Sunday, February 13, 2022

ကောင်းမှု လမ်းညွှန်

ကောင်းမှု တိုးပွားစေသော စိတ်ဖြစ်ပေါ်ခြင်း ၃ မျိုး

၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့၌ တပ်မက်စိတ် ကင်းသူ ဖြစ်၍ လောဘမရှိသော စိတ်ဖြင့် နေထိုင်ခြင်း၊
၂။ ဒေါသမရှိသူဖြစ်၍ အမျက်ဒေါသ ကင်းသော စိတ်ဖြင့် နေထိုင်ခြင်း၊
၃။ ညှဉ်းဆဲတတ်သူ မဟုတ်မူ၍ ညှဉ်းဆဲလိုစိတ် ကင်းသဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှု တိုးပွားစေသော စိတ်အကျင့် ၂ မျိုး

၁။ သူတစ်ပါး ပစ္စည်းတို့၌ တပ်မက်စိတ် မရှိခြင်း၊
၂။ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံ မရှိခြင်း။ (မ၊၃၊၉၇။) (မ၊မြန်၊၃။၁၀၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှု အဟုန် ၅ မျိုး

၁။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား သင်္ကန်းလှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၂။ အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆွမ်းကို လှူ၍ ထိုရဟန်း သုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၃။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသောရဟန်းအား ကျောင်းကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၄။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ဆေးကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း၊
၅။ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ညောင်စောင်းအင်းပျဉ်ကို လှူ၍ ထိုရဟန်းသုံးဆောင်သော ကောင်းမှုအထု ဖြစ်ခြင်း။ (အံ၊၂၊၄၅။) (အံ၊မြန်၊၂။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုကို ပြုခြင်းငှာ ကောင်းမှုကို ပြီးစေခြင်းငှာ ပုဏ္ဏားတို့ ပညတ်ကုန်သော တရား ၅ မျိုး

၁။ မှန်ကန်သော စကား တည်းဟူသော တရား၊
၂။ အကျင့် တည်းဟူသော တရား၊
၃။ မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော တရား၊
၄။ မန္တန်ကို သင်ခြင်းတည်းဟူသော တရား၊
၅။ အာမိသကို စွန့်ခြင်း တည်းဟူသော တရား။ (မ၊၂၊၄၁၅။) (မ၊မြန်၊၂။၄၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုကုသိုလ် ဖြစ်ကြောင်း တရား ၃ ပါး

၁။ သဒ္ဓါတရား ထင်ရှားရှိသူ ဖြစ်ခြင်း၊
၂။ လှူဖွယ်ဝတ္ထုပစ္စည်း မျက်မှောက်၌ ထင်ရှားရှိနေခြင်း၊
၃။ မြတ်သော အလှူခံပုဂ္ဂိုလ် မျက်မှောက်၌ ထင်ရှားရှိခြင်း။ (အံ၊၁၊၁၄၈။) (အံ၊မြန်၊၁။၁၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော နှုတ်အကျင့် ၄ မျိုး

၁။ မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၆။) (မ၊မြန်၊၃။၁၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော သညာ ၃ မျိုး

၁။ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား ရယူလိုသော အမှတ်သညာ မရှိသူဖြစ်၍ သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရားရယူလိုသော လောဘ ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၂။ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသ မရှိသူဖြစ်၍ သူတစ်ပါးကို ပျက်စီးစေလိုသော အမျက်ဒေါသကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း၊
၃။ သူတစ်ပါးကို ညှဉ်းဆဲလိုသော စိတ်ကင်းသူဖြစ်၍ သူတစ်ပါးကို ညှဉ်းဆဲလိုစိတ် ကင်းသော အမှတ်သညာဖြင့် နေထိုင်ခြင်း။ (မ၊၃၊၉၈။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုတိုးပွားစေသော အယူ ၁၀ မျိုး

၁။ ပေးလှူခြင်း၏ အကျိုး ရှိ၏ဟူသော အယူ၊
၂။ ယဇ်အလှူကြီး၏ အကျိုး ရှိ၏ဟူသော အယူ၊
၃။ ယဇ်အလှူငယ်၏ အကျိုးရှိ၏ဟူသော အယူ၊
၄။ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏ဟူသော အယူ၊
၅။ ဤ ပစ္စုပ္ပန်လောကသည် ရှိ၏ဟူသော အယူ၊
၆။ တမလွန်လောကသည် ရှိ၏ဟူသော အယူ၊
၇။ အမိ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၈။ အဖ၌ အကောင်းအဆိုး ပြုကျိုးသည် ရှိ၏ဟူသော အယူ၊
၉။ စုတေပြီး၍ ပဋိသန္ဓေနေရကုန်သော သတ္တဝါတို့ ရှိ၏ဟူသော အယူ၊
၁၀။ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိစေကုန်သော ကောင်းစွာ သိကုန်သော ကောင်းစွာ ကျင့်ကုန်သော ရဟန်း ပုဏ္ဏားတို့ ရှိကုန်၏ဟူသော အယူ။ (မ၊၃၊၉၉။) (မ၊မြန်၊၃။၁၀၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုပြုလုပ်ခြင်း ၆ မျိုး

၁။ သယံကာရံ- မိမိ၏ သဘောအားဖြင့် ပြုအပ်သော ကောင်းမှု၊
၂။ ပရံကရံ- သူတစ်ပါး ကောင်းမှုပြုနေသည်ကို မြင်၍ အတုလိုက်၍ ပြုအပ်သော ကောင်းမှု၊
၃။ သာဟတ္ထိက- မိမိလက်ဖြင့် ပြုအပ်သော ကောင်းမှု၊
၄။ အာဏတ္တိက- စေခိုင်း၍ ပြုစေ အပ်သော ကောင်းမှု၊
၅။ သမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုးကိုလည်းကောင်း ယုံကြည်၍ ပြုအပ်သော ကောင်းမှု၊
၆။ အသမ္ပဇာနကတ- ကံကိုလည်းကောင်း, ကံ၏ အကျိုး ကိုလည်းကောင်း မသိဘဲ ပြုအပ်သော ကောင်းမှု။ (အဘိ၊ဋ္ဌ၊၁၊၂၀၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုပွားကြောင်း ၅ ပါး

၁။ အိမ်သို့ ချဉ်းကပ်သော သီလရှိသော ရဟန်းကို မြင်၍ စိတ်ကြည် လင်ခြင်း၊
၂။ ခရီးဦးကြိုဆိုခြင်း ရှိခိုးခြင်း နေရာထိုင်ခင်းပေးခြင်း၊
၃။ ဝန်တိုမှု အညစ်အကြေး ကင်းခြင်း၊
၄။ ဝေဖန်လှူဒါန်းခြင်း၊
၅။ ပြဿနာမေးခြင်း တရားနာခြင်း။ (အံ၊၂၊၂၁၃။) (အံ၊မြန်၊၂။၂၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုမဟုတ်သော အလှူ ၅ မျိုး

ကုသိုလ်မဟုတ်သော အလှူ ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ ဝန်တိုမှု မစ္ဆေရ အညစ်အကြေးကင်းသော စိတ်ဖြင့် လွတ်လွတ် စွန့်ကြဲ၍ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်ခြင်း။ (သံ၊၃၊၃၄၂။) (သံ၊၃၊၃၅၀။) (သံ၊မြန်၊၃။၃၄၅။) (သံ၊မြန်၊၃။၃၄၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအစု ကုသိုလ်အယဉ် ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ အဖြစ်အပျက်ကို သိသော ပညာ, ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၄၂။)(သံ၊၃၊၃၅၁။)(သံ၊မြန်၊၃။၃၄၆။)(သံ၊မြန်၊၃။၃၄၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကောင်းမှုအဟုန် ၄ မျိုး

၁။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော သင်္ကန်းအလှူ၊
၂။ အတိုင်းအရှည် မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆွမ်းအလှူ၊
၃။ အတိုင်းအရှည်မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံ စေ၍ နေသော ရဟန်းအား ပေးလှူသော ကျောင်းအလှူ၊
၄။ အတိုင်းအရှည် မရှိသော အရဟတ္တ ဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းအား ပေးလှူသော ဆေးအလှူ၊ (တစ်နည်း)
မြတ်စွာဘုရား၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုမှုနှင့် ပြည့်စုံခြင်း၊
၄။ ကျိုးပေါက်ပြောက်ကျားခြင်း မရှိသော အရိယာတို့ နှစ်သက်မြတ်နိုးအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၃၆၅။) (အံ၊မြန်၊၁။၃၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ် လမ်းညွှန်

ကုသိုလ် မရကြောင်း တရား ၆ ပါး

၁။ ကုသိုလ် အကုသိုလ် ဖြစ်ကြောင်း၌ မကျွမ်းကျင်ခြင်း၊
၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ မကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌လည်း မကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလိုဆန္ဒကို မဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အကြောင်းရင်း ၃ မျိုး

၁။ တပ်ခြင်းလောဘ မရှိခြင်း၊
၂။ အမျက်ဒေါသ မရှိခြင်း၊
၃။ တွေဝေခြင်း မသိခြင်း မောဟ မရှိခြင်း။ (မ၊၁၊၅၈။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (မ၊မြန်၊၁။၆၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အနက် ၃ မျိုး

၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊
၂။ အနဝဇ္ဇအနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်၊
၃။ ကောသလ္လသမ္ဘူတအနက်- သမ္ပယုတ်ပညာကြောင့် ဖြစ်သည်၏ အဖြစ်ဟူသောအနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်၏ အနက်၂ မျိုး

၁။ အာရောဂျအနက်- အနာကင်းသည်၏ အဖြစ်ဟူသော အနက်၊
၂။ အနဝဇ္ဇ အနက်- အပြစ်ကင်းသည်၏ အဖြစ်ဟူသော အနက်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကမ္မပထတရား ၁၀ ပါး

ကုသလကမ္မပထတရား ၁၀ ပါး၊ ထူးသော အဖို့ရှိသော တရား ၁၀ ပါး၊ ဝိသေသဘာဂိယ တရား ၁၀ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကမ္မပထတရားတို့ကို ဆုံးဖြတ်ပုံ ၅ မျိုး

ကုသလကမ္မပထတရား ဆယ်ပါးတို့ကို ဆုံးဖြတ်ပုံ ၅ မျိုးနှင့်တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကိစ္စာဓိကရုဏ်း ၄ ပါး

၁။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော အပလောကန ကံ၊
၂။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ သံဃာက ကုသိုလ်စိတ် ရှိလျက် ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ သံဃာက ကုသိုလ်စိတ်ရှိလျက် ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၄၊၂၁၇။) (ဝိ၊မြန်၊၄။၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ကို စူးစမ်းခြင်း ၃ မျိုး

၁။ ကုသိုလ်ကာယကံကို စူးစမ်းခြင်း၊
၂။ ကုသိုလ်ဝစီကံကို စူးစမ်းခြင်း၊
၃။ ကုသိုလ် မနောကံကို စူးစမ်းခြင်း။ (နေတ္တိ၊ဝိဘာ၊၂၇၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အလိုရမ္မက်ကြီးလျက် ရတတ်သမျှသော ပစ္စည်း လေးပါးတို့၌ မရောင့်ရဲနိုင်ခြင်း၊
၂။ ယုံကြည်မှု သဒ္ဓါမရှိခြင်း၊
၃။ သီလမရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း၊
၆။ ပညာမဲ့ခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဇော ၃ မျိုး

၁။ ဒါနမယကုသိုလ်ဇော- ဒါနပြုရာ၌ ဖြစ်သော ကုသိုလ်ဇော၊
၂။ သီလမယ ကုသိုလ်ဇော- သီလဆောက်တည်ရာ၌ ဖြစ်သော ကုသိုလ်ဇော၊
၃။ ဘာဝနာမယကုသိုလ်ဇော- ဘာဝနာပွား၍ ဖြစ်သော ကုသိုလ်ဇော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြောင်း တရား ၄ ပါး

၁။ ရာဂ (ပြန့်ပြော) အားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၂။ ဒေါသအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟအားကြီးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာနအရာတို့၌ ပညာမျက်စိ မရှိခြင်း။ (အံ၊၁၊၄၆၁။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြောင်း တရား ၄ ပါး

၁။ ရာဂခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၂။ ဒေါသခေါင်းပါး နည်းပါးသည်၏အဖြစ်သို့ ရောက်ခြင်း၊
၃။ မောဟ ခေါင်းပါး နည်းပါးသည်၏ အဖြစ်သို့ ရောက်ခြင်း၊
၄။ နက်နဲသော ဌာနာဌာန အရာတို့၌ ပညာ မျက်စိရှိခြင်း။ (အံ၊၁၊၄၆၂။) (အံ၊မြန်၊၁။၄၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး

၁။ ဉာဏ်အလင်းရောင် များပြားခြင်း၊
၂။ အားထုတ်မှု များပြားခြင်း၊
၃။ နှစ်သက်ဝမ်းမြောက်မှု များပြားခြင်း၊
၄။ ကုသိုလ်တရားတို့၌ မရောင့်ရဲမှု များပြားခြင်း၊
၅။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်း၊
၆။ စွမ်းနိုင်သည်ထက် ပိုမို အားထုတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်တိုးပွားကြောင်း တရား ၆ ပါး

၁။ အလိုရမ္မက် မကြီးမူ၍ ရတတ်သမျှသော ပစ္စည်း လေးပါး တို့၌ ရောင့်ရဲလွယ်ခြင်း၊
၂။ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊
၃။ သီလရှိခြင်း၊
၄။ ထက်သန်သော လုံ့လဝီရိယရှိခြင်း၊
၅။ သတိရှိခြင်း၊
၆။ ပညာရှိခြင်း။ (အံ၊၂၊၃၇၈။) (အံ၊မြန်၊၂။၄၇၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်နှင့် ပြည့်စုံသူ၏ တရား ၄ ပါး

၁။ ကိုယ်ဖြင့် မကောင်းမှုကို မပြုခြင်း၊
၂။ နှုတ်ဖြင့် မကောင်းသော စကားကို မဆိုခြင်း၊
၃။ စိတ်ဖြင့် မကောင်းသော အကြံအစည်ကို မကြံခြင်း၊
၄။ ယုတ်သော အသက်မွေးမှုဖြင့် အသက်မွေးမှု မပြုခြင်း။ (မဟာနိ၊၆၈။) (မဟာနိ၊၂၄၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်မဟုတ်သော အလှူ ၅ မျိုး

