ်လော်လည်ကြသော လူတို့အား တရားစီရင်မှု ရေးရာ၌ ရာထူး ပေးကာ ခန့်ထားကြကုန်အံ့၊ ထိုတရားသူကြီးတို့သည် တရားခံ, တရားလို ဖြစ်ကြကုန်သော နှစ်ဖက်ကုန်သော လူတို့ထံမှ တံစိုးလက်ဆောင်ကို ယူကုန်အံ့ဟူသော အကျိုးဖြစ်အံ့၊
၆။ တစ်သိန်းတန်ရွှေခွက်၌ မြေခွေးအို တစ်ကောင်အား ကျင်ငယ်စွန့်စေသော လူအပေါင်းကို မြင်မက်သော ခြောက်ခုမြောက်အိပ်မက်သည် တရားကင်းမဲ့ကုန်သော မင်းတို့၏ အခါကာလ၌ ဇာတိဂုဏ်နှင့် ပြည့်စုံကုန်သော အမျိုးကောင်းသားတို့အား ရာထူးဌာနန္တရ မပေးကြဘဲ အမျိုးဇာတ် ယုတ်နိမ့်ကုန်သူတို့အား ရာထူးပေးကြကုန်အံ့၊ အမျိုးဇာတ်မြင့်မြတ်ကုန်သော သူတို့သည် အမျိုးဇာတ်ယုတ်နိမ့်ကုန်သူတို့အား ခစားကြရကုန်သည်ဖြစ်၍ မိမိတို့၏ အမျိုးကောင်း သမီးပျိုတို့ကို ယုတ်နိမ့်သူတို့အား ပေးဆက်ကြကုန်အံ့ဟူသော အကျိုး ဖြစ်အံ့၊
၇။ ယောကျ်ားတစ်ယောက်သည် ကြိုးကို ရစ်၍ ခြေရင်း၌ ချထား၏၊ ထိုယောကျ်ား ထိုင်သော ခုံအောက်၌ ဝပ်နေသော ဆာလောင်နေသော မြေခွေးမသည် ထိုယောကျ်ား မသိဘဲ ထိုကြိုးကို ခဲစားနေခြင်းကို မြင်မက်သော ခုနစ်ခုမြောက်အိပ်မက်သည် ကာလရွေ့လျား ရှည်ကြာသော နောင်အခါကာလ၌ လျှပ်ပေါ်လော်လည်၍ အကျင့်ပျက်ကုန်သော မိန်းမ တို့သည် မိမိလင်သား ပင်ပန်းစွာ ရှာဖွေစုဆောင်းထားသော ဥစ္စာတို့ကို ယူ၍ လင်ငယ်နှင့် ပျော်ပါးသောက်စားကုန်အံ့ဟူသော အကျိုးဖြစ်အံ့၊
၈။ မင်း၏ အိမ်တံခါးအနီး၌ အချည်းအနှီး ကုန်သော အိုးတို့ဖြင့် ခြံရံ၍ ထားအပ်သော ရေပြည့်အိုးတစ်လုံးကို မြင်မက်၏၊ လူတန်းစား လေးမျိုးတို့သည် အရပ်လေးမျက်နှာတို့မှ အိုးတို့ဖြင့် ရေကို ယူဆောင်၍ ပြည့်သော အိုးကိုသာလျှင် ရေဖြည့်ကုန်၏၊ ပြည့်သော ပြည့်သော ရေသည် လျှံတက်၍ ဖိတ်ကျ၏၊ လူတို့သည် ထိုရေပြည့် အိုး၌သာလျှင် အဖန်ဖန်အထပ်အထပ် လောင်းထည့် ကြကုန်သည်ကို မြင်မက်သော ရှစ်ခုမြောက်အိပ်မက်သည် နောက်နောင်အခါကာလ၌ ဆင်းရဲ မွဲတေသော မင်းသည် မင်းပြုလိမ့်မည်၊ လူတို့သည် မင်းအတွက် အလုပ်လုပ်ရသဖြင့် မိမိတို့အိမ်၌ စားစရာမရှိ ဖြစ်ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့၊