၁။ သေအရက် အလှူ၊
၂။ ကချေသဘင် အလှူ၊
၃။ မိန်းမ အလှူ၊
၄။ နွားမအပေါင်းအလယ်၌ နွားလားဥသဘကို လွှတ်သော အလှူ၊
၅။ ပန်းချီဆေးရေးအလှူ။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ရကြောင်း တရား ၆ ပါး

၁။ ကုသိုလ် အကုသိုလ်ဖြစ်ကြောင်း၌ ကျွမ်းကျင်ခြင်း၊
၂။ ကုသိုလ် အကုသိုလ် ကင်းကြောင်း၌ ကျွမ်းကျင်ခြင်း၊
၃။ ဥပါယ်၌ ကျွမ်းကျင်ခြင်း၊
၄။ မရသေးသော ကုသိုလ်တရားတို့ ရရန် အလိုဆန္ဒကို ဖြစ်စေခြင်း၊
၅။ ရပြီးသော ကုသိုလ်တရားတို့ကို စောင့်ရှောက်ခြင်း၊
၆။ အမြဲပြုခြင်းဖြင့် ပြီးစေတတ်ခြင်း။ (အံ၊၂၊၃၇၆။) (အံ၊မြန်၊၂။၄၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဝေဒနာ ၂ မျိုး

၁။ ဒွိဟိတ် ကုသိုလ်ဝေဒနာ၊
၂။ တိဟိတ် ကုသိုလ်ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဟိတ် ၃ ပါး

၁။ အလောဘ ကုသိုလ်ဟိတ်၊
၂။ အဒေါသ ကုသိုလ်ဟိတ်၊
၃။ အမောဟ ကုသိုလ်ဟိတ်။ (အဘိ၊ဓ၊၂၁၄။) (အဘိ၊ဓ၊၂၁၇။) (အဘိ၊ဓ၊၃၃။) (အဘိ၊ဝိ၊၄၁၆။) (အဘိ၊ဓ၊မြန်။၅၂၊ ၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဓ၊မြန်။၅၂၊၃၉၀၊၃၉၆။) (အဘိ၊ဝိ၊မြန်၊၂။၅၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်ဟိတ် ဘုံအထူးအားဖြင့် ၄ ပါး

၁။ ကာမာဝစရကုသိုလ်ဟိတ်၊
၂။ ရူပါဝစရ ကုသိုလ်ဟိတ်၊
၃။ အရူပါဝစရ ကုသိုလ်ဟိတ်၊
၄။ လောကုတ္တရကုသိုလ်ဟိတ် (ဝိပါက်ဟိတ်လည်း ဤနည်းတူ ၄ ပါး) ။ (အဘိ၊ဋ္ဌ၊၃၊၃၅၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အကြံ ၃ မျိုး

ကုသလဝိတက် ၃ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အချုပ် ပုဒ် ၉ ပုဒ်

၁။ သမထ- ကိလေသာတို့ငြိမ်းအေးခြင်း၊
၂။ ဝိပဿနာ- အထူးထူး အပြားပြား ရှုမှတ်ခြင်း၊
၃။ အလောဘ- မလိုချင်ခြင်း၊
၄။ အဒေါသ- မပြစ်မှားခြင်း၊
၅။ အမောဟ- မတွေဝေခြင်း၊
၆။ အနိစ္စသညာ- မမြဲဟုအမှတ်ရှိခြင်း၊
၇။ ဒုက္ခသညာ- ဆင်းရဲဟု အမှတ်ရှိခြင်း၊
၈။ အနတ္တသညာ- အစိုးမရဟုအမှတ်ရှိခြင်း၊
၉။ အသုဘသညာ- မတင့်တယ်ဟု အမှတ်ရှိခြင်း။ (ပေဋကော၊၂၅၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အဟုန် ၄ မျိုး

ကောင်းမှုအဟုန် ၄ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသိုလ်အဟုန် ၅ မျိုး

ကောင်းမှုအဟုန် ၅ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလ လမ်းညွှန်

ကုသလဓာတ် ၃ ပါး

၁။ ကာမမှ လွတ်သော သဘော- နေက္ခမ္မဓာတ်၊
၂။ မေတ္တာနှင့် စပ်သော သဘော- အဗျာပါဒဓာတ်၊
၃။ ကရုဏာနှင့် စပ်သော သဘော- အဝိဟိံသာဓာတ်။ (ဒီ၊၃၊၁၈၁။) (ပဋိသံ၊ဋ္ဌ၊၁၊၆၂။) (ဒီ၊မြန်၊၃။၂၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလပဒ ၉ ပါး

၁။ သမထ- ကိလေသာတို့ကို ငြိမ်းစေခြင်း၊
၂။ ဝိပဿနာ- အထူးထူး အပြားပြား ရှုမှတ်ခြင်း၊
၃။ အလောဘ- မလိုချင်ခြင်း၊
၄။ အဒေါသ- မပြစ်မှားခြင်း၊
၅။ အမောဟ- မတွေဝေခြင်း၊၆။ အသုဘသညာ- မတင့်တယ်ဟု အမှတ်ရှိခြင်း၊
၇။ ဒုက္ခ သညာ- ဆင်းရဲဟု အမှတ်ရှိခြင်း၊၈။ အနိစ္စသညာ- မမြဲဟုအမှတ်ရှိခြင်း၊
၉။ အနတ္တသညာ- အစိုးမရဟု အမှတ် ရှိခြင်း။ (ပေဋကော၊၁၆၉-၁၇၀။) (နေတ္တိ၊ဋ္ဌ၊။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလမူလ ၃ ပါး

၁။ အလောဘ ကုသလမူလ- အလောဘဟူသော ကုသိုလ်မူလ၊
၂။ အဒေါသ ကုသလမူလ- အဒေါသဟူသောကုသိုလ်မူလ၊
၃။ အမောဟ ကုသလမူလ- အမောဟ ဟူသော ကုသိုလ်မူလ။ (ဝိ၊၅၊၂၂၂။) (ဒီ၊၃၊၁၈၀။) (အံ၊၁၊၂၀၃။) (အဘိ၊ဓ၊၂၀၅။) (အဘိ၊ဝိ၊၁၇၈- ၁၇၉-၁၈၀။) (နေတ္တိ၊ဋ္ဌ၊၁၅၈။) (နေတ္တိ၊ဝိဘာ၊၂၇၆။) (ဝိ၊မြန်၊၅။၃၁၀။) (ဒီ၊မြန်၊၃။၂၀၀။) (အံ၊မြန်၊၁။၂၂၂။) (အဘိ၊ဓ၊မြန်။၃၆၇။) (အဘိ၊ဝိ၊မြန်၊၂။၁၁၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလဝိတက် ၃ ပါး

၁။ ကာမမှ လွတ်ရန် ကြံစည်ခြင်း နေက္ခမ္မဝိတက်၊
၂။ မေတ္တာနှင့် စပ်၍ ကြံစည်ခြင်း အဗျာပါဒဝိတက်၊
၃။ ကရုဏာနှင့် စပ်၍ ကြံစည်ခြင်း အဝိဟိံသာဝိတက်။ (ဒီ၊၃၊၁၈၀။) (ခုဒ္ဒက၊၂၅၁။) (နေတ္တိ၊ဝိဘာ၊၂၇၆။) (ဒီ၊မြန်၊၃။၂၀၀။) (ခုဒ္ဒက၊မြန်။၂၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလသင်္ကပ္ပ ၃ ပါး

၁။ ကာမမှ လွတ်ရန် ကြံခြင်း နေက္ခမ္မသင်္ကပ္ပ၊
၂။ မေတ္တာနှင့် စပ်၍ ကြံခြင်း အဗျာပါဒသင်္ကပ္ပ၊
၃။ ကရုဏာနှင့် စပ်၍ ကြံခြင်း အဝိဟိံသာသင်္ကပ္ပ။ (ဒီ၊၃၊၁၈၀။) (ဒီ၊မြန်၊၃။၂၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုသလသညာ ၃ ပါး

၁။ ကာမမှ လွတ်ရန် မှတ်ခြင်း-နေက္ခမ္မသညာ၊
၂။ မေတ္တာနှင့် စပ်၍ မှတ်ခြင်း- အဗျာပါဒသညာ၊
၃။ ကရုဏာနှင့် စပ်၍ မှတ်ခြင်း- အဝိဟိံသာသညာ။ (ဒီ၊၃၊၁၈၁။) (နေတ္တိ၊

ကုန်းတိုက်ခြင်း သရုပ်စုံ

ကုန်းတိုက်ကြောင်း ၂ ပါး

၁။ မိမိအား ချစ်စေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း၊
၂။ သူတစ်ပါး ကွဲပြားစေလိုသောကြောင့် ချောပစ်ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊၅၊၂၁၅။) (မဟာနိ၊၁၇၉။) (မဟာနိ၊၁၉၇၊။) (မဟာနိ၊၂၀၀။) (မဟာနိ၊၃၀၀။) (ဝိ၊မြန်၊၂။၂၄။) (ဝိ၊မြန်၊၅။၃၀၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်း အထမြောက်ကြောင်း အင်္ဂါ ၄ ပါး

၁။ ခွဲအပ်သော သူတစ်ပါးဖြစ်ခြင်း၊
၂။ ‘‘ဤအကြောင်းဖြင့် ဤသူတို့သည် အသီးအသီး ဖြစ်ကုန်လတ္တံ့’’ဟု ကွဲခြင်းကို ရှေးရှုသည် ဖြစ်ခြင်း၊
၃။ မိမိကို ချစ်အပ်, အကျွမ်းဝင်အပ်သည်၏ အဖြစ်ကို အလိုရှိသည် ဖြစ်ခြင်း၊
၄။ ထိုကွဲစေအပ်သော သူတစ်ပါးသည် ထိုပြောဆိုသော အနက်အဓိပ္ပါယ်ကို သိခြင်း။ (အဘိ၊ဋ္ဌ၊၁၊၁၄၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ခြင်းကြောင့် ဖြစ်သော အာသဝ ၃ ပါး

၁။ ကာမာသဝ- ကာမဂုဏ်ငါးပါးတို့၌ ယိုစီးတတ်, ဖြစ်တတ်, ယစ်မူးတတ်သော သဘော၊
၂။ ဒိဋ္ဌာသဝ- အယူမှားမှု ဒိဋ္ဌိဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော၊
၃။ အဝိဇ္ဇာသဝ- သစ္စာလေးပါးကို မသိမှု အဝိဇ္ဇာ ဟူသော ယိုစီးတတ် ယစ်မူးတတ်သော သဘော။ (မ၊ဋ္ဌ၊၃၊၂၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကုန်းတိုက်ပုံ ၁၀ မျိုး

၁။ အမျိုးဇာတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၂။ နာမည်အားဖြင့် ကုန်းတိုက်ခြင်း၊
၃။ အနွယ်အားဖြင့် ကုန်းတိုက်ခြင်း၊
၄။ အလုပ်အကိုင်အားဖြင့် ကုန်းတိုက်ခြင်း၊
၅။ အတတ်ပညာ အားဖြင့် ကုန်းတိုက်ခြင်း၊
၆။ အနာရောဂါအားဖြင့် ကုန်းတိုက်ခြင်း၊
၇။ အသွင်သဏ္ဌာန် အားဖြင့် ကုန်းတိုက်ခြင်း၊
၈။ ကိလေသာအားဖြင့် ကုန်းတိုက်ခြင်း၊
၉။ အာပတ်အားဖြင့် ကုန်းတိုက်ခြင်း၊
၁၀။ ယုတ်ညံ့သော ဆဲရေးကြောင်းစကားဖြင့် ကုန်းတိုက်ခြင်း။ (ဝိ၊၂၊၂၀။) (ဝိ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ် သရုပ်စုံ

ကိုယ်၌ဆောင်ထားထိုက်သော တရား ၁၁ ပါး

အတ္တူပနာယိကတရား ၁၁ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၌တည်သော တရား (၁၀) ပါး

၁။ အအေး၊
၂။ အပူ၊
၃။ ထမင်းဆာခြင်း၊
၄။ ရေငတ်ခြင်း၊
၅။ ကျင်ကြီး၊
၆။ ကျင်ငယ်၊
၇။ ကိုယ်နှုတ်ကို စောင့်စည်းမှု၊
၈။ အသက်မွေးခြင်းကို စောင့်စည်းမှု၊
၉။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေမှု၊
၁၀။ ဘဝကို ပြုပြင်သော ကံ။ (အံ၊၃၊၃၂၅။) (အံ၊မြန်၊၃။၃၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ စင်ကြယ်မှု ၃ မျိုး

၁။ တုတ် ဓား လက်နက်များကို ချထားလျက် သနားညှာတာပြီး သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့မရှိခြင်း၊
၃။ မာတုရက္ခိတ (အမိစောင့်ရှောက်ထားသူ) စသော မိန်းမဆယ်ဦးတို့၌ ကာမဂုဏ်ဖြင့် မှားယွင်းစွာ ကျင့်လေ့မရှိခြင်း။ (အံ၊၃၊၄၇၅။) (အံ၊မြန်၊၃။၄၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏ မစင်ကြယ်မှု ၃ မျိုး

၁။ သနားခြင်းကင်းလျက် သွေးစွန်းလက်ဖြင့် သူ့အသက်ကို သတ်ဖြတ် လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ မာတုရက္ခိတ အမိစောင့်ရှောက်ထားသူ စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။ (အံ၊၃၊၄၇၃။) (အံ၊မြန်၊၃။၄၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်၏(ပြင်ပ) လှူဖွယ်ဝတ္ထု ၁၀ ပါး

၁။ အန္န- စားဖွယ်၊
၂။ ပါန- သောက်ဖွယ်၊
၃။ ဝတ္ထ- အဝတ်၊ ၄၊ ယာန- ယာဉ်၊
၅။ မာလာ- ပန်း၊
၆။ ဂန္ဓ- နံ့သာ၊
၇။ ဝိလေပန- နံ့သာမှုန့်၊
၈။ သေယျာ- အိပ်ရာ၊
၉။ အာဝသထ- နေစရာ၊
၁၀။ ပဒီပေယျ- ဆီမီး။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ခန္ဓာ အပြစ် ၆ မျိုး

၁။ အလွန် အရပ်ရှည်ခြင်း၊
၂။ အလွန် အရပ်ပုခြင်း၊
၃။ အလွန် ပိန်ခြင်း၊
၄။ အလွန် ဝခြင်း၊
၅။ အလွန် အသားမဲခြင်း၊
၆။ အလွန် အသားဖြူခြင်း။ (သံ၊ဋ္ဌ၊၃၊၂၅၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တွင်း၌ ဖြစ်သော အကျိုးမဲ့ကြောင်း တရား ၃ ပါး

၁။ လိုချင်မှု လောဘ၊
၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ။ (သံ၊၁၊၇၀။) (သံ၊၁၊၉၈။) (သံ၊မြန်၊၁။၆၉၊၉၅။) (သံ၊မြန်၊၁။၆၉၊၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်တောင်းသော ပဲခွပ် စသည်ဖြင့် ကျောင်းဆောက်ခြင်းကြောင့် သင့်သော အာပတ် ၃ ပါး

၁။ ဒုက္ကဋ်အာပတ်၊
၂။ ထုလ္လစ္စဉ်းအာပတ်၊
၃။ သံဃာဒိသိသ်အာပတ်။ (ဝိ၊မြန်၊၅။၁၃၁။) (ဝိ၊၅၊၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်တိုင်သတ်ခြင်း၌ ပယောဂ ၂ မျိုး

၁။ ဥဒ္ဒိဿ- ရည်ရွယ်သည့်အတိုင်း ဖြစ်သော ပယောဂ၊
၂။ အနုဒ္ဒိဿ- မရည်ရွယ်ဘဲ ဖြစ်သွားသော ပယောဂ၊ (ဝိ၊ဋ္ဌ၊၂၊၄၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ပိုင်ဥစ္စာမဟုတ်သော ကံ ၁၀ မျိုး

၁။ ကာယဒုစရိုက် ၃ မျိုး၊
၂။ ဝစီဒုစရိုက် ၄ မျိုး၊
၃။ မနော ဒုစရိုက် ၃ မျိုး ပေါင်း ၁၀ မျိုး။ (အဘိ၊ဋ္ဌ၊၂၊၃၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်ဖြင့် ရုန့်ရင်းကြမ်းကြုတ်စွာ မပြုအပ်သည့်ဌာန ၈ မျိုး

ကာယပါဂဗ္ဘိယ မပြုအပ်သည့် ဌာန ၈ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ ပါး

ကာယသမာစာရ ၂ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၂ မျိုး

၁။ စင်ကြယ်သော ကိုယ်အကျင့်၊
၂။ မစင်ကြယ်သော ကိုယ်အကျင့်။ (မ၊ဋ္ဌ၊၂၊၂၁၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု ဆုတ်ယုတ်၍ ကောင်းမှု တိုးပွားသော ကိုယ်အကျင့် ၃ မျိုး)

၁။ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိုယ်အကျင့် ၃ မျိုး (မကောင်းမှု တိုးပွား၍ ကောင်းမှု ဆုတ်ယုတ်သော ကိုယ်အကျင့် ၃ မျိုး)

၁။ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း၊
၂။ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူ လုယက်ခြင်း၊
၃။ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်း။ (မ၊၃၊၉၄။) (မ၊မြန်၊၃။၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ သရုပ်စုံ

ကိလေသဘူမိ ၄ ပါး

၁။ အနုသယဘူမိ- ကိန်းအောင်းသော အခိုက်အတန့်၊
၂။ ပရိယုဋ္ဌာနဘူမိ- ထက်ဝန်းကျင် ထကြွထိုးကျင့်သော အခိုက်အတန့်၊
၃။ သံယောဇနဘူမိ- နှောင်ဖွဲ့ တွယ်တာသော အခိုက်တန့်၊ ဥပါဒါနဘူမိ- ပြင်းစွာစွဲလန်းသော အခိုက်တန့်။ (နေတ္တိ၊ဋ္ဌ၊၁၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသဝဋ် ၃ မျိုး

၁။ မသိခြင်း အဝိဇ္ဇာ၊
၂။ ကပ်ငြိခြင်း တဏှာ၊
၃။ စွဲလမ်းခြင်း ဥပါဒါန်။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသဝတ္ထု ၁၀ မျိုး

၁။ အာဟာရ ၄ မျိုး၊
၂။ ဝိပလ္လာသ ၄ မျိုး၊
၃။ ဥပါဒါန် ၄ မျိုး၊
၄။ ယောဂ ၄ မျိုး၊
၅။ ဂန္ထ ၄ မျိုး၊
၆။ အာသဝ ၄ မျိုး၊
၇။ ဩဃ ၄ မျိုး၊
၈။ သလ္လ ၄ မျိုး၊
၉။ ဝိညာဏဋ္ဌိတိ ၄ မျိုး၊
၁၀။ အဂတိဂမန ၄ မျိုး။ (နေတ္တိ၊ဝိဘာ၊၂၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၁၀ မျိုး

၁။ လောဘ- လိုချင်ခြင်း၊
၂။ ဒေါသ- ပြစ်မှားခြင်း၊
၃။ မောဟ- တွေဝေခြင်း၊
၄။ မာန- မာန်ထောင်ခြင်း၊
၅။ ဒိဋ္ဌိ- အယူမှားခြင်း၊
၆။ ဝိစိကိစ္ဆာ- ယုံမှားတွေးတောခြင်း၊
၇။ ထိန- ထိုင်းမှိုင်းခြင်း၊
၈။ ဥဒ္ဓစ္စ- ပျံ့လွင့်ခြင်း၊
၉။ အဟိရီက- အရှက်မရှိခြင်း၊
၁၀။ အနောတ္တပ္ပ- အကြောက်အလန့်မရှိခြင်း။ (ပဋိသံ၊ဋ္ဌ၊၂၊၃၂။) (အဘိ၊ဓ၊၂၄၃။) (အဘိ၊ဓ၊၂၉၁။) (အဘိ၊ဝိ၊၃၅၄။) (အဘိ၊ဝိ၊၄၀၅။) (အဘိ၊ဝိ၊မြန်၊၂။၅၁၂။) (အဘိ၊ဓ၊မြန်။၄၅၀၊၅၅၉။) (အဘိ၊ဝိ၊မြန်၊၂။၄၃၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၃ မျိုး

၁။ လောဘ၊၂။ ဒေါသ၊၃။မောဟ။ (နေတ္တိ၊ဋ္ဌ၊၂၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာ ၈ မျိုး

၁။ ငြင်းခုံခြင်း (ကလဟ)၊
၂။ ခိုက်ရန်ဖြစ်ခြင်း (ဝိဝါဒ)၊
၃။ ငိုကြွေးခြင်း (ပရိဒေဝ)၊
၄။ စိုးရိမ်ခြင်း (သောက)၊
၅။ ဝန်တိုခြင်း (မစ္ဆရိယ)၊
၆။ မာန်မူခြင်း (မာန)၊
၇။ အလွန် မာန်မူခြင်း (အတိမာန)
၈။ ချောပစ်ကုန်းတိုက်ခြင်း (ပေသုည)။ (မဟာနိ၊၁၉၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာကို ခါထုတ် ဖျက်ဆီးတတ်သော တရား ၅ ပါး

ဓုတဓမ္မ ၅ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာခေါင်းပါးပုံ ၂ မျိုး

၁။ ရံခါရံခါ ဖြစ်ခြင်း၊
၂။ ကိလေသာထကြွမှု ဖြစ်မှု အားနည်းခြင်း။ (မ၊ဋ္ဌ၊၁၊၁၆၇။) (မ၊၁၊၅၀။) (မ၊မြန်၊၁။၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာခေါင်းပါးအောင် ပြုကြောင်းတရား ၄၄ ပါး

စိတ်၏အညစ်အကြေးများကို ခွာခြစ်ကြောင်း တရား ၄၄ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာငြိမ်းခြင်းဆိုင်ရာ ပုဂ္ဂိုလ် ၄ ယောက်

၁။ မျက်မှောက်ဘဝ၌ပင် အားထုတ်ပြီး ကိလေသာ တို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးနောက်၌ အားထုတ်ပြီး ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၃။ မျက်မှောက်ဘဝ၌ပင် အားမထုတ်ဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်၊
၄။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးနောက်၌ အားမထုတ်ဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၇၃။) (အံ၊မြန်၊၁။၄၈၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာတို့၏ အကြောင်း ၁၀ ပါး

ကိလေသဝတ္ထု ၁၀ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာတို့ကို ဖောက်ခွဲကြောင်း တရား ၆ ပါး

၁။ ကာမတို့ကိုလည်းကောင်း ကာမတို့၏ ဖြစ်ကြောင်း ကာမတို့၏ ထူးသောအဖြစ် ကာမတို့၏အကျိုး ကာမတို့၏ ချုပ်ငြိမ်းမှု, ကာမ တို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း၊
၂။ ဝေဒနာတို့ကို လည်းကောင်း, ဝေဒနာတို့၏ဖြစ်ကြောင်း, ဝေဒနာတို့၏ ထူးသောအဖြစ်, ဝေဒနာတို့၏ အကျိုး, ဝေဒနာတို့၏ချုပ်ငြိမ်းမှု ဝေဒနာတို့၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း သိခြင်း၊
၃။ သညာတို့ကိုလည်းကောင်း သညာတို့၏ဖြစ်ကြောင်း, သညာတို့၏ ထူးသော အဖြစ်, သညာတို့၏ အကျိုး, သညာတို့၏ ချုပ်ငြိမ်းမှု, သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း၊
၄။ အာသဝေါတရားတို့ကိုလည်းကောင်း, အာသဝတရား တို့၏ ဖြစ်ကြောင်း, အာသဝတရားတို့၏ ထူးသောအဖြစ် အာသဝတရားတို့၏ အကျိုး, အာသဝ တရားတို့၏ ချုပ်ငြိမ်းမှု အာသဝတရားတို့၏ ချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်ကို လည်းကောင်း သိခြင်း၊
၅။ ကံကိုလည်းကောင်း, ကံတို့၏ဖြစ်ကြောင်း, ကံတို့၏ ထူးသော အဖြစ်၊ ကံတို့၏အကျိုး, ကံတို့၏ ချုပ်ငြိမ်းမှု, ကံတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို လည်းကောင်း သိခြင်း၊
၆။ ဒုက္ခကိုလည်းကောင်း, ဒုက္ခတို့၏ ဖြစ်ကြောင်း, ဒုက္ခတို့၏ ထူးသောအဖြစ်, ဒုက္ခတို့၏အကျိုး, ဒုက္ခတို့၏ ချုပ်ငြိမ်းမှု, ဒုက္ခတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိခြင်း။ (အံ၊၂၊၃၅၈။) (အံ၊မြန်၊၂။၄၅၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာနည်းပါးပုံ ၂ မျိုး

၁။ ရံဖန်ရံခါ ဖြစ်ခြင်း၊
၂။ ထကြွခြင်း၏ နုံ့ခြင်း။ (အဘိ၊ဋ္ဌ၊၁၊၂၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာပယ်ခြင်း ၂ မျိုး

၁။ ကိလေသာအစဉ်အားဖြင့် ပယ်ခြင်း၊
၂။ မဂ်တို့၏ အစဉ်အားဖြင့် ပယ်ခြင်း။ (မ၊ဋ္ဌ၊၁၊၁၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး

၁။ မြတ်စွာဘုရားသည်လည်းကောင်း သီတင်းသုံးဖော် တို့သည်လည်းကောင်း ရဟန်းအား တရားဟော၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှု ပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ အရဟတ္တဖိုလ်သမာဓိဖြင့် စိတ်တည်ကြည်၏၊
၂။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးကို ဟော၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည် ကြည်၏၊
၃။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုတရား၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏၊
၄။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူ၍ နှလုံးသွင်း၏၊
၅။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူနှလုံးသွင်း ခြင်းကြောင့် တရားတော်၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်ရ၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏။ (ဒီ၊၃၊၂၀၀-၂၀၁။) (ဒီ၊၃၊၂၃၄။) (အံ၊၂၊၁၇။) (ဒီ၊မြန်၊၃။၂၂၃-၂၂၄။) (ဒီ၊မြန်၊၃။၂၅၇။) (အံ၊မြန်၊၂။၂၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ မိမိ၏ အကျိုးစီးပွားအတွက် သူတစ်ပါးတို့ ဟောကြားအပ်သော တရားကို နာယူခြင်း၊
၂။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် မိမိ ကြားနာအပ်ပြီးသော တရားကို ဟောကြားခြင်း၊
၃။ ကြားနာသင်ယူပြီးသော တရားကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊
၄။ ကြားနာသင်ယူပြီးသော တရားကို အဖန်တလဲလဲ စိတ်ဖြင့် ကြံစည်ခြင်း၊
၅။ ကသိုဏ်းဆယ်ပါး အသုဘဆယ်ပါး စသည်တို့၌ မိမိနှင့်သင့်လျော်သော ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းခြင်း။ (ပဋိသံ၊ဋ္ဌ၊၁၊၆၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာမှ လွတ်သော ဓာတ် ၆ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၆ ပါး၊ ဒုပ္ပဋိဝိဇ္ဈ တရား ၆ ပါးတို့နှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကိလေသာအားဖြင့် ရောယှက်မှု ၅ မျိုး