၉။ ကြာငါးမျိုးတို့ဖြင့် ဖုံးလွှမ်းသော နက်သော ရေကန်အလယ်၌ ရေနောက်၍ ကမ်းစပ်အနား၌ ရေသည် ကြည်လင်နေသည်ကို မြင်မက်သော ကိုးခုမြောက်အိပ်မက်သည် နောက်နောင်အခါကာလ၌ မင်းတို့သည် တရားမစောင့်ကြ၊ ရွာ နိဂုံး မြို့တို့၌ နေကုန်သော လူတို့သည် အခွန်အတုတ် နှိပ်စက်သဖြင့် ရွာ နိဂုံး မြို့ကြီးအရပ်ကို စွန့်၍ ရွာစွန်ရွာဖျားအရပ်သို့ ပြောင်းရွှေ့ နေထိုင်ကြကုန်လိမ့်မည်ဟူသော အကျိုး ဖြစ်အံ့၊
၁၀။ ထမင်းအိုး တစ်အိုးထဲ၌ အကျက်မညီဘဲ သုံးမျိုးသုံးစား ကွဲပြားစွာ ကျက်နေသော ထမင်းအိုးကို မြင်မက်သော ဆယ်ခုမြောက် အိပ်မက်သည် နောက်နောင်အခါ ကာလ၌ မင်းတို့သည် တရားမစောင့်ကြကုန်၊ မင်းတို့ တရားမစောင့်ကုန်သော် ပုဏ္ဏားသူကြွယ်စသော လူအများတို့သည်လည်း တရားမစောင့်ကြ၊ ထိုသို့ လူတို့တရားမစောင့်သဖြင့် လေတို့သည် ပုံမှန်မတိုက်ခတ်၊ လေကြမ်းများ တိုက်ခတ်သဖြင့် နတ်ဗိမာန်တို့သည် တုန်လှုပ်ကြကုန်၏၊ နတ်တို့သည် စိတ်ဆိုး၍ မိုးကို ကောင်းစွာ ရွာသွန်းမှု မပြုကြ၊ ကွက်ကျားမိုးရွာသဖြင့် စပါးကောင်းသောအရပ်၌ အလွန် ကောင်း၍, စပါးပျက်သော အရပ်၌ အလွန်ပျက်ခြင်း ဖြစ်ကြကုန်လိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၁။ အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနှစ်ကို ရက်တက်ပုပ် ရေဖြင့် ရောင်းနေသည်ကို မြင်မက်သော တစ်ဆယ့်တစ်ခုမြောက်အိပ်မက်သည် နောက်နောင်အခါ ကာလ၌ သာသနာတော် ဆုတ်ယုတ်လတ်သော် ပစ္စည်းဥစ္စာ၌ လျှပ်ပေါ်လော်လည်ကုန်သော အရှက်မရှိကုန်သော ရဟန်းတို့သည် များပြားကုန်လိမ့်မည်၊ ပစ္စည်းဥစ္စာကြောင့် တရားဟော, တရားပြကြကုန်လိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၂။ ရေ၌ နစ်မြုပ်ကုန်သော အချည်းနှီး ကုန်သော ဗူးတောင်းတို့ကို မြင်မက်သော တစ်ဆယ့်နှစ်ခုမြောက် အိပ်မက်သည် တရား မစောင့်ကုန်သော မင်းတို့၏အခါကာလ၌ အမျိုးဇာတ်နှင့် ပြည့်စုံကုန်သော သူတို့အား အခြံအရံ စည်းစိမ်မပေးဘဲ အမျိုးယုတ်ကုန်သော သူတို့အားသာလျှင် စည်းစိမ်အခြံအရံကို ပေးကုန် လိမ့်မည်၊ အမျိုးယုတ်သူတို့က အစိုးရသဖြင့် အမျိုးယုတ်သူတို့၏ စကားသည် အတည်ဖြစ် ကုန်လိမ့်မည်၊ ရဟန်းတို့၌ သီလမရှိကုန်သော ရဟန်းယုတ်တို့၏ စကားသည်သာလျှင် သံဃာ့အမှုကိစ္စတို့၌ အတည်ဖြစ်ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့၊