၁။ ဒဿနသံသဂ္ဂ= ဝိသဘာဂအာရုံကို မြင်ရ ခြင်းကြောင့်ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၂။ သဝနသံသဂ္ဂ= ဝိသဘာဂ အသံကို ကြားရခြင်းကြောင့် ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၃။ သမုလ္လပနသံသဂ္ဂ= မိန်းမနှင့် စကားပြောဆိုရယ်မောခြင်းကြောင့် ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊
၄။ သမ္ဘောဂသံသဂ္ဂ= မိန်းမပေးသော ပစ္စည်းကို သုံးဆောင်ခြင်းကြောင့်ဖြစ်သော ကိလေသာ အားဖြင့် ရောယှက်မှု၊
၅။ ကာယသံသဂ္ဂ= မိန်းမလက်ကိုကိုင်ခြင်းစသော ကိုယ်လက်နှီးနှော မှုကြောင့်ဖြစ်သော ကိလေသာအားဖြင့် ရောယှက်မှု၊ [သံဋ္ဌ-၌ သမ္ဘောဂသံသဂ္ဂကို ပရိဘောဂ သံသဂ္ဂဟု သုံးထားသည်။] (သံ၊ဋ္ဌ၊၁၊၁၁၃။)(မ၊ဋ္ဌ၊၂၊၅၀။)(ဥဒါန၊ဋ္ဌ၊၂၁၀။)(သုတ္တနိ၊ဋ္ဌ၊၁၊၆၂။)(အပ၊ဋ္ဌ၊၁၊၁၇၃။)(မဟာနိ၊ဋ္ဌ၊၂၈၉။)(စူဠနိ၊ဋ္ဌ၊၁၀၂။)(အံ၊ဋီ၊၃၊၃၁၊၂၇၉)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကလျာဏ လမ်းညွှန်

ကလျာဏ ၃-ပုဒ်ကို ပြဆိုခန်း

(အာဒိကလျာဏ၊ မဇ္ဈကလျာဏ၊ ပရိယာသာနကလျာဏ) ဣတိ-ပါ-၂၄၈၊ ဣတိ-ဋ္ဌ-၂၅၁။ ။ ပဏ်-၁-ပါ-၂၃၆၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၀၇၊ (တရားဟောလျှင် ဤသုံးချက်ပါစေရမည်)။ ။ အံ-၃-ဋ္ဌ-၉၇၊ ၁၆၈၊ အံ-၃-ပါ-၁၈၁။ ။ သဂါထာ-သံ-ပါ-၁၀၆၊ သဂါထာ-သံ-ဋ္ဌ-၁၅၈။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၂၀၇။ ။ သုတ္တ-ပါ-၃၆၄၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၆၆။ ထေရ-ဋ္ဌ-ပ-အုပ်-၁၄။ ။ ဒီဃ-၁-ပါ-၅၉၊ ဒီဃ-၁-ဋ္ဌ-၁၅၈၊ ၁၅၉။ ။ ဝိ-၁-ပါ-၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၉၈။ ။ စူဠနိ-ပါ-၇၅၊ စူဠနိ-ဋ္ဌ-၂၀။ ။ နေတ္တိ-ပါ-၊ နေတ္တိ-ဋ္ဌ-၄၂။ ။ အဘိ-၄-ပါ-၁၃၅၊ အဘိ-၄-ဋ္ဌ-၆၃၊ ၆၄။ ။ သာသနာတော်၏ ကလျာဏသုံးချက်၊ ဝိသုဒ္ဓိ-ပ-အုပ်-။ ။ ဈာန်၏ ကလျာဏသုံးချက်၊ ၁၄၃။ ܀ပိဋကတ်လမ်းညွှန်[01/263]܀

ကလျာဏ ကလျာဏတရ ပုဂ္ဂိုလ်ကို ခွဲပြခန်း

ပါပဓမ္မသုတ် တစိတ် တဒေသ၊ (ပ-ဒု-တ-စ) အံ-၄-ပါ-၅၄၅၊ ၅၄၆၊ အံ-၄-ဋ္ဌ-၃၈၉၊ ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်သူ၊ မိစ္ဆာဒိဋ္ဌိအဖြစ်မှ ကင်းသူသည် ကလျာဏပုဂ္ဂိုလ်မည်၏။ ကိုယ်တိုင်သာမက သူတပါးကိုလည်း ရှောင်ကြဉ်စေသူ၊ ကင်းစေသူသည် ကလျာဏတရပုဂ္ဂိုလ်မည်၏။ ။ အဘိ-၄-ပါ-၁၄၅၊ ၁၄၆၊ အဘိ-၄-ဋ္ဌ-၇၂-၌လည်း နည်းတူ။ ܀ပိဋကတ်လမ်းညွှန်[01/31]܀

ကလျာဏကာရီ ကလျာဏံ စသော ဂါထာ

သဂါထာ-သံ-ပါ-၂၂၉၊ သဂါထာ-သံ-ဋ္ဌ-၃၁၇။ ။ နေတ္တိ-ပါ-၁၅၉၊ နေတ္တိ-ဋ္ဌ-၄၇၊ ၁၆၀။ ။ ပေဋက-ပါ-၁၉၉။ ။ ပဏ်-၃-ဋ္ဌ-၈၇၊ ပဏ်-၃-ပါ-၁၁၁။ ။ ဇာတက-ပါ-ပ-အုပ်-၆၀၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၈၅။ ။ ဇာတက-ပါ-ပ-အုပ်-၁၂၂၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၄၇။ ။ အံ-၁-ဋ္ဌ-၃၆၃။ ။ အဘိ-၂-ဋ္ဌ-၄၁၉၊ အဘိ-၂-ပါ-၃၅၀
ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။
ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလန္တိ။ ။ အချို့ ဂါထာ၌ အနည်းငယ် ကွဲလွဲ၏။ ကလေးသူငယ်တို့မှာ ၁၂-နှစ်သားအရွယ်ရောက်မှ မိခင်၏ နို့ရည်နံ့ ပျောက်၏ဟု ဆိုထားပုံ။ ။ ဒီဃ-၁-ဋ္ဌ-၈၄။ ။ မဟာနိ-ဋ္ဌ-၃၆၃။ ܀ပိဋကတ်လမ်းညွှန်[01/264]܀

ကလျာဏဓမ္မဇာတက

ဇာတက-ပါ-ပ-အုပ်-၄၃၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၅၇၊ ရဟန်းပြုသွားပြီ ဟူသော သူတပါးတို့ပြောသော စကားကောင်းအတိုင်း ရဟန်းပြုပြီး ရဟန္တာဖြစ်သွားသော ဒကာတဦး။ ။ ܀ပိဋကတ်လမ်းညွှန်[01/331]܀

ကလျာဏပုထုဇဉ်ကို သေက္ခဟူ၍ ခေါ်နိုင်သေးကြောင်း

ပဏ်-၁-ဋ္ဌ-ပ-အုပ်-၄၂။ ။ နေတ္တိ-ဋ္ဌ-၇၇၊ နေတ္တိ-ပါ-၁၈။ ။ အဘိ-၂-ဋ္ဌ-၃၁၅။ ။ အဘိ-၄-ဋ္ဌ-၉၅၊ အဘိ-၄-ပါ-၁၇၁။ ။ ဣတိ-ဋ္ဌ-၅၈၊ ဣတိ-ဋ္ဌ-၂၃၆။ ။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၂၀၇။ ။ အံ-၂-ဋ္ဌ-၂၉၊ ဧတ္ထစ သီလဝန္တပုထုဇ္ဇနောပိ သောတာပန္ဓေနေဝ သင်္ဂဟိတော။ ။ ဝိ-၌ သေခေါပိ ပုထုဇ္ဇန ကလျာဏကေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေခါ။ ܀ပိဋကတ်လမ်းညွှန်[01/263]܀

ကလျာဏမိတ္တ အင်္ဂါကို ပြသော ဂါထာ

နေတ္တိ-ပါ-၁၄၂၊ နေတ္တိ-ဋ္ဌ-၂၅၀၊ ၇-ပါး။ ။ ဥဒါန-ဋ္ဌ-၂၀၀၊ ဥဒါန-ပါ-၁၁၉၊ အညွှန်း။ ။ ဒုတိယမိတ္တသုတ်၊ အံ-၇-ပါ-၄၂၂၊ အံ-၇-ဋ္ဌ-၁၆၂။ ။ ဣတိ-ဋ္ဌ-၆၁၊ ၆၂၊ ဣတိ-ပါ-၂၀၂။ ။ မဟာနိ-ဋ္ဌ-။ ။ ထေရ-ဋ္ဌ-ဒု-အုပ်-၁၅၂။ ။ ဝိသုဒ္ဓိ-ပ-အုပ်-၉၄။ စရိယာ-ဋ္ဌ-၂၈၀။ ܀ပိဋကတ်လမ်းညွှန်[01/263]܀

ကလျာဏမိတ္တကို မှီဝဲဆည်းကပ်ရကျိုး

ပဏ်-၁-ပါ-၃၉၂၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၇၇။ ။ ဥပဍ္ဎသုတ်၊ မဟာ-သံ-ပါ-၊ မဟာ-သံ-ဋ္ဌ-၁၅၅။ ။ ကလျာဏမိတ္တသုတ်၊ မဟာ-သံ-ပါ-၂၃၊ မဟာ-သံ-ဋ္ဌ-၁၆၉၊ အမြတ်တရားကိုကျင့်ရာ၌ ကလျာဏမိတ္တကသာ အလုံးစုံသော အကျိုးကို ပြီးစေနိုင်ကြောင်း။ ။ သဂါထာ-သံ-ပါ-၈၇၊ သဂါထာ-သံ-ဋ္ဌ-၁၄၃။ ။ ကလျာဏမိတ္တာဒိဝဂ္ဂ၊ အံ-၁-ပါ-၁၂၊ အံ-၁-ဋ္ဌ-၆၂။ ။ ထေရီ-ပါ-၄၀၃၊ ထေရီ-ဋ္ဌ-၁၈၃။ ။ ဇာတက-ပါ-ဒု-အုပ်-၂၆၅၊ ဇာတက-ဋ္ဌ-သ-အုပ်-၁၂၆။ ။ ဇာတက-ပါ-ဒု-အုပ်-၁၄၇၊ ဇာတက-ဋ္ဌ-မ-အုပ်-၅၄၉။ ။ သာရိပုတ္တသုတ်၊ သူရိယူပမသုတ်၊ ဗာဟိရင်္ဂသုတ်၊ အာဒိစ္စသုတ်၊ သံယုတ္တ၌ ဆိုင်ရာ အက္ခရာခဏ်းတွင် ကြည့်လေ။ ။ မိတ္တသုတ်၊ အံ-၆-ပါ-၃၆၉။ ။ ဆည်းကပ်ရန် တိုက်တွန်းသော ဂါထာ၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၅၀။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၇၄။ ။ ထေရ-ပါ-၃၄၇၊ ထေရ-ဋ္ဌ-ဒု-အုပ်-၄၂၄။ ။ အင်္ဂုလိမာလဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၁၀။ ။ တမ္ဗဒါဌိကစောရဃာတကဝတ္ထု၊ ဓမ္မ-ဋ္ဌ-ပ-အုပ်-၄၀၅။ ။ ဥဒါန-ပါ-၁၁၉၊ ဥဒါန-ဋ္ဌ-၂၀၁၊ ၂၀၄။ ။ ဣတိ-ပါ-၂၀၂၊ ဣတိ-ဋ္ဌ-၆၁။ ܀ပိဋကတ်လမ်းညွှန်[01/263]܀

ကလျာဏသီလသုတ္တ

ဣတိ-ပါ-၂၅၉၊ ဣတိ-ဋ္ဌ-၂၈၈၊ ကလျာဏသီလ၊ ကလျာဏဓမ္မ၊ ကလျာဏပညာဖြစ်စေရန်ဟောသော ဂါထာများ မှတ်သားဖွယ်။ ܀ပိဋကတ်လမ်းညွှန်[01/318]܀

ကလျာဏီသုတ္တ

နိဒါန-သံ-ပါ-၄၃၁၊ နိဒါန-သံ-ဋ္ဌ-၁၉၃၊ အချို့ ရဟန်းတို့ကို မိန်းမချော မိန်းမလှတို့က မဖျက်ဆီးနိုင်သော်လည်း လာဘ သက္ကာရက ဖျက်ဆီးနိုင်ကြောင်း ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/304]܀

ကြီးသူ ငယ်သူ လမ်းညွှန်

ကြီးကဲသူတို့ သတိမူစရာ အသစ်ကိုသာ

ချီးမြှောက်၍ အဟောင်းကို မေ့ထားက ဒုက္ခများတတ်ကြောင်း။ ။ ဓူမကာရိဇာတက-ပါ-ပ-အုပ်-၁၇၀၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၇၈။ ܀ပိဋကတ်လမ်းညွှန်[01/338]܀

ကြီးကဲသော ပုဂ္ဂိုလ်တို့ အပေါ် ငယ်သူတို့က မုန်းကြောင်း၊

ချစ်ခင်ကြောင်း၊ အလေးဂရု မပြုကြောင်း၊ ပြုကြောင်း အချက်များကို ဟောထားသောသုတ်များ၊ ထေရဝဂ္ဂ၊ အံ-၅-ပါ-၉၇-မှ ၁၀၀-အထိ၊ အံ-၅-ဋ္ဌ-၃၈။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကြီးနိုင်ငယ်ညှဉ်း၊ ကြီးနိုင်ငယ်ညှဉ်း ပြုတတ်သူတို့ ခံရသော ဝေတရဏီငရဲ

ဇာတက-ပါ-ဒု-အုပ်-၁၈၇၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၃၁၊ ၁၃၂။ ။ လဋုကိကဇာတက-ပါ-ပ-အုပ်-၁၂၄၊ ဇာတက-ဋ္ဌ-တ-အုပ်-၁၆၁၊ ကိုယ်အားကြီး၍ အနိုင်ကျင့်သော ဆင်ကို ဉာဏ်အားကြီးသော ဗီလုံးငှက်က ပြန်၍ အနိုင်ယူပုံ။ ܀ပိဋကတ်လမ်းညွှန်[01/338]܀

ကြီးပွားခြင်းအကြောင်း ၆-ပါး ဂါထာ

အတ္ထဿဒွါရဇာတက-ပါ-ပ-အုပ်-၂၀၊ ဇာတက-ဋ္ဌ-ပ-အုပ်-၃၈၈။ ။ ဇာတက-ပါ-ပ-အုပ်-၆၆၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၁၇၊ ဧကပဒဇာတက။ ܀ပိဋကတ်လမ်းညွှန်[01/338]܀

ကြီးသည် ငယ်သည်ဟု ဆုံးဖြတ်ရပုံ

အံ-၂-ပါ-၆၈၊ ၆၉၊ အံ-၂-ဋ္ဌ-၄၃၊ ကာမဂုဏ် ခံစားလျှင် ငယ်သည်ဟူ၍၎င်း၊ ဗာလဟူ၍၎င်း၊ အထေရဟူ၍၎င်း, ကာမဂုဏ် မခံစားလျှင်ကြီးသည်ဟူ၍၎င်း, ပဏ္ဍိတဟူ၍၎င်း ထေရဟူ၍၎င်း အသျှင်မဟာကစ္စည်းထေရ် ဟောထား၏။ ܀ပိဋကတ်လမ်းညွှန်[01/314]܀

ကြီးသူကို ရိုသေရကျိုး ဂါထာ

အံ-၄-ဋ္ဌ-၂၆၄။ ။ တိတ္တိရဇာတက-ပါ-ပ-အုပ်-၊ ဇာတက-ဋ္ဌ-ပ-အုပ်-၂၃၃။ ။ ဝိ-၄-ပါ-၃၁၁။ ܀ပိဋကတ်လမ်းညွှန်[01/290]܀

ကြီးသူဆဲဆို ထန်းငုတ်တို့သို့ ဖြစ်တတ်ကြောင်း ဥပမာဂါထာ

ဇာတက-ပါ-ဒု-အုပ်-၆၁၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၈၄၊ ၂၉၁၊ ၎င်းတို့ခံရသော ငရဲကိုလည်း ပြထား၏။ ܀ပိဋကတ်လမ်းညွှန်[01/338]܀

ကြီးသော သူတို့ကို ရိုသေမှု နည်းပါးလှကြောင်း ဟောသော ပစာယိကသုတ္တ

မဟာ-သံ-ပါ-၄၀၆၊ မဟာ-သံ-ဋ္ဌ-၃၃၄။ ܀ပိဋကတ်လမ်းညွှန်[01/309]܀

ကြီးသောရဟန်းကို ရဟန်းငယ်က ခိုင်းစေနိုင်သောအရာ

ရဟန်းငယ်က ဆွမ်း စသည် စားနေစဉ် မပြီးသေးမီ ကြီးသောရဟန်း အနားသို့လာလျှင် ထိုရဟန်း အကြီးကို ရေခပ်ခိုင်းနိုင်သည်၊ ရေခပ်ခိုင်းရမည်၊ အကယ်၍ မသွားလျှင် ရဟန်းငယ်မှာ ဆွမ်းလုံးကို ကုန်စင်အောင် မျိုပြီး ရဟန်းငယ်က နေရာမှ ဖယ်ပေးရမည်ဟု ဟောထားတော်မူပုံ၊ ဝိ-၄-ပါ-၃၁၅၊ ဝိ-၄-ဋ္ဌ-၆၄။ ။ သင်္ဂဟ-ဋ္ဌ-၄၂၅။ ܀ပိဋကတ်လမ်းညွှန်[01/345]܀

ကြီးမြတ်သူကို ရိုသေလေးစားသူတို့ ရသော အကျိုး ၂ မျိုး

၁။ ဤမျက်မှောက်ဘဝ၌ ချီးမွမ်း ခံရခြင်း၊
၂။ တမလွန်ဘဝ၌ သုဂတိဘုံ၌ ဖြစ်ရခြင်း။ (ဇာ၊ဋ္ဌ၊၁၊၂၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြီးလေးသော ကံ ၆ မျိုး (ဉတ္တိဒုတိယကမ္မဝါစာဖြင့်သာ ပြုလုပ်နိုင်၍ အပလောကနကံဖြင့် မပြုလုပ်နိုင်သော ကြီးလေးသော ကံ ၆ မျိုး)

၁။ သိမ်သမုတ်ခြင်း၊
၂။ သိမ်နှုတ်ခြင်း၊
၃။ ကထိန် ပေးခြင်း၊
၄။ ကထိန်နှုတ်ခြင်း၊
၅။ ကုဋိဝတ္ထုကို ပြောကြားခြင်း၊
၆။ ဝိဟာရဝတ္ထုကို ပြောကြားခြင်း။ (ဝိ၊ဋ္ဌ၊၄၊၄၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြီးသူ ၃ မျိုး

၁။ အမျိုးဇာတ်ကြီးသူ၊
၂။ ဂုဏ်ကြီးသူ၊
၃။ အရွယ်ကြီးသူ။ (ဇာ၊ဋ္ဌ၊၁၊၂၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြီးသူ ၄ မျိုး

၁။ ပညာကြီးသူ၊
၂။ ဂုဏ်ကြီးသူ၊
၃။ ဇာတ်ကြီးသူ၊
၄။ အရွယ်ကြီးသူ။ (သုတ္တနိ၊ဋ္ဌ၊၂၊၆၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြီးသူကို အရိုအသေ ပြုရကျိုး ၄ ပါး

ရှိခိုးရကျိုး ၄ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

Saturday, February 12, 2022

ကြည်ညိုဖွယ် လမ်းညွှန်

ကြည်ညိုဘွယ်ကို ဖြစ်စေတတ်သော ဂုဏ်များ

ပသာဒကရ ဓမ္မဝဂ္ဂ၊ အံ-၁-ပါ-၄၀၊ အံ-၁-ဋ္ဌ-၃၈၀။ ။ ၁၀-ပါ၊ ဈာနသုတ်စသည်၊ အံ-၁၀-ပါ-၂၆၄၊ အံ-၁၀-ဋ္ဌ-၂၈၈။ ။ သန္တဝိမောက္ခသုတ်၊ အံ-၁၀-ပါ-၂၆၅။ ။ ဝိဇ္ဇာသုတ်၊ အံ-၁၀-ပါ-၂၆၆။ ။ ကြည်ညိုဘွယ်ရှိ, မရှိ၌ အကျိုးအပြစ်ကို ဟောသော အပါသာဒိကသုတ်၊ (ပ-ဒု) အံ-၅-ပါ-၂၂၃၊ အံ-၅-ဋ္ဌ-၈၀။ ။ ပုဂ္ဂိုလ်တဦးတယောက်၌ အကြည်ညိုလွန်သော အပြစ် ၅-ပါးကို ဟောသော ပုဂ္ဂလပ္ပသာဒသုတ်၊ အံ-၅-ပါ-၂၃၆၊ အံ-၅-ဋ္ဌ-၈၄၊ ၈၆။ ܀ပိဋကတ်လမ်းညွှန်[01/291]܀

ကြည်ညိုရာ၌ ပုဂ္ဂိုလ် ၄မျိုး ကွဲပြားပုံ

ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၀၇။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၇၂။ ။ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၃၄။ ။ ဣတိ-ဋ္ဌ-၊ ၉။ ။ အဘိ-၄-ပါ-၁၆၁၊ အဘိ-၄-ဋ္ဌ-၈၀
(၁) ရူပပ္ပမာဏ... ရုပ်အင်္ဂါအဆင်း လှပခြင်းကို အစွဲပြု၍ ကြည်ညိုသူ။
(၂) ဃောသပ္ပမာဏ ... ချီးမွမ်းသံကို ကြား၍ ကြည်ညိုသူ။
(၃) လူခပ္ပမာဏ ... ခေါင်းပါးသောအကျင့်ကို စွဲ၍ ကြည်ညိုသူ။
(၄) ဓမ္မပ္ပမာဏ... သီလ, သမာဓိ, ပညာရှိမှုကို စွဲ၍ ကြည်ညိုသူ။ အတွင်းအပြင် နှစ်ဌာနစလုံး သိမှသာ ကြည်ညိုရန် ဟောထားသော ရူပသုတ်၊ အံ-၄-ပါ-၃၈၂၊ အံ-၄-ဋ္ဌ-၃၁၅၊ ဂါထာများ မှတ်သားဖွယ်။ ܀ပိဋကတ်လမ်းညွှန်[01/291]܀

ကြည်ညိုသူသို့သာ ချဉ်းကပ်ရာ ဟူသော ဂါထာ

ဇာတက-ပါ-ဒု-အုပ်-၄၇၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၄၅။ ܀ပိဋကတ်လမ်းညွှန်[01/339]܀

ကြည်ညိုဖွယ် တရား ၁၀ ပါး

၁။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတ များခြင်း၊
၃။ ပစ္စည်းလေးပါးဖြင့် ရောင့်ရဲခြင်း၊
၄။ ဈာန်လေးပါးကို မပင်မပန်း ဝင်စားနိုင်ခြင်း၊
၅။ တန်ခိုးဣဒ္ဓိ အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း၊
၆။ ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် လူနတ်တို့၏ အသံအမျိုးမျိုးကို ကြားနိုင်ခြင်း၊
၇။ စေတောပရိယအဘိညာဉ်ဖြင့် သူတစ်ပါးတို့၏စိတ်ကို သိနိုင်ခြင်း၊
၈။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် ရှေးက မိမိဖြစ်ခဲ့ဖူးသော ဘဝများစွာကို ပြန်ပြောင်းအောက်မေ့နိုင်ခြင်း၊
၉။ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဘဝအမျိုးမျိုး၌ ဖြစ်ပျက်နေသော သတ္တဝါတို့ကို သိမြင်နိုင်ခြင်း၊
၁၀။ အာသဝေါကင်းသော စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိကို အသိဉာဏ်ထူးဖြင့် မျက်မှောက်ပြုနေနိုင်ခြင်း။ (မ၊၃၊၆၁-၆၂။) (မ၊မြန်၊၃။၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကို ဆောင်သော ပုဂ္ဂိုလ်၌ အကျိုး ၅ ပါး

၁။ မကြည်ညိုသေးသူများ ကြည်ညို လာကြခြင်း၊
၂။ ကြည်ညိုပြီးသူတို့သည်လည်း တိုး၍တိုး၍ ကြည်ညိုကြခြင်း၊
၃။ မြတ်စွာ ဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်ခြင်း၊
၄။ နောင်လာနောက်သားတို့ အတု လိုက်ခြင်း၊
၅။ ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်ကြည်လင်လင်ရှိခြင်း။ (အံ၊၂၊၂၂၃။)(အံ၊မြန်၊၂။၂၈၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကို မဆောင်သော ပုဂ္ဂိုလ်၌ အပြစ် ၅ ပါး

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲခြင်း၊
၂။ ပညာရှိတို့၏ ကဲ့ရဲ့မှုကို ခံရခြင်း၊
၃။ မကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၄။ တွေတွေဝေဝေဖြင့် သေရခြင်း၊
၅။ သေလွန်ပြီးနောက် အပါယ်ငရဲသို့ လားရောက်ရခြင်း။ (အံ၊၂၊၂၂၃။) (အံ၊မြန်၊၂။၂၈၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကို မဆောင်သော ပုဂ္ဂိုလ်၌ အပြစ် ၅ ပါး

၁။ မကြည်ညိုသေးသော ပုဂ္ဂိုလ်တို့ မကြည်ညိုကြခြင်း၊
၂။ ကြည်ညိုပြီးသော ပုဂ္ဂိုလ်တို့ အကြည်ညိုပျက်ခြင်း၊
၃။ ဘုရားရှင်၏ အဆုံးအမကို လိုက်နာပြုကျင့်မှု မရှိခြင်း၊
၄။ နောင်လာနောက်သားတို့ အတုလိုက်ခြင်း၊
၅။ ထိုပုဂ္ဂိုလ်၏ စိတ်သည် မကြည်မလင် ဖြစ်နေခြင်း။ (အံ၊၂၊၂၂၃။) (အံ၊မြန်၊၂။၂၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ရဟန်း၏ အင်္ဂါ ၁၀ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ သီလရှိခြင်း၊
၃။ အကြားအမြင် များခြင်း၊
၄။ ဓမ္မကထိကဖြစ်ခြင်း၊
၅။ ပရိသတ်၌ ကျက်စားခြင်း၊
၆။ ပရိသတ်၌ ရဲရဲရင့်ရင့် ဟောခြင်း၊
၇။ ဝိနည်းဓိုရ်ဖြစ်ခြင်း၊
၈။ ရှေးကဖြစ်ခဲ့ဖူးသော တစ်ဘဝ နှစ်ဘဝ စသည်ကို အောက်မေ့နိုင်ခြင်း၊
၉။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို ခွဲခြား၍ သိခြင်း၊
၁၀။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၂၆၄၊၂၆၆။) (အံ၊မြန်၊၃။၂၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ရဟန်း၏ အင်္ဂါ ၁၀ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ သီလရှိခြင်း၊
၃။ အကြားအမြင် များခြင်း၊
၄။ ဓမ္မကထိကဖြစ်ခြင်း၊
၅။ ပရိသတ်၌ ကျက်စား နိုင်ခြင်း၊
၆။ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်ခြင်း၊
၇။ ဝိနည်းဓိုရ်ဖြစ်ခြင်း၊
၈။ အစွန်အဖျား ကျသော တောကျောင်းနေသူ ဖြစ်ခြင်း၊
၉။ ဈာန်တို့ကို အလိုရှိတိုင်းရခြင်း၊
၁၀။ အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၂၆၅-၂၆၆။) (အံ၊မြန်၊၃။၂၆၆-၂၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ရဟန်း၏ အင်္ဂါ ၈ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ သီလရှိခြင်း၊
၃။ များသော အကြားအမြင် ဗဟုသုတရှိခြင်း၊
၄။ တရားဟော ဓမ္မကထိကဖြစ်ခြင်း၊
၅။ ပရိသတ်၌ ကျင်လည် ကျက်စားနိုင်ခြင်း၊
၆။ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်ခြင်း၊
၇။ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေကြောင်း ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရခြင်း၊
၈။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၁၃၄။) (အံ၊မြန်၊၃။၁၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ရဟန်း၏ အင်္ဂါ ၈ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ သီလ ရှိခြင်း၊
၃။ များသော အကြားအမြင် ဗဟုသုတရှိခြင်း၊
၄။ တရားဟော ဓမ္မကထိကဖြစ်ခြင်း၊
၅။ ပရိသတ်၌ ကျင်လည်ကျက်စားနိုင်ခြင်း၊
၆။ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်ခြင်း၊
၇။ ရူပဈာန် ကသိုဏ်းရုပ်တို့ကို ကျော်လွန်၍ ငြိမ်းအေးလွတ်မြောက်သော နာမ်တရားတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေခြင်း၊
၈။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၃၊၁၃၅။) (အံ၊မြန်၊၃။၁၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ရဟန်းထံသို့ ချဉ်းကပ်သင့်သော အချိန် ၆ မျိုး