၁၃။ တန်ဆောင်း ပြာသာဒ်ခန့် အတိုင်းအရှည်ရှိသော တစ်ခဲနက်သော ကျောက်ဖျာကြီးသည် ရေ၌ ပေါလော ပေါ်နေသည်ကို မြင်မက်သော တစ်ဆယ့်သုံးခုမြောက်အိပ်မက်သည် နောက်နောင်သော အခါကာလ၌ တရားမစောင့်ကုန်သော မင်းတို့သည် သူယုတ်တို့အား ချီးမြှောက်ထောက်ပံ့မှု ပြု၍ လူယုတ်တို့သည် ချမ်းသာကာ အစိုးရလာသဖြင့် လူကောင်းလူမှန်တို့၏ ပြောစကားသည် အရာမဝင် ဖြစ်လာလိမ့်မည်၊ ရဟန်းတို့၌လည်း ရဟန်းကောင်းတို့၏ ပြောစကားသည် ရဟန်း တို့၏ အလယ်၌ အရာမဝင် ဖြစ်လာလိမ့်မည် ဟူသော အကျိုးဖြစ်အံ့၊
၁၄။ သစ်မည်စည်ပွင့် ပမာဏ ရှိကုန်သော ဖားမငယ်တို့သည် မြွေဟောက်ကြီးတို့ကို လျင်စွာလိုက်၍ ကိုက်စား နေသည်တို့ကို မြင်မက်သော တစ်ဆယ့်လေးခုမြောက်အိပ်မက်သည် လောကသည် ဆုတ်ယုတ် လတ်သော် လူတို့သည် ကိလေသာ ပြင်းထန်လာကုန်၍ ကိလေသာ၏ အလိုသို့ လိုက်ကာ ယောကျ်ားကြီးတို့သည် ငယ်ရွယ်သော မိန်းမတို့ကို ယူ၍ မိန်းမတို့၏ အလိုသို့ လိုက်ကြ ရကုန်လိမ့်မည်၊ ၎င်းတို့၏ ငယ်ရွယ်သော မိန်းမတို့သည် ထိုယောကျ်ားတို့၏ ပစ္စည်းဥစ္စာ တို့ကို အကုန်သိမ်းပိုက်ယူ၍ မောင်ပိုင်စီးကြလိမ့်မည်ဟူသော အကျိုးဖြစ်ပေါ်အံ့၊
၁၅။ ရွာ၌ ကျက်စားသော ကျီးကန်းကို ရွှေဟင်္သာငှက်တို့က ခြံရံနေသည်တို့ကို မြင်မက်သော တစ်ဆယ့် ငါးခုမြောက်အိပ်မက်သည် စွမ်းအားနည်းပါးသော မင်းတို့၏ လက်ထက်အခါ၌ မင်းတို့သည် စစ်တိုက်ခြင်း၌ မစွမ်းနိုင်သဖြင့် မိမိနှင့်ဇာတ်တူ အမျိုးကောင်းသားတို့အား အစိုးရမှုကို မပေးဘဲ မိမိခြေရင်း၌ ခစားအလုပ်လုပ်ကြသော ဆေတ္တာသည်စသော သူတို့အား အစိုးရမှုကို ပေးကုန်အံ့၊ အမျိုးကောင်းသားတို့သည် မင်းအိမ်၌ တည်ရာမရသော် အသက်မွေးမှု ခက်ခဲလာသဖြင့် အစိုးရမှု၌ ကြီးစိုးကြကုန်သော အမျိုးဇာတ်ယုတ်နိမ့်ကြကုန်သော သူတို့ကို လုပ်ကျွေးခစား ကုန်လျက် နေကြရကုန်လိမ့်မည် ဟူသော အကျိုးဖြစ်ပေါ်အံ့၊