၁။ ကာမဂုဏ်တို့ကို စွဲမက်မှု ကာမရာဂ ထကြွနှိပ်စက်အပ်သည် ဖြစ်၍ ထိုကာမရာဂမှ ထွက်မြောက်ကြောင်းကို ဟုတ်တိုင်း မှန်စွာ မသိသော အချိန်အခါ ဖြစ်ခြင်း၊
၂။ ပျက်စီးစေလိုမှု ဗျာပါဒတရားသည် ထကြွနှိပ်စက် အပ်သည် ဖြစ်၍ ထိုဗျာပါဒတရားမှ ထွက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အချိန်အခါဖြစ်ခြင်း၊
၃။ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓတရား ထကြွနှိပ်စက်အပ် သည်ဖြစ်၍ ထိုထိနမိဒ္ဓတရားမှ ထွက်မြောက်ကြောင်းကိုလည်း၊ ဟုတ်တိုင်းမှန်စွာ မသိသော အချိန်အခါ ဖြစ်ခြင်း၊
၄။ ပျံ့လွင့်မှု နောင်တပူပန်မှု ဥဒ္ဓစ္စကုက္ကုစ္စတရားသည် ထကြွနှိပ်စက် အပ်သည်ဖြစ်၍ ထိုဥဒ္ဓစ္စကုက္ကုစ္စတရားမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အချိန်အခါဖြစ်ခြင်း၊
၅။ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာတရား ထကြွနှိပ်စက်အပ်သည် ဖြစ်၍ ထိုဝိစိကိစ္ဆာတရားမှ ထွက်မြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ မသိသော အချိန်အခါ ဖြစ်ခြင်း၊
၆။ အကြင်အာရုံနိမိတ်ကို နှလုံးသွင်းသော ရဟန်းအား အန္တရာယ်မရှိဘဲ အာသဝေါ တရားများ ကုန်ခန်းသွား၏၊ ထိုအာရုံနိမိတ်တို့ကို မသိသော အချိန်အခါဖြစ်ခြင်း။ (အံ၊၂၊၂၇၉၊၂၈၃။) (အံ၊မြန်၊၂။၃၆၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ဆောင်သော ပုဂ္ဂိုလ်၌ အကျိုး ၅ ပါး

၁။ မိမိကိုယ်တိုင် မိမိကိုယ်ကို မစွပ်စွဲခြင်း၊
၂။ ပညာရှိတို့၏ ချီးမွမ်းမှုကို ခံရခြင်း၊
၃။ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၄။ မတွေ မဝေဘဲ သေရခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၂၂၃။) (အံ၊မြန်၊၂။၂၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၏ အကျိုး ၅ ပါး

၁။ မကြည်ညိုသေးသူတို့ ကြည်ညိုခြင်း၊
၂။ ကြည်ညို ပြီးသူတို့လည်း တိုး၍ ကြည်ညိုကုန်ခြင်း၊
၃။ မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာ ပြုကျင့်ခြင်း၊
၄။ နောင်လာ နောင်သားတို့ အတုလိုက်ခြင်း၊
၅။ စိတ်ကြည်လင်ခြင်း။ (အံ၊၂၊၂၂၃။) (အံ၊မြန်၊၂။၂၈၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုမြတ်နိုးခြင်း၂ မျိုး

၁။ လောကနှင့် ယှဉ်သော ကြည်ညိုမြတ်နိုးခြင်း၊
၂။ လောကမှ ထွက်မြောက်သော ကြည်ညိုမြတ်နိုးခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုသော ပုဂ္ဂိုလ် ၄ မျိုး

၁။ ရုပ်အဆင်းလျှင် နှိုင်းယှဉ်ကြောင်းရှိသည် ဖြစ်၍ ရုပ်အဆင်း၌ ကြည်ညိုသော ပုဂ္ဂိုလ်၊
၂။ ချီးမွမ်းသံလျှင် နှိုင်းယှဉ်ကြောင်းရှိသည် ဖြစ်၍ ချီးမွမ်းသံ၌ ကြည်ညိုသော ပုဂ္ဂိုလ်၊
၃။ ပစ္စည်းလေးပါးတို့၌ ခေါင်းပါးခြင်းလျှင် နှိုင်းယှဉ်ကြောင်း ရှိသည် ဖြစ်၍ ခေါင်းပါးခြင်း၌ ကြည်ညိုသော ပုဂ္ဂိုလ်၊
၄။ သီလအစရှိသော ဂုဏ်ဓမ္မ၌ နှိုင်းယှဉ်ကြောင်း ရှိသည်ဖြစ်၍ သီလအစရှိသော ဂုဏ်ဓမ္မ၌ ကြည်ညိုသော ပုဂ္ဂိုလ်။ (မ၊ဋ္ဌ၊၁၊၃၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ဘုန်းကြီး သရုပ်စုံ

ကျောင်းတိုက်ကို တင့်တယ်စေသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည် ဖြစ်၍ အနည်းငယ်သော အပြစ်၌လည်း ဘေးဟု ရှုလေ့ရှိခြင်း၊
၂။ အကြားအမြင် ဗဟုသုတများသည် ဖြစ်၍ အစ အလယ် အဆုံး ကောင်းခြင်းရှိသော တရားတို့ကို နာယူမှတ်သား ဆောင်ထားလျက် ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်း၊
၃။ အပြစ်ကင်းလျက် ယဉ်ကျေးသော စကားရှိသည်ဖြစ်၍ ကောင်းသော စကားမြွက်ဆိုသံ ရှိခြင်း၊
၄။ မျက်မှောက်ဘဝ ချမ်းသာစွာ နေကြောင်းဖြစ်သော ရူပဈာန်လေးပါးတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရခြင်း၊
၅။ ရောက်လာသူတို့ကို တရားစကားဖြင့် အကျိုး စီးပွားကို သိမြင်စေ၍ တရားကျင့်သုံးရန် ထက်သန်စေခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းတိုက်အား ကျေးဇူးများသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်သော အပြစ်၌လည်း ဘေးဟု ရှုလေ့ ရှိခြင်း၊
၂။ အကြားအမြင် ဗဟုသုတများသည် ဖြစ်၍ အစ အလယ် အဆုံး ကောင်းခြင်း ရှိသော တရား တို့ကို နာယူဆောင်မှတ်ထားလျက် ပညာဖြင့် ကောင်းစွာ ထိုးထွင်းသိခြင်း၊
၃။ ကျိုးပျက် နေသော ကျောင်းကို တစ်ဖန် ပြုပြင်တတ်ခြင်း၊
၄။ အာဂန္တုရဟန်းသံဃာများ ကြွရောက် လာသည်ရှိသော် လူဒါယကာတို့ထံ ချဉ်းကပ်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် ပြောကြားခြင်း၊
၅။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ရူပဈာန် လေးပါးတို့ကို အလိုရှိတိုင်း မငြိုမငြင်မပင်မပန်းဘဲ ရရှိခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ပုဂ္ဂိုလ်၏ အင်္ဂါ ၅ ပါး

၁။ ဆယ်ဝါပြည့်ရခြင်း၊
၂။ ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း တို့ကို ပဒဘာဇနီနှင့် တကွ အကျယ် တတ်သိနားလည်ရခြင်း၊
၃။ ကံကြီးကံငယ်ဆောင်ပုံကို နားလည်ရခြင်း၊
၄။ မဟာဝါခန္ဓက စူဠဝါခန္ဓက၌ လာသော ကျင့်ဝတ်များကို နားလည်ရခြင်း၊
၅။ နာမ်တရား ရုပ်တရားတို့ကို သေချာကျနစွာ ဟောပြောနိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၃၊၅၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း ကြည်ညိုဖွယ်ဖြစ်ကြောင်း တရား ၅ ပါး

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသော စကား ရှိခြင်း၊
၄။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း၊
၅။ အရဟတ္တ ဖိုလ်သို့ ရောက်၍ နေခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ မချီးမွမ်းထိုက်သူအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း၊
၃။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၄။ မိမိဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ကြည်ညို သင့်သော အရာ၌ ကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သော ပစ္စည်းများကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မချီးမွမ်းထိုက်သူအား ကျေးဇူးမဲ့ ကဲ့ရဲ့စကားပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူအား ချီးမွမ်းစကား ပြောကြားခြင်း၊
၃။ ကျောင်း၌ ဝန်တိုမှုမရှိဘဲ မမက်မော မတွယ်တာခြင်း၊
၄။ လူဒါယကာတို့၌ ဝန်တိုမှုမရှိဘဲ မမက်မောမတွယ်တာခြင်း၊
၅။ သဒ္ဓါဖြင့် ပေးလှူအပ်သော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၂။ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုခြင်း၊
၃။ ကျောင်း၌ ဝန်မတိုခြင်း၊
၄။ ဒါယကာတို့၌ ဝန်မတိုခြင်း၊
၅။ လာဘ်လာဘ၌ ဝန်မတိုခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာတို့၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ် အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သောပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၃။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း မြတ်နိုးဖွယ် ဖြစ်ကြောင်း တရား ၅ ပါး

၁။ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင်ကို ဆောင်ခြင်း၊
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မွေ့လျော်ခြင်း၊
၄။ ကောင်းသောစကား ရှိခြင်း၊
၅။ ပညာရှိခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀-၂၉၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း မြတ်နိုးဖွယ် မဖြစ်ကြောင်း တရား ၅ ပါး

၁။ ဝတ်ကြီးဝတ်ငယ်နှင့် မပြည့် စုံခြင်း၊
၂။ အကြားအမြင်ကို မဆောင်ခြင်း၊
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မမွေ့လျော်ခြင်း၊
၄။ ကောင်းသောစကား မရှိခြင်း၊
၅။ ပညာမဲ့ခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ မိမိဉာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောကြားခြင်း၊
၂။ မိမိဉာဏ်ဖြင့် မစိစစ် မသက်ဝင် မူ၍ ချီးမွမ်းထိုက်သော သူအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ပြောဆိုခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း၊
၄။ ဒါယကာ၌ ဝန်တိုခြင်း၊
၅။ လာဘ်၌ ဝန်တိုခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။ ၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်း၊
၅။ သဒ္ဓါဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်း၊
၅။ တရား၌ ဝန်တိုခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်းတရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၃။ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းများကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀-၂၃၁။) (အံ၊မြန်၊၂။ ၂၉၃-၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း အပါယ်ကျကြောင်းတရား ၅ ပါး

၁။ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း မက်မောခြင်း၊
၄။ လူဒါယကာတို့၌ ဝန်တိုခြင်း မက်မောခြင်း၊
၅။ သဒ္ဓါတရားဖြင့် ပေးလှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (ငရဲသို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၃။ ကျောင်း၌ ဝန်တိုခြင်း၊
၄။ ဒါယကာ၌ ဝန်တိုခြင်း၊
၅။ လာဘ်လာဘ၌ ဝန်တိုခြင်း။ (အံ၊၂၊၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့ လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ပြောဆိုခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ မကြည်ညိုသင့်သည်၌ မကြည်ညိုခြင်း၊
၄။ ကြည်ညိုသင့်သည်၌ ကြည်ညိုခြင်း၊
၅။ သဒ္ဓါ တရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့ လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ ကျောင်း၌ ဝန်မတိုခြင်း၊
၄။ ဒါယကာ၌ ဝန်မတိုခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူဒါန်းသော ပစ္စည်းများကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ မချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊
၂။ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊
၃။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၅။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၁။) (အံ၊မြန်၊၂။၂၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ် လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၂။) (အံ၊မြန်၊၂။၂၉၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး (နတ်ပြည်သို့လားစေသော ကျောင်းထိုင်ရဟန်း၏ တရား ၅ ပါး)

၁။ ကျောင်း၌ ဝန်တိုမှု မရှိခြင်း၊
၂။ ဒါယကာ၌ ဝန်တိုမှု မရှိခြင်း၊
၃။ လာဘ်လာဘ၌ ဝန်တိုမှု မရှိခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိခြင်း၊
၅။ တရား၌ ဝန်တိုမှု မရှိခြင်း။ (အံ၊၂၊၂၃၃။) (အံ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (ကျောင်းကို တင့်တယ်စေသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကောင်းသောစကား ရှိခြင်း၊
၄။ ချဉ်းကပ်လာသူတို့ကို တရားစကားဖြင့် ရွှင်လန်းစေခြင်း၊
၅။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၂၉။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (ကျောင်းအား ကျေးဇူးများသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ သီလရှိခြင်း၊
၂။ အကြားအမြင် များခြင်း၊
၃။ ကျိုးပျက်သည်ကို တစ်ဖန် ပြုပြင် တတ်ခြင်း၊
၄။ ရဟန်းသံဃာအများအတွက် ကုသိုလ်ကောင်းမှု ပြုရန် ပြောကြားတတ်ခြင်း၊
၅။ ဈာန်လေးပါးနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး (လူတို့အား စောင့်ရှောက်သော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး)

၁။ ငါးပါးသီလ၌ ဆောက်တည်စေခြင်း၊
၂။ သစ္စာလေးပါးတရားကို ရှုမြင်စေခြင်း၊
၃။ မကျန်းမာသူတို့ထံ ချဉ်းကပ်ခြင်း၊
၄။ ရတနာ (၃) ပါး၌ သတိကို ထင်စေခြင်း၊
၅။ သဒ္ဓါဖြင့် ပေးလှူသော ဆွမ်းကို မဖျက်ဆီးခြင်း။ (အံ၊၂၊၂၃၀။) (အံ၊မြန်၊၂။၂၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်ကောင်းသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အသွင်အပြင် အပြုအမူ, ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတရှိခြင်း၊
၃။ တစ်ပါးတည်း နေထိုင်ခြင်း၌ မွေ့လျော်သည်ဖြစ်၍ ကိလေသာကို ခေါင်းပါးစေခြင်း၊
၄။ ကောင်းစွာ ပြောဆို တတ်သည်ဖြစ်၍ ကောင်းသော စကားရှိခြင်း၊
၅။ ပညာရှိသည် ဖြစ်၍ မမိုက်မဲ မဆွံ့အခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကြည်ညိုဖွယ်မကောင်းသော ကျောင်းထိုင်ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ အသွင်အပြင် အပြုအမူ ဝတ်ကြီးဝတ်ငယ်နှင့် မပြည့်စုံခြင်း၊
၂။ အကြားအမြင် ဗဟုသုတ မရှိခြင်း၊
၃။ တစ်ပါးတည်း နေထိုင်ခြင်း၌ မမွေ့လျော်သည် ဖြစ်၍ ကိလေသာကို မခေါင်းပါးစေတတ်ခြင်း၊
၄။ ကောင်းစွာ မပြောဆိုတတ်သည် ဖြစ်၍ ကောင်းသောစကား မရှိခြင်း၊
၅။ ပညာမဲ့၍ မိုက်မဲ ဆွံ့အခြင်း။ (အံ၊၂၊၂၂၈။) (အံ၊မြန်၊၂။၂၉၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း လမ်းညွှန်

ကျင့်ဆဲရဟန်း၏ ဆုတ်ယုတ်ကြောင်း တရား ၃ ပါး

၁။ အလုပ်အကိုင်များလျက် ထိုဝေယျာဝစ္စ အလုပ်များ၌ မွေ့လျော်ခြင်း၊
၂။ စကား အလွန်များလျက် ထိုစကားပြောခြင်း၌ မွေ့လျော်ခြင်း၊
၃။ အအိပ်အလွန်ကြီးလျက် ထိုအိပ်ခြင်း၌ မွေ့လျော်ခြင်း။ (ခုဒ္ဒက၊၂၄၃။) (ခုဒ္ဒက၊မြန်။ ၂၂၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ ဆုတ်ယုတ်ကြောင်း တရား ၈ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးမရှိခြင်း၊
၆။ စားဖွယ်သောက်ဖွယ်၌ အတိုင်းအရှည် မသိခြင်း၊
၇။ ရောနှော၍ နေခြင်း၌ မွေ့လျော်ခြင်း၊
၈။ သံသရာကို ချဲ့ထွင် တတ်သော ပပဉ္စ တရား၌ မွေ့လျော်ခြင်း။ (အံ၊၃၊၁၄၇။) (အံ၊မြန်၊၃။၁၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ မဆုတ်ယုတ်ကြောင်း တရား ၃ ပါး

၁။ အလုပ်အကိုင်များ၌ မမွေ့ လျော်ခြင်း၊
၂။ စကားပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း။ (ခုဒ္ဒက၊၂၄၃။) (ခုဒ္ဒက၊မြန်။ ၂၂၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်း၏ မဆုတ်ယုတ်ကြောင်း တရား ၈ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မမွေ့လျော်ခြင်း၊
၃။ အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါး (လုံခြုံသော တံခါး) ရှိခြင်း၊
၆။ စားသောက်ဖွယ်ရာ တို့၌ အတိုင်းအရှည်ကို သိခြင်း၊
၇။ ရောနှောမှု၌ မမွေ့လျော်ခြင်း၊
၈။ သံသရာချဲ့တတ်သော ပပဉ္စတရား၌ မမွေ့လျော်ခြင်း။ (အံ၊၃၊၁၄၇။) (အံ၊မြန်၊၃။၁၄၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်းတို့ ဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မွေ့လျော်ခြင်း၊
၂။ စကား ပြောမှု၌ မွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း၊
၆။ စားဖွယ်သောက်ဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကျင့်ဆဲရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရား ၆ ပါး

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း၊
၂။ စကားပြောခြင်း၌ မမွေ့လျော်ခြင်း၊
၃။ အိပ်မှု၌ မမွေ့လျော်ခြင်း၊
၄။ အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
၅။ ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားခြင်း၊
၆။ စားသောက်ဖွယ်တို့၌ အတိုင်း အရှည်ကို သိခြင်း။ (အံ၊၂၊၂၉၀။) (အံ၊မြန်၊၂။၃၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

Friday, February 11, 2022

ကထာ သရုပ်စုံ

ကထာ ၂ မျိုး

၁။ သမ္မုတိကထာ- ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား စသည်ဖြင့် ပြောဆိုသော စကား၊
၂။ ပရမတ္ထကထာ- ခန္ဓာ အာယတန ဓာတ် စသည်ဖြင့် ပြောဆိုသော စကား။ (သံ၊ဋ္ဌ၊၂၊၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာ ၂ မျိုး

၁။ သဗ္ဗသင်္ဂါဟိကကထာ- အားလုံးကို ပေါင်းယူသိမ်းယူ၍ ပြောဆိုသော စကား၊
၂။ အသမ္ဘိန္နကထာ- မကျိုးမပြတ်ဘဲ ပြောဆိုသော စကား။ (သံ၊ဋ္ဌ၊၂၊၁၂၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာ ၃ မျိုး

၁။ သံဝရာသံဝရကထာ- လွန်ကျူးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ငယ်သော စောင့်ရှောက်ခြင်း, ကြီးသော စောင့်ရှောက်ခြင်းကို ဟောတော်မူအပ်ရာ ဝိနည်းပိဋကကထာ၊
၂။ ဒိဋ္ဌိဝိနိဝေဌနကထာ- ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိတို့၏ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာအယူကြိုးထုံးကို ဖြေခြင်းကို ဟောအပ်ရာ သုတ္တန်ပိဋကကထာ၊
၃။ နာမရူပပရိစ္ဆေဒကထာ- ရာဂ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော နာမ်ရုပ်ကို ပိုင်းခြားခြင်းကို ဟောအပ်ရာ အဘိဓမ္မ ပိဋကကထာ။ (ဝိ၊ဋ္ဌ၊၁၊၁၈။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (အဘိ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာ ၄ မျိုး

၁။ ပုစ္ဆိတကထာ- မေးအပ်သောစကား၊
၂။ အပုစ္ဆိတကထာ- မမေးအပ်သော စကား၊
၃။ သာနုသန္ဓိကထာ- ရှေ့နောက် အဆက်အစပ်ရှိသော စကား၊
၄။ အနနုသန္ဓိကထာ- ရှေ့နောက် အဆက်အစပ်မရှိသော စကား။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာဝတ္ထု ၁၀ မျိုး

စကား၏ တည်ရာ ၁၀ မျိုးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာဝတ္ထု ၃ မျိုး

စကား၏ တည်ရာ ၃ ပါးနှင့် တူသည်။ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကထာ ၁၀-မျိုး

ရထဝီနီတသုတ်၊ ပဏ်-၁-ပါ-၁၉၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၄၀၊ ၄၄၊ အကျယ်ဟောထား၏။ ။ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၀၁၊ ၎င်း ကထာ ၁၀-မျိုးကို သီလ, သမာဓိ, ပညာထဲ သွင်းပြပုံ။ ။ ပဏ်-၃-ပါ-၁၅၇၊ ပဏ်-၃-ဋ္ဌ-၁၁၇။ ။ အံ-၁၀-ပါ-၃၀၉၊ ၃၅၀၊ ၃၅၉၊ အံ-၁၀-ဋ္ဌ-၃၁၈၊ (ပ-ဒု) ကထာဝတ္ထုသုတ်။ ။ ဥဒါန-ပါ-၁၁၉၊ ဥဒါန-ဋ္ဌ-၂၀၆။ ။ ဣတိ-ပါ-၂၅၀၊ ဣတိ-ဋ္ဌ-၂၅၆။ ။ မဟာနိ-ပါ-၁၆၉၊ မဟာနိ-ဋ္ဌ-၂၈၅၊ အံ-၅-ပါ-၁၀၃၊ အံ-၅-ဋ္ဌ-၃၉။ ။ အရိယာကထာ ၁၀-မျိုး ဟူ၍ လည်း သုံးနှုန်းကြ၏။
(၁) အပိစ္ဆကထာ-အလိုနည်းမှုနှင့် စပ်သောစကား။
(၂) သန္တုဋ္ဌီကထာ-ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား။
(၃) ပဝိဝေကကထာ-ဆိတ်ငြိမ်မှုနှင့် စပ်သော စကား။
(၄) အသံသဂ္ဂကထာ-ရှင် လူ ရဟန်းတို့နှင့် မရောနှော မဆက်ဆံကြောင်း စကား။
(၅) ဝီရိယာရမ္ဘကထာ-ဝိပဿနာအားထုတ်မှုနှင့် စပ်သောစကား။
(၆) သီလကထာ-သီလပြည့်စုံစေမှုနှင့် စပ်သောစကား။
(၇) သမာဓိကထာ-သမာဓိပြည့်စုံစေမှုနှင့် စပ်သောစကား။ (၈) ပညာကထာ-ပညာပြည့်စုံစေမှုနှင့် စပ်သော စကား။
(၉) ဝိမုတ္တိကထာ-မဂ်ဖိုလ်နှင့်စပ်သောစကား။
(၁၀) ဝိမုတ္တိဉာဏဒဿနကထာ-ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကား။ ܀ပိဋကတ်လမ်းညွှန်[01/256]܀

ကထာ ၂-မျိုး

(သမ္မုတိကထာ၊ ပရမတ္ထကထာ) ၎င်းကထာ ၂-မျိုးကို သင့်လျော်သလို ဘုရားရှင် သုံးစွဲတော်မူကြောင်း၊ နိဒါန-သံ-ဋ္ဌ-၇၂။ ။ ဒီဃ-၁-ဋ္ဌ-၃၁၅၊ ၃၁၆၊ ၂-ဂါထာ။ ။ အဘိ-၅-ပါ-၆၀၊ အဘိ-၅-ဋ္ဌ-၁၃၉။ ။ တနည်း၊ အဘိဓမ္မနိဿိတကထာ၊ သုတ္တန္တနိဿိတကထာ၊ နေတ္တိ-ဋ္ဌ-၁၄၄။ ။ ၃-မျိုး၊ (သံဝရာသံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာ) အဘိ-၁-ဋ္ဌ-၂၂။ ။ တနည်း ၃-မျိုး (ဧကနာဠိကာကထာ၊ စတုရဿာ ကထာ နိသိန္နဝတ္တိကာကထာ) အံ-၁၁-ပါ-၅၄၆၊ အံ-၁၁-ဋ္ဌ-၃၄၈၊ ၃၄၉။ ။ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၅၉။ ܀ပိဋကတ်လမ်းညွှန်[01/256]܀

ကထာပဝတ္တိသုတ္တ

အံ-၃-ပါ-၁၄၉၊ အံ-၃-ဋ္ဌ-၁၃၆၊ တရားဟောရ တရားနာရကျိုး။ ܀ပိဋကတ်လမ်းညွှန်[01/310]܀

ကထာဝတ္ထုကျမ်းကို ဘုရားရှင်ဟောသည်မည်ပုံ ရှင်းပြခန်း

အဘိ-၁-ဋ္ဌ-၊ ၅။ ။ ၎င်းကျမ်းကို အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ် အကျယ်ချဲ့၍ ဟောကြောင်း ရှင်းပြခန်း၊ အဘိ-၅-ဋ္ဌ-၁၀၅။ ܀ပိဋကတ်လမ်းညွှန်[01/347]܀

ကထာဝတ္ထုသုတ္တ

အံ-၃-ပါ-၁၉၇၊ အံ-၃-ဋ္ဌ-၁၈၄၊ တရားစကား ဆွေးနွေးထိုက် မထိုက်သောပုဂ္ဂိုလ်ကိုခွဲပြခန်း၊ ဂါထာများပါ၏။ ܀ပိဋကတ်လမ်းညွှန်[01/310]܀

ကထာအစဉ်

(ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ စသည်) ဒီဃ-၂-ပါ-၃၅၊ ဒီဃ-၂-ဋ္ဌ-၆၂။ ܀ပိဋကတ်လမ်းညွှန်[01/340]܀

ကံ သရုပ်စုံ

ကံ ၁၁ ပါး (သုတ္တန်နည်း)

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ- ဤပစ္စုပ္ပန်ဘဝ၌ပင် အကျိုးပေးသော ပထမဇော စေတနာကံ၊
၂။ ဥပပဇ္ဇဝေဒနီယကံ- ဒုတိယဘဝ၌ အကျိုးပေးသော သတ္တမဇော စေတနာကံ၊
၃။ အပရာပရိယဝေဒနီယကံ- တတိယဘဝမှ နိဗ္ဗာန်အထိ အကျိုးပေးသော အလယ်ဇော ငါးချက် စေတနာကံ၊
၄။ ယဂ္ဂရုကကံ- ကုသိုလ်ဘက်၌ ကြီးလေးသော မဟဂ္ဂုတ် ကံ, အကုသိုလ် ဘက်၌ အနန္တရိယကံ၊
၅။ ယဗ္ဗဟုလကံ- ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ကုသိုလ် အကုသိုလ်ကံ၊
၆။ ယဒါသန္နကံ- သေခါနီးအခါ၌ ပြုလုပ်အပ်သော ကုသိုလ်ကံ အကုသိုလ် ကံနှင့် ၎င်းတို့ကို သတိရသော ကံ၊
၇။ ကဋတ္တာကံ- ဂရုကစသော ကံသုံးပါးမှ လွတ်သော အမှတ်တမဲ့ ပြုအပ်သော ကံ၊
၈။ ဇနကကံ- ပဋိသန္ဓေအကျိုးကို ပေး၍ ပဝတ္တိအကျိုးကို မပေးသော ကံ၊
၉။ ဥပတ္ထမ္ဘကကံ- ဇနကကံကို အကျိုးပေးခွင့်ရအောင် ကူညီထောက်ပံ့တတ်သော ကံ၊
၁၀။ ဥပပီဠကကံ- ကပ်၍ ဖိစီးနှိပ်စက်နှောင့်ယှက်တားမြစ်တတ်သော ကံ၊
၁၁။ ကံ- ကပ်၍ တားမြစ်သတ်ဖြတ်တတ်သော ကံ။ဥပဃာတက (အံ၊ဋ္ဌ၊၂၊၁၀၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၁၂ ပါး (ပဋိသမ္ဘိဒါမဂ်နည်း)