၁၆။ ဆိတ်ထီးတို့သည် ကျားသစ် တို့ကို လိုက်၍ ကိုက်စားနေသည်တို့ကို မြင်မက်သော တစ်ဆယ့်ခြောက်ခုမြောက်သော အိပ်မက်သည် တရားမစောင့်သော မင်းတို့၏ အခါကာလ၌ မင်းနှင့် အကျွမ်းဝင်ကုန်သော လူယုတ်တို့သည် အမျိုးဇာတ်မြင့်မြတ်သော လူကောင်းလူမှန်တို့၏ အမျိုးအဆက်အဆက်မှ ပိုင်ဆိုင်လာသော လယ်ယာမြေတို့ကို လုယက်အပိုင်စီးကြကုန် လိမ့်မည်၊ ရဟန်းတို့တွင်လည်း သီလမဲ့ ရဟန်းယုတ်တို့သည် သီလရှိကုန်သော ရဟန်းတို့ကို နှိပ်စက်အနိုင်ကျင့် ကုန်လိမ့်မည်ဟူသော အကျိုးဖြစ်အံ့။ (သာရတ္ထ၊ဋီ၊၂၊၃၀၅-၃၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောသလမင်းကြီး၏ အိပ်မက် ၁၆ ချက်
၁။ မျက်စဉ်းအရောင်ရှိကုန်သော မည်းနက်သော နွားလား ဥသဘ လေးစီးတို့သည် ‘‘ခတ်ကြကုန်အံ့’’ဟု ကြံ၍ အရပ်လေးမျက်နှာတို့မှ မင်းရင်ပြင်သို့ လာ၍ ‘‘နွားလားဥသဘတို့၏ ခတ်ပွဲကို ကြည့်ရှုကုန်အံ့’’ဟု လူအပေါင်းသည် စည်းဝေး လတ်သော် ခတ်ဟန်အခြင်းအရာကို ပြ၍ ကြုံးဝါးကာ မခတ်ကြကုန်ဘဲ ဖဲသွားကုန်သည်ဟု မြင်မက်ခြင်း၊၂။ ငယ်သော သစ်ပင်, ချုံပင်တို့သည် မြေမှ ပေါက်ထွက်၍ တစ်ထွာမျှ, တစ်တောင်မျှလည်း မမြင့်သေးဘဲ ပွင့်ကုန်၏, သီးကုန်၏ဟု မြင်မက်ခြင်း၊
၃။ နွားမကြီး တို့သည် ထိုနေ့၌ ဖွားကုန်သော နွားငယ်တို့၏ နို့ကိုစို့ကြကုန်၏ဟု မြင်မက်ခြင်း၊
၄။ ဝန်ကို ဆောင်နိုင်ကုန်သော အလျားအနံအလုံးအရပ်နှင့် ပြည့်စုံကုန်သော နွားကြီးတို့ကို ထမ်းပိုး အဆက်ဆက်ဖြင့် မကမယှဉ်ဘဲ ငယ်ရွယ်ကုန်သော နွားငယ်တို့ကို လှည်းဦး၌ ယှဉ်ကကုန်သည် တို့ကို မြင်မက်ခြင်း၊
၅။ မျက်နှာနှစ်ခု, ပါးစပ်နှစ်ပေါက် ပါရှိသော မြင်းတစ်ကောင်ကို မြင်မက်ခြင်း၊
၆။ လူအပေါင်းသည် တစ်သိန်းတန်ရွှေခွက်ကို သုတ်သင်၍ ‘‘ဤရွှေခွက်၌ ကျင်ငယ်ကို စွန့်လော့’’ဟု ဆို၍ မြေခွေးအိုအား ကမ်းပေးခြင်းကို မြင်မက်ခြင်း၊
၇။ ယောကျ်ား တစ်ယောက်သည် ကြိုးကို လုံးကျစ်၍ ခြေရင်း၌ ထား၏၊ ထိုယောကျ်ားထိုင်နေသော ထိုင်ခုံ အောက်၌ အိပ်စက်နေသော ဆာလောင်နေသော မြေခွေးမတစ်ကောင်သည် ထိုကြိုးကို ကိုက်စားနေသည်ကို မြင်မက်ခြင်း၊
၈။ မင်း၏ တံခါးအနီး၌ များစွာကုန်သော ရေမရှိသော အိုးတို့ဖြင့် ဝန်းရံ၍ ထားအပ်သော ရေပြည့်အိုးကြီး တစ်လုံးကို မြင်မက်ခြင်း၊