၁။ အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော- အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး၍ အတိတ်ဘဝ၌ပင် အကျိုးပေးပြီးသော ကံ၊
၂။ အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော- အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး အတိတ်ဘဝ၌ အကျိုးပေးခွင့်မရသော ကံ၊
၃။ အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော- အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး၍ ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးခွင့်ရသော ကံ၊
၄။ အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော- အတိတ်ဘဝ၌ ကြိုးစား အားထုတ်ခဲ့ပြီး၍ ယခုပစ္စုပ္ပန်ဘဝ၌ အကျိုးပေးခွင့် မရရှိသော ကံ၊
၅။ အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော- အတိတ်ဘဝ၌ အားထုတ်ခဲ့ပြီး အနာဂတ်ဘဝ၌ အကျိုးပေးခွင့် ရရှိလတ္တံ့သော ကံ၊
၆။ အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော- အတိတ်ဘဝ၌ ကြိုးစား အားထုတ်ခဲ့ပြီး၍ အနာဂတ်ဘဝ အကျိုးပေးခွင့် မရရှိလတ္တံ့သော ကံ၊
၇။ အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော- ယခုဘဝ၌ ပြုလုပ် အားထုတ်ပြီးလျှင် ယခုဘဝ၌ပင် အကျိုးပေးခွင့် ရရှိသော ကံ၊
၈။ အတ္ထိကမ္မံ နတ္ထိ ကမ္မဝိပါကော- ယခုဘဝ၌ ပြုလုပ်အားထုတ်ပြီးလျှင် ယခုဘဝ ၌ပင် အကျိုးပေးခွင့် မရရှိသော ကံ၊
၉။ အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော- ယခု ဘဝ၌ ပြုလုပ်အားထုတ်ပြီးလျှင် နောင်အနာဂတ်ဘဝ၌ အကျိုးပေးခွင့် ရရှိလတ္တံ့သော ကံ၊
၁၀။ အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော- ယခုဘဝ၌ ပြုလုပ်အားထုတ်ပြီး နောင်အနာဂတ် ဘဝ၌ အကျိုးပေးခွင့် မရရှိလတ္တံ့သော ကံ၊
၁၁။ ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော- အနာဂတ်ဘဝ၌ ပြုလုပ် အားထုတ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ပင် အကျိုးပေးလတ္တံ့ဖြစ်သော ကံ၊
၁၂။ ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော- အနာဂတ်ဘဝ၌ ပြုလုပ် အားထုတ် လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးခွင့် မရရှိ လတ္တံ့သော ကံ။ (အံ၊ဋ္ဌ၊၂၊၁၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၁၆ ပါး (အဘိဓမ္မာနည်း)

၁။ ဂတိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊
၂။ ဥပဓိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊
၃။ ကာလသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊
၄။ ပယောဂ သမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ၊
၅။ ဂတိဝိပတ္တိကို အကြောင်း ပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊
၆။ ဥပဓိဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေး တတ်သော အကုသိုလ်ကံ၊
၇။ ကာလဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊
၈။ ပယောဂဝိပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော အကုသိုလ်ကံ၊
၉။ ဂတိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊
၁၀။ ဥပဓိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊
၁၁။ ကာလဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊
၁၂။ ပယောဂဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ၊
၁၃။ ဂတိသမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊
၁၄။ ဥပဓိ သမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊
၁၅။ ကာလသမ္ပတ္တိကို အကြောင်း ပြု၍ အကျိုးပေးတတ်သော ကုသိုလ်ကံ၊
၁၆။ ပယောဂ သမ္ပတ္တိကို အကြောင်းပြု၍ အကျိုးပေး တတ်သော ကုသိုလ်ကံ။ (အံ၊ဋ္ဌ၊၂၊၁၁၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၃ ပါး

၁။ ကာယကံ၊
၂။ ဝစီကံ၊
၃။ မနောကံ။ (အဘိ၊ဋ္ဌ၊၁၊၁၃၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ မည်းညစ်၍ မည်းညစ်သည့် အကျိုးကိုပေးသော ကံ၊
၂။ ဖြူစင်၍ ဖြူစင်သည့် အကျိုးကိုပေးသော ကံ၊
၃။ မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သည့် အကျိုးကိုပေးသော ကံ၊
၄။ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးကိုပေးသော ကံ။ (ဒီ၊၃၊၁၉၂။) (ဒီ၊မြန်၊၃။၂၁၄။)(အံ၊၁၊၅၅၃။) (အဘိ၊ဋ္ဌ၊၁၊၁၃၁။) (အံ၊မြန်၊၁။၅၆၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာ၍ နောင်တမလွန်ဘဝ၌ ဆင်းရဲကျိုးပေးမည့် ကံ၊
၂။ ပစ္စုပ္ပန် ဘဝ၌ ဆင်းရဲ၍ နောင်တမလွန်ဘဝ၌ ချမ်းသာကျိုးပေးမည့် ကံ၊
၃။ ပစ္စုပ္ပန်ဘဝ၌ ဆင်းရဲ၍ နောင် တမလွန်ဘဝ၌လည်း ဆင်းရဲကျိုးပေးမည့် ကံ၊
၄။ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာ၍ နောင် တမလွန် ဘဝ၌လည်း ချမ်းသာကျိုးပေးမည့် ကံ။ (နေတ္တိ၊ဋ္ဌ၊၈၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ မည်းညစ်သော အကုသိုလ်အကျိုးကို ဖြစ်စေတတ်သော ကံ၊
၂။ ဖြူစင်သော ကုသိုလ်အကျိုးကို ဖြစ်စေတတ်သော ကံ၊
၃။ မည်းလည်းမည်း, ဖြူလည်းဖြူသော ကုသိုလ်-အကုသိုလ်အကျိုးကို ဖြစ်စေတတ်သော ကံ၊
၄။ မည်းလည်းမမည်း, ဖြူလည်းမဖြူသော မြတ်သော အရဟတ္တဖိုလ်အကျိုးကို ဖြစ်စေတတ်သော ကံ။ (နေတ္တိ၊ဋ္ဌ၊၁၃၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ- မျက်မှောက်ဘဝ အကျိုးပေးသော ပထမဇောစေတနာ၊
၂။ ဥပပဇ္ဇ ဝေဒနီယကံ- ဒုတိယဘဝ၌ အကျိုးပေးသော သတ္တမဇောစေတနာ၊
၃။ အပရာပရိယာယ ဝေဒနီယကံ- တတိယဘဝမှ စ၍ နိဗ္ဗာန်တိုင်အောင် အကျိုးပေးသော အလယ်ဇော စေတနာ ငါးပါး၊
၄။ အဟောသိကမ္မံ- ကံမည်ရုံမျှသာ ဖြစ်၍ အကျိုးမပေးသော ကံ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။) (ဝိသုဒ္ဓိ၊၂၊၂၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ ယဂ္ဂရုကကံ- ရှေးဦးစွာ အကျိုးပေးသော အကုသိုလ်အဖို့၌ မာတုဃာတက စသော အနန္တရိယကံ, ကုသိုလ်အဖို့၌ မဟဂ္ဂုတ်ကံ၊
၂။ ယဗ္ဗဟုလကံ- ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော သုသီလျ, ဒုဿီလျဖြစ်သော ကံ၊
၃။ ယဒါသန္နကံ- သေခါနီးအခါ၌ အောက်မေ့အပ်သော ကံ, ပြုလုပ် အားထုတ်အပ်သော ကံ၊
၄။ ကဋတ္တာကံ- အထက်ပါ ကံသုံးပါးတို့ အလွတ်ဖြစ်သော ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သော ကံ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။) (ဝိသုဒ္ဓိ၊၂၊၂၃၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၄ ပါး

၁။ ဇနကကံ- ပဋိသန္ဓေကျိုး, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကံ၊
၂။ ဥပတ္ထမ္ဘက ကံ- ဇနကကံကို မြဲမြံရှည်ဝေး အကျိုးပေးအောင် ထောက်ပံ့တတ်သော ကံ၊
၃။ ဥပပီဠကကံ- ဇနကကံ၏ အကျိုးပေးမှုကို မထက်သန်အောင် ကပ်၍ နှိပ်စက်တတ်သော ကံ၊
၄။ ဥပဃာတက ကံ- အားနည်းသော ကံ၏ ဇနကသတ္တိကို ကပ်၍ သတ်ဖြတ်တတ်သော ကံ။ (မ၊ဋ္ဌ၊၄၊၁၇၇။) (ဝိသုဒ္ဓိ၊၂၊၂၃၆။) (ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ၅ ပါး

၁။ တဇ္ဇနီယကံ- ရဟန်းမိုက်အား ကြိမ်းမောင်း, ခြိမ်းခြောက်, ငေါက်ငမ်းခြင်းကို ပြုလုပ်အပ်သော ဝိနည်းကံ၊
၂။ နိယဿကံ= ရဟန်းမိုက်အား နှိပ်ကွပ်ဖိနှိပ်ကြောင်းဖြစ်သော, ဆည်းကပ်စေကြောင်း ဖြစ်သော ဝိနည်းကံ၊
၃။ ပဗ္ဗာဇနီယကံ- ရဟန်းမိုက်အား နှင်ထုတ် ကြောင်းဖြစ်သော ဝိနည်းကံ၊
၄။ ပဋိသာရဏီယကံ- ရဟန်းမိုက်အား အဖန်တလဲလဲ အောက်မေ့စေကြောင်းဖြစ်သော ဝိနည်းကံ၊
၅။ ဥက္ခေပနီယကံ- ရဟန်းမိုက်အား သံဃာ့ ဘောင်မှ နှင်ထုတ် ကြောင်းဖြစ်သော ဝိနည်းကံ။ (ဝိ၊ဋ္ဌ၊၄၊၁၇၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ကိလေသာ ၄ ပါး

၁။ အသက်သတ်ခြင်း၊
၂။ မပေးသည်ကို ယူခြင်း၊
၃။ သူတစ်ပါး၏ သားမယား၌ သွားလာခြင်း၊
၄။ မဟုတ်မမှန် ပြောကြားခြင်း။ (ဒီ၊၃၊၁၄၇။) (ဒီ၊မြန်၊၃။၁၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ဝီရိယနှင့် စပ်၍ အသက်မွေးသော ပုဂ္ဂိုလ် ၄ မျိုး

၁။ ဝီရိယအကျိုးကိုသာ မှီ၍ အသက်မွေး လျက် ကံ၏အကျိုးကို မှီ၍ အသက်မမွေးသော ပုဂ္ဂိုလ်၊
၂။ ကံ၏အကျိုးကို မှီ၍ အသက် မွေးလျက် ဝီရိယအကျိုးကို မှီ၍ အသက်မမွေးသော ပုဂ္ဂိုလ်၊
၃။ ဝီရိယအကျိုးကို မှီ၍လည်း အသက်မွေး, ကံ၏ အကျိုးကို မှီ၍လည်း အသက်မွေးသော ပုဂ္ဂိုလ်၊
၄။ ဝီရိယအကျိုးကို မှီ၍လည်း အသက်မမွေး, ကံ၏အကျိုးကို မှီ၍လည်း အသက်မမွေးသော ပုဂ္ဂိုလ်။ (အံ၊၁၊၄၅၂။) (အံ၊မြန်၊၁။၄၆၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ ဥတုတို့ကြောင့် မဖြစ်သော တရား ၂ ပါး

၁။ ကောင်းကင်၊
၂။ နိဗ္ဗာန်။ (မိလိန္ဒ၊၂၆၀။) (မိလိန္ဒ၊မြန်။၂၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံ၏ အကျိုး ၂ မျိုး (အကျိုးပေးခွင့်ကို ရသော ကံ၏အကျိုး ၂ မျိုး)

၁။ ဥပါဒ်, ဌီ, ဘင်ဟူသော ခဏသို့ ရောက်သော အကျိုး၊ ပေးဆဲအကျိုး၊
၂။ ဥပါဒ်, ဌီ, ဘင်ဟူသော ခဏသို့ မရောက်သော အကျိုး၊ မပေးရသေးသော အကျိုး။ (အဘိ၊ဋ္ဌ၊၁၊၃၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံကြောင့်ဖြစ်သော ရုပ် ၈ မျိုး

၁။ စက္ခာယတန- စက္ခုပသာဒရုပ်၊
၂။ သောတာယတန- သောတပသာဒရုပ်၊
၃။ ဃာနာယတန- ဃာနပသာဒရုပ်၊
၄။ ဇိဝှာယတန- ဇိဝှာပသာဒရုပ်၊
၅။ ကာယာယတန- ကာယပသာဒရုပ်၊
၆။ ဣတ္ထိန္ဒြေ- ဣတ္ထိဘာဝရုပ်၊
၇။ ပုရိသိန္ဒြေ- ပုမ္ဘာဝရုပ်၊
၈။ ဇီဝိတိန္ဒြေ-ဇီဝိတရုပ်။ (မ၊ဋီ၊၂၊၁၉၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံကို ဖြစ်စေသော အကြောင်း ၆ ပါး

၁။လောဘ- လိုချင်ခြင်း၊
၂။ ဒေါသ- ပြစ်မှားခြင်း၊
၃။ မောဟ- တွေဝေခြင်း၊
၄။ အလောဘ- မလိုချင်ခြင်း၊
၅။ အဒေါသ- မပြစ်မှားခြင်း၊ ၆ အမောဟ- မတွေဝေခြင်း။ (အံ၊၂၊၂၉၇။) (အံ၊မြန်၊၂။၃၈၂-၃၈၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံသို့ ကပ်ရောက်ကြောင်း အခြင်းအရာ ၅ ပါး

၁။ မိမိကိုယ်တိုင်လည်း ကံကို ပြု၏၊
၂။ သူတစ်ပါး ကိုလည်း တိုက်တွန်း၏၊
၃။ ဆန္ဒကိုလည်းကောင်း ပါရိသုဒ္ဓိကိုလည်းကောင်း ပေး၏၊
၄။ ကံကို ပြုအပ်သည် ရှိသော် မတားမြစ်၊
၅။ ကံကို ပြုပြီးသော်ကား ဓမ္မအယူ ရှိ၏။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၁၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ကံသို့ မကပ်ရောက်ကြောင်း အခြင်းအရာ ၅ ပါး

၁။ မိမိကိုယ်တိုင်လည်း ကံကို မပြု၊
၂။ သူတစ်ပါး ကိုလည်း မတိုက်တွန်း၊
၃။ ဆန္ဒ (သို့မဟုတ်။) ပါရိသုဒ္ဓိကိုလည်း မပေး၊
၄။ ကံကို ပြုအပ်သည် ရှိသော် တားမြစ်၏၊
၅။ ကံပြုပြီးသော်ကား အဓမ္မအယူ ရှိ၏။ (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၅။၃၁၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်