၉။ အဆင်း ငါးမျိုးရှိသော ပဒုမာကြာတို့ဖြင့် ဖုံးလွှမ်းထားသော နက်ရှိုင်းသော ခပ်သိမ်းသော အရပ်မှ ရေဆိပ်ရှိသော လေးထောင့်ရေကန် တစ်ကန်ကို မြင်မက်ခြင်း၊
၁၀။ တစ်လုံးတည်းသော ထမင်းအိုးဖြင့် ချက်သော ထမင်း၏ ဘေးတစ်ဖက်၌ အလွန်ပျော့, ဘေးတစ်ဖက်၌ မာ၍ ဘေးတစ်ဖက်၌ ကောင်းစွာ ကျက်သည်ကို မြင်မက်ခြင်း၊
၁၁။ အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနှစ်ကို ရက်တက်ရည်ပုပ်နှင့် ရောင်းနေသည်ကို မြင်မက်ခြင်း၊
၁၂။ ရေ၌ နစ်မြုပ် ကုန်သော အချည်နှီးအနှစ်မဲ့ ဗူးတောင်းတို့ကို မြင်မက်ခြင်း၊
၁၃။ အလွန်ကြီးမားသော ကျောင်း အထွတ်ခန့် အရွယ်ပမာဏရှိသော တစ်ခဲနက်ထူသော ကျောင်းသည် လှေကဲ့သို့ ရေ၌ ပေါလော ပေါ်နေသည်ကို မြင်မက်ခြင်း၊
၁၄။ သေးငယ်သော သစ်မည်စည်ပွင့် ပမာဏ ရှိကုန်သော ဖား တို့သည် အလွန်ကြီးမားကုန်သော မြွေဟောက်တို့ကို လျင်စွာ လိုက်၍ ကြာရိုးတို့ကို ကိုက်ဖြတ် သကဲ့သို့ ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ အသားကို စား၍ မျိုနေသည်တို့ကို မြင်မက်ခြင်း၊
၁၅။ သူယုတ်အကျင့်တရား ဆယ်ပါးတို့နှင့် ပြည့်စုံသော ရွာ၌ ကျက်စားသော ကျီးကို ရွှေဟင်္သာမင်းတို့က ခြံရံနေသည်တို့ကို မြင်မက်ခြင်း၊
၁၆။ သိုးတို့သည် ကျားသစ်တို့ကို လိုက်၍ ကြုတ်ကြုတ်မြည်ကာ ကိုက်စားနေသည်တို့ကိုလည်းကောင်း သစ်ကျုတ်တို့သည် သိုးတို့ကို အဝေးမှပင် မြင်၍ ကြောက်လန့်ကုန်သော် ပြေး၍ ချုံပုတ်, တောဂနိုင် စသော အရပ်တို့သို့ ဝင်၍ ပုန်းအောင်းနေသည်တို့ကို လည်းကောင်း မြင်မက်ခြင်း။ (ဇာတက၊၁၊၁၈။) (ဇာ၊ဋ္ဌ၊၁၊၃၅၅။)(သာရတ္ထ၊ဋီ၊၂၊၃၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
ကောသလမင်းအိပ်မက်ထဲ၌ ကြားရသော အသံကြီး ၄ မျိုး
၁။ ဒု- ဟူသော အသံ (ဒုဇ္ဇီဝိတမဇီဝိမှာ စသော ဂါထာ၏ အစအက္ခရာ။)၂။ သ- ဟူသော အသံ (သဋ္ဌိဝဿ သဟဿာနိ စသော ဂါထာ၏ အစအက္ခရာ။)၊
၃။ န- ဟူသော အသံ (နတ္ထိ အန္တော ကုတော အန္တော စသော ဂါထာ၏ အစအက္ခရာ။)၊
၄။ သော- ဟူသော အသံ (သောဟံ နုန ဣတော ဂန႖ာ စသော ဂါထာ၏ အစအက္ခရာ။)။ (သံ၊ဋ္ဌ၊၁၊၁၃၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်